CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာနိုင်ငံ တစ်ဝန်း ကြေညာထားသော အရေးပေါ် အခြေအနေကို ရုပ်သိမ်းလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဆုံးဖြတ် ကြေညာခဲ့သည်။
မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အုပ်ချုပ်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ကာ/လုံ အစည်းအဝေး ကျင်းပ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား နိုင်ငံတော်အာဏာလွှဲအပ်ထားခြင်းကို ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " အရေးပေါ် အခြေအနေ ကြေညာခြင်းမှာ ပါရှိတဲ့ လုပ်ငန်းများ ပြီးပျက်အောင် ဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့်လည်း ကောင်း၊ နိုင်ငံတော် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် လိုအပ်တဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာခြင်းကို ဒီနေ့ ရုပ်သိမ်း ကြောင်း ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ ပုဒ်မ ၄၂၆ အရ ဒီအရေးပေါ် အခြေအနေ အမိန့် ပယ်ဖျက်ကြောင်း ကြေညာပြီးတဲ့နောက်မှာ ပုဒ်မ ၄၂၇(က)အရ အာဏာသုံးရပ်လုံးကို အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကျင့်သုံးမှာဖြစ်ပါတယ်"ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။