CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖျက်သိမ်းပြီး ပြင်ဆင်ဖွဲ့စည်းမှု အသစ်များကို အမျိုးသားကာကွယ် ရေးနှင့်လုံခြုံ‌ရေးကောင်စီက ပြုလုပ်ခဲ့ရာမှာ မည်သည့် ဗိုလ်ချုပ်ကြီးများအား အရပ်ဖက်ကို ပို့ဆောင်ခဲ့သလဲဆို သည့်အပေါ် ထုတ်ပြန်ချက်များအား လေ့လာတွေ့ရှိရနိုင်ပါသည်။

အရပ်ဖက်သို့ ရောက်ရှိသွားသော ဗိုလ်ချုပ်ကြီးများမှာ (၁) ဦးညိုစော၊ (၂) ဦးတင်အောင်စန်း၊ (၃) ဦးမြထွန်းဦး၊ (၄) ဦးအောင်လင်းဒွေးတို့ဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ် ၄ ဦးတွင် ဦးညိုစောသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ယူမည်ဖြစ်ပြီး ဦးတင်အောင်စန်းကတော့ သမ္မတရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ် တာဝန် ယူမည်ဖြစ်သည်။

ထို့နောက် ဦးမြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ မည်ဖြစ်ပြီး ဦးအောင်လင်းဒွေးကတော့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။