CNI Entertainment News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀

တောင်ကိုရီးယားနိုင်ငံက အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ ASTRO အဖွဲ့က အဖွဲ့ဝင် Moonbin ဟာ ဧပြီလ ၁၉ ရက်နေ့မှာ သေဆုံးသွားတဲ့အကြာင်းကို အေဂျင်စီဖြစ်တဲ့ Fantagio က အတည်ပြုလိုက်ပါပြီ။

Fantagio ရဲ့ ထုတ်ပြန်ချက်မှာတာ့ "ပထမဦးစွာ ဒီလို ဝမ်းနည်းကြေကွဲဖွယ်သတင်းအတွက် တောင်းပန်ပါတယ်။ ဒီနေ့ April 19 ရက်နေ့မှာ Astro အဖွဲ့ဝင် Moonbin ဟာ ရုတ်တရက် ကျွန်တော်တို့ကိုထားခဲ့ပြီး ကောင်းကင်မှာကြယ်လေးတစ်ပွင့်ဖြစ်သွားခဲ့ပါပြီ။ ကျန်ရစ်သူမိသားစုတွေရဲ့ ချစ်လှစွာသော သားနှင့်အကိုကို ဆုံးရှုံးလိုက်ရသော ခံစားချက် ဝမ်းနည်းပူဆွေးမှုကိုကျွန်တော်တို့ မယှဉ်နိုင်ပေမယ့် ASTRO အဖွဲ့ဝင်တွေ၊ Fantagio အနုပညာရှင်တွေ၊ ကုမ္ပဏီအမှုဆောင်တွေနဲ့ ဝန်ထမ်း‌တွေကလည်း အလွန်ဝမ်းနည်းပူဆွေးနေကြပါတယ်" လို့ ရေးသားထားတာပါ။

ASTRO အဖွဲ့ဝင် Moonbin

ဆက်လက်ပြီး ရေးသားထားတာမှာ‌တော့ "Moonbin ကို ချစ်ခင်အားပေးတဲ့ပရိတ်သတ်တွေကို ဒီသတင်း ပြောပြရတာ ပိုပြီး ဝမ်းနည်းနာကျင်ရပါတယ်။ ရုတ်တရက် ဝမ်းနည်းဖွယ်သတင်းကြောင့် ကျန်ရစ်သူမိသားစုများက ကွယ်လွန်သူအား ဂုဏ်ပြုနှုတ်ဆက်နိုင်စေရန် အန္တရာယ်ရှိတဲ့ သတင်းတွေကိုရှောင်ကြဉ်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်" ဆိုပြီးပါ။

ဒါ့အပြင် ကျန်ရစ်သူမိသားစုတွေရဲ့ ဆန္ဒအရ ဈာပနအခမ်းအနားကို မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်‌တွေနဲ့ အတတ်နိုင်ဆုံး တိတ်တဆိတ် ကျင်းပသွားပါမယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Moonbin အပါအဝင်   ASTRO အဖွဲ့သားများ

ASTRO အဖွဲ့ဝင် Moonbin ကို သူ့ရဲ့နေအိမ်တွင်းမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ သိရပြီး ဌာနဆိုင်ရာထုတ်ပြန်ချက်အရကတော့  Moonbin ကို ဧပြီလ ၁၉ ရက် ည ၈ နာရီခွဲ၀န်းကျင်အချိန်လောက်မှာ Seoul မှာ ရှိတဲ့ Gangnam က သူ့ရဲ့နေအိမ်မှာပဲသေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  

Moonbin ကို ၁၉၉၈ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မွေးဖွားတာဖြစ်ပြီး သေဆုံးချိန်မှာတော့ အသက် ၂၅နှစ်သာ ရှိသေးတာပါ။

Source- Fantagio