CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁

ချယ်လ်ဆီးအသင်းဟာ ဆန်းဒါးလန်းအသင်းထံ ရာသီကုန်အထိ အငှားချထားတဲ့ တိုက်စစ်မှူး မာ့ခ်ဂီအူကို အသင်း ထံ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒီလပ်ဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာပါ။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်း ရွေးချယ်စရာ နည်းပါးသွားတဲ့အတွက် မာ့ခ်ဂီအူကို ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ မာ့ခ်ဂီအူဟာ ဆန်းဒါးလန်းအသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး ဟက်ဒါဖီးစ်အသင်း နဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချဖို့ စီစဉ်ထားတဲ့ တိုက်စစ်မှူး နီကိုလက်စ် ဂျက်ဆန်ကို လည်း အသင်းထံ ပြန်လာဖို့ ပြောထားပေမယ့် သူ့ရဲ့အနာဂတ်ဟာ အသင်းမှာ မရေမရာ ဖြစ်နေပါတယ်။ 

မာ့ခ်ဂီအူကို တွေ့ရစဉ် 

ဘာစီလိုနာအသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ မာ့ခ်ဂီအူဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ 

မာ့ခ်ဂီအူဟာ ချယ်လ်ဆီးအသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူထားပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဒီလပ်၊ ပက်ဒရို၊ ဂစ်တန်စ်၊ ဟာတိုနဲ့ ဂါနာချိုတို့ကို ခေါ်ယူခဲ့ ပြီး ကယ်ပါ၊ ပီထရိုဗစ်၊ မာဒူကီ၊ ဂျာအိုဖီးလစ်၊ ဘူရီဟောလ်၊ အူဂိုချူကွီ၊ အန်ကွန်ကူ၊ ဘရိုဂျာ၊ ဗီဂါစတဲ့ ကစားသမား အများအပြားကို ရောင်းချခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Metro