CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျပြီး ခက်ခဲတဲ့အုပ်စုထဲမှာ ပါဝင်နေပေမယ့် နည်းပြတူချယ်လ်ကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား အခွင့်အရေးအပေါ် ယုံကြည်မှု ရှိနေပါတယ်။ 

တူချယ်လ်က “ခက်ခဲတဲ့ အုပ်စု၊ ခက်ခဲတဲ့ အဖွင့်ပွဲစဉ်ပါ။ ခရိုအေးရှားနဲ့ ဂါနာအသင်းတို့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံမှန် ပါဝင်နေကြဖြစ်ပြီး ၂ သင်းစလုံးက တောင့်တင်းတဲ့ အသင်းတွေပါ။ ပနားမားအသင်း အကြောင်းကိုတော့ အခုအချိန်မှာ ကျနော် အများကြီး မသိသေးပေမယ့် ပြိုင်ပွဲမစတင်မီမှာ သိရမှာပါ။ ကြီးမားတဲ့ လေးစားမှုနဲ့ ချဉ်းကပ်ပြီး အုပ်စုထိပ်ဆုံးဖြစ်ဖို့ အာရုံစိုက်မှာပါ။ ခက်ခဲတဲ့ အုပ်စုထဲရောက်နေပေမယ့် ယုံကြည်မှုရှိပြီး အကောင်းဆုံး ပြင်ဆင်ထားမှာပါ”လို့ မဲခွဲအပြီးမှာ ပြောခဲ့တာပါ။ 

တူချယ်လ်ကိုတွေ့ရစဉ်

အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့တဲ့ ခရိုအေးရှား၊ အုပ်စုတွင်းမှာ ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပနားမားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တွေ့ဆုံရမှာဖြစ်ပါတယ်။ 

ဂါနာအသင်းနဲ့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တွေ့ဆုံရမှာပါ။

အင်္ဂလန်အသင်းဟာ ဇွန်လ ၁၇ ရက်မှာ ခရိုအေးရှားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇွန်လ ၂၃ ရက်မှာ ဂါနာ၊ဇွန်လ ၂၇ ရက်မှာ ပနားမားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ကတော့ ဘယ်အသင်းကိုမှ လျှော့တွက်လို့မရဘဲ အကောင်းဆုံး ယှဉ်ပြိုင် သွားမယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အုပ်စုတွင်း ရာနှုန်းပြည့် နိုင်ပွဲရခဲ့ပြီး ပေးဂိုးတစ်ဂိုးမှ မပေးရဘဲ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN