CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ တံကောက်ကြောဒဏ်ရာ သက်သာမှုမရှိတဲ့အတွက် ပီရူးအသင်းနဲ့ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနားပေးခံရဖွယ် ရှိနေပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းက ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်မှာ ပြိုင်ဘက် ကစားသမားရဲ့ ဖျက်ထုတ်မှုကြောင့် ပထမပိုင်းအတွင်း ကုသမှုခံယူခဲ့ရတာပါ။ 

မက်ဆီဟာ ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပေမယ့် ပွဲအပြီး အင်တာဗျူးမှာ ဒဏ်ရာ အခြေအနေအတွက် မစိုးရိမ်ရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ESPN က အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ ပီရူးအသင်းနဲ့ပွဲစဉ်မှာ မက်ဆီကို အနားပေးဖွယ်ရှိတယ်လို့ ဖော်ပြခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ မက်ဆီရဲ့ ဒဏ်ရာအခြေအနေကို သိရှိနိုင်ဖို့အတွက် နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

 မက်ဆီကို တွေ့ရစဉ်

စကာလိုနီဟာ ပီရူးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အများအပြားပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း ကြေညာထားတာပါ။

အဲဒါကြောင့် ဒီပွဲစဉ်မှာ ပလာစီယို၊ ရိုဒရီဂွတ်ဇ်၊ ကာဘိုနီနဲ့ ဂါနာချိုတို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားခွင့်ရနိုင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားတာကြောင့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တာပါ။ 

ဒါအပြင် အာဂျင်တီးနားအသင်းဟာ ပီရူးအသင်းနဲ့ပွဲစဉ်မှာ အရေးနိမ့်ခဲ့ရင်တောင် အုပ်စုထိပ်ဆုံးနေရာကို ရရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နည်းပြ စကာလိုနီဟာ လာမယ့်ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ အဓိက ကစားသမားအချို့ကို အနားပေးသွားဖို့ ရှိနေတာပါ။

ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ အခုနှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Goal