CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို သူတို့ရရှိဖို့ ရေပန်းစားတယ်ဆိုတာ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “အာဂျင်တီးနားက ဗိုလ်စွဲဖို့ ရေပန်းစားတယ်ဆိုတာ ကျနော်အမြဲတမ်းပြောခဲ့ပြီး ကျနော်တို့ကလည်း အမြဲတမ်း အကောင်းဆုံးပုံစံ ရှိနေပါတယ်။ ကျနော်တို့ဟာ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့အတွက် အကောင်းဆုံးဆိုတာ ပြောလို့ရပါတယ်။ ဒီလိုပြောပေမယ့် လမ်းလျှောက်ပြီး ကိုပါအမေရိကဖလားကို ကျနော်တို့ ရယူမယ်ဆိုပြီး ပြောချင်တာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိထားတဲ့ အာဂျင်တီးနားအသင်းဟာ အခုနှစ် ကျင်းပမယ့်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို အသင်းခေါင်းဆောင် မက်ဆီကလည်း သူတို့ဗိုလ်စွဲဖို့ ရေပန်းစားတယ်ဆိုတာ ယုံကြည် နေတာပါ။

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက သူတို့ဟာ ခက်ခဲတဲ့ ကိုပါအမေရိကဖလား ချန်ပီယံဆုကို ကာကွယ်နိုင် ဖို့ မျှော်လင့်တယ်လို့ အဖွင့်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စကာလိုနီက “ကျနော်တို့ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာက ကောင်းပေမယ့် ဒါက ပြီးသွားပါပြီ။ ဘောလုံးပွဲတွေက ကွဲပြားပြီး အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်နိုင်ပါတယ်။ ကိုပါအမေရိကဟာ အမြဲတမ်းခက်ခဲပေမယ့် ကျနော်တို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ ပြောခဲ့တာပါ။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: besoccer