CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

FC ဆိုးလ်အသင်းနည်းပြ ကင်ဂျီဒေါင်က ပြီးခဲ့တဲ့ ဂျယ်ဂျူးအသင်းကို အနိုင်ရခဲ့တဲ့ ကေလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ လင်ဂတ်ဟာ အလုပ်ကြိုးစားမှုမရှိဘူးလို့ ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။

ကင်ဂျီဒေါင်က “သူဟာ လူစားဝင်အဖြစ် ကွင်းထဲကို ဝင်ရောက်လာခဲ့ပေမယ့် အလုပ်ကြိုးစားမှု မရှိခဲ့ပါဘူး။ သူ့ရဲ့ နာမည်တန်ဖိုးက ကွင်းထဲမှာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ ကျနော် ဒါနဲ့ပတ်သက်ပြီး သူ့ကို အတိအကျ ပြောသွားမှာ ပါ”လို့ ပြောခဲ့တာပါ။

FC ဆိုးလ်အသင်းက ဂျယ်ဂျူးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း ကစားသမားဟောင်း လင်ဂတ်ဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီအကုန်က နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ လင်ဂတ်ဟာ ဖေဖော်ဝါရီကမှ FC ဆိုးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

လင်ဂတ်ဟာ တောင်ကိုရီးယားကလပ်အတွက် ၃ ပွဲ ပါဝင်ကစားထားပေမယ့် ၃ ပွဲစလုံး လူစားဝင်အဖြစ်သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

လင်ဂတ်ဟာ ဒီ ၃ ပွဲစလုံး ခြေစွမ်းပြသနိုင်ခြင်း မရှိသေးပေမယ့် အဝါကတ် ၂ ကြိမ် ပြသခံထားရတာပါ။ 

 လင်ဂတ်ကို တွေ့ရစဉ်

လာမယ့် ရက်သတ္တပတ်တွေမှာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာကြောင့် ကေလိဂ်ပွဲစဉ်တွေကို ရပ်နားမှာဖြစ်လို့ လင်ဂတ်ဟာ အနားရမှာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ လာမယ့်ခြေစမ်းပွဲတွေအတွက် လက်ရွေးစင်အသင်း လူစာရင်းမှာ လင်ဂတ်ကို မရွေးချယ်တာကြောင့် ကွင်းလယ်ကစားသမားဟာ ၂ ပတ်ကြာအနားရဖို့ ရှိနေတာပါ။

FC ဆိုးလ်အသင်းဟာ ရာသီသစ် ကေလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၄ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ 

FC ဆိုးလ်အသင်းဟာ လာမယ့် ကေလိဂ်ပွဲစဉ်အဖြစ် မတ် ၃၁ ရက်မှာ ဂမ်ဝန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal