CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈

စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဟာ လက်ခံနိုင်စရာမရှိတဲ့ ခြိမ်းခြောက်မှုတွေ ရရှိပြီးနောက် ကစားသမား တွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကာကွယ်ဖို့ လုံခြုံရေး အစီအမံတွေ ချမှတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဖီအိုရင်တီးနားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဆက်ဆူအိုလိုအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ခြိမ်းခြောက်မှုတွေ ရရှိခဲ့တာပါ။ 

ဖီအိုရင်တီးနားအသင်းဟာ ဒီရာသီ စီးရီးအေ ၁၄ ပွဲ ကစားအပြီးမှာ နိုင်ပွဲ မရရှိသေးဘဲ ရမှတ် ၆ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဖီအိုရင်တီးနားအသင်းက ဒီခြိမ်းခြောက်မှုတွေကို ရှုတ်ချခဲ့ပြီး အသင်းနဲ့ ပတ်သက်တဲ့ သူတွေရဲ့ မိသားစုတွေ ဘေးကင်းအောင် ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။ 

ဖီအိုရင်တီးနားအသင်းကို တွေ့ရစဉ်

ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၈ ပွဲမြောက် ရှုံးပွဲကြုံတွေ့ပြီးနောက် ဖီအိုရင်တီးနားအသင်း နောက်ခံလူ ဒိုဒိုရဲ့ ဇနီး ဖြစ်သူက ဆိုရှယ်မီဒီယာပေါ်မှာ သူမနဲ့ သူမရဲ့ မိသားစုကို ရည်ရွယ်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို မျှဝေခဲ့ပါတယ်။ 

ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ အဆုံးသတ်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေဆိုးနေခဲ့တာဖြစ်ပါတယ်။ 

ဖီအိုရင်တီးနားအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေပေမယ့် ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာတော့ ၄ ပွဲ ကစားထားပြီး ၂ ပွဲနိုင်၊ ၂ ပွဲ အရေးနိမ့်ထားတာပါ။ 

ဖီအိုရင်တီးနားအသင်းဟာ လာမယ့် ကွန်းဖရန့်လိဂ် ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC