CNI Sport News 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆

အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အသင်းရဲ့အရေးပါတဲ့ မေဂျာလိဂ်ဖလား ပလေးအော့ဖ် နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ နက်ရှ်ဗေးလ်အသင်းနဲ့ ပွဲကို ပွဲပယ်ခံခဲ့ရပါတယ်။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းက နက်ရှ်ဗေးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဒုတိယမြောက် ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမားကို ကန်ကျောက်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ 

မေဂျာလိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆွာရက်ဇ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၇၁ မိနစ်မှာ ကြမ်းတမ်းတဲ့ အပြုအမူ ပြုလုပ်ခဲ့တဲ့အတွက် ၁ ပွဲပယ်နဲ့ ဖော်ပြထားခြင်းမရှိတဲ့ ဒဏ်ကြေးငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်း နောက်တဆင့် တက်ဖို့အတွက် မဖြစ်မနေ အနိုင်ယူရမယ့် ပွဲစဉ်ကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

မေဂျာလိဂ်ဖလား ပထမအဆင့် ပလေးအော့ဖ် ပွဲစဉ်ဟာ ၃ ပွဲ ကစားရတာဖြစ်ပြီး ၂ ပွဲ အနိုင်ရတဲ့အသင်းဟာ နောက်တဆင့်ကို တက်နိုင်မှာပါ။ 

ဆွာရက်ဇ်ကိုတွေ့ရစဉ် 

ပထမပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်း အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာတော့ နက်ရှ်ဗေးလ်အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်း အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာလည်း ဆီတဲလ်ဆောင်းဒါးစ် အသင်းရဲ့ တာဝန်ရှိသူ တစ်ဦးကို တံတွေးနဲ့ ထွေးခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသေးတာပါ။ 

အခု ပွဲပယ်ပြစ်ဒဏ်ဟာ ဆွာရက်ဇ်အတွက် ဒီရာသီမှာ ဒုတိယအကြိမ်မြောက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ် မပါဝင်နိုင်ပေမယ့် ၄ နှစ်အတွင်း မေဂျာလိဂ်ဖလား ပထမအဆင့်ကနေ တတိယအကြိမ်မြောက် မထွက်ခွာနိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

Source:besoccer