- By CNI
- Category: နိုင်ငံရေး
- Hits: 306
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့အနီး ခမိုးရွာဘက်ရှိ ခမိုးတာဝါတိုင်ဘက်ကို KIA ဦးဆောင် သည့် PDF-ကဒူးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
KIA ဦးဆောင်သည့် တပ်ပေါင်းစုသည် ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ပြီးနောက် ဗန်းမောက် အနောက်ဘက်ခြမ်း ဒေသကို ဆက်လက် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ဗန်းမောက်ဒေသခံက “ ဗန်းမောက်မြို့အနီး ခမိုးတာဝါတိုင်တွင် KIA-PDF-ကဒူးတပ်ဖွဲ့ ထိုးစစ်ဆင်နေတယ်ဗျ။ ခမိုးကားကွင်းမှာ ဖိုးဝီးကားတွေ အများကြီး ရောက်နေတယ်။ ခမိုးဘက်ကနေ ဆင်းလာနေကြတာ။ ဒရုန်းကော ရှောက်တိုက်ဒုံးကော လူအင်အားများများနဲ့ ဖိတိုက်နေတယ်ဗျ”ဟု ပြောသည်။
KIA-PDF- ကဒူး တပ်ပေါင်းစုသည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့၏ အနောက်ဘက်ခြမ်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် မြန်မာ့တပ်မတော် စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဗန်းမောက်မြို့သည် ကချင်ပြည်နယ်သို့ ဝင်ရောက်သည့် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြိုတင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ် တောက်ရန် ကြိုးပမ်းနေလည်းဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1092
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အတွက် ဘယ်လို အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေ ကြသည်။
KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမော်၌ မြန်မာ့တပ်မတော်နှင့် စစ်ရေးပြင်းထန်ပြီး ရှုံးနိမ့်နေချိန်တွင် ဗန်းမောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် စတင်တိုက်ခိုက်ကာ စက်တင်ဘာ ၂၀ ရက်နေ့၌ သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
KIA အနေဖြင့် ဗန်းမောက်ကို ထိန်းနိုင်ပါက စစ်ကိုင်းတိုင်းအထက်ပိုင်းအား ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ရန် အတွက် အဆင်ပြေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဗန်းမော်ကတော့ သူတို့ရှုံးနေပြီပေါ့။ ရှုံးတဲ့အခါကြတော့ KIA ကတော့ သူ့အတွက်ကတော့ သိက္ခာဆယ်တဲ့ အနေနဲ့ ဗန်းမောက်ပေါ့၊ နောက်တစ်ခုက ဗန်းမောက်ကလည်း ရှမ်းနီ ဒေသပါပဲ။ ပြောရရင်တော့ ကချင်လုံးဝ မရှိ ပါဘူး။ ရှမ်းနီနဲ့ ဗမာနဲ့ပေါ့နော်။ မူးမြစ်ဝှမ်းထိပ်ပေါ့။ ဒီဗန်းမောက်ကို ထိန်းလိုက်လို့ရှိရင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကို ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ဖို့အတွက်က အဆင်ပြေတယ်လေ။ ဒါကြောင့် သူ ဗန်းမောက်ကိုလည်း အရှက် ပြေ အားစမ်းတာပေါ့နော်။ အောင်မြင်ဘူး၊ မအောင်မြင်ဘူး ဆိုတာကတော့ နောက် ကျနော်တို့ မြင်လာရမှာပေါ့။ ဗန်းမောက်ကတော့ KIA က မူးမြစ်ဝှမ်းနဲ့ထိပ်က ဖြစ်နေတဲ့အတွက်ကြောင့် ဒါကြီးကိုတော့ ခြေကုပ်ယူမှာပေါ့နော် ဗန်းမောက်က။ ဗန်းမောက်မှာတော့ ဒီလိုပဲ လုပ်နေကိုင်နေကြမယ်။ ဒါပေမယ့် ရေရှည်မှာတော့ တပ်ကပဲ အသာစီး ရသွားမှာပေါ့ အဲဒါပဲ သွားတွေ့တယ်” ဟု ပြောသည်။
ဗန်းမောက်မြို့နယ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က အဓိက လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်၏ တပ်မ ၇၇ ကတော့ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်သည်။
လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

ဗန်းမောက်မြို့အဝင်မှာ PDF များကိုတွေ့ရစဉ်
ဗန်းမောက်မြို့ကို ရှမ်းနီများ လက်လွှတ်လိုက်ရခြင်းသည် ခုခံနေသည့် အင်အားနှင့် စစ်ကူမလာနိုင်သည့် အတွက် ကြောင့် ဖြစ်နိုင်ကာ KIA အနေဖြင့် ၎င်းနယ်မြေထဲ စစ်ကြောင်းများ မဝင်လာရေးအတွက် ဗန်းမောက်ကို ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ရေးကတော့ တချို့နေရာပေါ့လေ။ သာလွန်အင်အားနဲ့ ဗန်းမောက်မှာ ခုခံနေတဲ့အင်အားနဲ့ စစ်ကူ မလာနိုင်တာရယ်။ ဟိုဘက်ကလည်း KIA/KIO အပါအဝင် အဲဒီဒေသခံ PDF တွေနဲ့ ပေါင်းလိုက်တော့ နည်းနည်း လေး တိုက်စွမ်းအားပေါ့လေ။ စစ်အား၊ လူအား ပိုသာသွားတဲ့ သဘောနဲ့တူပါတယ်။ ဒါကြောင့် ဗန်းမောက်မြို့ကို ရှမ်းနီတွေက လွှတ်လိုက်ရတယ်ဆိုတာ သူ့ဘက် ကိုယ့်ဘက် စစ်ကူမလာနိုင်တဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆပါ တယ်။ KIA က သူ့အထဲကို စစ်ကြောင်းကြီးတွေ မဝင်လာဖို့အတွက် ဗန်းမောက်က KIO ဝင်ပေါက် ဖြစ်တာကို။ KIA ထဲကို ဝင်သွားလို့ရတဲ့ စစ်ကိုင်းတိုင်းရဲ့ အစွန်ပေါ့လေ ရှမ်းနီဒေသဖြစ်တာကို။ အဲဒါကြောင့် KIA ကလည်း အသည်း အသန်ဝင်ပြီး ထိန်းတဲ့သဘောပါပဲ။ ဒါကြောင့် ဗန်းမော်နဲ့ ဗန်းမောက်ပေါ့။ ဗန်းမောက်ကတော့ ခုခံတဲ့ဘက်က အားနည်းတော့ ရသွားတာပေါ့။ ဗန်းမော်ကတော့ သိက္ခာအရ ဆက်တိုက်နေတဲ့ သဘောလို့ ယူဆပါတယ်။ အဲဒီ ၂ နေရာကတော့ နည်းနည်းကွာခြားပါတယ်” ဟု ပြောသည်။
KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုမူ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေ လည်း ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1646
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သို့ တပ်မတော်က ကိုယ်စားလှယ်များ စေလွှတ်နေခြင်းသည် မည်သည့် ပုံစံစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းလဲနှင့် မည်ကဲ့သို့ ထူးခြားမှုများဖြစ်လာနိုင်လဲ ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များမှ သုံးသပ်နေကြသည်။
ယခုလထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ် ကြီးများနှင့် ဗိုလ်ချုပ် အဆင့်များ အပါအဝင် အရပ်ဖက် ဝန်ကြီးများကို USDP ပါတီသို့ သွားရောက်၍ လာမည့် ရွေး ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် စေလွှတ်လျက်ရှိသည်။
USDP ပါတီထဲတွင် တပ်မတော် ဝင်ရောက်လာခြင်းက အမိန့်ပေးစနစ်နှင့် ပါတီထဲကို ကူးကြသည့် သဘောဖြစ်ပြီး အဖက်ဖက်ကကြည့်လျှင် စိုးရိမ်စရာကောင်းသည့် အခြေအနေ ဖြစ်နေကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါတွေက မိမိသဘော လွတ်လပ်တဲ့ သဘောဆန္ဒ အလျက်ရောက်တော့ မဟုတ်ဘူးထင်တယ်။ ဗဟိုအမိန့် ပေးမှု အောက်ကနေပြီးတော့ တပ်က အနားယူပြီးတော့ နိုင်ငံရေးပါတီမှာ တာဝန်ထမ်းဆောင်တယ်။ ရွေးကောက် ပွဲ အနိုင်ရလာရင် ရွေးကောက်ပွဲက ပေါ်လာမယ့် လွှတ်တော်တို့ အစိုးရတို့ကိုလည်း တပ်က လူတွေနဲ့ပဲ ဖြည့်ဆည်း သွားမယ့် သဘောမျိုး။ အဲဒီလိုပြင်ဆင်မှုလို့ ယူဆရပါတယ်။ အမိန့်ပေးစနစ်နဲ့ ပါတီထဲကို ကူးကြတဲ့သဘောပါ ဗိုလ်ချုပ်မှူးကြီးသန်းရွေနဲ့ ဗိုလ်ချုပ် မောင်အေးတို့ နှစ်ယောက်က အေးအေးဆေးဆေးပဲ အနားယူ ပြီးတော့ ဒီလွှတ်တော်ကိုတော့ ဗိုလ်ချုပ်ကြီးရွှေမန်းကို အပ်တယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုတော့ အစိုးရအဖွဲ့ သမ္မတအဖြစ် အပ်တယ်။ လူခွဲပြီးတော့ တာဝန်ပေးအပ်တာ အကွက်လှပါတယ်။ ဒါကြောင့် သူတို့ ၅ နှစ် အုပ်ချုပ် လို့ ရသွားတာ။ အခုကျတော့ အဲဒီပုံစံတော့ မဟုတ်ဘူးထင်တယ်။ အကြီးအကဲတွေက နားမယ့် သဘောတော့ မရှိ ဘူး။ အကြီးအကဲတွေ ကိုယ်တိုင်ကလည်းပဲ ရတဲ့နေရာမှာ ဝင်ယူမယ့်သဘောတွေ ရှိနေတော့ စုဖွဲ့ပုံကိုတော့ ဘယ်လိုပုံစံ ဖန်တီးလာမလဲတော့ ကျနော်တို့ မှန်းလို့မရဘူးပေါ့။ ဒါကြောင့် အဖက်ဖက်က ကြည့်ရင်တော့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့တော့ ပြောနိုင်ပါတယ်”ဟု ပြောသည်။

USDP ပါတီကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး နိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ပါနေအောင် ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်များကို အငြိမ်းစားပေး၍ USDP ပါတီသို့ စေလွှတ်ကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။
ထို့နောက် USDP သို့ ဗိုလ်ချုပ်ကြီး ရာထူးကနေ အငြိမ်းစားယူပြီး ဝင်ရောက်သွားခဲ့သော ဦးသိန်းစိန်က ဦးဆောင် ကာ အစိုးရဖွဲ့စည်းခဲ့သလို ဦးမင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးတိုးမြှင့်ပေးကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့က အနားယူသွားခဲ့သည်။
တပ်မတော်သည် အရပ်သားပေါ်တွင် ယုံကြည်မှုအားနည်းခြင်း၊ USDP မှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များ က အမိန့်နာခံသည့် အပိုင်းတွင် ပိုအားကောင်းသည်ဟု ယုံကြည်ပုံရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်.
၎င်းက “တပ်ကို တောက်လျှောက် လေ့လာတဲ့အခါမှာ သာမန်အားဖြင့် အရပ်သားပေါ်မှာ စိတ်ချရတဲ့ အပိုင်းမှာ နည်းနည်း အားနည်းတယ်လေ၊ ဒီအရပ်သားတွေထက်ပေါ့ တပ်က ပုဂ္ဂိုလ်များက ပိုပြီးတော့ ဘာမဆို စည်းကမ်း တကျနဲ့ အမိန့်နာခံမှု ကောင်းကောင်း အလုပ်လုပ်နိုင်တယ်လို့ ယုံကြည်ထားတာကို တွေ့ရတယ်လေ။ USDP အနေနဲ့ ထွက်ပေါ်လာတဲ့ ကိုယ်စားလှယ်တွေကလည်း အမိန့်နာခံတဲ့ အပိုင်းမှာ ပိုပြီးအားကောင်းမယ်လို့ ယုံကြည် ပုံရတယ်လေ။ လာမယ့် လွှတ်တော်မှာ စနစ်တကျနဲ့ သေသေချာချာ ပြင်ဆင်ပြီးတော့ လွှတ်တော်ကြီးကို မောင်းတင်မယ့် သဘောလားတော့ တွေးမိတယ်။ တပ်မတော်က အငြိမ်းစားယူလို့ရှိရင် USDP ပါတီထဲ သွားကြတဲ့ အစဥ်အလာရှိတယ်လေ။ USDP နဲ့တပ်မတော်က တစ်ခုတည်းလိုပဲ၊ တစ်ဖွဲ့တည်းလိုပဲ။ ပြည်သူလူထု အများစု ကလည်း ယုံကြည်ကြတယ်။ USDP ရဲ့မြစ်ဖျားခံရာ သန္ဓေတည်ရာကို ကြည့်မယ်ဆိုရင် တပ်မတော် ဗိုလ်ချုပ်ကြီး များက တည်ထောင်ခဲ့တာ ဖြစ်တော့ပေါ့နော်။ တပ်မတော် အနေနဲ့ကလည်း USDP လွဲပြီး တခြားသော အရပ်သား ဦးဆောင်တဲ့ ပါတီတွေအပေါ်မှာ ယုံကြည်ကိုးစားလိုဟန် မရှိဘူးပေါ့ USDP ပါတီကိုပဲ သွားကြတယ်လို့တော့ အန်တီက မြင်တယ်လေနော်”ဟု ပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးများကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၃ ခုနှစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို တည်ထောင်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ တစ်ခုအနေဖြင့် လှုပ်ရှားခဲ့သော်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် အခါမှာတော့ စစ်ဗိုလ်ချုပ်ကြီးများကို အငြိမ်းစားပေးကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အဖြစ် ပြောင်းလဲ၍ ရွေးကောက်ပွဲ ဝင်စေခဲ့သည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း တပ်မတော်ကနေ စစ်ဗိုလ်ချုပ်များကို USDP ပါတီထံသို့ စေလွှတ်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သလို ယခု ၂၀၂၅ အထွေထွေးရွေးကောက်ပွဲတွင် လည်း စစ်ဗိုလ်ချုပ်ကြီးများအား USDP ပါတီသို့ စေလွှတ်ကာ ရွေးကောက်ပွဲဝင်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က စီစဉ်နေကြောင်း နေပြည်တော်ဘက်မှ သတင်းများထွက်နေသည်။
လက်ရှိတွင် USDP ပါတီသို့ စေလွှတ်ခံထားရသော စစ်ဗိုလ်ချုပ်များမှာ အငြိမ်းစားယူသွားကြပြီးဖြစ်သော ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး(ငြိမ်း)၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း(ငြိမ်း)၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး(ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ဒုတိယဗိုလ်ချုပ် ကြီး တေဇကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်(ငြိမ်း)၊ ဗိုလ်ချုပ်ဇော်နိုင် ဦး(ငြိမ်း)တို့ အပါအဝင် အစိုးရအဖွဲ့ဝန်ကြီး တချို့လည်း ပါဝင်ကြကြောင်း သတင်းများထွက်ပေါ်နေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပမည်ဖြစ်ပြီး ကျန် မဲဆန္ဒနယ်များကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3282
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
KIA သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲဖော်ဆောင်နေမှု ရှုံးနိမ့်နိုင်ပြီး မြန်မာ့တပ်မတော်ဘက်က သူပုန်မမွေးရန်လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေရာတွင် မြန်မာ့တပ်မတော်ဘက်မှ အသာစီး ပြန်ရကာ နေရာအချို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ သည်။
ထိုဗန်းမော် တိုက်ပွဲတွင် KIA ဘက်မှ ရှုံးမှာဖြစ်ပြီး မြန်မာ့တပ်မတော် အနေဖြင့်လည်း သူပုန် မမွေးရန် လိုအပ် ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗန်းမော်ကတော့ KIA ဘက်က ရှုံးမှာပါ။ ဘာကြောင့်လဲဆိုတော့ တဖြေးဖြေးနဲ့ပေါ့။ တပ်မတော်ဘက် ကလည်း သူပုန်မမွေးဖို့ လိုအပ်တာပေါ့။ ချေမှုန်းမယ်ဆိုလည်း အပြီးသတ် ချေမှုန်းနိုင်မှသာ တိုင်းပြည် အေးချမ်း ဖွံ့ဖြိုး တိုးတက်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ သူပုန်က အားနည်းပြီဆိုရင် သူတို့ကနေပြီးမှ ငြိမ်းချမ်း ရေးစကား ကမ်းလှမ်းလိုက်၊ လိုက်လျောထားလိုက်။ အဲဒီအခါကြတော့ ဟိုဘက်က အားမွေးလိုက် အားပြည့်ရင် ပြန်တိုက်လိုက်နဲ့ ပြည်သူပဲနစ်နာပါတယ် ဒီကြားထဲမှာ။ စစ်မက် မဖြစ်ပွားဘဲနဲ့သာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခု ဗန်းမော် အခြေအနေကတော့ ဗန်းမော်ကနေ စပြီးမှတော့ KIA အကုန်လုံး ချုပ်ငြိမ်းသွားအောင် နိုင်ငံတော် အစိုးရက ဆောင်ရွက်သင့်တယ်လို့ ကျနော့် အနေနဲ့မြင်တယ်”ဟု ပြောသည်။

KIA – PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
ဗန်းမော်မြို့ကနေ ပြန်လည်ဆုတ်ခွာနေရချိန်မှာပဲ KIA သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ဆက်သွယ် ကမ်းလှမ်းမှုများရှိနေပြီး နှစ်ဖက် ဆွေးနွေးနိုင်မည့် အခြေအနေကို ညှိနှိုင်းနေကြသည်။
ဗန်းမော်မြို့အား ထိန်းချုပ်နိုင်ရေးအတွက် KIA၊ AA၊ PDF ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်၊ ဗန်းမော်တက္ကသိုလ်နှင့် မြန်မာ့တပ်မတော်၏ စစ်စခန်းတချို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ၈ လတိတိ ခုခံတိုက်ခိုက်ခဲ့ ပြီးနောက် ဩဂုတ် ၄ ရက်မှ စတင်၍ စစ်အင်အားဖြည့်ကာ စစ်ကြောင်း ၇ ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း KIA-AA-PDF များ စိုးမိုးထားသည့် ဗန်းမော်မြို့ အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီးကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗန်းမော်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် အရေးပါသော မြို့ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းမှာ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်- မိုးမောက်-လွယ်ဂျယ်လမ်းကြောင်း တို့ဖြစ်ပြီး ထိုကုန်သွယ်ရေး လမ်းကြောင်းများကို KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဗန်းမော်မြို့အတွင်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ပြသထားစဉ်
မြန်မာ့တပ်မတော် အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများကို အပြီးသတ် ချေမှုန်း၍ရသော်လည်း မချေမှုန်းဘဲ သူပုန်အဖြစ် မွေးထားသည်ဟု လူအများက ထင်ကြပြီး တကယ်တမ်းမှာ မြန်မာ့တပ်မတော်ဘက်မှ သူပုန်မမွေး ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မွေးတယ်၊ မမွေးဘူးဆိုတာက အဲဒါကခက်တယ်။ လူတွေကထင်တာက တပ်မတော်က မွေးတယ်လို့ ထင် တယ်။ တကယ့်တကယ်ကြ တပ်မတော်က မမွေးပါဘူး။ မွေးလို့လည်း မရပါဘူး။ အမေရိကန်တွေလည်း တာလီဘန်တွေကို မမွေးပါဘူး။ အဲဒီတော့ ဘာလဲဆိုတော့ ကိုယ့်အိမ် ကိုယ့်ခြံဝန်းထဲတောင်မှ သစ်ပင်တွေပေါရင်၊ ခြုံတွေပေါရင် တူတူပုန်းတမ်း ကစားလို့ ရတယ်လေ၊ ဒီသဘောပါပဲ။ အဲဒီတော့ အားလုံးက ဒီလောက် ကျယ်တဲ့ နယ်ပယ်ကြီးထဲမှာ ပုန်းအောင်းပြီးတော့ ပြေးပြေး လုပ်လို့ရတယ်။ လူကြားထဲမှာ ပျောက်နေလို့ရတယ်။ ပြောက်ကျားစစ် ဆင်နွှဲလို့ရတယ်။ အဲဒီတော့ တပ်မတော်ကလည်း မွေးမထားပါဘူး။ သို့သော်လည်း စစ်ရဲ့ ပုံစံ ကိုက ဒါက ပြည်တွင်း ပြောက်ကျားစစ်ဆိုတာ အမြစ်ပြတ်သွားဖို့က နိုင်ငံရေးဘက်က ပါမှရတာပေါ့။ ဒါကိုလည်း တစ်ဖက်ကလည်း နိုင်ငံရေးဘက်က ပါအောင်လို့ ရွေးကောက်ပွဲ လုပ်တယ်။ နောက်ကြ PR တို့ဘာတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့၊ အခြေခံဥပဒေ ပြင်ဆင်တာတို့ ဒါလုပ်တယ်ဆိုရင်တော့ တဖြေးဖြေးနဲ့ ပပျောက်သွားမယ်ဆိုပြီး နိုင်ငံရေးဘက်ကနေ ကစားပေးတယ်လို့ ယူဆတယ်လေ” ဟု ပြောသည်။
KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း KIA-AA- PDF ဘက်က အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ တပ်မတော်ဘက်ကလည်း အရာရှိ/စစ်သည် အချို့ ကျဆုံးခဲ့ကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမောက်မြို့ သိမ်းပိုက်နိုင်ရေး အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 869
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်သည့်အပေါ် ဒေသခံများက လုံခြုံရေးစိုးရိမ်မှုများ ရင်ဆိုင်နေရသည်ဟု ဒေသခံ များက ပြောသည်။
ဗန်းမောက်မြို့သိမ်း ထိုးစစ်ဆင်မှုကို KIA၊ ကဒူးတပ်ဖွဲ့၊ PDF ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။
ဗန်းမောက်ဒေသခံ ကိုစိုင်းလင်းက “အခု ဗန်းမောက်မြို့ကို KIA ရော၊ ကဒူးတပ်ဖွဲ့ရော၊ တခြား PDF တွေကို ရောက်လာတယ်။ ထိန်းချုပ်ထားတယ်ဗျ။ ရှမ်းနီ SNA ရော၊ တပ်ရော ဆုတ်သွားတယ်။ ဒါပေမယ့် ဒေသခံတွေက မပျော်နိုင်ဘူးဗျ စိုးရိမ်မှုတွေပဲ ဖြစ်နေကြတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က လေယာဉ်နဲ့ ဗုံးတွေ ကြဲနေတယ်။ အဲတော့ KIA က တစ်ရက် ပိုထိန်းချုပ်လေ တစ်ရက်ပိုပြီး မြို့က ပျက်လေဖြစ်မှာ။ ဒေသခံတွေလည်း မယုံသင်္ကာ ဖြစ်ပြီး ဖမ်းတာဆီးတာ သတ်တာဖြတ်တာတွေ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူးလေ။ ဒါကြောင့် ဒေသခံတွေ က မြို့သိမ်းတာမဟုတ်ဘဲ မြို့လာပျက်တယ်လို့ မြင်ကြတာ။ သူတို့လုံခြုံရေးကိုလည်း စိတ်ပူနေကြရတယ်”ဟု ပြောသည်။
ဗန်းမောက်မြို့နယ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က အဓိက လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်၏ တပ်မ ၇၇ ကတော့ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်သည်။

ဗန်းမောက်မြို့အတွင်းကို တွေ့ရစဉ်
လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်သည့် ဗန်းမော်မြို့ကို တပ်မတော်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် မြေပြင်ထိုးစစ်ပြန်လည် ဆင်ခြင်းကြောင့် မြို့ပျက်ခြင်းဖြစ်သွားသည်ကို လေ့လာကြည့်ပါက ဗန်းမောက်ဒေသခံ များ၏ စိုးရိမ်မှုသည် လက်တွေ့ဆန်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့် နေသူ တစ်ဦးက ပြောသည်။
၎င်းက “ ဗန်းမောက်မြို့ ဒေသခံတွေရဲ့ စိုးရိမ်မှုကလည်း လက်မခံလို့ မရဘူး။ တကယ့် လက်တွေ့မှာ သူတို့ စိုးရိမ် သလိုဖြစ်နေတာတွေကလည်း ရှိနေတာကိုး။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ KIA-PDF တို့ သိမ်းပိုက်တဲ့ မြို့ တွေ၊ သိမ်းပိုက်ခဲ့တဲ့ မြို့တွေကို လေ့လာကြည့်ရင်လည်း မြင်နိုင်ပါတယ်။ ထီးချိုင့်မြို့ အခု ပျက်သွားပြီ၊ ကောလင်း မြို့ ပျက်သွားပြီ ဒီ ၂ မြို့လုံးကို KIA-PDF မထိန်းနိုင်ဘူး စစ်တပ်လက်ထဲ ပြန်ရောက်သွားတယ်။ ဒါပေမယ့် မြို့က ပျက်သွားပြီး ဒေသခံတွေက စစ်ဘေးသင့်သလို ရှိသမျှ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးသွားကြရတယ်။ ပင်လည်ဘူးမြို့ကိုလည်း လေ့လာကြည့်နိုင်ပါတယ်။ ဒီအခြေအနေကို မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်တဲ့ တော်လှန် ရေး အင်အားစုတွေက ပြန်သုံးသပ်သင့်တယ် ထင်တယ်”ဟု ပြောသည်။
လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

KIA-PDF မြို့သိမ်းပြီးနောက် ဗန်းမော်မြို့ပျက်သွားသည်ကို တွေ့ရစဉ်
အလားတူ မြန်မာ့တပ်မတော်ကလည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်လာပါက ဗန်းမောက်မြို့ သည် မြို့ပျက်ကြီး ဖြစ်သွားမည်ကို စိုးရိမ်နေကြသလို ဒေသတွင်နေ ပြည်သူများသည်လည်း စစ်ဘေးရှောင် ဘဝရောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဗန်းမောက်မြို့မှ လုပ်ငန်းရှင်တစ်ဦးက “ အရင် SNA က ဗန်းမောက်မြို့ကို လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အဓိက ယူတယ်။ တပ်က မြို့ပေါ်မှာ ဒီတိုင်းနေပြီး သူ့ဘာသာ အေးဆေးနေတယ်။ သူတို့နှစ်ဖက် ပြဿနာမရှိဘဲ ဗန်းမောက်မြို့ကို တည်ငြိမ်အောင် လုပ်ထားနိုင်တော့ ဒေသခံတွေက အေးအေးချမ်းချမ်းနဲ့ နေထိုင်ကြတယ်။ စီးပွားရေး လုပ်ကိုင်ရှာဖွေလို့ရတယ်။ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ အခုက တော်လှန်ရေးတပ်ဖွဲ့က ဗန်းမောက်မြို့ကို သိမ်းလိုက်တော့ တစ်ဖက်က ပြန်တိုက်ခိုက်လာမှာပဲလေ။ အဲကျ မြို့ကပျက်တော့မှာကို ဒေသခံ တွေက စိုးရိမ်နေကြတာ”ဟု ပြောသည်။
ဗန်းမောက်မြို့သည် ကချင်ပြည်နယ်ဝင်ရောက် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြို တင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့တွင်း မီးလောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။
ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေတာလည်းဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 432
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀
တပ်မတော်အတွက် နာမည်ကောင်းကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် တပ်နယ်မိသားစုများနှင့် တွေ့ဆုံ စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော် ကာကွယ်ရေးအတွက် ကာကွယ်ရေးစွမ်းပကားများ တိုးတက်စေ ရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားရမည်၊ မိမိကိုယ်ကို ကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ပြီး တပ်မတော် သားကောင်းများ ပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တပ်မတော်အတွက် နာမည်ကောင်း ကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း” ပြောသည်။
ယနေ့ခေတ်သည် သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညိ လူမှုကွန်ရက်များ အသုံးပြုရာတွင်လည်း အကျိုးမဲ့ ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကို ထိခိုက်စေနိုင်မည့် လုပ်ဆောင်ချက်များ မဖြစ်အောင် တစ်ဦးချင်း အသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေး ကြပ်မတ်ပေးနေရန်လိုကြောင်း ၎င်းက ပြောသည်။

အုပ်ချုပ်မှုကောင်းအောင်၊ သက်သာချောင်ချိမှုများရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် တပ်မတော်သား တစ်ဦးချင်းစီ စိတ်ဓာတ်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ် တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး ၄ ရပ်ကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော် က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်ကို တစ်နိုင်ငံလုံးတွင် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြခဲ့ကြသလို ဖြုတ်ချရေးအတွက် လည်း လက်နက်ကိုင်တော်လှန် လာခဲ့ကြသည်။
နိုင်ငံတကာကလည်း သံတမန်ဆက်ဆံရေးများ ဖြတ်တောက်ကာ အထီးကျန်ဘဝကို ရောက်ရှိအောင် ဆောင်ရွက် ခဲ့ကြသည်။
သို့သော် အိန္ဒိယ၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများက သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့မှ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားလာခြင်းကြောင့် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ပြန်လည် အားကောင်းလာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 312
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁၁ လက်အောက်ခံ တပ်ရင်း ၁၂ နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းတွင် လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသူ ၁၇ ဦး ရှိလာပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးရုပ်အလောင်းတွေကို တွေ့ရစဉ် (KNG)
အဆိုပါ တပ်ရင်း ၁၂ နေရာတွင် KIA က စစ်သင်တန်းပေးရန်အတွက် ပြင်ဆင်နေစဉ်မှာ လေကြောင်း တိုက်ခိုက်ခံ ရခြင်းဖြစ်ကြောင်း KIA နှင့်နီးစပ်သူများက ပြောသည်။
လက်ရှိတွင် KIA သည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေသလို ဗန်းမော်မြို့ထိန်းချုပ်နိုင်ရေး တိုက်ပွဲကိုလည်း ဖော်ဆောင်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 342
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
တီမောနိုင်ငံ(တီမောလက်စ်တေနိုင်ငံ)မှ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း တီမောနိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ်က ပြောသည်။
ဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တီမောနိုင်ငံ၊ ဒီလီမြို့၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန်လည်း ကမ်းလှမ်းခဲ့သည်။
ဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံ ပဋိညာဥ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှု မပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှုပ်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့သည် ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အာဆီယံ နိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှုပ်ရေးအတွက် ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
တီမောနိုင်ငံသည် မြန်မာ့တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖြုတ်ချ ရေး ဆန့်ကျင် တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုကြောင်းနှင့် နိုင်ငံအတွင်း မှာ ရုံးဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ပြောထားဖူးသည်။
တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာနှင့် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ၂၀၂၄ ခုနှစ်က ကုလသမဂ္ဂညီလာခံ ပြင်ပ၌ တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ဇင်မာအောင်က မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့သည်။
အဆိုပါ အခြေအနေများအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီး ချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီး ရှားသမ္မတ ဘရာဘိုဝို အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးကာ ထောက်ခံမှုများ ရရှိလာ ပြီးနောက်မှာ တီမောနိုင်ငံ၏ ရပ်တည်ချက် ပြောင်းလဲလာသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 277
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပသည့် (၁၂) ကြိမ်မြောက် ဘေကျင်းရှန်းစန်းဖိုရမ်(12th Beijing Xiangshan Forum)သို့ မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်တက်ရောက်ရန်အတွက် ဘေကျင်းမြို့သို့ ရောက်ရှိခဲ့သည်။
ထို့နောက် စက်တင်ဘာ ၁၇ ရက်က ဘေကျင်းမြို့ ပါယိခန်းမ၌ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း(Dong Jun)နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘက် နည်း ပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး တုန်ကျွင်းတို့ တွေ့ဆုံ ဆွေးနွေးနေစဉ်
စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှာတော့ ဘေကျင်းရှန်းစန်းဖိုရမ်(12th Beijing Xiangshan Forum) ဖွင့်ပွဲ အခမ်းအနားနှင့် စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက Strategic Mutual Trust and Security Cooperation in the Asia-Pacific Region ခေါင်းစဉ်ဖြင့် Plenary Speech ပြောကြားခဲ့ သည်။
အဆိုပါ ဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ စစ်ဦးစီးချုပ်များနှင့် ကျွမ်းကျင် သူများ ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
