- By CNI
- Category: နိုင်ငံရေး
- Hits: 432
CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၇
ပြည်သူများ၏ လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို မိမိတို့ပါတီအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် နည်း လမ်းများ ကြိုတင်ပြင်ဆင်ထားသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၂) ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်းကောင်း ကျင်းပမည် ဖြစ်သည်။
ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အကျပ်အတည်း အခက်အခဲများကို မိမိတို့ ပါတီအနေဖြင့် ဖြေရှင်း ဆောင် ရွက်ရန် နည်းလမ်းများ ရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,က ကျနော်တို့က ပြည်သူတွေရဲ့ ကုန်စျေးနှုန်း တည်ငြိမ်မှု၊ ပြည်သူတွေအတွက်ကို ကျနော်တို့ ပြည်သူကနေမှ ကျနော်တို့ကို မဲပေးရွေးချယ်မယ်ဆိုလို့ရှိရင် ကုန်စျေးနှုန်း တည်ငြိမ်မှုကို ကျနော်တို့ အာမခံတယ်။ နောက်တည်ငြိမ်အေးချမ်းမှုကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းမှုကို ကျနော်တို့မှာ နည်းစနစ်များ ရှိတဲ့အတွက် ဒါတွေကို အစီအမံများနှင့်အတူ ကျနော်တို့ ဆောင်ရွက်မယ်။ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အများကြီးရှိတဲ့ထဲမှာမှ ကျနော်တို့ အဲဒီနှစ်ချက်ကို အဓိကထားပြီးတော့ ဆောင်ရွက်တယ်။ ဥပမာဆိုကြပါစို့ဗျာ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆိုလို့ရှိရင် လျှပ်စစ်မီး ပုံမှန်ရရှိနိုင်တဲ့ နည်းလမ်းတွေကို ပြည်သူထောက်ခံလိုက်တဲ့ အဖွဲ့အစည်းမှာ နည်းလမ်းတွေ ခုထဲကိုက ကျနော်တို့ကြိုပြီးတော့ တွက်ဆထားရမယ် ရှိထားရမယ်။ ဥပမာ ကျနော်တို့ကို ပြည်သူက ရွေးချယ် တာဝန်ပေးအပ်လို့ရှိရင် ကျနော်တို့က လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ နည်းလမ်း ကျနော်တို့မှာ ရှိထားပြီးသား။ ကျနော်တို့ မဟုတ်သော တခြားပါတီမှာလည်း ဒီလိုရှိကောင်းရှိမှာပေါ့။ မြေပြင်ရဲ့ အနေအထားပေါ်မှာ မူတည်တယ်။ အချိန်အားဖြင့်တော့ ပြောရခက်တယ် သို့သော်လည်းပဲ ကျနော်တို့က အကောင်းဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
လက်ရှိတွင် ပြည်သူလူထုသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ရင်ဆိုင်နေရသလို လူနေမှုဘဝ မြင့်တက်နေမှု ဒဏ်ကိုလည်း ခံနေကြရကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းနှင့် လျှပ်စစ်မီး ပုံမှန်မပါရဘဲ မီတာခများ တိုးမြင့်ပေးဆောင်နေရသော အခြေအနေများကို ရင်ဆိုင်နေရသည်။
အလားတူ စစ်မှုထမ်းဥပဒေအရ တရားမဝင် ဖမ်းဆီးခံနေရခြင်းနှင့် ငွေကြေးများ တရားမဝင် တောင်းခံနေရ ကြောင်း၊ တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းကြောင့် ခိုးဆိုးလုနှိုက်များ၏ အန္တရာယ်ကို ရင်ဆိုင်နေကြရကြောင်း၊ ခရီးသွားလာရာမှာလည်း လုံခြုံရေး အားနည်းနေခြင်းနှင့် လက်နက်ကိုင်အင်အားစုများ၏ တရားမဝင် လုပ်ကိုင် မှုများကိုလည်း ရင်ဆိုင်နေကြရကြောင်း ပြည်သူလူထုက ထောက်ပြသည်။
အဆိုပါ လူမှုဘဝ အကျပ်အတည်းများကို နိုင်ငံရေးပါတီ အများစုက ကိုင်တွယ်ဖြေရှင်း ပေးမည်ဆိုသည့် ကတိကဝတ်ကို အာမခံ၍ မဲဆွယ်စည်းရုံးခြင်းမျိုး မတွေ့ရှိရသေးပေ။
မဲဆွယ် စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီ အများစုသည် ပြည်သူလက်ရှိ ကြုံတွေ့နေရသည့် အကျပ်အတည်း များကို ကိုင်တွယ်ဖြေရှင်း ပေးမည်ဆိုသည့် ကျယ်ကျယ်လောင်လောင် ကတိပေးနိုင်ခြင်း မတွေ့ရသေးဘူးဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်များ၊ စစ်ဘက်-အရပ်ဘက် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ဟုတ်ပါတယ် ပါတီတိုင်း အနေနဲ့ကတော့ အဲဒီဥစ္စာကို ကတိမပေးနိုင်တဲ့ အပိုင်းက အခုဆိုရင်တော့ ဒီကိစ္စ မျိုးတွေ ပြောနိုင်တာ ပြည်ခိုင်ဖြိုးတစ်ခုပဲ တွေ့ရသေးတာပေါ့နော်၊ ပြည်ခိုင်ဖြိုးကတော့ ဒီကိစ္စကို တော်တော်လေး တော့ ပြောနေတယ်။ သူပြောနေပေမယ့်လည်း သူလက်တွေ့ လုပ်နိုင်ပါ့မလားဆိုတာ ပြည်သူက ပြန်စဥ်းစားတာ ပေါ့။ ဒါကြောင့်မို့လို့ အခုပြည်သူဘက်က တောင်းဆိုတဲ့ အတိုင်းအတာ တစ်ခုကတော့ လက်ရှိမှာတော့ လုပ်ပေးလို့ မရသေးဘူး။ ရွေးကောက်ပွဲ အလွန်ကျရင်တော့ လွှတ်တော်တွေလည်း ပေါ်လာမယ် ပြည်သူ့အသံကလည်း လွှတ်တော်အသံပဲလေ။ လွှတ်တော်ပေါ်လာရင် လွှတ်တော်ကလည်းပြောမယ်။ အစိုးရကလည်း ဆောင်ရွက်နိုင် မယ် တစ်ဖက်ကလည်း အခုဆိုရင်တော့ တရားစီရင်ရေးတွေပေါ့နော်။ ကျနော်တို့ ပြောသလိုမျိုး အာဏာသုံးရပ် ကို တစ်ယောက်ထဲ ချုပ်ကိုင်ထားတယ်၊ ရွေးကောက်ပွဲ ပြီးရင်တော့ ဌာနကြီးသုံးခုကို သီးခြားဆီ ကျင့်သုံးမယ့် အခါ ကျတော့ (Check In Balance) ဖြစ်လာလိမ့်မယ်။ အဲခါကျတော့ ပြည်သူ့အသံတွေ ပေါ်လာပြီဆိုရင်တော့ အခု ပြည်သူ့ အခက်အခဲတွေဟာ အထိုက်အလျောက် ပြေလည်တာ မဟုတ်ဘူး။ ကြီးကြီးမားမားကို ပြေလည်လာမယ် လို့ ကျနော့် အနေနဲ့ကတော့ ပြောချင်တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သည် မြန်မာ့တပ်မတော်၏ ထောက်ခံမှုကို ရရှိထားသလို ရွေးကောက်ပွဲဥပဒေများ၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေသော အခြေအနေများကြောင့် တခြားသော ပါတီများထက် အခွင့်အရေးပိုရနေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဥ်နေသည့် ရွေးကောက်ပွဲသည် အမည်ခံ သက်သက်သာဖြစ်ပြီး မည်သည့်ရလဒ် ထွက်လာသည်ဖြစ်စေ တပ်မတော်နှင့် USDP ကသာ ဦးဆောင်သည့် အစိုးရပုံစံတစ်ရပ် ထွက်လာမည်ဟု ပြည်တွင်း/ပြည်ပ သံတမန်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 439
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးသည့်အခါ ပြည်သူလူထုအား မလုပ်နိုင်ဘဲနှင့် မဲရရေးတစ်ခုအတွက် အာမခံချက် များ ပေးခြင်းမျိုး မိမိတို့ ပါတီအနေဖြင့် မလုပ်ဆောင်ဘူးဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့်အချိန်ဖြစ်၍ နိုင်ငံရေးပါတီများသည် ပြည်သူ လူထု၏ ထောက်ခံမဲများ ရရှိရေးအတွက် မဲဆွယ်စည်းရုံးရေး ကတိကဝတ်များကို အမျိုးမျိုး ပေးနေကြသည်။
မိမိတို့ ပါတီအနေဖြင့် တကယ် မလုပ်နိုင်ဘဲ ပြည်သူလူထုဆီမှ မဲရရှိရေးအတွက် အာမခံချက်ပေးခြင်းမျိုး မလုပ် ဆောင်ဘူးဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ(KPP) မဲဆွယ်စည်းရုံးရေး ဆင်းနေကြစဉ်
၎င်းက “ဆရာမတို့ကတော့ ကြိုပြောထားလို့ မရဘူးလေ၊ ပြီးတော့ ဒီအခုစစ်မှုထမ်းဥပဒေဆိုတာက နိုင်ငံတော်က သက်မှတ်ထားတာ ဗိုလ်ချုပ်တို့ လက်ထက်ထဲက သက်မှတ်ထားတဲ့ ဥပဒေဖြစ်တယ်၊ ဒါပေမယ့် စနစ်တကျဖြစ်ဖို့ တော့ လုပ်ရမယ်၊ ဖြစ်နေတဲ့ကိစ္စတွေက စနစ်တကျ ဖြစ်ဖို့တော့ လုပ်ပေးရမှာပဲ။ ဒါလွှတ်တော်ထဲ ရောက်သွားလို့ရှိ ရင် ဘယ်ပါတီမဆို လုပ်ရမှာပဲ၊ ဒါပေမယ့် လူထုကို ရှေ့မှာပြောပြီးတော့ ကိုယ်တကယ်လုပ်နိုင်ဖို့ လည်းလိုတယ်။ မလုပ်နိုင်ဘဲနဲ့ ကတိတွေပေး မဲရဖို့တစ်ခုထဲ အတွက်နဲ့တော့ ဆရာမတို့ မလုပ်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အခြေအနေ ဘယ်လိုပြောမလဲ ဒီမိုကရေစီခေတ် သုံးခေတ်လောက်ကို ဖြတ်သန်းလာတဲ့အခါမှာ လုပ်နိုင်တဲ့ကိစ္စ တွေရှိတယ်၊ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ်။ ၅ နှစ်ဆိုတဲ့ အတိုင်းအတာ အတွင်းမှာက ကိုယ်ဘယ်လောက် လုပ်နိုင်မလဲ၊ ဖြစ်လာတဲ့အမတ်တွေရဲ့ capacity ဘယ်လောက်ရှိသလဲ အဲ့အပေါ်မှာ အများကြီး မူတည်တယ်။ လူထုဆီက မဲရ ရင်ပြီးရော ဆိုပြီးတော့မှ ငါတို့ဒါတွေလုပ်ပေးမယ် တချို့ဟာတွေက untouchable တွေပါ အရမ်းပြောလို့မရပါ ဘူး”ဟု ပြောသည်။
နိုင်ငံရေးပါတီများသည် ပြည်သူလူထု ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ကာကွယ် ဖြေရှင်းမပေးဘဲ ရွေးကောက်ပွဲကာလ မဲလိုချင်သည့်အခါမှ မဲဆွယ်စည်းရုံးရေး စကားများပြောလာခြင်းအပေါ် လူထုကယုံကြည် မှုမရှိဘဲ ဖြစ်လာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ပြည်သူလူထုအတွက် အထူး အာမခံချက်များ ပေးနေသည်ကို ကြားနေရကြောင်း၊ မိမိတို့ပါတီသည် သူများလုပ် တိုင်း လိုက်လုပ်သည့် ပါတီမဟုတ်ကြောင်း ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်း ဌာနသို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ(KPP) မဲဆွယ်စည်းရုံးရေး ဆင်းနေကြစဉ်
၎င်းက “တိုင်းပြည်မှာလည်း လိုအပ်တဲ့ အရာတွေရှိတယ်၊ အဲ့တော့ ကိုယ်တို့လုပ်နိုင် သလောက်ကတော့ ကိုယ့် ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမှာပဲ။ အာမခံပြီး လုပ်နေတဲ့ဟာတွေက သူတို့ ဘယ် အတိုင်းအတာအထိ အာမခံနိုင်သလဲ ဆိုတာရှိတယ်။ ဆရာမတို့ကတော့ အဲ့လိုကြီးတော့ လုံးဝ အာမမခံဘူး ဒီကိစ္စတွေက ညှိနှိုင်းပြီးတော့အားလုံး ကိုယ်ဖြစ်လာတဲ့ အမတ်တွေ အားလုံး ညှိနှိုင်းပြီးတော့ အရည်အချင်းရှိတဲ့ အမတ်တွေ ညှိနှိုင်းပြီးတော့ လုပ်ရမယ့်ကိစ္စတွေ ကျမတို့ကတော့ အဲ့ဒီကိစ္စကို ပြောတဲ့အခါမှာတော့ ခုနကလို အာမခံချက် တစ်ခုအနေနဲ့ အဲ့လိုကြီးတော့ အာမမခံဘူး။ ဒါပေမယ့် ပြောသင့် လုပ်သင့် လုပ်ထိုက်တဲ့ဟာတွေ လုပ်ရမှာပဲ အခုတိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာ လူတိုင်းလည်းသိတာပဲ။ ဖြစ်လာမယ့် အစိုးရက ဒီကိစ္စ တွေကို လုပ်ရမှာပဲ အဲ့တာကိုတော့ အထူးအထူးတွေ အာမခံတယ် လူပိန်းကြိုက်ပြောတာပေါ့။ ရှင်းရှင်းပြောရရင် ခုနကလို့ဟာတွေကတော့ ဆရာမတို့လည်း ကြားမိပါတယ်နော်။ အာမခံချက်တွေ လိုက်ပေးနေတယ်တို့၊ ဘာတို့ ညာတို့ သူများလုပ်တိုင်း လိုက်လုပ်တဲ့ ပါတီတော့ မဟုတ်ဘူး ဆရာမတို့ ပါတီကတော့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 462
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
မကြာခင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ဆန္ဒမဲပေးမည့် မွန်လူထုများအပေါ် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် ဖိအားပေးခြင်း မရှိကြောင်း မွန်ပြည်သစ်ပါတီ(NMSP)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါပေမယ့် မွန်လူထုရဲ့ သဘောထားကတော့ ကျနော်တို့လည်း မသိဘူးပေါ့။ သူ့ရဲ့ကိုယ်ပိုင် နိုင်ငံရေး၊ နိုင်ငံသား တစ်ရပ် အနေနဲ့တော့ သူတို့ဟာသူတို့ ဆက်လုပ်ကြမယ်။ ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲ အပေါ်မှာ တော့ ဘာမှ စောဒကတက်စရာ၊ ပြောစရာမရှိဘူး။ ကျနော်တို့ ဒေသမှာလည်း သူတို့ မဲရုံဆောက်တာတို့၊ ဘာတို့ အခုထက်ထိတော့ ဘာမှအရိပ်အယောင် မပြဘူးပေါ့။ ကျနော်တို့ကလည်း ဘာမှ pressure မပေးဘူး။ သွားချင်တဲ့ လူသွား၊ နေချင်တဲ့လူနေ၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြပေါ့။ ကျနော်တို့ အနေနဲ့ ဘာမှ ဝင်ရောက်စွက်ဖက်၊ ဝင်ရောက် ပြောဆိုတာတော့ ဘာမှမရှိဘူး” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီ(NMSP)သည် ၁၉၅၈ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး(Bilateral) လက်မှတ်ရေးထိုးမှုအား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလက မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
လက်ရှိ မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့က ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိနေသည်။
ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ၏ အလုပ်ဖြစ်သောကြောင့် မွန်ပြည်သစ်ပါတီ အနေဖြင့် ဟန့်တားခြင်းမျိုး မရှိကြောင်း မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,က ကျန်တဲ့အပိုင်းတော့ ကျနော်တို့ သိပ်မသိဘူး။ အဓိက,ကတော့ NCA ထိုးထားတဲ့ မွန်ပြည်သစ် ပါတီပေါ့။ သူတို့က ရွေးကောက်ပွဲကို မတားဆီးဘူးပေါ့။ ဒါကတော့ နိုင်ငံရေးပါတီရဲ့ အလုပ်တစ်ခုဖြစ်တဲ့ အတွက် ကြောင့် သူတို့ ဘာမှလည်း ဝင်မပြောဘူး။ ဘာမှလည်း ဟန့်တားတာတော့လည်း မရှိဘူး။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြတော့ မသိဘူးပေါ့နော်။ သူတို့ဘယ်လို သဘောထားတယ်ဆိုတာ၊ နောက် ဘယ်လိုအခင်းအကျင်း ရှိတယ်။ သူတို့အခင်းအကျင်းကို ကျနော်တို့ ဘာမှမသိနိုင်ဘူး” ဟု ပြောသည်။

MSDF ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းနှင့် လူထုတွေ့ဆုံနေစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် မွန်ပြည်သစ်ပါတီတွင် မွန်ပြည်သစ်ပါတီ-အာဏာရှင် တိုက်ဖျက်ရေး(NMSP-AD) ဟူသည့် အဖွဲ့တစ်ခု ခွဲထွက်သွားသည်။
ထို့နောက် မွန်လက်နက်ကိုင် ၄ ဖွဲ့ လည်း ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့မှာ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ဖြစ်ကြသည်။
အဆိုပါ မွန်လက်နက်ကိုင် ၄ ဖွဲ့သည် မွန်တပ်တော်ကို ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြသည်။
အလားတူ မွန်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် NUG လက်အောက်ခံ PDF များလည်း လှုပ်ရှားလျက်ရှိကြသည်။
မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်ကိုယ်စားလှယ်လောင်းများအပြင် ရွေးကောက်ပွဲ အထမြောက်ရန် ပါဝင်သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ပြောဆိုထားသည်။
ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း၊ မိမိအတွက်ဖြစ်စေ အစုအဖွဲ့ တစ်ခုခုအတွက်ဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦး အတွက်ဖြစ်စေ မဲဆွယ်စည်းရုံးခြင်း၊ မဲဆွယ်စည်းရုံးမှုကို ကူညီပံ့ပိုးခြင်းနှင့် ရွေးကောက်ပွဲ အထ မြောက်ရန် ပါဝင်နေသူများကို ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 537
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခါင့် ပြုလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရ်ကတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျည်းထောင်/အချုပ်ထောင်/အကျဉ်း စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၂၄ ဦးကို “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူ သော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
ထိုသို့ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းက မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဖြစ်သည်ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 518
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ကြားနာစစ်ဆေးဆဲအမှုများနှင့် ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ် သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။
ထိုသို့ အမှုများ ရုပ်သိမ်းပေးလိုက်ခြင်းက မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဖြစ်သည် ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 650
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဖလူးလေး၊ ဝေါလေနှင့် စုကလိအထိ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ ဖြတ်သန်း သွားလာခွင့် မပြုဘူးဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် အရေးပေါ် သွားလာရန် လိုအပ်ပါက ကြိုတင် သတင်းပို့ရန် DKBA က ထုတ်ပြန်ခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ DKBA ထိန်းချုပ်ထားသော ကျားဖြန့် လုပ်ငန်းခွင် တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်၌ ဝင်ရောက် တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။

DKBA ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် KNU နှင့် DKBA ကြား စစ်ရေးတင်းမာလာခဲ့သည်။
တခြား တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်သည် DKBA နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့သည့် ရွှေက္ကိုလ်နှင့် KK Park ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 417
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ အနေဖြင့် လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ဖို့လိုအပ်သလို လူသားယဉ်ကျေး မှုကိုလည်း ထုတ်ဖော်ပြသည့် ပလပ်ဖောင်းတစ်ခုအား လက်ဆင့်ကမ်းပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးအတွက် မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်လိုကြောင်း ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ပြန်လည်သုံးသပ်ခြင်း အ စည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံရေးလုပ်ခြင်းသည် အရေအတွက်နှင့်လုပ်ရသည့် ပလက်ဖောင်းတစ်ခု မဟုတ်ကြောင်း၊ တကယ်ကို စိတ် ဓာတ်ခိုင်မာသည့် အဖွဲ့အစည်း၊ ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ၂၀၂၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လသာမြို့နယ် မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပါတီနိုင်ငံရေးဆိုတာ လူထုနစ်နာမှု အနည်းဆုံးဖြစ်ပြီးတော့ စေ့စပ်ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းနဲ့ စနစ်တစ်ခုကို တည်ဆောက်တဲ့ လမ်းကြောင်းပေါ်ကိုတက်တဲ့ အဖွဲ့အစည်းတစ်ခု ပလပ်ဖောင်းတစ်ခုပဲဖြစ်တယ်၊ ဒီလိုယဉ်ကျေးမှုကို နောင်မျိုးဆက်တွေကိုလည်း နိုင်ငံရေးဆိုတာက ခုနကလို တစ်ယောက်နဲ့တစ်ယောက် ဒုတ်နဲ့ ရိုက်၊ ဓါးနဲ့ခုတ်၊ သေနတ်နဲ့ပစ်နေမှ အဲ့တာ နိုင်ငံရေးမဟုတ်ဘူး။ နိုင်ငံရေးဆိုတာ ယဉ်ကျေးမှုတစ်ရပ်ကို အချင်း ချင်း ညှိနှိုင်းခြင်း၊ ဖလှယ်ခြင်းနဲ့ ကိုယ်လိုတဲ့ ပန်းတိုင်ကို ရောက်အောင်သွားတယ်ဆိုတဲ့ ပါတီတစ်ခုကို အသုံးချ ပြီးတော့ ပလပ်ဖောင်းတစ်ခုကို အသုံးချပြီး သွားတယ်ဆိုတဲ့ ဒီစနစ်တစ်ခုကို နောင်လာမယ့် လူငယ်တွေ အတွက် ကို မျိုးဆက်ကို ပေးထားခဲ့ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုပြဋ္ဌာန်းထားတဲ့ ပါတီတစ်ခုကို လူဦးရေ ၁ သိန်းရှိမှတို့ ၅၀,၀၀၀ ရှိမှတို့ဆိုတဲ့ ဥပဒေကြီးတစ်ခုကိုပြဋ္ဌာန်းထားတော့ အဲ့ဥပဒေက တော်တော်ကို ဖျက်ပစ်ဖို့ကောင်းတဲ့ ဥပဒေတစ်ခု ဖြစ်တယ်။ ဒါတွေက အရေအတွက်နဲ့လုပ်ရတဲ့ ပလပ်ဖောင်းတစ်ခု မဟုတ်ဘူး။ တကယ်ကို စိတ်ဓာတ်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ပလပ်ဖောင်းတစ်ခုဖြစ်တယ်၊ နောက်တစ်ခု နောင်မျိုးဆက်တွေကိုလည်း အခုလိုမျိုး လူသား ယဉ်ကျေးမှုကို ထုတ်ဖော်ပြတဲ့ ပလပ်ဖောင်းတစ်ခုကို လက်ဆင့်ကမ်းပေးသင့်တယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် မြန်မာနိုင်ငံရှိ လူငယ်များသည် မြန်မာ့နိုင်ငံရေးကို မဲပုံးများက အဆုံးအဖြတ်ပေးမည် မဟုတ်ဘဲ လက်နက်များကသာ အဆုံးအဖြတ်ပေးသည်ဟု ယုံကြည်လာကာ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲ၍ မြန်မာ့တပ်မတော်အား ဖြုတ်ချရန် ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့် ပြင်းထန်နေချိန်တွင် နိုင်ငံရေးပါတီများသည် နိုင်ငံရေး ဘောင်ကျဉ်း လာသလို လူငယ်များကို မွေးထုတ်ပေးနိုင်ခြင်းလည်း မရှိဘဲဖြစ်လာနေသည်။
ပါတီများအနေဖြင့် သင်တန်းများပေးပြီး မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ရန် လိုအပ်သည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှ ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “မြို့ပေါ်က,ကလေးတွေအတွက်လည်း သင်တန်းတွေ ဘာတွေပေးပြီးတော့ မွေးထုတ်ရမှာလေ၊ အဲ့တာ လေးလို အပ်တာပေါ့။ လူငယ်တွေ တော်တော်များများက ဟိုကိစ္စ(စစ်မှုထမ်းကိစ္စ)နဲ့ပတ်သက်ပြီးတော့ ရှောင်ကြ တာပေါ့၊ ရွာတွေမှာဆို မရှိသလောက် ဖြစ်တယ်။ လူလတ်ပိုင်းတွေနဲ့ လူကြီးတွေပဲ ကျန်တယ်၊ အဲ့လိုတော့ ဖြစ် တာပေါ့။ ဒါပေမယ့် လူငယ်တွေ ရှိပါသေးတယ်၊ ဆရာမတို့ကတော့ အခု ဆရာမတို့ စာပေယဥ်ကျေးမှု အဖွဲ့လေး တွေ တချို့တဝက်ကလည်း ထွက် မရှိတော့တာရှိတာပေါ့။ ဒါပေမယ့် ရှိနေတဲ့လူတွေနဲ့ ဆရာမတို့ အခုပြန်ပြီးတော့ စည်းရုံးနေတာ မဆိုးပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ဒါပေမယ့် အခက်အခဲရှိတယ်၊ လူအင်အား၊ တတ်ကျွမ်းတဲ့ လူတွေတချို့လည်း ပါကုန်တာကို။ အဲ့တော့ အခု အစကနေ ပြန်စရမလို ဖြစ်တာပဲ။ သို့သော်လည်း ကျန်နေတဲ့လူလေး ရှိတော့ အဲ့ဒါလေးနဲ့ ဆရာမတို့က လူငယ်တွေ ပြန်မွေးဖို့ ပါတီတွေမှာလည်း လူကြီးတွေက ကြီးကုန်ပြီလေ။ ကိုယ့် ပါတီအတွက်ကို အခုပဲပြောနေတာနော်။ လူငယ်တွေနဲ့ ပြန်တည်ထောင်ဖို့လိုတယ်၊ ၂၀၂၅ ရွေးကောက်ပွဲ အလွန်မှာ တော့ သူတို့လူငယ်တွေ ပြန်လုပ်ကြမယ်လို့ ကတိပေးတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် အတွင်းမှာ အရပ်သား ပြည်သူများနှင့် လူငယ်များသည် လက်နက်ကိုင် တိုက်ခိုက်နေကြသော အုပ်စုများ၏ စစ်မှုထမ်းရန် ဆွဲခေါ်ခံနေကြရသည့်အတွက် စိုးရိမ်ထိတ်လန့် စွာဖြင့် နေထိုင်နေကြရသလို ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင် ကြရသူများလည်း ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၆
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ် တစ်ရပ်အနေဖြင့် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေး တာဝန်ကိုသာ ယူမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်တစ်ရပ်ကို နိုင်ငံအကျိုးအတွက် များစွာ မျှော်လင့်၍ ရနိုင်ကြောင်း၊ ပေါ်ထွန်းလာမည့် အရပ်သားအစိုးရသည် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ် သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
၎င်းက“အဲ့တာကတော့ ပြည်သူလူထု အများကြီး မျှော်လင့်လို့ ရပါတယ်ဗျ။ ဘာကြောင့်လို့လဲဆိုတော့ ဒီအခြေအနေ ထက်ကို အကောင်းဆုံး ဖြစ်အောင်တော့ ဒီအစိုးရမှာ တာဝန်ရှိတယ်၊ ဘာကြောင့်မို့ သူ့ကို တာဝန်ရှိတယ်လို့ ပြော ရတာက အခုက ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရဆိုတဲ့ဟာက ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ ပြည်သူ့ရဲ့ တာဝန်တွေကို အားကျိုးမာန်တက် ထမ်းဆောင်ရမယ့် နေရာ၊ ထမ်းဆောင်ရမယ့် အခါကျတော့လည်း နိုင်ငံနဲ့ပြည်သူကို ချစ်မြတ်နိုးစိတ်နဲ့ ထမ်းဆောင်စေလိုတာပေါ့။ ဒါပေမယ့် အစိုးရမှာလည်း ဘယ်လို ပြောမလဲဆိုတဲ့ခါကျတော့ သူရင်ဆိုင်ရမယ့် အခက်အခဲ ကြီးကြီးမားမား ရှိပါတယ်။ ပြန်လည် တည် ဆောက်ရေး အများကြီး လုပ်သွားလိမ့်မယ်။ ပြန်လည် တည်ဆောက်ရေးက ရုပ်ဝတ္ထုပိုင်းရော၊ စိတ်ဝတ္ထုပိုင်းရော၊ လုပ်ရမှာလေ။ အဲ့ခါကျတော့ ဒီ အစိုးရမှာ ဘာလိုအပ်လဲဆိုတော့ အဓိကက ပျော့ပြောင်းညင်သာရမယ် ပြတ်သားရမယ်၊ ဘယ်ကိစ္စ လုပ်မယ်ဆို လုပ်မယ်၊ နိုင်ငံနှင့် ပြည်သူ့မျက်နှာကြည့်ပြီးမှ ဒီကိစ္စ အပြတ်ဖြတ်မယ်ဆို ဖြတ်နိုင်တဲ့ ရဲစွမ်း သတ္တိလည်း ရှိရမှာပေါ့။ ဒီထွက်ပေါ်လာမယ့် အစိုးရက ဒါမှသာ နိုင်ငံအတွက်ကို တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးရေး တည်ဆောက်နိုင်မယ်လို့ ကျနော့် အနေနဲ့ မြင်တာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသည် အုပ်ချုပ်ရေးယန္တရားကို အာဏာသက်ရောက် အောင် မဖော်ဆောင်နိုင်ပါက တပ်မတော်ကို တဖန်ပြန်လည် အားကိုးရမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ့အကျပ်အတည်းထက် ပိုမို ကျပ်တည်းသည့် အခက်အခဲမျိုး ရင်ဆိုင်လာရနိုင်ခြေ မရှိနိုင်ဘူးဟု ဦးစိုင်းဋ္ဌေးအောင်က ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “အခုတက်လာမယ့် အစိုးရက ဒီထက်ပိုကျပ်တည်းတဲ့ အခြေအနေကတော့ ရင်မဆိုင်ရဘူးလို့ ကျနော် မြင်ပါတယ်၊ ဘာကြောင့်လဲဆို တစ်ဖက်မှာ NUG ကလည်း ပြိုကွဲနေပြီကို ယနေ့အချိန်မှာ။ နောက်ပြီးတော့လည်း နိုင်ငံကြီးကို စစ်ရေးနဲ့ပြောင်းလဲမှာပဲဆိုတဲ့ ခံယူထားတဲ့ PDF တွေကလည်း စိတ်ဓာတ်ကျနေကြပြီ။ စိတ်ဓာတ်ကျ နေကြပြီဆိုတော့ ဒီအစိုးရကတော့ ဒီထက်ပိုပြီးမှ ကျပ်တည်းတဲ့ အခက်အခဲကိုတော့ သူရင်ဆိုင်ရတော့မယ် မထင်ဘူး”ဟု ပြောသည်။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်တစ်ရပ်အား မျှော်လင့်ချက် ကြီးကြီးမားမား ထားရန် လွန်စွာခက်ခဲသည်ဟု 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မျှော်လင့်ချက် ကြီးကြီးမားမားတော့ ကျနော့် စိတ်ထင်တော့ အရမ်းကို ခက်ခဲလိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုလုပ်မယ့် ရွေးကောက်ပွဲက ကျနော်တို့နိုင်ငံရဲ့ တစ်ခါမှ မကြုံဖူးတဲ့ သာမန် အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးကျတဲ့ အခြေအနေတစ်ခုမှာ ကျင်းပတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီကနေ ထွက်ပေါ်လာမယ့် အခင်းအကျင်းပဲပြောပြော။ ရလဒ်ပဲပြောပြော ကျနော်တို့ ခုနက ပြောသလိုမျိုး ပြည်သူလူထု ဒီ လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းရေးတို့ စသည်ဖြင့်ပေါ့လေ။ ဒီမိုကရေစီအရေးတို့ နောက်ပြီးတော့ ဖက်ဒရယ် အရေးတို့ စသည်ဖြင့် အဲ့တာတွေကို ရောက်သွားဖို့ကတော့ တမဟုတ်ချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တမဟုတ် ချင်း မဖြစ်ပေါ်လာနိုင်သည့် တိုင်အောင်တောင်မှ ကျနော်တို့အနေနဲ့ နိုင်ငံတကာတွေရဲ့ ပူးပေါင်း တိုက်တွန်းမှုနဲ့ အဲ့လိုမျိုးတွေနဲ့ပဲ လမ်းစတွေဘာတွေ တစ်ခုခုတော့ ဒါ မရှိမဲ့ ရှိမဲ့ အခြေအနေကြားမှာ မျှော်လင့်ချက်ရှိတဲ့ လူလည်း ရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းကို ဖြစ်စေမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သူများကို ရွေးချယ်ကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 947
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ကျော်သူရကို တာဝန်ပေး ခန့်အပ်လိုက် ကြောင်း နေပြည်တော်စစ်ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
နမခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးသည် အဂတိမှုနှင့် စစ်ဆင်ရေး မအောင်မြင်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ တတိယပတ်အတွင်းက ဖမ်းဆီး စစ်ဆေးခံနေရခြင်းဖြစ်သည်။
ထို့နောက် နမခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးကို တာဝန်မှ အနားပေးလိုက်ပြီး ဗိုလ်ချုပ်ကျော်သူရအား နမခ တိုင်းမှူးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်စစ်ရုံးရှိ သတင်းရင်းမြစ်များက ပြော သည်။
လက်ရှိတွင် ဗိုလ်ချုပ်ကျော်သူရသည် နမခစစ်တိုင်းဌာနချုပ် မုံရွာမြို့သို့ ရောက်ရှိကာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။
ဗိုလ်ချုပ်ကျော်သူရသည် အပတ်စဉ် ၃၉ ကဖြစ်ပြီး ဥစတ ကျောင်းအုပ်ကြီးတာဝန်ကနေ နမခတိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။
အနားပေးခံလိုက်ရသော ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင် ဗိုလ်သင်တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး တပ်မ ၁၁၊ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သူ ဖြစ်သည်။

အနားပေးခံရတဲ့ နမခတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို တွေ့ရစဉ်
လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်လိုက်စဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့်အတူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် လက်နက်ချခဲ့သူ ဖြစ်သည်။
ထို့နောက် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ကက(ကြည်း)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
နမခ စစ်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးမှ ဒေသတချို့တို့ကို ကိုင်တွယ်ရခြင်းဖြစ်သည်။
အဆိုပါ စစ်တိုင်းသည် လက်နက်ကိုင် ပဋိပက္ခပြင်းထန်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လက်နက်ကိုင်ပေါင်းစုံ အခြေပြုလှုပ်ရှားလျက်ရှိသည်။
