CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉
စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဟာ ပွဲဦးထွက်ရာသီမှာ လက်စွမ်းပြသနေတဲ့ ဂိုးသမား ဒီဂီယာကို လစာ အများကြီး တိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် တစ်ရာသီလုံး အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ ဒီဂီယာကို ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက တစ်ရာသီ စာချုပ်နဲ့ခေါ်ယူခဲ့တာပါ။
ဒီဂီယာဟာ ပွဲတွေနဲ့ ဝေးကွာခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းအတွက် ပါဝင်ကစားခဲ့ချိန်မှာ အထင်ကြီးဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ဖီအိုရင်တီးနားအသင်းဟာ ဒီဂီယာကို စာချုပ်သက်တမ်းတိုးပြီး လစာအများကြီး တိုးပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Calciomercato က ဖော်ပြထားတာပါ။
ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်းထံ ပြောင်းရွှေ့နိုင်ဖို့အတွက် လုပ်ခလစာ အများကြီး လျှော့ယူခဲ့ပြီး ဒီရာသီမှာ ယူရို ၂ သန်းသာ ရရှိတာဖြစ်ပါတယ်။
ဒီဂီယာကို တွေ့ရစဉ်
ဖီအိုရင်တီးနားအသင်းဟာ ဒီဂီယာကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ကို အသက်သွင်းပြီး လာမယ့် ရာသီအတွက် သူ့ရဲ့လုပ်ခလစာကို ၂ ဆတိုးပေးဖို့ စီစဉ်နေတာပါ။
ဒီဂီယာဟာ ဒီရာသီမှာ ဖီအိုရင်တီးနားအသင်းအတွက် ၃၁ ပွဲ ပါဝင်ကစားထားပြီး ၁၀ ပွဲ ဂိုးမပေးရအောင် လက်စွမ်းပြသထားပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၃၁ ပွဲ ကစားထားပြီး ရမှတ် ၅၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ဘိုလော့ဂ်နာအသင်းနဲ့ ၅ မှတ်ကွာဟနေတာပါ။
ဖီအိုရင်တီးနားအသင်းဟာ စီးရီးအေပြိုင်ပွဲကနေ လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိနိုင်ဖို့ မျှော်လင့်ချက် ရှိနေတာကြောင့် လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ ဧပြီ ၁၁ ရက်မှာ ကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဆယ်လ်ဂျီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဒီဂီယာဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။
Source: Goal