- By CNI
- Category: နိုင်ငံရေး
- Hits: 315
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း နာဂဒေသ(ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဖွဲ့ကို NUG က လက်နက် ၂၅ လက် တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုလက်နက်တပ်ဆင်ခြင်း အခမ်းအနားကို NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း မှတ်တမ်း ဓာတ်ပုံများအရ သိရသည်။
သို့သော် ထိုအခမ်းအနားကို မည်သည့် ဒေသတွင် ပြုလုပ်ခဲ့သည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိ မြန်မာနိုင်ငံ၏ နာဂဒေသတွင် နာဂလက်နက်ကိုင် အနေဖြင့် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS၊ NNC၊ ENNO/ENDA၊ NPDF တို့အပါအဝင် ကသည်းလက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 489
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး ဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီးကို ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဗန်းမော်မြို့အား ထိန်းချုပ်နိုင်ရေးအတွက် KIA၊ AA၊ PDF ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်၊ ဗန်းမော်တက္ကသိုလ်နှင့် မြန်မာ့တပ်မတော်၏ စစ်စခန်းတချို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ၈ လတိတိ ခုခံတိုက်ခိုက်ခဲ့ ပြီးနောက် ဩဂုတ် ၄ ရက်မှ စတင်၍ စစ်အင်အားဖြည့်ကာ စစ်ကြောင်း ၇ ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း KIA-AA-PDF များ စိုးမိုးထားသည့် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန် နေရာအသီးသီးကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း KIA-AA- PDF ဘက်က အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ တပ်မတော်ဘက်ကလည်း အရာရှိ/စစ်သည် အချို့ ကျဆုံးခဲ့ကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။
ဗန်းမော်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် အရေးပါသော မြို့ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းမှာ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်- မိုးမောက်-လွယ်ဂျယ်လမ်းကြောင်း တို့ဖြစ်သည်။
ထိုကုန်သွယ်ရေး လမ်းကြောင်းများကို KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 244
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဒေသခံများကို ဖမ်းဆီး၍ စစ်သားစုဆောင်းမှုများ ပြုလုပ်နေသလို ငွေကြေးပေးကာ ပြန်လည်ရွေးခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဟိုပင်မြို့၊ ဝက်ကုန်းရပ်ကွက်အတွင်းက ကြက်ဝိုင်းကို KIA/PDF ပူးပေါင်းအဖွဲ့မှ စစ်သားစုဆောင်းရန်အတွက် ဝင်ရောက်ဖမ်းဆီး၍ ဒေသခံ ၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု ဖမ်းဆီးခံရသူများဖြင့် နီးစပ်သူများက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ စနေနေ့ ညနေ ၃ နာရီလောက်မှာ ကြက်ဝိုင်း လူစည်ကားနေတဲ့ အချိန်မှာ လာဖမ်းသာ။ ၅၀ ကျော်မယ် ဖမ်းခံခဲ့ရတာ။ စစ်သားလိုတဲ့အတွက် ဝင်ဖမ်းတာ၊ ဒါပေမယ့် ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတာတော့ ရှိတယ်” ဟု ပြောသည်။

ဟိုပင်မြို့အဝင်ကို တွေ့ရစဉ်
လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသူများကို နန့်ယင်းနှင့် စိန်လုံတောင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် KIA/PDF ပူးပေါင်းအဖွဲ့က တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀-၆၀ ဝန်းကျင်ဖြင့် ပြန်လည် ရွေးခိုင်းကြောင်း၊ ငွေကြေးတတ်နိုင်သူ တချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ငွေကြေးမတတ်နိုင်ကြ၍ ပြန် လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။
KIA/PDF ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့် စစ်သားလိုအပ်ချက်များ များပြားနေကြောင်း၊ ထို့နောက် စစ်သားစုဆောင်းမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 286
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော အထွေထွေရွေးကောက်ပွဲကို ဝန်းရံပံ့ပိုး ကူညီသွားမည်ဟု ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခများအား စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံ ညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
DKBA က “လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကို ရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်ခြင်းဖြစ်ပါသဖြင့် ပြည်သူများအား အတက်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမည်”ဟု ထုတ်ပြန် ပြောကြားခဲ့ သည်။

DKBA ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
အဆိုပါ ၁၀၂ မြို့နယ်အနက် ကရင်ပြည်နယ်အတွင်းမှာ ဘားအံ၊ မြဝတီ၊ သံတောင်ကြီး စသည့် မြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
(NSPNC) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
DKBA သည် ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်လှုပ်ရှားလျက်ရှိပြီး မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်မှာ ဌာနချုပ် တည်ရှိသည်။
ထို့နောက် ဘုရားသုံးဆူမြို့နယ်၊ မြဝတီမြို့နယ်၊ မြိုင်ကြီးငူကျေးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာ အပါအဝင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။
အဆိုပါ အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်လာခဲ့သည့် အဖွဲ့လည်းဖြစ် သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ပါတီထောင် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေး ပါတီအား ဖျက်သိမ်းခြင်းက နိုင်ငံရေးနည်းလမ်းအပေါ် စိတ်ပျက်ပြီး အကြမ်းဖက်လှုပ်ရှားမှုများဘက် ရောက်မသွား နိုင်ဘူးလားဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ကနေထွက်သွားသည့် ဒေါ်စန္ဒာမင်းဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အပါအဝင် နိုင်ငံရေးပါတီ ၄ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်က လက်နက် ကိုင် အကြမ်းဖက်နေသူများကိုတောင် ရွေးကောက်ပွဲဝင်ကာ လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်ရန် ဖိတ်ခေါ်နေ ပြီး ရွေးကောက်ပွဲဝင်၍ လွှတ်တော်နိုင်ငံရေးအား ဆောင်ရွက်မည့် ပါတီများကို ဖျက်သိမ်းခြင်းက နိုင်ငံရေးနည်း လမ်းကို စိတ်ပျက်မသွားစေနိုင်ဘူးလား စဉ်းစားသင့်သည်ဟု အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက CNI သတင်းဌာနကို ပြောသည်။

NDF ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးထက်အောင်ကျော်၊ ဒေါ်စန္ဒာမင်း၊ ဒေါက်တာမျိုးဆက်သွေးတို့ကို တွေ့ရစဉ်
၎င်းက “လက်နက်ကိုင်ပြီးတော့ နိုင်ငံတော်ကို အကြမ်းဖက် သောင်းကျန်းနေတဲ့ သူတွေကိုတောင် နိုင်ငံတော်က ဖိတ်ခေါ်ပြီးတော့ နိုင်ငံရေးနည်းနဲ့ လျှောက်လှမ်းကြပါလို့ ပြောနေတဲ့ အချိန်မှာ ကျမတို့က နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုင်ငံရေးနည်းနဲ့ပဲ ဆောင်ရွက်ချင်ကြတဲ့ သူတွေလေ ဒီလူတွေကို အမှန်တကယ် ဖိတ်ခေါ်ဖို့ လိုအပ်တယ်။ နိုင်ငံတော်အတွက် ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်ဆိုရင် စေတနာထားဖို့ လိုအပ်တယ် လေ။ အဲတော့ ကျမတို့ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက် ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုရင် ဒီလိုမျိုးတွေ ရိုက်ချ လိုက်တဲ့ အခါကြတော့ နိုင်ငံတော်ကို ခုန ဖိတ်ခေါ်နေတဲ့ ကိစ္စတွေ အားလုံးမှာ ထိခိုက်မှု မဖြစ်သွားနိုင်ဘူးလား စဉ်းစားစရာလိုတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲကြီးကရော သူတို့ ပါတီလေးတွေကို ဖျက်လိုက်လို့ ထိခိုက် မှုမရှိဘူးလို့ မပြောနိုင်ဘူးလေ။ လူထုရဲ့ယုံကြည်မှုကရော မြင့်တက်လာမှာလား ဒီရွေးကောက်ပွဲကြီးပေါ်မှာရော မထိခိုက်နိုင်ဘူးလား ဆိုတာကို ဆက်လက် စဉ်းစားဖို့ လိုအပ်တယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတွေက နိုင်ချင်ဇော တွေနဲ့ လုပ်လိုက်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ မဖြစ်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
NDF ပါတီသည် ဒေါ်စန္ဒာမင်း၊ ဦးထက်အောင်ကျော်၊ ဒေါက်တာမျိုးဆက်သွေးတို့ ဦးဆောင်ကြပြီး ပြည်ထောင်စု တစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီဖြစ်သည်။
ထိုပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ အဓိက ပြိုင်ဘက် ဖြစ်လာမည့် ပါတီဟု အများက သုံးသပ်ထားကြသည်။
ထို့နောက် အမျိုးသားနိုင်ငံ ရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကိုလည်း UEC က ပါတီရုံးခန်း သတ်မှတ်ချက် မပြည့်မီ၍ ဖျက်သိမ်းခဲ့သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု ယုံကြည်ထားသူများကို နိုင်ငံရေးလမ်းကြောင်း ပေါ်ကနေ ဖယ်ထုတ်လိုက်ခြင်းက အကြမ်းဖက် နည်းလမ်းများ လုပ်ဆောင်နေခြင်းကို တွန်းပို့သလိုဖြစ်သွားနိုင် ကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြသည်။

ဖျက်သိမ်းခံရတဲ့ပါတီနဲ့ ကျန်နေသေးတဲ့ ပါတီတွေကိုတွေ့ရစဉ်
၎င်းက “ကျမတို့တွေက နိုင်ငံတော်အတွက်ကို စေတနာထားပြီးတော့ ကျမဆို အသက် ၁၈ နှစ်ထဲက နိုင်ငံရေးကို လုပ်လာတာ ထောင်တွေလည်း ကျခဲ့တယ်။ ဘဝတွေမှာ မျိုးစုံဒုက္ခတွေ မျိုးစုံရောက်ခဲ့တယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ထဲမှာပဲနေပြီးတော့ မထွက်ပြေးခဲ့ဘူး။ ပြည်ပကို ထွက်ပြေးတဲ့ လူတန်းစားလည်း မဟုတ်ဘူး။ နောက် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ လူထုမနစ်နာသော နည်းနဲ့ပဲချဉ်းကပ်ရမယ် နိုင်ငံရေးကို မှန်ကန်တဲ့ စေတနာနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ စိတ်ဆန္ဒတွေက အခု အသက် ၅၀ ကျော်တဲ့အထိ ဒီလို လူမျိုးတွေရဲ့ နိုင်ငံရေးကိုမှ လက်မခံဘူးဆိုရင် အကြမ်းဖက်တဲ့ ခုန ကျမပြောသလိုပေါ့နော် အကြမ်းဖက်တဲ့ နည်းတွေနဲ့ကို လက်ခံတဲ့ နေရာ တွေ ရောက်သွားတတ်ကြတယ်။ ဒါမျိုးတွေကို မဖြစ်အောင်ပေါ့နော်။ ဒီလိုမျိုး နိုင်ငံတော်ကို သူတို့အနေနဲ့ ခံစား ချက်တွေ မဖြစ်ဖို့လိုအပ်တယ်။ ဒါပေမယ့် ကျမတို့က အခုလိုမျိုး ဖြစ်သွားလို့ လည်း ကျမတို့ရဲ့ ခံယူချက်တွေ နိုင်ငံတော်ပေါ်မှာ နိုင်ငံရေးနည်းနဲ့ပဲ နိုင်ငံရေးကို ဖြေရှင်းရမယ်ဆိုတဲ့ စိတ်ဆန္ဒ တွေကတော့ မပြောင်းလဲသွား ဘူး”ဟု ပြောသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပြီး လက်နက်ကိုင် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နည်းလမ်းဖြင့် အဖြေရှာ၍ မရဘဲ လက်နက်ကိုင် နည်းလမ်းဖြင့်သာ အဖြေရှာပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမည်ဟု ယုံကြည်ထားကြသူများရှိသည်။
ထိုအင်အားစုများက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်လျက်ရှိသလို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများနှင့် လူပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူမည်ဟုလည်း ထုတ်ပြန် ကြေညာ ထားကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 441
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံရေးပါတီများနှင့်သာ သက်ဆိုင်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် မပတ်သက် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အချို့လက်နက်ကိုင် အင်အားစုများသည် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး အစွန်းရောက်သွားနိုင်သည့် သဘောမျိုး ဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘူး။ ရွေးကောက်ပွဲက နိုင်ငံရေးပါတီနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီကပဲ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။ နိုင်ငံရေး ပါတီတွေကို ကချင်မှာလည်း ကချင်နိုင်ငံရေးပါတီတွေ ရှိပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ ပုံသဏ္ဍန်အရ သူတို့ လုပ် နိုင် ကိုင်နိုင်၊ သွားနိုင်လုပ်နိုင် တယ်ဆိုရင် ဒါကတစ်ဖက်တစ်လမ်းပေါ့လေ။ ပြုပြင်ပြောင်းလဲရေး အဆင့်တစ်ခု ဖြစ်နိုင်ပါတယ်။ ကျနော်တို့ KNU နဲ့ယှဉ်ရင်တော့ တပ်မဟာ ၆ က ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်မယ်။ ပါဝင် ပတ်သက်တဲ့ သူတွေကိုလည်း ဆန့်ကျင်မယ်။ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကိုလည်း ဆန့်ကျင်မယ် စသဖြင့်ပေါ့လေ။ လူပုဂ္ဂိုလ်ရော၊ အဖွဲ့အစည်းရော ကြိမ်းမောင်းနေတဲ့ အခါကြတော့ အဲဒါကတော့ နည်းနည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ပဲ အစွန်းရောက်သွားနိုင်တဲ့ သဘောမျိုးဖြစ်နေတာပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီနဲ့ UEC တွေ့ဆုံစဉ်
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) ကို KNU, AA, KNPP, နာဂ ပ.က.ဖ လက်နက်ကိုင်နှင့် အခြား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်း ပြောဆိုထားသကဲ့သို့ NUG ကလည်း ဆန့်ကျင်ရန် တိုက်တွန်းထားသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထား တင်းမာလွန်းသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်နေ့တွင် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရသည်။
သို့သော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ကြောင်း၊ ပျက်အောင် ဖျက်မည့်အကြောင်း ထုတ်ဖော်မပြောသည့် လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရှိနေသည်။
၎င်းတို့မှာ KIA, RCSS, SSPP, TNLA အပါအဝင် အချို့လက်နက်ကိုင် အဖွဲ့တို့ဖြစ်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ကြောင်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။
KIA သည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်းမှာ မဲပုံးထောင်ခွင့် ပြုမှာမဟုတ်ကြောင်းသာ မှတ်ချက်ပြု ပြောဆို ထားခြင်းဖြစ်ကာ TNLA သည်လည်း TNLA ထိန်းချုပ်နယ်မြေတွေမှာ ပါတီများ မဲဆွယ်ခွင့်နှင့် ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် လက်ခံမှာလား ဆိုခြင်းကို မှတ်ချက်ပြု စရာမရှိသေးကြောင်း ဩဂုတ်လက ပြောဆိုထားသည်။

NUG ကိုတွေ့ရစဉ်
ထိုအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း မပြောဆိုခြင်းသည် အဖက်ဖက်နှင့် သင့်မြတ်အောင်နေသည့် သဘောဖြစ်ပြီး လွှတ်တော်ပေါ်လာပါ ၎င်းတို့လိုလားသော ဥပဒေများအတွက် ပြောဆို နိုင်မည်ဟု မျှော်လင့်ထားပုံရကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲတွေဟာ ပါတီတွေကိစ္စဖြစ်တယ်။ ဒီပါတီတွေကိစ္စမှာ EAO တွေ သို့မဟုတ် ERO တွေက ပါဝင်ဖို့ မရှိဘူးပေါ့။ သို့သော်လည်း တစ်ဖက်ကလည်း သူတို့မြင်တာက ရွေးကောက်ပွဲဖြစ်ရင် လွှတ်တော်ထဲမှာ အမတ်တွေပေါ်လာမယ်။ အမတ်တွေပေါ်လာရင် ဥပဒေပြုတာတွေ ရှိလာမယ်။ ဥပဒေပြုတာတွေ ရှိလာရင် ကိုယ် လိုလားတဲ့ ဥပဒေမျိုးဖြစ်အောင် အားလုံးနဲ့ သင့်သင့်မြတ်မြတ် ဆက်ဆံဖို့ လိုတယ်လို့ မြင်ပါလိမ့်မယ်။ ဘာလို့လဲဆို သူတို့အရင်တုန်းက အတွေ့အကြုံ ရှိခဲ့ဖူးတာကို။ ၂၀၁၀ တုန်းကနေစပြီး ဖြစ်လာတဲ့ ရွေးကောက်ပွဲတွေဆို သူတို့ ဘာသိဘာသာ နေတဲ့အခါကြတော့ လွှတ်တော်ထဲမှာ ဥပဒေပြုတဲ့အခါ တချို့ ဥပဒေတွေက သူတို့ရဲ့ နယ်မြေထဲ မှာ သူတို့ထားရှိတဲ့ သူတို့ဒေသခံ ဥပဒေတွေနဲ့ မတူကြတာတွေရှိတယ်။ အဲဒီမှာ သူတို့ရဲ့ဥပဒေက ဒေသခံပဲ ဖြစ်တဲ့ အတွက် သူတို့ဥပဒေကို တစ်ခါတည်း တစ်နိုင်ငံလုံးဥပဒေက လွှမ်းမိုးသွားတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စမှာတော့ အဖက်ဖက်နဲ့ သူတို့သင့်မြတ်အောင်ပဲ နေမယ်ပေါ့။ အဲဒါဆိုရင် လွှတ်တော်ဖြစ်လာရင် သူတို့ ဆက်ဆံနိုင်မယ်၊ သူတို့လိုလားတဲ့ ဥပဒေတွေအတွက် ပြောနိုင်မယ်လို့ မျှော်လင့်ထားပုံရတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်မည်ဟု ပြောဆိုထားသည့် အလျောက် လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများ ပြန်လည် ရရှိရေးအတွက်လည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 905
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံစဉ်
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် အပြင် မြေရှားသတ္တုတူးဖော်ရေးကို သဘောတူ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံနှင့် အဓိက ထိစပ်နေသော စစ်ဒေသများကို ကိုင်တွယ်နေသည့် မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံ ဆွေးနွေးမှုပေါ်ပေါက်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 390
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ရခိုင့်ဦးဆောင့်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပေါ် စွဲထားသော ပြစ်မှုများအားလုံးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါက်တာအေးမောင်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဟု သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 295
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)/ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်မဟာ ၉၇၂ သည် သင်တန်းသား ၅၀၀ ဦး တက်ရောက်ခဲ့သော စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

SNA တပ်မဟာ ၉၇၂ ၏ အမှတ်စဉ်(၁)၊ အပတ်စဉ် ၁၃/၂၀၂၅ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျင်းပခဲ့ကြောင်း သိရသည်။
