CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇

ယူနိုက်တက်ကြယ်ပွင့်ဟောင်း လင်ဂတ်ဟာ တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်း ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ဂန်ဝမ်အသင်းနဲ့ ကစားခဲ့တဲ့ ကေလိဂ်ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းက ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက FC ဆိုးလ်အသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

လင်ဂတ်ဟာ FC ဆိုးလ် ကစားသမားဘဝ ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ဝေဖန်မှုတွေ ခံခဲ့ရပေ မယ့် ဂန်ဝန်အသင်းနဲ့ပွဲမှာ ဂိုးစတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

FC ဆိုးလ်အသင်းက ဂန်ဝန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ လင်ဂတ်ဟာ ပွဲချိန် ၅၆ မိနစ်မှာရရှိတဲ့ ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ပြီးခဲ့တဲ့ မတ်က ဒူးခွဲစိတ်မှု ခံယူခဲ့ရတာကြောင့် မေလ တတိယပတ်အထိ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ 

လင်ဂတ်ကို တွေ့ရစဉ်

လင်ဂတ်ဟာ ဒဏ်ရာကနေ သက်သာလာပြီးနောက် ပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆူဝန် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကေလိဂ်ပွဲစဉ်မှာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ 

လင်ဂတ်ဟာ ဒီအပတ်ကစားမယ့် ဂျီယွန်းဘွတ်အသင်းနဲ့ ပွဲစဉ်မှာ FC ဆိုးလ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးထပ်သွင်းနိုင်ဖို့ မျှော်လင့်နေတာပါ။

FC ဆိုးလ်အသင်းဟာ ဒီရာသီ ကေလိဂ်ပွဲစဉ် ၁၉ ပွဲ ကစားအပြီးမှာ ၂၄ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေတာ ဖြစ်ပြီး အာရှချန်ပီယံလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Source: Goal