CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉

လီဗာပူးလ်အသင်းဟာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ တောင်ပံကစားသမား ဆာလက်ကို ချန်လှပ်ခဲ့ပါတယ်။ 

ဆာလက်ဟာ ပြီးခဲ့တဲ့ လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်အဖြစ်တောင် ပါဝင်ခွင့် မရခဲ့တာကြောင့် လီဗာပူးလ်အသင်းနဲ့ နည်းပြ အာနီဆလော့တို့ကို အင်တာဗျူးမှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲ့ဒါကြောင့် ဆာလက်ဟာ ချန်ပီယံလိဂ် ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆာလက်ရဲ့ မှတ်ချက်တွေကြောင့် အံ့အားသင့်ခဲ့ရပြီး သူဟာ ကစား သမား တစ်ဦးအတွက် ပြန်လာဖို့ အမြဲတမ်း ဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ 

လာမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆာလက်ကို လူစာရင်းထဲ ရွေးချယ်ဖွယ် ရှိ/မရှိ မသေ ချာသေးဘဲ ဒီပွဲဟာ အာဖရိကဖလားပြိုင်ပွဲအတွက် မထွက်ခွာမီ လီဗာပူးလ်အသင်းအတွက် သူနောက်ဆုံး ပါဝင် ကစားမယ့် ပွဲဖြစ်ပါတယ်။ 

ဆာလက်ကို တွေ့ရစဉ်

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆာလက် ပြောခဲ့တဲ့ မှတ်ချက်တွေဟာ မှန်ကန်တဲ့အရာလို့ မထင်ဘဲ သူဘယ်သူ့ကို ဆိုလိုချင်လဲဆိုတာ ပြောဖို့ခက်ခဲတယ်လို့ အင်တာမီလန်အသင်းနဲ့ ပွဲမတိုင်မီ ပွဲကြို မီဒီယာ တွေ့ဆုံ မှုမှာ ပြောခဲ့ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားအပြီးမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဆာလက်ဟာ တနင်္လာနေ့ မနက်ပိုင်းက လီဗာပူးလ် အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ထွက်ခွာမယ့် လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။ 

ဆာလက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီးနောက် နည်းပြအာနီဆလော့နဲ့ သူ့ရဲ့ ဆက်ဆံရေး ပျက်ပြယ်သွားခဲ့ပြီဖြစ်ပြီး အသင်းက သူ့ကို နွေရာသီမှာပေးခဲ့တဲ့ ကတိတွေ မတည်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဆာလက်က ဘရိုက်တန်အသင်းနဲ့ပွဲစဉ်ဟာ သူ့ရဲ့ လီဗာပူးလ်အသင်း ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်နိုင်ပြီး ဒီပွဲပြီးရင် အာဖရိကဖလားပြိုင်ပွဲ သွားရတော့မှာ ဖြစ်တဲ့အတွက် ဘာတွေ ဖြစ်လာမလဲဆိုတာ သူမသိဘူးလို့လည်း ပြောခဲ့တာဖြစ်ပါတယ်။ 

Source: ESPN