CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆

ဘန်လေအသင်း ကွင်းလယ်လူ မက်ဂျ်ဘရီဟာ အောက်တိုဘာလထဲ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ် ယူနိုက်တက်အသင်း ပရိသတ်တွေကို တံတွေးနဲ့ထွေးခဲ့တာမှာ FA က အပြစ်ရှိကြောင်း တွေ့ခဲ့ရပြီးနောက် ၄ ပွဲ ပယ်ခံခဲ့ရပါတယ်။

မက်ဂျ်ဘရီဟာ ပွဲပယ်အပြင် ဒဏ်ကြေးငွေပေါင် ၁၅,၀၀၀ လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

တူနီးရှားလက်ရွေးစင် မက်ဂျ်ဘရီဟာ သူ့အပေါ် စွဲချက်တင်တာကို ဝန်ခံခဲ့တာကြောင့် ဘန်လေအသင်း တန်းဆင်း ဇုန်ကနေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေရချိန်မှာ ပွဲပယ်ခံရတော့မှာ ဖြစ်ပါတယ်။ 

မက်ဂျ်ဘရီဟာ ဘန်လေအသင်းက လိဒ်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်က ပွဲစဉ်မှာ တံတွေးနဲ့ထွေးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့တာပါ။ 

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် အရေးနိမ့်ပြီး အဆင့် ၁၉ နေရာ ရပ်တည်နေတဲ့ ဘန်လေ အသင်းဟာ ရာသီရဲ့ အရေးကြီးတဲ့ အဆင့်မှာ မက်ဂျ်ဘရီကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

မက်ဂျ်ဘရီကို တွေ့ရစဉ် 

အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ နယူးကာဆယ်၊ ဖူလ်ဟမ်၊ ဘုန်းမောက်နဲ့ အဲဗာတန်အသင်းတို့ ပွဲစဉ်တွေမှာ ဘန်လေအသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ဘဲ ဒီဇင်ဘာ ၃၀ ရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှသာ အသင်းအတွက် ပြန်ပါဝင်ကစားနိုင်တော့မှာပါ။ 

၂၀၂၄ ခုနှစ်မှာ ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဂျ်ဘရီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘန်လေအသင်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းတက်တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ 

မက်ဂျ်ဘရီဟာ ဘန်လေအသင်းအတွက် ပွဲပေါင်း ၅၃ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။ 

ဘန်လေအသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင်မီအထိ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ ၃ ပွဲသာ ရယူထားနိုင်ပြီး ရလဒ်ဆိုးတွေကြောင့် နည်းပြစကော့ပါကားလည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရတာ ဖြစ်ပါတယ်။ 

Source: Goal