CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ  ၂၀

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့က ပြုလုပ်ထားသည့်ကြားကနေ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မှုရှိလာကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။  

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးသမားများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အချို့နိုင်ငံများနဲ့ အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ ယခင်အစိုးရ လက်ထက်ကတည်းက ကုန်သွယ်မှု လိုငွေများ ရှိခဲ့ကြောင်း၊ အဓိက စီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက် ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက် တိုး တက်မှု ရှိလာခဲ့ကြောင်း၊ ကုန်သွယ်မှု လိုငွေမှာ ယခင်အနုတ်လက္ခဏာ ပြနေရာမှ အပေါင်းလက္ခဏာသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း”ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ကိန်းဂဏန်း အကုန် အမှန်မရလျှင်တောင် နိုင်ငံမှာရှိသူ အကုန်လုံးက အကျပ်အတည်းထဲ ရောက်သော်လည်း ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “အပိုငွေ ပြတယ်ဆိုတာကတော့ နိုင်ငံခြားသွင်းကုန်ကို တော်တော် ပြင်းပြင်းထန်ထန် ကန့်သတ်ထား တယ်။ ဥပမာ ရေနံဆီတို့ ဥစ္စာမျိုးတွေ၊ နောက်ပြီးတော့ အရက်အကောင်းစားလို ဥစ္စာမျိုးတွေ ပြေရရင်တော့ မရှိမဖြစ်တဲ့ ကိစ္စလောက်ပဲ ခွင့်ပြုတယ်ဆိုတဲ့ သဘောရှိတဲ့ အတွက်ကြောင့်မို့ ဒီနိုင်ငံခြားသုံးငွေ အနေနဲ့ကတော့ လျော့နည်းသွားတဲ့ အတွက်ကြောင့်မို့လို့ ဆိုးဆိုးဝါးဝါး မဖြစ်ဘူးပေါ့။ ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပိတ်ဆို့မှုတွေ ကြုံနေနေ၊ တိုင်းပြည်မှာက ခံနိုင်ရည်ရှိတယ်ဆိုတဲ့ အနေအထားတွေ သွားတွေ့ရတယ်။ ဥပမာ PDF တွေနေတဲ့ နေရာမှာလည်း ရွှေဖောင်တွေ ခိုးထုတ်တယ်၊ လုပ်နေကြတယ် အမျိုးမျိုးပေါ့နော်။ PDF မဟုတ်တဲ့ နေရာတွေမှာ လည်းပဲ သယံဇာတ အဲ့လိုမျိုးလေးတွေ ရှိနေတဲ့ အခါကြတော့၊ အကျိုး အာနိသင် ကိန်းဂဏန်း အကုန် အမှန်မရ ရင်တောင်မှ ဟိုဖုံးကွယ်ထားသော စီးပွားရေး အဲ့ဒါကြီး တစ်ခုက ရှင်သန်နေတဲ့ အခါကြတော့ နိုင်ငံမှာရှိတဲ့ သူတွေ ရော အကုန်လုံးက အကျပ်အတည်းထဲကိုတော့ ရောက်ပင်မယ့်လည်း ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားဘူး”ဟု ပြော သည်။

ထို့ကြောင့် ပြည်တွင်းတွင် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုများ များစွာ လျော့ကျလာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း စားသုံး ဆီ လိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းသည်လည်း တိုင်းပြည်အတွက် နစ်နာမှုပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

နိုင်ငံတော်၏ စီးပွားရေးပိုင်းတွင် NLD အစိုးရက တာဝန်ရှိသည့် လူများက တော်တော်ကို နားမလည်သည့် သဘောရှိကြောင်း၊ ဘတ်ဂျက်ပိုင်းတွင်လည်း မလုပ်တက်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင် မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “NLD လက်ထက်မှာကတော့ ပြောရရင်တော့ NLD အစိုးရက တာဝန်ရှိတဲ့လူတွေက တော်တော်ကို နားမ လည်တဲ့ သဘောရှိတာ။ အထူးသဖြင့် ဘတ်ဂျက်ပိုင်းမှာ NLD အစိုးရတွေက မလုပ်တက်ဘူး။ အဲ့ဒီတော့ ငွေလုံး ငွေရင်း ခေါ်တာပေါ့။ ငွေလုံးငွေရင်း ဘတ်ဂျက်ပေါ့။ ငွေလုံးငွေရင်း ဘတ်ဂျက်မှာ ခိုင်မှာတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ အတွက်က ငွေလုံးငွေရင်း ဆိုတဲ့ဟာက တော်တော်လေးကို NLD လက်ထက်မှာ မထည့်ဘူး။ မထည့်ပဲနဲ့ သူက ရေအား လျှပ်စစ်တွေ ဘာတွေဆိုလို့ရှိရင်လည်း သူမလုပ်ဘူး။ ပြောရလို့ရှိရင်တော့ ၃-၄ နှစ်နဲ့ ပြီးရမဲ့ဟာတွေ မပြီးတော့ဘူး။ သူက ဘာတွေ သွားလုပ်တာလဲဆိုတော့ လူတွေကြိုက်အောင် သူက ရွာတွေမီးလင်းရေးအတွက် လုပ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျ သူက နားမလည်တဲ့ အတွက်ကြောင့် ဒီဘတ်ဂျက် နှစ်ခု ရည်မှန်း ချက် အပိုင်းနှစ်ပိုင်းကို မျှအောင် မလုပ်နိုင်ဘူး။ ရုတ်တရက် ကြည့်ပေမယ့် လူတွေက သာယာတယ်လို့ ထင်ရပေ မယ့် တကယ့် တကယ်ကြတော့ ဖွံ့ဖြိုးမှုအပိုင်းမှာကြတော့ မရှိဘူးလေ”ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံကုန်သွယ်ရေး လိုငွေမရှိစေရန်နှင့် ဒေါ်လာ လိုအပ်ချက် မရှိစေရန်  တပ်မတော်က တာဝန်ယူချိန် မှစတင်၍ ပြည်တွင်းသို့ စက်သုံးဆီ၊ စားအုန်းဆီနှင့် လက်နက်ခဲယမ်းများမှလွဲ၍ လူသုံးကုန်၊ ဆေးဝါးနှင့် အခြား သော ပြည်ပ သွင်းကုန်များ အားလုံးကို လုံးဝတင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ ဈေးနှုန်းမြင့် တက်နေသလို အလုပ်အကိုင် ရှားပါးမှုများလည်း ပြည်သူလူထုများ ရင်ဆိုင်နေကြရသည်။