- By CNI
- Category: နိုင်ငံရေး
- Hits: 388
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
မိမိတို့ ရှမ်းနီ TNDP ပါတီသည် လုပ်ငန်းစဥ် ၄ ရပ်အား ပြည်သူလူထုကို ချပြပြီး အချက် ၄ ချက်နှင့် စည်းရုံးရေး လုပ်ဆောင်နေကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လူထုများကြား စုဝေးဟောပြောပြီး မဲဆွယ်စည်းရုံးရေးတွင် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာကြရန် ပါတီများကို သတိပေးထားသည်။
လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပမည်ဖြစ်၍ မဲဆွယ်စည်းရုံးရေး ကာလ ရက်ပေါင်း (၆၀)အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်များတွင် ပါတီဆိုင်းဘုတ်များ ထောင်ခြင်းနှင့် ပန်းဖလက်များဝေခြင်း စသည့် မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အနာဂတ်တွင် မည်သည့် ပုံစံမျိုးနှင့်သွားလျှင် အကောင်းဆုံးဖြစ်မည်ဆိုတာကို ချပြ၍ ပြည်သူလူထု အား စည်းရုံးနေသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

TNDP ပါတီ လူထုစည်းရုံးဟောပြောနေစဉ်
၎င်းက “ကျနော်တို့ကတော့ နိုင်ငံရဲ့ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ သွားရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ပြည်သူ လူထုကို ချပြပြီးမှ ကျနော် စည်းရုံးတယ်၊ မြန်မာပြည်သူတွေ အနေနဲ့တော့ ငြိမ်းချမ်းရေးက အဓိကပဲ ကျတယ်လို့ မငြိမ်းချမ်းတဲ့ အခါကြတော့ ပြည်သူတွေ အခုလို ဒုက္ခရောက်ကြရတာပေါ့။ စစ်ပွဲတွေရပ်ပြီးတော့ ငြိမ်းချမ်းရေးတွေ ရမယ်၊ လာမယ့် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နိုင်မယ့်ဆိုတဲ့ ကဏ္ဍတွေကိုတော့ ကျနော်တို့ နံပါတ်တစ် အချက် အနေနဲ့ ပြောပါတယ်။ ကျနော်တို့ နံပါတ်နှစ်ကတော့ ဒါကျနော်တို့ လူမျိုးစု ပါတီဖြစ်တဲ့ ကျနော်တို့ လူမျိုးက တော့ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိပေမယ့် ကိုယ်လူမျိုးစုမှာလည်း အမျိုးမျိုး ကွဲနေတော့ လူမျိုးစု နာမည်ကိစ္စကို ကျနော်တို့ ပြောတယ်။ နောက် နံပါတ်သုံးကတော့ ကျနော်တို့ရဲ့ တောင်သူ လယ်သမားဘဝပေါ့ နော်၊ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားဘဝတွေ ဘယ်လို မြှင့်တင်အောင် လုပ်မယ်ဆိုတဲ့ ကဏ္ဍပြောတယ်။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ နံပါတ်လေးကတော့ ကျနော် အဲ့လိုပြောပါတယ်။ ဒါကျနော်တို့ ပါတီရဲ့ စည်းရုံးရေး ပါ အချက် ၄ ချက်နဲ့ပဲ ကျနော်တို့ လုပ်ငန်းစဉ် ၄ ရပ်ကို ပြောတယ်၊ ပြည်သူကိုချပြပါတယ်။ သူများပါတီကတော့ ဘယ်လိုစည်းရုံးတယ်တော့ ကျနော်ကြားတော့ ကြားပါတယ်”ဟု ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာလ ၂၈ ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း၆၀ အတွင်း ပြု လုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို အလူးအလဲ ခံနေရကြောင်း၊ ပြည်သူများဘက်မှ တင်ပြ ချက်များ အများကြီးရှိနေသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်း ဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

TNDP ပါတီ လူထုစည်းရုံးဟောပြောနေစဉ်
၎င်းက “တင်ပြချက်တွေ အများကြီးရှိပါတယ်၊ ကျနော်တို့ ဒေသဆို ကချင်ပြည်နယ်ဆိုတော့ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို အလူးအလဲခံရတယ်၊ ပြောကြပါတယ်။ ပြည်သူတွေဘက်က ဒါလည်း လမ်းမှာ ငြိမ်းချမ်းရေးမရလို့ ဂိတ်တွေ အများကြီးဖွင့်လို့ ဖြစ်လာတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ တစ်ခုဖြစ်တယ်။ ငြိမ်းချမ်းရေးသာ ရသွားရင် ဂိတ်တွေက မရှိတော့ဘူးဆိုရင်တော့ ဒါကုန်ဈေးနှုန်းကလည်း ဒီလောက်ထိ ကွာဟမှုရှိမှာ မဟုတ်တော့ဘူး။ ခု မန္တလေးနဲ့ မြစ်ကြီးနားတောင်မှ ကုန်ဈေးနှုန်းက အရမ်းကွာတာကို သုံးဆလောက် ကွာသွားတယ်ဆိုတော့ အဓိက ငြိမ်းချမ်းရေးကိစ္စကို ပြောတယ်ဆိုတာက ပြည်သူ့ဘက်ကတော့ တင်ပြတယ်။ ကျနော်လည်း ပြန်ရှင်းပြရတာပေါ့ နိုင်ငံဖွံ့ဖြိုးရေးကိစ္စကတော့ ငြိမ်းချမ်းရေး ရသွားမှပဲ အားလုံးကို လုပ်နိုင်မှာလေ။ ဒါကြောင့် ကျနော်တို့ အရေး အကြီးဆုံးကိစ္စက ဒီငြိမ်းချမ်းရေးကိုပဲ ထားတယ်ဆိုတဲ့ အကြောင်းပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 855
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ကို တိုက်ခိုက် သိမ်းပိုက်ထားသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော်(TNLA)သည် မြန်မာ့တပ်မတော်၏ လက်ထဲသို့ ပြန်လည် လွှဲပြောင်းပေး၍ ဆုတ်ခွာခဲ့ရမှုနှင့် ပတ်သက်ပြီး ပြည်သူလူထုအား တောင်းပန်ရန် စကားလုံးမရှိကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်း ကျော်က ရေးသားထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က “မြောက်ပြန်လေအေး”ဆိုသည့် ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ် တားဘုန်းကျော်က ရေးသား ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
၎င်းက “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ် တောင်းပန်ရန်စကားလုံး မရှိနိုင်တော့ပြီ.....မြောက်ပြန်လေက အေးလှသည်”ဟု ရေးသားခဲ့သည်။
TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လက မြန်မာ့တပ်မတော်ဆီကနေ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ ရေးသားချက်ကို တွေ့ရစဉ်
ထို့နောက် တရုတ်၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA တို့ ၂၀၂၅ ခုနှစ်အတွင်း ၉ ကြိမ်ထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးကာ မိုးကုတ်၊ မိုးမိတ်မြို့ကနေ TNLA တပ်ဖွဲ့များ ဆုတ်ခွာရန် နှစ်ဖက်သဘောတူညီခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ TNLA သည် လုံခြုံရေးအပြည့်ယူပေးပြီး မြန်မာ့တပ်မတော်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က မိုးကုတ်မြို့ထဲသို့ ခေါ်ဆောင်လာခဲ့ကာ လွှဲပြောင်းပေးအပ်လိုက်သည်။
ထို့ကြောင့် TNLA နှင့် ပူးပေါင်းတိုက်ခိုက်ပေးခဲ့သော PDF များလည်း မိုးကုတ်၊ မိုးမိတ်မြို့များကနေ ပြန်လည် ဆုတ်ခွာသွားခဲ့ကြရသလို တိုက်ပွဲများ ဖော်ဆောင်ရန်လည်း သတိပေးခံခဲ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 837
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀
အာကာသပြတိုက်(ရန်ကုန်)ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း နှင့် နိုင်ငံတကာ သံတမန်များလည်း တက်ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 610
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာသည့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာယာယီ သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို BRICS အဖွဲ့ဝင် နိုင်ငံဖြစ်စေရေးနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)အဖွဲ့ဝင် နိုင်ငံဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ဘယ်လာရုစ်နိုင်ငံမှ ဆက်လက် ထောက်ခံ ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။
ထို့နောက် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ဘယ်လာရုစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ မျက်နှာစာများ၊ အဖွဲ့အစည်းများ အကြားတွင် အမြဲတမ်း ထောက်ခံရပ်တည် ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုသည့် ကိစ္စရပ်မှန်သမျှကို ကြိုဆိုလျက်ရှိပါ ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

၎င်းက “ ဘယ်လာရုစ်နိုင်ငံသည် စက်မှုနိုင်ငံဖြစ်ပြီး စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မီ နည်းပညာရပ်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကဏ္ဍများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဘက် နည်းပညာဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာများ တွင်လည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် စီးပွား ရေး ဖိုရမ်များကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လိုအပ်ချက်များကို ဆွေး နွေး ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ ၂၀၂၆-၂၀၂၈ ကိုလည်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်၍ ဆက်လက် ဆောင်ရွက်သွားမည်”ဟု ပြောသည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံ အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် စစ်ဘက် နည်းပညာ ဆိုင်ရာ စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 329
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဝင်ဘာ ၂၈ ရက်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး တိုးမြှင့်ရေး အပြင် တခြားသော ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 473
CNI News
၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၂၈
နိုင်ငံရေးပါတီ တည်ထောင်မည်ဆိုလျှင် ပါတီဝင် အင်အားမည်မျှ အရေအတွက်ရှိရမည်ဟု ကန့်သတ် ပြဋ္ဌာန်း ထားသော နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသည် ဖျက်ပစ်သင့်ကြောင်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမား များက ထောက်ပြကြသည်။
ပါတီတစ်ခု ထူထောင်ရန်အတွက် ပါတီဝင် အင်အား ၁၀၀,၀၀၀၊ ၅၀,၀၀၀ ရှိရန် လိုသည်ဆိုသော ဥပဒေသည် ဖျက်ပစ်ရန်ကောင်းသည့် ဥပဒေတစ်ခုဖြစ်ကြောင်း ၂၀၂၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုပြဋ္ဌာန်းထားတဲ့ ပါတီတစ်ခုကို လူဦးရေ ၁ သိန်းရှိမှတို့၊ ၅၀,၀၀၀ ရှိမှတို့ဆိုတဲ့ ဥပဒေကြီးတစ်ခုကို ပြဋ္ဌာန်းထား တော့ အဲ့ဥပဒေက တော်တော်ကို ဖျက်ပစ်ဖို့ကောင်းတဲ့ ဥပဒေတစ်ခု ဖြစ်တယ်။ ဒါတွေက အရေ အတွက်နဲ့လုပ်ရတဲ့ ပလပ်ဖောင်းတစ်ခု မဟုတ်ဘူး။ တကယ်ကို စိတ်ဓာတ်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ပလပ် ဖောင်း တစ်ခုဖြစ်တယ်၊ နောက်တစ်ခု နောင်မျိုးဆက်တွေကိုလည်း အခုလိုမျိုး လူသားယဉ်ကျေးမှုကို ထုတ်ဖော် ပြတဲ့ ပလပ်ဖောင်းတစ်ခု ကို လက်ဆင့်ကမ်းပေးသင့်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ တည်ထောင်ရန် ချမှတ်ထားသည့် ဥပဒေက မဖြစ်သင့်သည့် ဥပဒေဖြစ်ပြီး မရှိစေချင်တော့ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းကြေညာချက်ကို တွေ့ရစဉ်
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအသစ်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် မှတ်ပုံတင်မည်ဆိုပါက ပြည့်စုံရမည့် စံနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်သဖြင့် နိုင်ငံရေးပါတီများကို အခက်တွေ့စေခဲ့ပြီး တစ်နိုင်ငံလုံး စည်းရုံးမည့် ပါတီဖြစ်လျှင် ပါတီဝင် အင်အား ၅၀,၀၀၀ ရှိရမည်ဖြစ်ပြီး မြို့နယ် ၁၀၀ ကျော်မှာ ရုံးခန်း ဖွင့်လှစ်ရမည်ဟု သတ်မှတ်ထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ပါတီမှတ်ပုံတင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးပါတီများအနေဖြင့် သတ်မှတ်ပါတီဝင် အင်အားကို UEC ထံ မတင်ပြနိုင်ပါက မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခံရမည်ဖြစ်ပြီး ပါတီကိုလည်း ဖျက်သိမ်းမည်ဟု ဥပဒေသစ်က ဆိုသည်။
မြန်မာနိုင်ငံတွင် ပါတီထူထောင်ရန် ခက်ခဲပြီး နိုင်ငံရေးပါတီများအား စာရင်းဇယားများ ပြခိုင်းသည့် ကိစ္စကြီးကမှု မလိုအပ်ဘူးဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထက်အောင်ကျော်၊ ဒေါ်စန္ဒာမင်း၊ ဒေါက်တာမျိုးဆက်သွေးတို့ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ပါတီတစ်ခု တည်ထောင်ဖို့က တော်တော်ခက်ခဲတဲ့ကိစ္စ ဟိုတလောတုန်း က အဲ့ဒီ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံဆိုင်ရာလေးတွေ လာသင်ပေးတဲ့ အခါကြတော့ နိုင်ငံရေးပါတီ ရပ်တည်မှု သူတို့ အိန္ဒိယမှာ ဘယ်လိုလုပ်သလဲဆိုတဲ့ ဥစ္စာလေးကို မေးကြည့်တဲ့ အခါကြတော့ အဲ့တာတွေလည်း ဘာမှမပါဘူး ဒါ သူ့ နိုင်ငံရဲ့ စည်းမျဉ်းပေါ့၊ အဓိကတော့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူကို နိုင်ငံရေးပါတီ ထောင်ခွင့်မပေးထားဘူး၊ အဲ့တစ်ခုပဲ ကျန်တာအားလုံး လွတ်လွတ်လပ်လပ်ရှိတယ်။ အခုက နိုင်ငံရေးပါတီက ခက်ခက်ခဲခဲ လုပ်ရတာပေါ့။ ဒါကြီးက မဖြစ်သင့်တဲ့ဥပဒေပဲ မရှိစေချင်တော့ဘူး။ ဒီမိုကရေစီထွန်းကားဖို့ဆို နိုင်ငံရေးပါတီ အားကောင်းဖို့ လို တယ်လေ၊ နိုင်ငံရေးပါတီ အားကောင်းဖို့ဆိုတာကလည်း တလွဲတော့ ကျနော်တို့ မလုပ်စေချင်ဘူး။ နိုင်ငံချစ်စိတ်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်စေချင်ပါတယ်။ ၉၀ ခုနှစ်တုန်းကဆိုရင် နိုင်ငံ ရေးပါတီတစ်ရပ် တည်ထောင်တယ်ဆိုရင် နိုင်ငံတော်က ပံ့ပိုးမှုတွေ အများကြီးရှိခဲ့တယ်။ ယနေ့ကြတော့ နိုင်ငံ တော်က နိုင်ငံရေးပါတီတွေကို ဥပဒေဘောင်ထဲကနေ ကိုင်ပြီးတော့မှ ပံ့ပိုးမှုတော့ ဘာမှတော့မရှိဘူးပေါ့။ အဲ့လိုမျိုး လုပ်ထားတယ်ဆိုတာလည်း အထက်ကို လိမ်ခိုင်းတယ်လို့ ထင်ပါတယ်။ ဒါပါတီအင်အားဆိုတာလည်း သူတို့ ကောင်းကောင်း စစ်ဆေးနိုင်တာ မဟုတ်ဘူး။ ဒီဘက်ကလည်း စာရင်းအရပဲ တင်ကြတာကို အခုစာရင်းဇယား ဘယ်လောက်ပဲ ပြခိုင်းနေပါစေ၊ တစ်နေ့ကြရင် လူထုထောက်ခံမှု မရှိဘူးဆို ရပ်တန့်သွားမှာပဲ ဒါကြောင့်မို့ ကျနော်တို့ ခုနက စာရင်းဇယားတွေ ပြခိုင်းတဲ့ ကိစ္စကြီးကတော့ မလိုအပ်ဘူးလို့ ကျနော့်အနေနဲ့ ပြောချင်တယ်” ဟု ပြောသည်။
ဥပဒေဟောင်းတွင် တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေကို ၁၀၀၀ သာ သတ်မှတ်ထားသော် လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ပြဋ္ဌာန်းလိုက်သော ဥပဒေသစ်တွင် ပါတီဝင်ဦးရေကို ၁၀၀,၀၀၀ အထိ သတ်မှတ်လိုက်သဖြင့် အဆ ၁၀၀ တိုးမြှင့် သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ပါတီဝင် ဦးရေ ၁၀၀,၀၀၀ အစား ၅၀,၀၀၀ ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။

ဖျက်သိမ်းခံလိုက်ရတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျန်တဲ့ပါတီတွေကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပါတီများကို ကန့်သတ်ချက်များ မထားပါက နိုင်ငံရေးပါတီ ဖောင်းပွလာနိုင်ကြောင်း၊ အားနေလျှင် နိုင်ငံရေးပါတီ ထထောင်မည်ဆိုသည်များ ရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ လူဦးရေတို့၊ ရုံးတို့၊ ငွေရေးကြေးရေးတို့ ဘာတို့ဆိုတဲ့ဟာက သူများနိုင်ငံမှာလည်း တချို့ ကန့်သတ်တဲ့ ဟာတွေတော့ ရှိပါတယ်၊ ဒါကတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အဲ့ဒါနဲ့ ပတ်သက် ပြီးတော့ တအား မဆီလျှော်ဘူးလို့ ခံစားရတဲ့အချက်က တိုင်းရင်းသာတွေနဲ့ ပတ်သက်တာ များသောအားဖြင့်က ပျံ့နှံ့ နေထိုင်တာ များတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဥပမာ-ကချင်ဆိုလို့ရှိရင် ကချင်ပါတီတစ်ခု တည်ထောင် မယ်ဆိုလို့ရှိရင် ကချင်ပြည်နယ်ထဲမှာပဲ စည်းရုံးလှုပ်ရှာခွင့်ရှိတော့တယ် ရှမ်းပြည်နယ်ထဲက ကချင်တွေကို ကိုယ်စား ပြုခွင့် မရှိတော့ဘူး။ အဲ့ဒီလိုမျိုးဖြစ်နေတာ နယ်ကျော်ခွင့်လည်း မရှိဘူးတွေ ဖြစ်ကုန်တာပေါ့။ အဲ့သလိုမျိုးတွေ ဖြစ် နေတဲ့ အတွက်ကြောင့်မို့လို့ တိုင်းရင်းသားတွေ အတွက်ကိုက တချို့ဟာတွေက တအားဖောင်းပွတယ်ပေါ့ မြန်မာ နိုင်ငံမှာ ပါတီတွေက ဘာမှ မကန့်သတ် ထားပြန်ရင်လည်း အင်မတန်ကို ဖောင်းပွပြီးတော့မှ အားနေရင် ပါတီ ထထောင်မယ် ဥက္ကဋ္ဌကြီးလုပ်ချင်နေတဲ့ လူတွေကလည်း များတာကတော့လည်း ဟုတ်တယ်”ဟု ပြော သည်။
လက်ရှိတွင် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများ ကြောင့် ပါတီလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အခက်အခဲများ ရှိနေကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြ သည်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ကို သတ်မှတ် ပါတီဝင် ဦးရေ မပြည့်မီခြင်းနှင့် ပါတီရုံးခန်းများ မဖွင့်လှစ်နိုင်၍ UEC က ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 491
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး ကြိုးပမ်းရာတွင် အာဆီယံမှ အသိမှတ် ပြုခြင်း၊ မပြုခြင်းက အဓိကမဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် သက်ဆိုင်သူများ ပါဝင်သော ဆွေးနွေးမှုမျိုး မရှိသေးခြင်းကြောင့် ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင်လည်း အာဆီယံနှင့် မြန်မာ ပြန်လည်ထိတွေ့ ဆက်ဆံရေးသည် ခက်ခဲလိမ့် မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Sihasak Phuangketkeow က ပြောကြားထားသည်။
ရွေးကောက်ပွဲအလွန် အစိုးရသစ် တစ်ရပ်အား ပြည်သူလူထု ထောက်ခံမှု ရှင်းလင်းစွာ ဖြစ်သွားလျှင် အာဆီယံမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနဲ့အာဆီယံ ဆက်ဆံရေးက ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် သူက ဒီမိုကရေစီနည်းကျ အစိုးရတစ်ခု၊ လွှတ်တော် ဒါတွေ ပေါ်ထွက်လာမှာလေ၊ အဲ့တော့ သူတို့က အသိမှတ် ပြုတယ်ပြောပြော၊ မပြုဘူး ပြောပြော ဒါတွေက အဓိက မဟုတ်ဘူး။ ကျနော်တို့ အမှန်တကယ် ကျနော်တို့က အစိုးရက ရွေးကောက်ပွဲကို ရိုးရိုးသားသား ကျင်းပ ပေးလိုက်တယ်ဆိုရင် အလိုလျောက် အသိအမှတ်ပြုသွားမှာလေ၊ legitimacy ဆိုတာ သူတို့အသိမှတ်ပြုဖို့ မဟုတ်ဘူး။ ဒါက ကျနော်တို့ ရိုးရိုးသားသား လုပ်တယ်ဆိုရင် legitimacyက အလိုလိုနေရင် လူထုထောက်ခံမှုက ရှင်းရှင်းလင်းလင်း ဖြစ်သွားလို့ရှိရင် သူတို့ ကျနော်တို့ကို ပြန်ပြီးတော့ အသိမှတ်ပြုရမှာပဲ။ ကျနော်တို့ အာဆီယံ အသိုင်းအဝိုင်းထဲ ပြန်ဆွဲခေါ်ရမှာပဲ။ သူတို့ ကိုယ်တိုင်ကိုက အာဆီယံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုတာ လည်း ရှိထားပြီးသားဆိုတဲ့ အခါကျတော့ မြန်မာပြည်က ဒီမိုကရေစီကျကျ ရွေးတယ် မရွေးတယ် ဆိုတာက အမှန်တိုင်းပြောရင် ခုနက ဘရူနိုင်းလိုနိုင်ငံမျိုး ဘယ်လိုလုပ်မလို့တုန်းပေါ့နော်။ အဲ့တော့ ဒါက ကြီးမားတဲ့ (Issue) မဟုတ်ပါဘူး ဒါက အဆင်ပြေသွားမှာပါ”ဟု ပြောသည်။

မြန်မာမှာ ဒီမိုကရေစီ တောင်းဆိုနေကြစဉ်
မြန်မာနိုင်ငံနှင့် အာဆီယံ၏ ဆက်ဆံရေးသည် ရွေးကောက်ပွဲပြီးနောက် ပြေလည်သွားနိုင်ခြေရှိကြောင်း၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲသည် လူထုယုံကြည် အားကိုးလက်ခံနိုင်မည့် အစိုးရသစ် ဖွဲ့စည်းနိုင်မည်ကို မျှော်လင့် ထားသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အန်တီတို့ကတော့ ရွေးကောက်ပွဲ ပြီးရင်တော့ မြန်မာနဲ့အာဆီယံရဲ့ ဆက်ဆံရေး အနေအထားတွေက ပိုပြီးတော့ ဒီထက်ပိုပြီး ကောင်းမွန်လာမယ်လို့တော့ အန်တီတို့ ယူဆထားတယ်လေ။ အခု နိုင်ငံကြီးတွေနဲ့ သံတမန်ဆက်ဆံရေး အနေအထားကလည်း တစ်နေ့တခြား ပိုပိုပြီး ကောင်းလာတယ်လေ၊ ဒါ့ကြောင့်မို့လို့ ရွေးကောက်ပွဲပြီးရင်တော့ အစိုးရဘက်က ပေါ်ပေါက်လာမယ့်လွှတ်တော်တွေကို ဂုဏ်သိက္ခာရှိမယ့် လွှတ်တော် တွေပေါ့နော်၊ အများယုံကြည် လက်ခံနိုင်မယ့် အစိုးရတွေအဖြစ် ဖွဲ့စည်းပေးနိုင်မယ်လို့ အန်တီတို့က မျှော်လင့်ထား တယ်။ အဲဒီလိုမျိုး အားလုံး မျှော်လင့်ထားတဲ့အတိုင်း အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေကို တကယ်ကို လိုလိုချင်ချင်နဲ့ လုပ်ပြီးတော့ပေါ့နော်၊ အများယုံကြည်လက်ခံတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဆိုရှိရင် ဒီထက် ပိုပြီးတော့လည်း နိုင်ငံတကာရဲ့လက်ခံမှုတွေ တိုးတက်လာမယ်။ နိုင်ငံတကာရဲ့ လက်ခံမှုတွေ ပိုပြီးတော့ တိုးတက် လာမယ်လို့ အန်တီတို့ မျှော်လင့်ထားတယ်လေ။ အန်တီတို့ မျှော်လင့်တယ်ဆိုတာထက် နိုင်ငံကပေါ့နော် နိုင်ငံက ပြည်သူလူထု ပြည်တွင်းနေ ပြည်သူလူထုက မျှော်လင့်ထားတာပေါ့” ဟု ပြောသည်။
အာဆီယံအဖွဲ့အစည်းသည် အခြေခံအားဖြင့် နှစ်ပိုင်းကွဲထွက်နေကြောင်း၊ အာဆီယံအနေဖြင့် ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ရန်အတွက် စတင်ဖွဲ့စည်းစဥ်က အခြေခံမူဝါဒများ၊ ရပ်တည်ချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

အာဆီယံ အစည်းအဝေးများကနေ မြန်မာကိုဖယ်ထားစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် အာဆီယံက မြန်မာ့အရေးမှာ ဝင်ရောက် ကိုင်တွယ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးများကနေ ဖယ်ထုတ်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ရွေးကောက်ပွဲ အပိုင်း(၃) ကို လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲများ ကျင်းပပြီး အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း၊ ထို့နောက် တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 361
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာမည့် အရပ်သားအစိုးရ လက်ထက်၌ နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား တစ်ရပ် လုံးကို မဆောင်ရွက်နိုင်ပါက ဘာဖြစ်နိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
အရပ်သားအစိုးရအနေဖြင့် ကျယ်ပြန့်နေသည့် လက်နက်ကိုင်ပဋိပက္ခများအကြား အုပ်ချုပ်ရေးယန္တရားကို ပုံမှန် ဆောင်ရွက် မကျင့်သုံးနိုင်ပါက တပ်မတော်ကို အာဏာပြန်အပ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တခြားကတော့ ရွေးကောက်ပွဲဖြစ်ပြီးတဲ့ အခါကြတော့ အရပ်သားအစိုးရက အုပ်ချုပ်ရေးအာဏာ ယူရ မယ်ပေါ့။ အုပ်ချုပ်ရေးအာဏာ ယူရမယ်ဆိုတဲ့ အခါကြတော့ အထက်ကနေပြီးတော့ အုပ်ချုပ်ရေးရော၊ စစ်အုပ်ချုပ် ရေး ကျင့်သုံးနေတဲ့ နေရာတွေရော၊ တချို့နေရာတွေကိုတော့ တပ်က စစ်ရေးအရ အာရုံစိုက်နေမယ်ပေါ့။ အုပ်ချုပ် ရေးက အရပ်သားအစိုးရပဲ လုပ်မယ်ဆိုတော့ အရပ်သားအစိုးရက နိုင်ပါ့မလားပေါ့။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထား တာကတော့ အရပ်သားအစိုးရအနေနဲ့ အုပ်ချုပ်ရေးကို ရိုးရိုး ဆောင်ရွက်ကျင့်သုံးလို့ မရဘူးဆိုရင် တပ်ကို အကူ အညီ တောင်းပြီးတဲ့ အခါကြတော့ အာဏာ လွှဲအပ်နိုင်တယ်ဆိုပြီး တပ်ကိုပြန်အာဏာ သိမ်းခိုင်းတာပေါ့။ ဒါက ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ တပ်က အာဏာသိမ်းတယ်၊ တပ်ကို အာဏာအပ်တယ် ဆိုတာက အမှန် တကယ်ကတော့ အရပ်သားသမ္မတက သူအုပ်ချုပ်ရေးကို ရိုးရိုးသူတို့ အုပ်ချုပ်ရေးဥပဒေတွေနဲ့ အုပ်ချုပ်နိုင်စွမ်း မရှိတော့တဲ့အခါ အုပ်ချုပ်လို့ မရတော့တဲ့အခါမှာ တပ်ကို ပြန်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ပေးပါဦး ဆိုပြီးတော့ အာဏာအပ်တာ။ ပြီးခဲ့တဲ့ ၂၀၂၁ ကတော့ ပြောင်းပြန်ဖြစ်ကုန်တာ။ သမ္မတက ခေါ်ပြီးတော့ အာဏာ အပ်တာ မဟုတ်ဘဲနဲ့ ကာကွယ်ရေးဦးစီးချုပ်က သမ္မတကို အာဏာသိမ်းလိုက်သလို ဖြစ်သွားတာပေါ့” ဟု ပြော သည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၌ လည်း ကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးအပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။
ထို ပေါ်ထွက်လာမည့် အစိုးရသစ်၏ မူဝါဒများသည် အပြောင်းအလဲ မဖြစ်နိုင်ဘဲ လက်ရှိ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် သွားနေသည့် လမ်းကြောင်းအတိုင်းပဲ ဖြစ်နိုင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ယခင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေး ခဲ့သလို နိုင်ငံရေး အပြောင်းအလဲများလည်း များစွာရှိခဲ့သည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ကဲ့သို့ အစိုးရမျိုးမဟုတ်ဘဲ လက်ရှိပုံစံနှင့် မကွာခြားသည့် အစိုးရမျိုး ပေါ်ထွက်လာမည်ကို စိုးရိမ်ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကို တွေ့ရစဉ်
၎င်းက “သမ္မတကြီး ဦးသိန်းစိန် ခေတ်တုန်းကဆိုရင်တော့ လုပ်နိုင်တာတွေ အများကြီး။ သမ္မတကြီး ဦးသိန်းစိန် လောက်နီးနီး အစိုးရမျိုးတက်ရင်တော့ ပုံစံတစ်မျိုးပေါ့။ ဘယ်လို အချိုးနဲ့လာမလဲတော့ ကျနော်တို့ မပြောနိုင်ဘူး။ ဦးသိန်းစိန် လုပ်ခဲ့တာ ၅၀ ရာခိုင်နှုန်းလောက် လုပ်နိုင်တဲ့ပုံစံ ထွက်ရင်တော့ တော်တော် အားကိုးရမှာပေါ့။ ကျနော် စိုးရိမ်တာက အခုလက်ရှိပုံစံနဲ့ သိပ်မကွာမှာကိုပဲ ကြောက်ရတယ်။ သိပ်မထူးဘူးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရော၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်ရော၊ ဘာတွေရော အကုန်လုံးကတော့ ပုံစံဘယ်လိုလာမလဲ ဧပြီလ လောက်မှာ ကြည့်ရမှာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲအား စနစ် ၂ မျိုးကို ရောနှော ကျင်းပမည်ဖြစ်ကာ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP စနစ်နှင့် PR ဟုခေါ်သည့် အချိုးကျကိုယ်စားပြုစနစ်တို့ကို ရောနှောကျင်းပမည် ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းမည်ဆိုပါက မူဝါဒ အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 595
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သမ္မတ လူကာရှန်ကိုသည် ၁၉၉၄ ခုနှစ်ကစတင်၍ ဘယ်လာရုစ်သမ္မတအဖြစ် ယနေ့အချိန်ထိ တာဝန်ထမ်း ဆောင်နေခြင်းဖြစ်သည်။
