CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ခန့်အပ်ကြောင်း ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်သွားသည်။

အဆိုပါ ရာထူးတာဝန် ခန့်အပ်မှုသည် ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ကြောင်း၊ ဒုဗိုလ်ချုပ်ကြီးညိုစော၏ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရ မည်ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးညိုစောသည် မြန်မာ့စီးပွါးရေး ကော်ပိုရေးရှင်း(MEC)ဥက္ကဋ္ဌ တာဝန်ကိုလည်း ဆက်လက် တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။