CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆

တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းဟာ ယူနိုက်တက်အသင်း ကစားသမားဟောင်း လင်ဂတ်ကို ၂၀၂၅ ခုနှစ် ကေလိဂ်-၁ ရာသီသစ် မစတင်ခင် အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ လင်ဂတ်ဟာ သူ့ရဲ့ဒုတိယမြောက် ကေလိဂ် ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဦးဆောင်ရတော့မှာပါ။

လင်ဂတ်ဟာ FC ဆိုးလ်အသင်း ကစားသမားဘဝ အစပိုင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဒူးဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ 

ဒုတိယရာသီဝက်မှာ လင်ဂတ်ဟာ ကြံ့ခိုင်မှုအပြည့်နဲ့ FC ဆိုးလ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး လိဂ်ပွဲ ၂၆ ပွဲ ပါဝင်ကစားခဲ့တာမှာ ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ 

လင်ဂတ်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ FC ဆိုးလ်အသင်းကို လိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး ဒါဟာ ၅ နှစ်အတွင်း အသင်းရဲ့ အကောင်းဆုံးအဆင့် ရပ်တည်မှုဖြစ်ခဲ့ပါတယ်။ 

လင်ဂတ်ကို တွေ့ရစဉ်

လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်မှာ FC ဆိုးလ်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပထမဆုံးအကြိမ် ဝတ်ဆင်ခွင့် ရခဲ့ပြီး ရာသီသစ်မှာတော့ အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ 

FC ဆိုးလ်အသင်းဟာ ရာသီသစ်မှာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။

၂၀၂၅ ခုနှစ်ကေလိဂ်-၁ ရာသီသစ်ကို လာမယ့် လစတင်မှာဖြစ်ပြီး FC ဆိုးလ်အသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျယ်ဂျူးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal