- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
လူမှုဘဝ အလွန်နိမ့်ကျနေသော မြန်မာနိုင်ငံကို တိုးတက်အောင်အတွက် နိုင်ငံရေးသမားနှင့် စီးပွားရေးသမားတို့ ပူးပေါင်း၍ နိုင်ငံလုံးခြုံ စီးပွားရေးစနစ်ကြီး တစ်ခုကို ထူထောင်၍ လုပ်ဆောင်သင့်ကြောင်း စီးပွားရေးနှင့်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးသမားနှင့် စီးပွားရေးသမား ကင်းသည့်နိုင်ငံ မရှိကြောင်း၊ အရေးကြီးသည်က ၎င်းတို့၏ စဥ်းစားချက်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးသမားနှင့် စီးပွားရေးသမား ပူးပေါင်း၍ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲ့တာက တစ်ခုရှိတယ် မှန်မှန်ကန်ကန် ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားနဲ့ ကင်းတဲ့နိုင်ငံ တစ်နိုင်ငံမှမရှိဘူး။ အဲ့တော့ ဘာက အရေးကြီးလဲဆိုတော့ သူတို့ရဲ့ စဉ်းစားချက်က အရေးကြီးတာ။ ဥပမာ-ပြောရမယ် ဆိုရင်တော့ ကျနော်တို့မှာလည်း ဒီလိုပဲရှိခဲ့တာပဲလေ၊ ဟိုတလောကတွေ့တဲ့ ဥပမာ တစ်ခုပေးမယ် ပတ်ချုံဟီးက ခရိုနီမွေးတယ်၊ ဘာလို့ တိုင်းပြည်ပျက်သွားတာလဲ သဘောက မြန်မာပြည်မှာ ခရိုနီမွေး တယ်။ ဘာဖြစ်လို့ အဲ့ ခရိုနီအားလုံးသည် international level ကို မရောက်သလဲ၊ မောင်းပုံမောင်းနည်းက အရေး ကြီးတာပေါ့၊ တစ်ခုတော့ ရှိတာပေါ့။ စီးပွားရေးသမားသည် အမြတ်ကိုကြည့်တာ တိုင်းပြည် တိုးတက်ဖို့သည် နိုင်ငံ လုံးခြုံ စီးပွားရေး စနစ်ကြီးကို ကြည့်ရမှာ။ ဒီဥစ္စာ သူတို့အတွက် အများကြီးရပေမယ့်လို့ နိုင်ငံလုံးခြုံ စီးပွားရေး စနစ်ကြီးကို ထိခိုက်စေမယ်ဆိုရင် ဒါက မလုပ်သင့်ဘူးပေါ့။ တိုင်းပြည်ပျက်သွားတာ အကုန်လုံးသည် ဒါ ကျနော် အာမခံပြီး ပြောရဲတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ အဓိက ဒီမိုကရေစီ အရွေ့ခေါ်တယ်၊ အဲ့တာကို သဘော ပေါက်ဖို့ လိုတယ်။ အဲ့တော့ ဒီမိုကရေစီယန္တရားသည် ဘယ်လောက် နိုင်ငံလုံးခြုံ စီးပွားရေးစနစ်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကို ဘယ်လောက်ထိ နားလည်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် သူတို့နိုင်ငံရေးသမားကို နားလည်အောင် ရှင်းပြနိုင်လဲဆိုတာ အရေးကြီးတာပေါ့။ တကယ်တမ်းကြတော့ အတွေ့အကြုံ တကယ်ရှိခဲ့တာ မဟုတ်ဘူး။ ကျနော်တို့မှာ အားနည်းချက်ရှိတယ်။ နားထောင်တဲ့ အလေ့အကျင့်နည်းတယ်။ အများစုရဲ့ ပြဿနာပါ။ တိုင်းပြည်ရဲ့ မျက်နှာကို ရှေ့မူပြီး စဉ်းစားတဲ့ စဉ်းစားချက်ပါလို့ ခိုင်ခိုင်မာမာနဲ့ နိုင်ငံရေးသမားကို နားလည်အောင် ပြောပြပေးနိုင်ဖို့တော့ လိုတာပေါ့”ဟု ပြောသည်။

အခြေခံ လူတန်းစားများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် အစိုးရတစ်ရပ် တက်လာတိုင်း ခရိုနီအုပ်စုတစ်စုက ခေါင်းထောင်လာတတ်သလို အမေရိကန် Sanction ကြောင့် စီးပွားပျက်သွားသည့် ခရိုနီနှင့် ယိမ်းယိုင်သွားသော စစ်အာဏာရှင် တစ်ယောက်မျှ မရှိသော် လည်း ပြည်သူများကမူ Sanction ၏ဒဏ်ကို သွယ်ဝိုက်ပြီး ခံစားရသည်။
ထို့ပြင် တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးတွင်လည်း တစ်ဆင့်ခံ အခြေအနေများနှင့် လုပ်ခဲ့ရ၍ နစ်နာပြီးရင်း နစ်နာနေသည့် အခြေအနေ ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ချင်လျှင် မိမိနိုင်ငံအား မည်မျှပင် ချစ်စေကာမှု အမှီမရှိလျှင် ဘာမှလုပ်မရဘူးဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာပြည်မှာက နိုင်ငံရေးပါတီ လုပ်ချင်တယ်ဆိုရင် ဘယ်လောက်ပဲ နိုင်ငံကို ချစ်နေပါစေ။ အမှီမရှိရင် ဘာမှလုပ်လို့ မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်လာတယ်။ အဲ့တာကြတော့ ကျနော်တို့ နိုင်ငံရေးပါတီက တချို့ကြ နိုင်ငံ ရေးအရ လုပ်နေတာတွေရှိတယ်။ သူက ငွေလိုတဲ့ အခါကြတော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ပေါင်းမယ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပေါင်းတဲ့အခါကြတော့ စီးပွားရေးလုပ်ငန်းရှင်က သူ့အပေါ်မှာ အကျိုးအမြတ်မရှိရင် ကူညီမှာ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်က တစ်ဖက်ကနေ အကျိုးအမြတ်နဲ့ ကူညီမယ် ကူညီတဲ့အခါကြတော့ ဟိုနိုင်ငံရေးသမားကို ကြိုးချည်ပြီးသား ဖြစ်သွားပြီလေ။ ဒါဆိုနိုင်ငံပျက်ရုံကလွဲရင် ဘာမှမရှိဘူး”ဟု ပြောသည်။

လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ပြဋ္ဌာန်းခဲ့ပြီး ပြည် ထောင်စုအဆင့် ပါတီဖြစ်ပါက မြို့နယ် ၁၀၀ ကျော်မှာ ပါတီရုံးခန်းဖွင့်ရမည်ဖြစ်ပြီး ပါတီဝင် အင်အား ၅၀,၀၀၀ စုစည်းနိုင်ရမည်နှင့် ပါတီထူထောင်ခြင်း သိန်း ၁၀၀၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ ပေးသွင်းရ မည်ဟု သတ်မှတ်ခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သည့်အခါမှာလည်း ကိုယ်စားလှယ်လောင်း များအတွက် မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်များ ရှိလာပြန်သည်။
အဆိုပါ အခြေအနေများကြောင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် စီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့ပေးမှုများကို လိုအပ်လာကာ အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့ကြရသည့်အတွက် နိုင်ငံရေးပါတီများ အား စီးပွားရေးသမားများက ချုပ်ကိုင်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 314
CNI News
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃
ပြည်သူလူထုများအနေဖြင့် မိမိကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို ချစ်ဟန်ဆောင်သည့် လူများအား မဲမပေး မိရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂) ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
နိုင်ငံရေးသမားဆိုသည်က ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် အကျိုးအမြတ် ရှိမည်ဆိုလျှင် မည်သူနှင့်မဆို ပေါင်းသင်း ဆက်ဆံနိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် ပြည်သူကို ချစ်ဟန်ဆောင်ပြီး ကိုယ်ကျိုး ရှာနေသူများကို မဲမပေးမိဖို့ လိုအပ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးသမားဆိုတာတော့ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတာလေ အဲ့ခါကျတော့ ခုနကတုန်းက ပြောတဲ့ စကားလုံးလေးတွေကတော့ ဒါက ရန်သူလည်း မဟုတ်ဘူး၊ ကျနော်တို့ကတော့ တိုင်းပြည်အတွက်ကို ရှေးရှုပြီးတော့ မည်သူနဲ့မဆို တည့်အောင်ပေါင်းမှ တိုင်းပြည်နဲ့ ပြည်သူလူထု မျက်နှာကို ကြည့်ပြီး အလုပ်လုပ်တဲ့ သူကိုတော့ မဲပေးရွေးချယ် စေချင်တယ်ပေါ့နော်။ ပြည်သူလူထုအနေနဲ့ ဘာကြောင့်လို့လဲဆိုတော့ ယနေ့အချိန်က တိုင်းပြည်က အရမ်းကြီးကို နာသွားတဲ့ အခါကျတော့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ကြလိမ့်မယ် တချို့ တွေ ကျတော့လည်း တိုင်းပြည်နဲ့ ပြည်သူကိုတော့ ချစ်ဟန်ဆောင်ပြီးတော့ ကိုယ်ကျိုးရှာတဲ့ လူတွေကိုလည်း မပေးမိဖို့ လိုအပ်တာပေါ့။ ဒါကတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရတော့ အများကြီး ကြုံခဲ့ဖူးပြီ နိုင်ငံရေးသမားဆိုတာ နိုင်ငံကောင်းအောင် တည်ဆောက်ရမယ် နောက်ပြီးတော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် အတွက် အကျိုးအမြတ် ရှိမယ်ဆို မည်သူနဲ့မဆို ပေါင်းသင်း ဆက်ဆံနိုင်ရမယ်ဆိုတဲ့ ကဏ္ဍလေးတွေတော့ ရှိသင့် တာပေါ့။ အဲ့တာကြောင့် ခုနကပြောတဲ့ တပ်မတော်နဲ့လည်း သဟဇာတဖြစ်တဲ့လူတို့ ဘာတို့ ဆိုတာထက်ကို တပ်မတော်အနေနဲ့ တိုင်းပြည်ကို ချစ်တာရှိတယ် ချစ်ကြတာချင်း တူကြရင်တော့ အားလုံးက တိုင်းပြည် တည် ဆောက်ရေးကို စုပေါင်းညီညာစွာနဲ့ လုပ်သွားကြမှာပဲ” ဟု ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အတွက် မဲပေးရာတွင် တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာ စောင့် ထိန်းနိုင်သူ၊ တပ်မတော်နှင့် သဟဇာတဖြစ်ပြီး လက်တွဲဆောင်ရွက်နိုင်သူများအား ရွေးချယ် ဆန္ဒမဲပေးရန် လိုအပ် သည်ဟု ပြောသည်။
တိုင်းပြည်၏ အကျိုးစီးပွားကို ရှေးရှု၍ တပ်မတော် တစ်ခုတည်းသည်သာ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ စသည့် အဖွဲ့အစည်းများ အားလုံးတို့သည် ညီညီညွတ်ညွတ် မျှမျှတတ ဖြစ်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်
၎င်းက “တပ်မတော်နဲ့ သဟဇာတ မတည့်တဲ့ အဖွဲ့အစည်းဆိုတာ ဘာပဲဖြစ်ဖြစ်က တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ် ကြပြီဟေ့ဆိုလို့ရှိရင် တပ်မတော်ဆိုတဲ့ဟာက (တိုင်း)ပြည့်လက်ရုံးပေါ့နော်၊ (တိုင်း)ပြည့်လက်ရုံးဖြစ်တာပေါ့။ လက်ရုံးနဲ့ ဒီ ဦးနှောက်နဲ့ ဟိုဟာနဲ့က မတည့်ကြဘူးဆိုလို့ရှိရင်က သိပ်အဆင်မပြေဘူးပေါ့လေ။ အားလုံးက ညီညီညွတ်ညွတ် နဲ့ တစ်ခုနဲ့တစ်ခုနဲ့ တပ်မတော်နဲ့မှ မဟုတ်ဘူး၊ ကျနော် ပြောချင်တာလေ တကယ့်ကို ကုန်သည်စီးပွား စက်မှု လုပ်ငန်းရှင် အားလုံး ဒါကလည်း အကုန်အဆင်ပြေ ချောမွေ့ရမယ်။ တစ်ခုနဲ့တစ်ခု အားလုံးက မျှမျှတတပေါ့။ အားလုံးသည် တိုင်းပြည် အကျိုးစီးပွားကို ရှေးရှုပြီးတော့မှ အားလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်တဲ့ ပုံသဏ္ဍာန်မျိုးကို သွားတဲ့ ဟာမျိုးပေါ့လေ။ အားလုံးက မျှမျှတတ ညီညီညွတ်ညွတ် ဖြစ်နေရမှာပေါ့၊ ညီညွတ်တယ်ဆိုတာလည်း မျှတမှ ညီညွတ်တာကို။ အကုန်လုံး တစ်ဖက်စောင်းနင်းကြီး ဖြစ်နေရင်လည်း ညီညွတ်စရာ အကြောင်းမရှိဘူးလေ အားလုံးမျှတရမယ်၊ ညီညွတ်ရမယ်။ အကုန်လုံး အဖွဲ့အစည်း အသီးသီး အဲ့သလိုသွားလို့ရှိရင်တော့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ဖို့က သိပ်တော့ မကြာဘူးလို့ ကျနော်တော့ ယုံကြည်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းကို ဖြစ်စေမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သူများကို ရွေးချယ်ကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 487
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရန် ကြိုးစားနေသည့် သဘောရှိ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာမှာ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့်အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာသည့် တိုးတက်မှု များကို တွေ့ရသည်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံသားများအတွက် ပေးထားသည့် ယာယီနေထိုင်ခွင့် (TPS)ကို ရုပ်သိမ်းကြောင်း အမေရိကန်၏ အမိမြေလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပြောင်းဖို့ ကြိုးစားနေတဲ့သဘော။ ပြောင်းတော့ မပြောင်းသေးပါဘူး။ အခြေခံကတော့ မပြောင်းဘူး။ သို့သော် အခုလက်ရှိ လုပ်ပုံကိုင်ပုံလေး၊ ရွေးကောက်ပွဲ ပေါ်လာပုံလေး ကြည့်လိုက်တော့ နိုင်ငံရေး ဘောင်ကို ပြန်ပြီးတော့ ချဲ့နေတဲ့သဘောမျိုး တွေ့တော့ အမေရိကန်က စောင့်ကြည့်ချင်တဲ့ သဘောနဲ့ သဘော ထား ပြောင်းသင့်၊ မပြောင်းသင့် စောင့်ကြည့်ချင်တဲ့သဘောနဲ့ ထုတ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အခြေအနေမှာ မြန်မာနိုင်ငံသားများ ဘေးကင်းစွာ နေရပ်သို့ ပြန်နိုင်လောက်အောင် တိုးတက်လာပြီ ဖြစ်သောကြောင့် ယာယီအကာအကွယ်ပေးထားသည့် အခြေအနေကို အမေရိကန်က ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာခဲ့သလို အရေးပေါ် အခြေအနေ ကြေညာထားမှုလည်း ရပ်စဲသွားပြီးဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ အတွက် စီမံချက်များလည်း လုပ်ဆောင်နေပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အောင်မြင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ပိုမိုကောင်းမွန်သော ဒေသန္တရအုပ် ချုပ်ရေးကြောင့် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ တိုးတက်လာကြောင်း အမေရိကန်အစိုးရက ပြောသည်။

အမေရိကန်က မြန်မာကို TPS ရပ်ဆိုင်းကြောင်း ကြေညာချက်ကို တွေ့ရစဉ်
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံသားများ နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်သည့် အခြေအနေသို့ တိုးတက်လာပြီဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။
လက်ရှိ အမေရိကန်နိုင်ငံတွင် ယာယီနေထိုင်ခွင့် (TPS) ဖြင့် နေထိုင်နေသည့် မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိကြောင်း၊ ထို့နောက် သက်တမ်းတိုးခွင့် မရှိတော့ခြင်းကြောင့် TPS ခွင့်ပြုချက်ဖြင့် အမေရိကန်မှာ နေထိုင်သူများ သည် ရက်ပေါင်း ၆၀ အထိသာ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ခိုလှုံခွင့် (Asylum) မလျှောက်လိုသူများသည် ယာယီနေထိုင်၍ရစေရန် TPS လျှောက်ထားကြပြီး TPS အထောက်အထားရှိရုံဖြင့် တရားဝင် အလုပ်လုပ်ခွင့်ကဒ်နှင့် အလုပ်လုပ်ခွင့်ရကြောင်း သိရသည်။
ထို TPS သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် အမေရိကန်သို့ ရောက်နေ သည့် မြန်မာနိုင်ငံသားများကို သမ္မတဟောင်း ဂျိုးဘိုင်ဒန် အစိုးရလက်ထက်၌ ယာယီအကာအကွယ်ပေးသော အခြေအနေ ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအား တည်ငြိမ်သည် ဟု ယူဆခြင်းက မြန်မာ့တပ်မတော်ကို တည့်တည့်ကြီး လက်ခံသည့်ပုံ မပေါက်သော်လည်း ရွေးကောက်ပွဲ ပြီးနောက် အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု တွက်ဆထားပုံရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “တည့်တည့်ကြီး လက်ခံတဲ့ပုံ မပေါက်တာတောင်မှ အခုလုပ်မယ့် ရွေးကောက်ပွဲကတော့ အလှည့် အပြောင်း တစ်ခု ဖြစ်လာနိုင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း တည်ငြိမ်မှု တစ်စုံတစ်ရာရှိတယ်။ ရွေးကောက်ပွဲ ပြီးရင် ဥပဒေပြုလွှတ်တော်တို့၊ အစိုးရတို့ သီးခြားပေါ်လာမယ်။ အဲဒါတွေကို မှန်းပြီးတော့ တစ်စုံ တစ်ရာ တည်ငြိမ်မှု ရလာတယ်လို့ ပြောတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟိုမှာ ယာယီသဘောမျိုး ခိုလှုံခွင့် ပေးထား တာတွေကို ပြန်ရုတ်သိမ်း လိုက်တယ်ဆိုတာက ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အခင်းအကျင်းကို အပြောင်း အလဲ ရှိမယ်ဆိုပြီး အကောင်းဘက်ကို ဦးတည်မယ်လို့ တွက်ဆပြီးတော့ အဲဒီ ရုတ်သိမ်းလိုက်တဲ့ လူတွေက ကိုယ့်နိုင်ငံကိုယ် ပြန်ချင်လည်း ပြန်လို့ရအောင် ခွင့်ပြုလိုက်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အပြောင်းအလဲ ဖြစ်စေမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ဆန္ဒမဲပေးကြစေလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် သူများနှင့် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ပေးမည့်သူများကို ရွေးချယ်ပေးစေလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေးကိုသာ ဆောင်ရွက်တော့မည်ဟုလည်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 347
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် လူထုနည်းနှင့် ဆန္ဒပြသင့်လျှင် ပြရမှာဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်သည့်အခါ အစိုးရအသစ် အပြောင်းအလဲဖြစ်တိုင်း လူ၊ မူ၊ အဖွဲ့အစည်းများပါ ပြောင်းလဲသွားကာ ယခင် အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သော အခင်းအကျင်းများသည် ယုံကြည်မှုပျောက်၍ ထစ်ဆို့မှုများ ပေါ်ပေါက်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများထံမှ ငြိမ်းချမ်းရေး မယူနိုင်လျှင် လူထုနည်းနှင့် ဆန္ဒပြသင့်လျှင်ပြရ မည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အ မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ အစိုးရ၊ နိုင်ငံရေးပါတီတွေ ဆွေးနွေးနေကြစဉ်
၎င်းက “ဒီအဖွဲ့အစည်းကို ငြိမ်းချမ်းရေး မယူနိုင်ဘူးဆို ဆန္ဒပြသင့်ရင် ပြရမှာပေါ့၊ ဒါအစိုးရဘက်ကနေ စေတနာ မှန်ဖို့ပဲ လိုပါတယ်။ ဒါငြိမ်းချမ်းရေး ရလိုချင်စိတ်ကတော့ သူတို့ ရင်ထဲမှာရှိဖို့ လိုအပ်ပါတယ် တချို့ပါးစပ်ကနေမှ ငြိမ်းချမ်းရေးလို့ စကားပြောနေပြီးမှ ငြိမ်းချမ်းရေး မရချင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဖွဲ့အစည်းတွေလေ ဘာလို့လဲဆိုတော့ သူတို့အတွက် ငြိမ်းချမ်းရေး မရလေ။ စီးပွားရေးက ကောင်းကောင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရလေ၊ ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ သူတို့အနေနဲ့ သူတို့အမြင်မှာတော့ world great ပေါ့ စစ်ဘုရင် ကြီးတွေ ဖြစ်နေကြတာ တကယ်လို့ ငြိမ်ချမ်းရေးရသွားရင် သူတို့ဥပဒေအောက်မှာ နေရမယ်ဆိုတဲ့ အခါကြတော့ မယူချင်တဲ့ အဖွဲ့အစည်းတွေ ရှိနေတာပေါ့။ ဒါလူထုက ဒီချိန်မှာ ညီညီညွတ်ညွတ် ရှိကြဖို့ လိုအပ်တယ်။ အဲ့ဒီ အခက်အခဲကို ကျော်ဖြတ်ဖို့အတွက်က ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒါလူထုနည်းနဲ့ ဆန္ဒပြရင် ပြရမှာပေါ့ ဗျာ”ဟု ပြောသည်။
ငြိမ်ချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် သမိုင်းနောက်ခံ အဖြစ်အပျက် များ၊ ဝါဒရေးရာ အငြင်းပွားမှုများ၊ နိုင်ငံရေး ခံယူချက်များကို ထည့်မစဉ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်မ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာပြည်တွင် ထာဝရငြိမ်းချမ်းရေး ရရှိအောင် လူမှုစီးပွားဘဝနှင့် ကိုင်တွယ်ရလိမ့်မည်ဟု တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုနေကြစဉ်
၎င်းက “ကျနော်တို့ ငြိမ်းချမ်းရေးက လူထုနည်းနဲ့ပဲ သွားလိမ့်မယ်လို့ ထင်တယ်။ လူမှုစီးပွား ဘဝထက်ကို ကျနော်တို့ ငြိမ်းချမ်းရေးက ၈၉ က စယူတာပေါ့၊ ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ယူခဲ့တယ်။ အဲ့ချိန်တုန်းက ဘာနဲ့ပဲ ပြောခဲ့လည်းဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးယူအောင်က လောလောဆယ် ငြိမ်းချမ်းရေးယူ၊ စီးပွားရေးလုပ်ပေါ့နော်။ ဒီနိုင်ငံရေးကိစ္စကို နောက်တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးဆိုတဲ့ အခါကြတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မြို့ပေါ်တက်ပြီး စီးပွားရေး လုပ်လာတယ်။ မြို့နဲ့တောနဲ့ ဆက်စပ်လာတယ်၊ နောက်ရတနာတွေ၊ တူးခွင့်တွေ၊ အထူးဒေသတွေကိုပေးတယ်။ အဲ့အခါကြတော့ လက်နက်ကိုင်အဖွဲ့အစည်း လက်နက်ကိုင်လာမှ စီးပွားရေး ကောင်းကောင်း လုပ်ရတယ်ဆိုတဲ့ အခါကြတော့ လူထု ကလည်း ဘာမြင်လာလဲဆိုတော့ ငါတို့လည်း လက်နက်ကိုင်မှဖြစ်မှာ သူတို့လက်နက်ကိုင်တွေက အခွင့်ထူးခံတွေ ငါတို့က အခွင့်ထူး မခံရဘူးဆိုတော့ လက်နက်ကိုင်ဖို့အတွက် ပြန်ကြိုးစားတယ် သူတို့က ဘာလဲဆိုတော့ လက်နက်ပဲ ထပ်ဝယ်တယ်၊ လူအင်အားစုတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ပြဿနာကြီးက ဒီအချိန် ငြိမ်းချမ်းရေး ကိစ္စကြောင့်ပေါ့နော် အခုကျနော်တို့က ထာဝရ ငြိမ်းချမ်းရေးရအောင်က လူမှုစီးပွားဘဝနဲ့ပဲ ကိုင်ရလိမ့်မယ်”ဟု ပြောသည်။
တခုတည်းသော တပ်မတော် ထားရှိရမည်ဆိုသည့် စဉ်းစားချက်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အသိ အမှတ်ပြုရမည်ဆိုသည့် စဉ်းစားချက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ သတ်မှတ်ပေးရမည်ဆိုသည့် စဉ်းစားချက် များသည် “လုံခြုံရေး ရှုထောင့်”ကို အခြေခံသည့် စဉ်းစားချက်များ ဖြစ်၍ အချိန်အတိုအတွင်း မပြီးနိုင်သည်ကို လည်း စဉ်းစားရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1722
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံ့ အကျပ်အတည်းများနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြေလည်ရေး ဆွေးနွေး ညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါသင့်ပါထိုက်သည့် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပြဿနာများ ဖြေရှင်းဆောင်ရွက်သည့်အခါ တစ်နည်းအားဖြင့် နိုင်ငံ့ အခက်အခဲ အကျပ်အတည်းများကို ကျော်လွှားရန် ကြိုးပမ်းရာတွင် ပါသင့်ပါထိုက်သည့် အဖွဲ့အစည်းများ အားလုံး၏ ညှိနှိုင်းဆွေးနွေးမှုဖြင့်သာ နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်လိမ့်မည်ဟု 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက ဘယ်လိုဖြစ်နိုင် မလဲဆိုတဲ့ ကံသေကံမ အတိအကျကိုတော့ ကျနော့် အနေနဲ့က ပြောဖို့ကတော့ ခက်ပါတယ်၊ သို့သော်လည်းပဲ ကျနော်တို့ အနေနဲ့ ခုနက ပြောသလိုမျိုးပဲ။ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် ဒီနိုင်ငံရဲ့ အခက်အခဲ အကျပ်တည်းကို လျှော့ချဖို့ ကျော်လွှားဖို့ ကြိုးပမ်းတဲ့နေရာမှာ တစ်နည်းအားဖြင့် ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်း ဆောင်ရွက် တဲ့ နေရာမှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့သူ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေ အားလုံးရဲ့ ညှိနှိုင်း ဆွေး နွေး သဘောတူညီမှုနဲ့ပဲ ကျနော်တို့နိုင်ငံရဲ့ ရှေ့အနာဂတ်ကို ရုပ်လုံးဖော်နိုင်မယ်လို့ အဲ့လိုပဲ ရှုမြင်ပါတယ်။ ကျနော့် အနေနဲ့ အတိအကျတော့ မပြောနိုင်ပေမယ့် တကယ့် ပြည်ထောင်စုရဲ့ အကျိုးကို တကယ့် ကျနော်တို့ ကြုံတွေ့နေ ရတဲ့ တစ်နိုင်ငံလုံးရဲ့ အခက်အခဲ အကျပ်အတည်းကို ရှေးရှုပြီးတော့ ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကတော့ ဒါသူ့ကိုလည်းပဲ State Holder တစ်ခုအနေနဲ့ မပါမဖြစ် ပါသင့်ပါထိုက် တယ်လို့ တော့ အဲ့လိုတော့ ရှုမြင်မှုအရတော့ အမှန်တကယ် ရှိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊ မလွှတ်ပေးရေးသည် ရွေးကောက်ပွဲပြီး ထွက်လာမည့် အခင်းအကျင်းပေါ်၌သာ စဥ်းစားရမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြည့်ရတာတော့ ဘယ်သူ ဘာပြောပြော ရွေးကောက်ပွဲ ပြီးတဲ့ထိတော့ လွှတ်မယ်လို့ မထင်သေးဘူး။ ရွေးကောက်ပွဲပြီး ထွက်လာမယ့် အခင်းအကျင်းပေါ်မှာမှ စဥ်းစားမယ်လို့ထင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင် ထွက် ရင် အကုန်လုံး ကဗြောင်းကပြန် ဖြစ်ကုန်လိမ့်မယ်။ အဲ့တာတော့ ပြောလို့မရဘူး။ ရွေးကောက်ပွဲပြီးလို့ ထွက်လာတဲ့ အခင်းအကျင်းက ပျော့ပြောင်းတဲ့ အခင်းအကျင်းဖြစ်မယ် အပြောင်းအလဲလည်း ကောင်းမယ်ဆိုရင်တော့ ပုံစံ တစ်မျိုးပေါ့ အများလက်ခံနိုင်မယ့် ပုံစံပေါ့။ ဒါမှမဟုတ်လည်း ရွေးကောက်ပွဲသာပြီးတယ် ဘာမှမပြောင်းဘူး လူတွေကတော့ ဒီလူတွေပဲ ဆိုရင်တော့လည်း နည်းနည်းတော့ တည်တည်ငြိမ်ငြိမ်တော့ ဖြစ်ဖို့ခက်တာပေါ့ ဒါပေ မယ့် လွှတ်မလွှတ်တော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ရွေးကောက်ပွဲပြီးလည်း မလွှတ်ချင်လည်း မလွှတ်ဘူး။ ခန့်မှန်း ရတာပြောတာ လွှတ်မယ်ဆိုရင်တောင် ရွေးကောက်ပွဲပြီးမှပဲ ဖြစ်နိုင်မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအစိုးရ (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အဖွဲ့အစည်းများကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခြေအနေများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင် နေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူလူထု အနေဖြင့် နိုးကြားမှု မရှိသေး သောကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိနေကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလပေါ့နော်။ အခုအခြေအနေ အထိကတော့ ကျနော်တို့ စည်းရုံးရေး ဆင်းနေတာပေါ့။ ဒါပေမယ့် လူထုတွေက ကျနော်တို့ စုလို့မရဘူးပေါ့။ နိုးကြားမှုတော့ သိပ်မရှိသေး ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ လူတစ်ယောက်စ နှစ်ယောက်စ စုပြီးတော့ မဲပေးတဲ့ စနစ်ကိုပေါ့ အဲဒါတွေ လုပ် ဆောင် နေရတယ်ပေါ့။ အဲဒါကလည်း လူအယောက် ၃၀ အောက်လောက်ပါပဲ။ ကျနော်တို့ စည်းရုံးပြီးတော့ မဲ ပေးတဲ့ စနစ်တွေ၊ နောက်သူတို့ ဘယ်လို မဲထည့်ရမလဲ၊ နောက်ပြီးတော့ မဲမထည့်ရင် အခွင့်အရေးတွေ ဘယ်လို ဆုံးရှုံးမယ် ဆိုတဲ့ဟာကိုပဲ ကျနော်တို့ ဦးတည်ပြီးတော့ ပြောနေကြတာပေါ့။ အခက်အခဲတွေလည်း ဖြစ်တယ်ပေါ့။ ကျနော်တို့ မွန်ပြည်နယ်မှာကြတော့ အထူးသဖြင့်တော့ ရော်ဘာလုပ်ငန်း လုပ်ကြတယ်။ ရော်ဘာလုပ်ငန်းလုပ် ကြတဲ့အခါကြတော့ မနက်အစောကြီးထတယ်၊ နောက်ပြီးတော့ သူတို့ အလုပ်လုပ်တယ်။ မနက် အစောကြီးဆိုတာ သန်းခေါင်ကျော်ပေါ့နော်။ နောက်ပြီးတော့ နွေရာသီရောက်ပြီဆို သူတို့လည်း လုပ်ငန်းတွေက စကြတဲ့အခါကြ တော့ အချိန် မပေးနိုင်တာလည်းပါတယ်” ဟု ပြောသည်။
လက်ရှိ မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)၊ ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ (MUP)နှင့် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိနေသည်။

မွန်လက်နက်ကိုင် မွန်ပြည်သစ်ပါတီ(NMSP)ကို တွေ့ရစဉ်
လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့်နေသည့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပြည်မပါတီ ကြီးများထက် တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၌ အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၃ ရက်တွင် ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ သွားရောက်စဉ် ပြောဆိုခဲ့သည်။
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိမကြိုက်သည့် ကိုယ်စားလှယ်လောင်းများရှိပါက မိမိကြိုက်သည့် ကိုယ်စား လှယ်လောင်းကို မဲပေးနိုင်သဖြင့် ထိုအခွင့်အရေးကို အဆုံးအရှုံး မခံရန် မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

မွန်လက်နက်ကိုင် မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အထူးသဖြင့်တော့ ပါတီငယ်တွေပေါ့နော်။ သိပ်အားနည်းတာတော့ ကျနော်တို့ သိပ်မတွေ့ဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပြောရမလဲ ရုန်းကန်နေကြရတာပေါ့။ ရုန်းပြီးတော့ ကြိုးစားနေကြရတာပေါ့။ အားနည်းတာ တော့ မဟုတ်ဘူး။ အထူးသဖြင့် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က မဲဆန္ဒရှင် ပြည်သူတွေကို ပြောချင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် မဲသွားပေးကြပါ။ နောက်ပြီးတော့ ကိုယ်မကြိုက်တဲ့ သူဆိုလို့ရှိရင် ကိုယ် ကြိုက်တဲ့သူကို ရွေးချယ်ပေါ့။ ကြိုက်သလို မဲပေးနိုင်တယ်ပေါ့။ ဒါကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခွင့်အရေး ပေါ့။ ဒီအခွင့်အရေးကို မဲဆန္ဒရှင်တွေ အဆုံးအရှုံးမခံဘဲနဲ့ မဲသွားပေးကြပါလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
မကြာခင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ဆန္ဒမဲပေးမည့် မွန်လူထုများအပေါ် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် ဖိအားပေးခြင်း မရှိကြောင်း သိရသည်။
ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၌လည်း ကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပသွားမည် ဖြစ်ပြီး ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးအပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1655
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မိမိတို့ တပ်ဖွဲ့သည် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် သူ၏ ဖေ့စ်ဘွတ်ခ်ကနေ ရေးသား ထုတ်ဖော်ပြောကြားခဲ့သည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မိုးကုတ်မြို့ကို မြန်မာ့တပ်မတော်ထံမှ သိမ်းပိုက်ရရှိခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၌ မြန်မာ့တပ်မတော်ထံ မိုးကုတ်မြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ရခြင်းအပေါ် ဝေဖန်မှုများနှင့်ပတ်သက်ပြီး “မိုးကုတ်ဋီကာ”ဆိုသော ခေါင်းစဉ်ဖြင့် ရေးသား၍ တုန့်ပြန်ခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ် (မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။ သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။ နွေဦးတော်လှန်ရေး မှာ ၁၀ နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ်။ လက်သုံချောင်းထောင် သူတွေကို လစဉ် ဆန်ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင် လေ့ကျင့်ပျိုးထောင်ခဲ့တယ်။ ၃-၄ နှစ်ကာလအတွင်း အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့တယ်”ဟု ပြောသည်။

TNLA သည် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်နေသည်မှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းထံမှာ အကြွေးတင်နေသည်ကိုတော့ ထည့်သွင်းပြောကြားမသွားပေ။
သို့သော် လက်နက်ကိုင်အဖွဲ့အစည်းများကတော့ TNLA လက်နက်အကြွေးတင်နေသည်မှာ UWSA ထံမှာ ဖြစ်ကြောင်း ပြောသည်။
ထို့နောက် အာဏာရှင်နံရံကို ခေါင်းနှင့်အတင်း ဝင်တိုက်၍ ဦးခေါင်းက သွေးချင်းနီရဲ၍ သေမလောက်ဖြစ်ခဲ့ ကြောင်း၊ ဗမာများ D Day ခေါ်၍ လိုက်မပါနိုင်ပေမယ့် မီရာအရှိန်နှင့်လိုက်ဖို့ ကြိုးပမ်းခဲ့ကြောင်း၊ တကယ့် တကယ် ၁၀၂၇ လုပ်တော့ မည်သည့် D Day ကမှ လက်တွေ့ပါမလာပဲ နောက်ဆုံး ကိုယ်ပဲအထီးကျန်ခဲ့ပြီး ရွာက အိမ်သူလိုည်များပါ လေယာဉ်ဗုံးဒဏ်သင့်ကြရကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ ရင်ဘတ်တွေတဖြန်းဖြန်းကွဲ အသဲနှလုံးတွေ နာကြင်ရပါတယ်။ ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်။ ပွဲက မပြီးသေး ပါဘူး။ ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်။ အိုကွယ် …မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်။ တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲ၊ ပြီးတော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ။ တော်လှန်သူတွေအတွက် ငါတို့ရင်ခွင် ဖွင့်ထားတာမို့ လိုအပ်ရင်ခိုနားလှည့်ပါလေ”ဟု ပြောသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးကို မဟာမိတ် တပ်ပေါင်းစုများဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင် ခဲ့ပြီး ဒုတိယလှိုင်းကိုတော့ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့သည်။
ထို့နောက် မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်ကာ နောင်ချို၊ ကျောက် မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့နယ်များကို မြန်မာ့တပ်မတော်က ပြန်လည် ထိန်းချုပ်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1245
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
“ဝ’ တပ်ဖွဲ့မှ လက်နက်များ မပံ့ပိုးတော့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ကို လမ်းကြောင်းပြောင်း ချိတ်ဆက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က PDF များသည် မြန်မာနိုင်ငံအရှေ့ပိုင်းအတွက် TNLA ဖြင့် ချိတ်ဆက်ကာ “ဝ” တပ်ဖွဲ့ထံမှ လက်နက်များ ကို ရယူခြင်းဖြစ်ပြီး ယခုလက်ရှိတွင် “ဝ” မှ လက်နက်ပံ့ပိုးမှု မရှိသကဲ့သို့ TNLA သည်လည်း မြန်မာ့တပ်မတော်နှင့် အပစ်ရပ်စဲ၍ PDF များဖြင့် ပူးပေါင်းထိန်းချုပ်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာရန်ရှိနေသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာရေး TNLA နှင့် PDF တို့အကြား အပြန်အလှန် တင်းမာမှုများ ရှိနေသဖြင့် KIA အဖွဲ့သို့ လမ်းကြောင်းပြောင်း ချိတ်ဆက်သည့် အနေအထားတွင် PDF များ မိုးကုတ်နှင့် မိုးမိတ်မှ ဆုတ်ခွာရေးကိစ္စ အလွယ်တကူ မဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “PDF နဲ့ TNLA ကြားထဲမှာ တိတိကျကျ ဆွေးနွေးမှု၊ တိတိကျကျ နားလည် သဘောပေါက်မှု၊ အပေးအယူ မျှတမှု အဲဒါမရှိရင်တော့ လားရှိုးမြို့လို့ ရှောရှောရှူရှူ ဖြစ်မှာမဟုတ်ဘူး။ တစ်ဖက်ကလည်း မိုးမိတ်ဆိုတဲ့ နေရာ က TNLA မတိုင်ခင် KIA ကလည်း နှစ်ပတ်ကျော်ကြာ ဝင်သိမ်းတဲ့ အနေအထား ရှိခဲ့ဖူးတယ်လေ။ KIA ထိန်းချုပ် ထားတဲ့ နယ်မြေ၊ KIA လှုပ်ရှားနိုင်တဲ့ နယ်မြေကနေ ဆက်စပ်မှုတွေရှိနေတော့ KIA ကို ဖိအား မပေးနိုင်သရွေ့ KIA ကို TNLA လိုမျိုး အပစ်ရပ် မလုပ်သေးနိုင် သရွေ့ကတော့ လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ တစ်ဖက် တစ်လမ်းကလည်း အခု PDF တွေကလည်း အရင်တုန်းကတော့ အရှေ့ပိုင်းအတွက်ဆိုရင် TNLA ကို ချိတ်ဆက် တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းက “ဝ” တပ်ဖွဲ့ကလည်း လက်နက်မပံ့ပိုးဖို့ ဟန့်တားမှုတွေ၊ ထုတ်ပြန်တာတွေရှိ တယ်။ ကျားဖြန့်တွေ ဝင်ပြီးတော့မှ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပေးတဲ့လူကို သေဒဏ်ပေးတာတွေ လုပ်ပြ တယ်။ အဲဒီလို အနေအထားဆိုတော့ PDF ကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရှိနေတဲ့ အင်အားကောင်းတဲ့ KIA အဖွဲ့ကို လမ်းကြောင်းပြောင်းပြီးတော့မှ ချိတ်ဆက်နေတာတွေ ရှိတဲ့အနေအထားဆိုတော့ ဒီကိစ္စကတော့ လွယ် လွယ်နဲ့ ဖြစ်လာမယ် မထင်ဘူး” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တခြားလက်နက်ကိုင်တွေကို တွေ့ရစဉ်
KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည်ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။
KIA သည် မြန်မာနိုင်ငံရှိ လက်နက်ခဲယမ်း ထုတ်လုပ်နိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများထဲက တစ်ဖွဲ့ဖြစ် သလို အင်အားကြီးသော လက်နက်ကိုင် အဖွဲ့အဖြစ်လည်း ရပ်တည်လျက်ရှိသည်။
KIA သည် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ NLD အစိုးရကို ဖြုတ်ချ လိုက်ခြင်းကြောင့် ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ အင်အားကို ပိုမို ကြီးထွားအောင် တည်ဆောက်နိုင်ခဲ့သလို ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့သည်။
KIA သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို စစ်သင်တန်းများပေးခြင်း၊ လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့ခြင်း၊ ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်ခြင်း၊ လက်နက်ခဲယမ်းများ ရောင်းချပေးခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

ချင်းညီနောင်အဖွဲ့နဲ့ KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် တွေ့ဆုံစဉ်
KIA အနေဖြင့် လက်ရှိ နိုင်ငံရေး လိုအပ်ချက်အရ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲနေခြင်းဖြစ်ပြီး မလိုအပ်တော့သည့်အခါတွင် MNDAA နှင့် TNLA တို့ကဲ့သို့ လုပ်ဆောင်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “PDF မှာက ကိုယ့်နယ်မြေ၊ ကိုယ့်လက်နက်ခဲယမ်း အထူးသဖြင့် ထောက်ပို့ပေါ့၊ လိုအပ်ချက်ရှိနေတော့ တခြား မရနိုင်ဘူးဆို KO ကလည်း လက်နက်စက်ရုံ ရှိပြီးသားလေ။ လက်နက်လည်း ထုတ်နိုင်တယ်။ ဆီလည်း ထုတ်နိုင်တယ်ဆိုတော့ KIO ကို ချဉ်းကပ်တာက ထောက်ပို့လမ်းကြောင်းအတွက် ချဉ်းကပ်တာလည်း ဖြစ်နိုင်ပါ တယ်။ KIA ကလည်း သူ့ကို ထိပ်တိုက် ဖြစ်လာတဲ့အချိန်၊ သူ့အနေနဲ့ နိုင်ငံရေး အဆုံးအဖြတ်ပေးတဲ့ အချိန်ကြတော့ သဘောထားတစ်မျိုး ဖြစ်ရင်ဖြစ်မှာပေါ့။ အခု KIA ကတော့ စကားလည်း မပြောသေးဘူး။ ဆွေးနွေးပွဲလည်းမဝင် သေးဘူး။ မြေပြင်မှာပဲ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့အခါကြတော့ PDF က အသုံးတည့်ချင် တည့်မှာပေါ့။ နောက်ပိုင်း သူနိုင်ငံရေး political solution တစ်ခုခု ရတယ်ဆိုရင်တော့ PDF နဲ့ပတ်သက်ပြီး KIA ကလည်း သူ့ အထိုင်ကနေသူ စဉ်းစားတော့မှာပေါ့။ လောလောဆယ် လိုအပ်ချက်အရ တွဲနေတာလို့ပဲထင်တယ်။ မလိုလား အပ်တော့ဘူးဆိုရင် ကိုးကန့်တို့၊ ပလောင်တို့လိုပဲ ဖြစ်လာလိမ့်မယ်လို့ တွက်ရတာပဲ သိပ်ကွာမယ်တော့ မထင်ပါ ဘူး” ဟု ပြောသည်။
KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ဗန်းမောက်၊ ထီးချိုင့်၊ တမူး၊ ခမ်းပတ်၊ ဖောင်းပြင်၊ ရွှေပြည်အေး၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ အင်းတော် အပါအဝင် နာဂဒေသတို့ကို ထိန်းချုပ် နိုင်ရေးအတွက် PDF၊ KNA-Burma(ကူကီး)၊ နာဂလက်နက်ကိုင်များဖြစ်သော ENDA/ENNO နှင့် NPDF၊ ABSDF၊ AA၊ CNDF တို့ကို ချိတ်ဆက်ကာ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း KIA ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ဖိတ်ကြားချက်အရ ချင်းညီနောင် အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ ၁ နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့မှ ကိုယ်စားလှယ်များသည် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ကြသေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 397
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန် ထမ်းများသည် လစာမရ၍ ဒေသတွင်းက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ စားဝတ်နေရေးကို ဖြေရှင်းနေရ ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် ပညာရေးဝန်ထမ်း ၃၃၈ ဦးသည် လစာ မရဘဲ ဖြစ်နေ၍ လုပ်ငန်းရှင်များထံမှ သိန်း ၂၄၀၀ ကို ချေးငွေရယူခဲ့သည်။
ထို့နောက် ရရှိငွေ ပမာဏာကို လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း ၃၃၈ ဦးကို ခွဲဝေ ထုတ်ပေးသွားရန် အတွက် ဗန်းမောက်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ပညာရေးဆက်သွယ်ရေးတာဝန်ခံများက ဆောင်ရွက် ပေးလျက်ရှိနေကြောင်း ဝန်ထမ်းများထံမှ သိရသည်။
ဗန်းမောက်မြို့နယ်ရှိ ပညာရေးဝန်ထမ်းများ လစာမရသည့် ကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များထံမှ ချေးငွေ ရယူနိုင်ရေးအတွက် ဗန်းမောက်မြို့နယ်အတွင်းက ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က ကူညီပေးခဲ့ကြောင်း ဝန်ထမ်းများက ပြောသည်။

ဗန်းမောက်မြို့နယ်က ပညာရေးဝန်ထမ်းများကို တွေ့ရစဉ်
ဗန်းမောက်မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၃၃၈ ဦး လစာမရခြင်း၊ လုပ်ငန်းရှင်များထံမှ ချေးငွေရယူနေရခြင်း နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အား CNI က မေးမြန်းထား သော်လည်း ယနေ့အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
ဗန်းမောက်မြို့ အပါအဝင် ဗန်းမောက်မြို့၏ တောင်-မြောက်-အရှေ့ခြမ်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ကတူးတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက် သိမ်းပိုက်ထားသည်။
ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က KIA-PDF-ကတူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ကာ လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။
မြန်မာ့တပ်မတော်သည် ဗန်းမောက်မြို့ကို ပြန်လည်ရရှိရေးအတွက် ၂ လကျော်လာ ကြိုးပမ်းနေသည့်တိုင် မရသေးဘဲဖြစ်နေပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးလည်း ရာထူးက အနားပေးခံလိုက်ရသည်။
