CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ နည်းပြအာနီဆလော့နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် အသင်းလူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းမှာ ကစားသမားအချို့ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ နည်းပြအာနီဆလော့ဟာ ကလပ် အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့်အရာ လုပ်ဆောင်လိုတာကြောင့် အခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ သတင်း မှာ ဖော်ပြထားပါတယ်။
ပြဿနာတွေကို ဖြေရှင်းနိုင်မှု မရှိသေးဘဲ ဆာလက် အာဖရိကဖလားပြိုင်ပွဲအတွက် ရှိနေချိန်မှာ သူ့ရဲ့ အေးဂျင့်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဆက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ဆာလက်ဟာ အရန်ခုံပေါ်မှာ ၃ ပွဲဆက်တိုက် ထိုင်ခဲ့ရပြီးနောက် လိဒ်စ်အသင်းနဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့တို့ကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

ဆာလက်ကို တွေ့ရစဉ်
အဲ့ဒါကြောင့် ဆာလက်ဟာ အင်တာမီလန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ လူစာရင်းထဲ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။
ဘရိုက်တန်အသင်းနဲ့ပွဲမတိုင်မီ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ နည်းပြအာနီဆလော့က သူဟာ ဆာလက်ကို အသင်းမှာ ဆက်ပြီး မနေစေချင်တဲ့ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီမှာ လီဗာပူးလ်အသင်းနဲ့ ၂ နှစ် စာချုပ်သစ် ချုပ်ခဲ့တဲ့ ဆာလက်ဟာ အသင်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၂ ပွဲကို လူစားဝင်အဖြစ်တောင် ပါဝင်ခွင့်မရခဲ့တာပါ။
ဆာလက်ဟာ ဒီဇင်ဘာ ၃ ရက်က ဆန်းဒါးလန်းအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်အဖြစ် နောက်ဆုံး ပါဝင်ကစားထားပြီး နိုဝင်ဘာ ၂၆ ရက်က PSV အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်း ရဲ့ ပွဲထွက်လူစာရင်းထဲ နောက်ဆုံး ပါဝင်ကစားထားပါတယ်။
ဘရိုက်တန်အသင်းနဲ့ပွဲအပြီးမှာ အာဖရိကဖလားပြိုင်ပွဲအတွက် ထွက်ခွာမယ့် ဆာလက်ဟာ အီဂျစ်အသင်းသာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိရောက်ခဲ့ရင် လီဗာပူးလ်အသင်းရဲ့ ပြိုင်ပွဲစုံ ၈ ပွဲအထိ လွဲချော်နိုင်တာဖြစ်ပါတယ်။
Source: BBC
