CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆
ယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း လင်ဂတ်ဟာ တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပြီး FC ဆိုးလ်အသင်းက သူဟာ စိန်ခေါ်မှုအသစ်ကို ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပါတယ်။
လင်ဂတ်က “FC ဆိုးလ်အသင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ၂၀၂၅ ရာသီကုန်မှာ ကလပ်ကနေ ထွက်ခွာဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ တောင်ကိုရီးယားမှာ ကျနော့်ရဲ့ အချိန်တွေဟာ မယုံနိုင်စရာဖြစ်ပြီး ၂ နှစ်တာအတွင်းမှာ ကျနော့် အပေါ် ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာ၊ အားပေးမှုတွေက တကယ်ကို အံ့သြစရာပါပဲ။ ကျနော့်ကို ယုံကြည်ပြီး ပထမဆုံး နေ့ကတည်းက ကြိုဆိုခဲ့တဲ့ FC ဆိုးလ်အသင်းနဲ့ သက်ဆိုင်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလို ကြီးမားတဲ့ ကလပ်အသင်းမှာ ကစားခွင့်ရတဲ့အတွက် အမြဲတမ်းကျေးဇူးတင်နေမှာပါ”လို့ ပြောခဲ့ပါတယ်။

လင်ဂတ်ကို တွေ့ရစဉ်
အသက် ၃၂ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ FC ဆိုးလ်အသင်းထံ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၆၆ ပွဲ ကစားခဲ့တာမှာ ၁၈ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
လင်ဂတ်ဟာ FC ဆိုးလ်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ်လည်း တာဝန်ယူခဲ့ပြီး အသင်းကို မနှစ်ကရာသီမှာ အာရှချန်ပီယံလိဂ် ယှဉ်ပြိုင်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
FC ဆိုးလ်အသင်းဟာ ဒီရာသီလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပါတယ်။
လင်ဂတ်ဟာ လာမယ့်အပတ် မဲလ်ဘုန်းစီးတီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ FC ဆိုးလ် အသင်းအတွက် သူ့ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားမှာပါ။
လင်ဂတ်က မမေ့နိုင်စရာ အတွေ့အကြုံတွေအတွက် FC ဆိုးလ်အသင်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း လည်း ပြောခဲ့ပါတယ်။
FC ဆိုးလ်အသင်းက လင်ဂတ်ဟာ လိဂ်တစ်ခုလုံးအတွက် သင်္ကေတဖြစ်ပြီး သူ့ရဲ့ အသင်းအပေါ် ပေးဆပ်မှုတွေကို ချီးကျူးခဲ့ပါတယ်။
လင်ဂတ်အနေနဲ့ FC ဆိုးလ်အသင်းကနေ ထွက်ခွာပြီးရင် ဥရောပဘောလုံး လောကထံ ပြန်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
