CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ကာ/လုံ၏ ဦးတည်ချက် ၄ ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ၄ ရပ်မှာ (၁) နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေး၊ (၂) နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး တို့ ပါဝင်သည်။
ထို့နောက် (၃) နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး၊ (၄) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး တို့ဖြစ်သည်။
ထိုဦးတည်ချက် ၄ ရပ်ကို ကာ/လုံက ထုတ်ပြန်ခဲ့ခြင်း အပြင် နစကကို ဖျက်သိမ်း၍ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ထားမှုကိုလည်း ပြန်လည် ပယ်ဖျက်လိုက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံတော် အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စတင်ကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားမှုလည်း ပျက်ပြယ်သွားပြီးလား မေးခွန်းထုတ်မှုများ ရှိနေသည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည် ဖြေကြားထားခြင်း မရှိသေးပေ။