- By CNI
- Category: နိုင်ငံရေး
- Hits: 377
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
အိန္ဒိယနယ်စပ်ထွက်ပေါက် ရှိသည့် ပန်ဆောင်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင် စီ-ကပ္ပလန်/အန်းမိုင်(NSCNN-K/AM)အဖွဲ့သည် အိန္ဒိယအစိုးရထံမှ စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ငွေကြေး အကူအညီများ ရရှိခဲ့သည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCNN-K/YA)က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်၍ စွပ်စွဲခဲ့သည်။
ပန်ဆောင်ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး နာဂဒေသအတွက် တစ်ခုတည်းသော အိန္ဒိယနှင့်နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှိသော မြို့လည်း ဖြစ်သည်။
အဆိုပါ ပန်ဆောင်ဒေသကို NSCN-K/AM အပါအဝင် NSCN-K/YA၊ KIA၊ အရှေ့နာဂအမျိုးသားအစည်းအရုံး (ENNO/ENDA) တို့ကလည်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
ထို့နောက် NSCN-K/AM အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပန်ဆောင်မြို့ပေါ်သို့ ရောက်ရှိလာပြီး တပ်နေရာချထားမှုများ လုပ်ကာ စိုးမိုးရေး ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီ ၉ ရက်၌ NSCN-K/YA အဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့၍ NSCN-K/AM ဘက်က ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်
ထိုပစ်ခတ်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် NSCN-K/AM အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က နန်းယွန်းမြို့ နယ်အတွင်းရှိ တကားကျေးရွာနှင့် နမ်ဖာကျေးရွာ(၁၈ မိုင်ဂိတ်)ကြားရှိ NSCN-K/YA အဖွဲ့၏ စခန်းကို တိုက်ခိုက်၍ သိမ်းပိုက်ခဲ့သည်။
ထို့ကြောင့် NSCN-K/AM အဖွဲ့သည် အိန္ဒိယအေဂျင်စီများ၏ အမိန့်အရ အရှေ့နာဂလန်းတွင် အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းဖြင့် နာဂလူမျိုး၏ ငြိမ်းချမ်းရေးဆန္ဒကို ထပ်မံ မထီမဲ့မြင်ပြုခဲ့ကြောင်း၊ ဤအဖွဲ့သည် နာဂတိုက်ပွဲကို တန်ပြန် အသက်ဆက် ဆင်နွှဲရန် အိန္ဒိယထောက်လှမ်းရေး၏ ကိုယ်စားလှယ်သာ ဖြစ်ကြောင်း NSCN-K/YA အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် စွပ်စွဲ ထုတ်ပြန်ခဲ့သည်။
NSCN-K/YA အဖွဲ့က “ အိန္ဒိယအေဂျင်စီများသည် ဤအဖွဲ့(NSCN-K/AM)ကို နားလည်ပေးကြသည်။ အဘယ် ကြောင့်ဆိုသော် အန်းမိုင်တို့ရှိနေခြင်းသည် NSCN-K/YA ကို ချေမှုန်းရန်နှင့် သူတို့နှင့် တိုက်ပွဲများအား အားနည်း စေရန် ဒုတိယ အင်အားစု တစ်ခုအဖြစ် ဆောင်ရွက်သည်ဟု ရှုမြင်ခြင်းကြောင့် ဖြစ်သည်။ အန်းမိုင်အဖွဲ့သည် ပန်ဆောင်ဒေသတွင် NSCN-K/YA ကို တန်ပြန်ရန် အိန္ဒိယအာဏာပိုင်များ ထံမှ စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် ငွေကြေး အကူအညီများ ရရှိခဲ့သည်”ဟု ပြောသည်။

NSCN-K/YA အဖွဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မစ္စတာအန်းမိုင်နှင့် မစ္စတာမူလာတိုနူးတို့သည် ၎င်းတို့၏ ဆင်ခြင်တုံတရားမဲ့သော အပြုအမူများကို ပြုပြင်ရမည် ဖြစ်ပြီး အိန္ဒိယကဲ့သို့သော နိုင်ငံကို ထောက်ခံခြင်းတွင် မပါဝင်သင့်ကြောင်း NSCN-K/YA အဖွဲ့က ထုတ်ပြန်ခဲ့သည်။
NSCN-K/AM အဖွဲ့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရများဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းမှာ ရှိသည်။
NSCN-K/YA အဖွဲ့သည် အိန္ဒိယစစ်တပ်ကို အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းမှာ ခြုံခို တိုက်ခိုက်မှုများ ပြု လုပ်လေ့ရှိသည်။
အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ်တွင် လှုပ်ရှားနေ သည့် NSCN-K/YA ၏ စစ်စခန်းများကို ဒရုန်းဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ခိုက် ခဲ့ရာ ၅ ဦးသေဆုံးခဲ့ဖူးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးပြီး နာဂဒေသရှိ ပြည်သူများက အဆိုပါ တည်ငြိမ် အေးချမ်းမှု မပျက်ယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က ကျင်းပ သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ တက်ရောက် မိန့်ခွန်း ပြောစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးက “နာဂဒေသ တည်ငြိမ်အေးချမ်းမှု ရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ထို့ကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးသည် အလွန် အရေးကြီးပြီး နာဂဒေသရှိ ပြည်သူများက အဆိုပါ တည်ငြိမ်အေးချမ်းမှု မပျက်ယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိတယ်”ဟု ပြောသည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်
နာဂဒေသ အနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ်မှသည် ခေတ်မီလှေကားထစ် လယ်ယာစနစ်သို့ ပြောင်းလဲ ဖော်ဆောင်ရန် လိုအပ်ချက်ရှိသည့်အပြင် ရေမြေသဘာဝနှင့် ကိုက်ညီသည့် ဝဥ၊ လက်ဖက်၊ မက်မန်း၊ ထောပတ်၊ ဂရိတ်ဖရု၊ လိမ္မော် စသည့် နှစ်ရှည်သီးနှံများကို ဒေသထွက်ကုန်အဖြစ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြရန် ၎င်းက ပြောသည်။
နာဂဒေသသည် လမ်းပန်ဆက်သွယ်ရေး အလွန်ခက်ခဲခြင်းကြောင့် ကုန်သွယ်စီးဆင်းမှု နောက်ကျနေသလို ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်း၊ သွားလာစရိတ်များ ကြီးမြင့်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ ရင်းနှီး မြှုပ်နှံမှုများ မရှိခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ စစ်သားစုဆောင်းမှုများ ခံနေရခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလက်နက်ကိုင်များ အနေဖြင့် NSCN-K/YA(ဦးယုံးအောင်)၊ NSCN-K/AM(ဦးအန်းမိုင်)၊ ENNO/ENDA(ဦးအောင်ဆိုင်း)၊ NSCN-IM ( အိုက်ဇက် ချီရှီဆူနဲ့ ဗွီးဗာ)၊ NSCN-IM/HS(IM ကနေ ခွဲထွက်လာတဲ့ ဟန်ရှီရမ်ဆန်း ဦးဆောင်အဖွဲ့)၊ NPDF၊ NNC တို့ လှုပ်ရှားလျက်ရှိသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
ထို့နောက် ကသည်းလက်နက်ကိုင်များလည်း အခြေစိုက် လှုပ်ရှားလျက်ရှိသေးသည်။
အဆိုပါ လက်နက်ကိုင်များအနက် ENNO/ENDA နှင့် NPDF သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်နက်ခဲယမ်း အထောက်အပံ့ကို ရယူ၍ KIA-PDF များဖြင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်အား တိုက်ခိုက် လျက်ရှိသလို NSCN-IM/HS အဖွဲ့ကလည်း NUG-KIA တို့နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် အဆက် အသွယ်များ ရှိနေသည်။
လက်ရှိတွင် နာဂဒေသ၏ အိန္ဒိယနှင့် ကုန်သွယ်ရေးထွက်ပေါက်ရှိသော ပန်ဆောင်မြို့အား ထိန်းချုပ်နိုင်ရေး အတွက် NSCN-K/AM နှင့် NSCN-K/YA တို့ အပြန်အလှန် ကြိုးစားနေပြီး နှစ်ဖက် ပစ်ခတ်မှုများဖြစ်ကာ သေဆုံး၊ ထိခိုက်မှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 544
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင် အေးနှင့် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးက နာဂဒေသ တည်ငြိမ်အေးချမ်းရေးကို ဒေသခံများက ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 571
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၂)၌ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ(တစည) အနေဖြင့် အားကောင်းလာသော အနေအထားမျိုး မြင်တွေ့ရသည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
ကရင်ပြည်သူ့ပါတီ အနေဖြင့် ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တွင် ဧရာဝတီတိုင်းတွင်သာ ဝင်ရောက် ယှဥ် ပြိုင်ပြီး ပါတီ၏ မဲရလဒ် အခြေအနေကိုတော့ သေချာစွာ မပြောနိုင်သေးကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် တစညပါတီ အနေဖြင့် အားကောင်းလာသည့် အနေအထားမျိုး မြင်တွေ့ရသည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှ ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည့်သူပါတီကို တွေ့ရစဉ်
၎င်းက “ဒီတစ်ခေါက်က ပန်းတနော်ရယ်၊ ဝါးခယ်မရယ်၊ ကံကြီးထောက်ရယ်၊ ကျောင်းကုန်းရယ်။ အဲဒါက ကရင် များတဲ့ နေရာတွေလေ။ ရာခိုင်နှုန်းကတော့ သူတို့ တွက်လို့မပြီးသေးဘူး။ ကံကြီးထောက်မှာက Second ရတယ်။ Second မှာ ချိတ်တယ်ပေါ့။ ရာခိုင်နှုန်းက မပြောနိုင်သေးဘူး။ ကျောင်းကုန်းလဲ Second ချိတ်တယ်။ ဝါးခယ်မက Third ဖြစ်သွားတယ် ပြောတယ်။ ဝါးခယ်မက Third ဖြစ်တယ်။ တိုင်းရင်းသား တစ်ခုပဲရှိမယ် အိမ်မဲမှာက တိုင်းရင်းသား ကိုယ်စားလှယ်ကတော့ နေရာ တော်တော်များများမှာ သူက ရထားတယ်။ ပြတ်လဲပြတ်တယ် မဲတွေ ပြတ်တယ်။ ရွေးကောက်ပွဲအပိုင်း(၂)မှာ တိုင်းရင်းသားရေးရာကတော့ အပြတ်အသတ် ဆက်နိုင်ပါတယ်။ ဆက်နိုင် ပါတယ်ဆိုတာ Total တော့ မသိရသေးဘူး။ တချို့ နေရာလေးတွေတော့ သူရှုံးတာ ရှိတာပေါ့။ သို့သော်လည်း ပြိုင် တဲ့နေရာ မဲပြတ်တော့ ပြတ်မယ်လို့ပဲ ယူဆတယ်ပေါ့နော်။ နိုင်မယ်လို့ပဲ ယူဆတယ်။ ဆရာမကတော့ အကြိတ် အနယ် ထင်နေတာ မနေ့ကပေါ့နော် အခုထက်ထိလည်း မသိရသေးဘူး။ သူတို့ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းမှပဲ သိတော့မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ကလည်း မမျှော်လင့်ဘဲ တစည တော်တော်များများ တက် လာတယ်။ ပန်းတနော်ကတော့ ဒါ တစညရဲ့နယ်မြေ ဆရာမတို့က နည်းနည်း Mix ဖြစ်သွားတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးနဲ့ပဲ အဓိက ပြိုင်ရမယ် အောက်မေ့တာပေါ့နော်။ အခု တစညနဲ့ပါ ပြိုင်ရတာပေါ့။ တစညက မြို့ပေါ်မှာတော့ တစညက ကောင်းတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးရော ဆရာမတို့ရော ရှုံးတယ်။ မဲရုံနှစ်ရုံမှာ ရှုံးတယ်ပေါ့နော်။ မဲရုံနှစ်ရုံမှာတော့ နိုင် တယ်လို့ ပြောတယ်” ဟု ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် မူလတည်ရှိနေသည့် ပါတီဟောင်းတစ်ခုဖြစ်၍ အမာခံ ပါတီဝင်များလည်းပဲ ရှိပြီးသားဖြစ်သည့်အတွက် ပို၍ အားကောင်းလာသော သဘောမျိုး ဖြစ်သည်ဟု ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြော သည်။

တစညပါတီ ကိုယ်စားလှယ်လောင်းများကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ အနေအထားကတော့ နဂိုကတည်းက သူက တည်ရှိနေတဲ့ ပါတီဟောင်းတစ်ခု ဖြစ်နေတာကို။ သူ့မှာတော့ သူ့ရဲ့အမာခံ ပါတီဝင်တွေလည်းပဲ နဂိုကတည်းက ရှိနေပြီးသား အနေအထားမျိုးရှိပါတယ်။ အဲဒီတော့ လက်ရှိ ပြောင်းလဲသွားတဲ့ ရွေးကောက်ပွဲစနစ်အရ တစညအနေနဲ့ ပိုပြီးတော့ အားကောင်းလာတဲ့ သဘောမျိုးလို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၂)၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားကြောင်း သိရသည်။
ထို့နောက် ရွေးကောက်ပွဲအပိုင်း(၁)၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဒုတိယနှင့် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီ၊ နာဂအမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်နီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီတို့က တတိယအဖြစ် အနိုင်ရရှိထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 283
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပနေသည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ်” တတိယနေ့အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့၌ ဆက်လက် ပြုလုပ်လျက်ရှိသည်။
လူငယ်ငြိမ်းချမ်းရေဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်ထိ ကျင်းပလျက်ရှိသည်။

ဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လူငယ်များ တက်ရောက် ဆွေးနွေးလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ သည် ပြည်ပသံရုံး တစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သို့သော် မည်သည့် ပုဒ်မဖြင့် မည်ကဲ့သို့ အရေးယူသွားမည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့ဖြင့် တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့ တိုင်ကြားမှုရှိခဲ့သည်ဟု UEC က ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မှန်ကန်ကြောငာ်း တွေ့ရှိရသည့်အပြင် ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့က မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ထို့ကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု UEC က ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တစ်ခုခု အစိုးရ(သို့) ဘာသာရေး အဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တစ်ခုခု (သို့) လူပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ဩဇာခံခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထား သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 444
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
အိန္ဒိယဘက် နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နာဂလူမျိုးများ နေထိုင်ရာ ဒေသအားလုံးတွင် ငြိမ်းချမ်းသာယာဖို့ ကာကွယ်သွားမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM) အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထို့နောက် နမ်ပေါင်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ စတင် ကျင်းပမည့် ပန်ဆောင်ပတ်စ် အပြည်ပြည်ဆိုင်ရာ ပွဲတော်(PPIF)ကို ထောက်ခံကြောင်း ၎င်းအဖွဲ့က ပြောသည်။
NSCN-K/AM အဖွဲ့က “ NSCN-K သည် အိန္ဒိယဘက် နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နာဂ လူမျိုးနေထိုင်ရာ ဒေသအားလုံးတွင် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို အားပေး ကူညီ၍ ကာကွယ်မြှင့်တင်နိုင်ရန် နည်းလမ်းအားလုံးကို ဆက်လက် ရှာဖွေ လက်တွေ့ကျကျ ဆောင်ရွက် သွားမည်”ဟု ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသသည် ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေသလို လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ သွားလာရေးစရိတ်များ ကြီးမြင့်ခြင်းတို့ ကြုံတွေ့ နေရသည်။
ထိုအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် NSCN-K/AM အဖွဲ့က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူ၍ တည် ဆောက်ရန် စဉ်းစားနေကြောင်း နီးစပ်သူများက ပြောသည်။
NSCN-K/AM အဖွဲ့သည် ၂၀၂၃ ခုနှစ်က စတင် ဖွဲ့စည်းပေါ်ပေါက်လာသော နာဂလက်နက်ကိုင်ဖြစ်ပြီး အန်းမိုင်က ဦးဆောင်လျက်ရှိသည်။
အန်းမိုင်သည် ဦးကပ္ပလန် ဦးဆောင်သော NSCN-K တွင် ပါဝင်ခဲ့သူဖြစ်သလို ဦးကပ္ပလန်၏ ကိုယ်ရေးအရာရှိအဖြစ် လည်း တာဝန်ယူခဲ့သူဖြစ်သည်။
သို့သော် ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ်တွင် ကွယ်လန်ခဲ့ပြီးနောက် တူဖြစ်သူ ယုံးအောင်က NSCN-K ကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှာ ဦးဆောင်ခဲ့ရာ အန်းမိုင်၊ အန်ကန့်၊ ကျော်ဝမ်စိန်၊ စောထိန်၊ အောင်ဆိုင်းတို့ကို ထုတ်ပယ်ခဲ့ သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
ထို့နောက် အန်းမိုင်က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် NSCN-K/YA ကနေ ခွဲထွက်၍ NSCN-K/AM ကို ဖွဲ့စည်းခဲ့ သည်။
ထို့ကြောင့် နာဂဒေသအတွင်းမှာ NSCN-K/YA နှင့် NSCN-K/AM ကြား ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသလို အိန္ဒိယနယ်စပ် ကုန်သွယ်ရေးထွက်ပေါက်ရှိသော ပန်ဆောင်မြို့ ထိန်းချုပ်ရေးကိုလည်း ကြိုးပမ်းနေကြသည်။
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂ လက်နက်ကိုင်များ အနေဖြင့် NSCN-K/YA(ဦးယုံးအောင်)၊ NSCN-K/AM(ဦးအန်းမိုင်)၊ ENNO/ENDA(ဦးအောင်ဆိုင်း)၊ NSCN-IM ( အိုက်ဇက်ချီရှီ ဆူနဲ့ ဗွီးဗာ)၊ NSCN-IM/H(IM ကနေ ခွဲထွက်လာတဲ့ ဟန်ရှီရမ်ဆန်း ဦးဆောင်အဖွဲ့)တို့ တည်ရှိပြီး အိန္ဒိယနိုင်ငံ အတွင်းမှာတော့ NSCN-K/NK(နီကီဆူမီ)၊ NSCN-K/KH(ဦးခမ်းငေါ်)၊ NSCN-IM (ဗွီးဗာ)၊ NPDF စသည့် နာဂ လက်နက်ကိုင်များအပြင် တခြားသော နာဂလက်နက်ကိုင်များလည်း ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 391
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၂) ၌ ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ(SSP)၏ မဲရလဒ်အခြေအနေ မည်ကဲ့သို့ ရှိသလဲဆိုသည့်အပေါ် ရှမ်းနီတိုင်းရင်းသားများကြား စောင့်ကြည့်နေကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၂)တွင် ကျားမင်းပါတီ အနေဖြင့် (FPTP)စနစ်၌ ဖောင်းပြင်မြို့နယ် တစ်ခုတည်းထဲသာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေပြင် အချက်အလက်အရ ဖောင်းပြင်မြို့နယ်၌ နေရာအားလုံး ရှုံးနိမ့် သွားသည့် အနေအထားရှိကြောင်း ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော် က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ(SSP) ထောက်ခံသူများကို တွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲ အပိုင်း (၂) မှာတော့ အစ်ကိုတို့ ရှမ်းနီပါတီ အနေနဲ့ကတော့ ဖောင်းပြင်မြို့နယ် တစ်ခုထဲ ဝင်ပြိုင်တာ ဖြစ်ပါတယ် (FPTP) မှာပေါ့နော်။ အမျိုးသားလွှတ်တော် (FPTP) ကတော့ ရှုံးသွားတဲ့ သဘောပေါ့နော်။ အပိုင်း (၂) ပြီးသွားတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ရလဒ်အရပေါ့။ ဖောင်းပြင်မှာတော့ အစ်ကိုတို့ ရှမ်းနီပါတီအနေနဲ့ နေရာအားလုံး ရှုံးသွားတဲ့ သဘောပဲဗျ။ ရှုံးသွားတဲ့ အနေအထားပါ။ ကျနော်သိတဲ့ အချက်အလက်တွေအရ ဆိုရင် တော့ ဖောင်းပြင်မှာတော့ ပြည်ခိုင်ဖြိုးက အားလုံးနိုင်သွားတဲ့ သဘောပေါ့နော်။ နိုင်သွားတဲ့ သဘောမျိုးရှိပါတယ်။ ဖောင်းပြင် အနေအထားကတော့ ကျနော်တို့ ရှမ်းနီပါတီဟာ ဒုတိယတော့ မလိုက်ဘူးဗျ။ တတိယ နေရာလောက် မှာ ရှိနေတယ်။ ဒုတိယက ကျနော်သိတဲ့ အချက်အလက်တွေ အရဆိုရင်တော့ တစညက ဒုတိယလောက် ပြေးနေ တယ်ဗျ ဖောင်းပြင် ဧရိယာမှာလေ။ ဒါပေမယ့် စာရင်းဇယားတွေကို သုံးသပ်ကြည့်ရင်တော့ ဖောင်းပြင် အနေ အထား မျိုးဆိုရင် မဲလာပေးတဲ့ မဲဆန္ဒရှင်က (၇၀) ရာခိုင်နှုန်းလောက် ကျော်မယ့် သဘောထင်တယ်။ အစ်ကိုတို့ သုံးသပ်ချက်အရ ရှမ်းနီပါတီ အနေနဲ့က ဖောင်းပြင်တစ်ခုတည်း ပြောရရင်တော့ တစညရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရပြီးတော့ ပြည်ခိုင်ဖြိုးရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရတာကို တွေ့ရတယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁)၌ ပါတီအများစုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကြိုတင်မဲများဖြင့် ရှုံးနိမ့်ခဲ့ကြသည်။
အလားတူ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြီးနောက် ကြိုတင်မဲပေးမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှု အားနည်းသည်ဟုဆိုကာ နိုင်ငံရေးပါတီများမှ ထောက်ပြ ပြောဆိုခြင်းမျိုးများလည်း ရှိနေကြသည်။

ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ(SSP)ကို တွေ့ရစဉ်
ကြိုတင်မဲ ကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ဟုမ္မလင်း၊ ဖောင်းပြင် စသည့် မြို့နယ် များတွင် ပြဿနာ ကြီးကြီးမားမား ရှိသည်ဟု မမြင်ရကြောင်း ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြိုတင်မဲနဲ့ ပတ်သက်လို့တော့ ဖြစ်ပျက်သွားတဲ့ သတင်းအချက်အလက်တွေနဲ့ပဲ အွန်လိုင်းကနေပဲ သိ လိုက်ရတယ်ပေါ့နော်။ ဒါပေမယ့် အစ်ကိုတို့ ဟုမ္မလင်း ပတ်ဝန်းကျင်မှာတော့ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ အစ်ကိုတို့ ကိုယ်တိုင်ကလည်း ဟုမ္မလင်းမှာ နေတာဆိုတော့ ဖောင်းပြင်ရဲ့ မြေပြင်အနေအထား ကိုတော့ အတိအကျတော့ ပြောဖို့ခက်တယ်။ ဒါပေမယ့် ကြိုတင်မဲနဲ့ ပတ်သက်လို့လည်းပဲ ဖောင်းပြင် အနေအထား က တအားကြီးတော့ ပြဿနာအကြီးကြီး မရှိဘူးပေါ့နော်။ အဲ့ဒီလိုပဲ ပြဿနာကြီးကြီးမားမား ရှိတယ်လို့ မမြင်ရ ဘူး” ဟု ပြောသည်။
ကျားမင်းပါတီဟုလည်း ဒေသတွင်း ခေါ်ဝေါ်ကြသည့် ရှမ်းနီပါတီသည် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ဟုမ္မလင်းမြို့ နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် နေရာများတွင် အနိုင်ရရှိ ထားသည်။
ကျားမင်းပါတီ (SSP) အနေဖြင့် ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား စိုင်းနိုင်နိုင် ကျော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာအား စိုင်းစံလှစိုးတို့က ဝင်ရောက်ယှဥ်ပြိုင်၍ အနိုင်ရခဲ့ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 333
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပနေသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဒုတိယနေ့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က မြင်တွေ့ရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

ထိုဖိုရမ်ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ဦးဆောင် ကျင်းပနေခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လူငယ် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
