CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁

နယ်မြေ‌ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မြို့နယ်များမှာ ကချင်ပြည်နယ် ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၉ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ၃ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ် ၁၅ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်ဖြစ်သည်။

ဤမြို့နယ်များသည် ရက်ပေါင်း ၉၀ အထိ ဖြစ်သည်။

အဆိုပါ မြို့နယ်များသည် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေသလို တရားဥပဒေစိုးမိုးမှု အားနည်းလျက်ရှိနေသည်။