- By CNI
- Category: နိုင်ငံရေး
- Hits: 481
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် အဆို ၁၀ ခု ပြင်ဆင် ထားရှိရန် ပါတီဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးခင်ရီက ညွှန်ကြားထားကြောင်း USDP ပါတီ၏ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက”တခြားလူတွေလည်း ပြင်ရတယ်။ လူတစ်ယောက်ကို အဆိုတွေ၊ မေးခွန်းတွေ၊ ဆယ်ခုစီပြင်ဆင်ထားဖို့ ဥက္ကဋ္ဌကြီးက ညွှန်ကြားထားတယ်။ ကျနော်လည်း ပြင်ဆင်ထားတယ်။ ဥပမာအားဖြင့် ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်ရုပ်သိမ်းခွင့်ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်ရုပ်သိမ်းခွင့်။ နောက်တစ် ခါ ပုဒ်မ ၂၆၁ အခြေခံဥပဒေကိုပြင်ပေးဖို့။ အဲဒါကိုလည်း ကျနော်တို့က မဲခွဲပြီးတော့ဆောင်ရွက်ပေးဖို့။ နောက် တစ်ခါ ကျနော်တို့ P သုံးလုံးပေါ့ဗျာ။ ဟိုဟာပေါ့ ပြည်သူပါဝင်တဲ့ ရင်းနှီးမြုပ်နှံမှုပေါ့။ အဲဒီဟာကို P သုံးလုံး Law ဆိုတာမရှိဘူး။ မရှိတဲ့အခါကြတော့ P သုံးလုံး Law ပြဋ္ဌာန်းပေးဖို့။ ဒါရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနကို ကျနော် တို့က အဲဒီဟာအဆိုတင်သွင်းမယ်။ ဘာလို့ဆိုတော့ ဒီ P သုံးလုံး Law က လုပ်လိုက်လို့ရှိရင်တော့ အဆင်ပြေမှာလေ။ အခုက ကျနော်တို့နိုင်ငံ Law မရှိဘူးဖြစ်နေတာ။ အဲဒီ ဥပမာဗျာ ဟိုနေ့ကဆိုလို့ရှိရင် ဒါ ယာယီ သမ္မတကြီးကလည်း ပြောတယ်လေ။ နိုင်ငံက စိုက်ပျိုးရေးကို အခြေခံသွားမယ်ဆိုတော့ ဆည်တွေ၊ မြောင်းတွေက မြန်မာပြည်မှာက သိတဲ့တိုင်း အစိုးရကလုပ်တာကြီးပဲ။ မြန်မာပြည်မှာက မိုးကောင်းသောက် တွေများတယ်။ အဲဒီတစ်ပိုင်တစ်နိုင်ဆည်လေးတွေ ကိုယ့်ဟာကို ပုဂ္ဂလိကကိုလုပ်ခွင့်ပေးလိုက်ရင် ဥပဒေပြဋ္ဌာန်းပြီး တော့ လုပ်ခွင့်ပေးလိုက်ရင် ပိုပြီးတိုးတက်လာမယ်လို့ ကျနော်မြင်တယ်”ဟု ပြောသည်။

ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်ရီ
လာမည့် လွှတ်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီတို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှု ရရှိထားသည့် ၄၃ ချက်ကို ဦးစားပေးဆွေးနွေးလာနိုင်ကြောင်း နိုင်ငံရေးပါတီများက သုံးသပ်ထားကြသည်။
ထို ၄၃ ချက်အနက် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရေးကို အားလုံးက လိုလားနေကြခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ဆိုသည်မှာ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော် အမတ်များထဲမှ ၎င်းလိုလား သူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းဖြစ်သည်။
ထို့ကြောင့် လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ကို စတင် ပြင်ဆင်မည်ဟု ရည်မှန်းထားကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံလျှင် ပြင်ဆင်၍ ရကြောင်း USDP ပါတီ၏ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ မှ CNI သတင်းဌာန သို့ ပြောသည်။
မြန်မာနိုင်ငံတွင် တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များက ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဟု ပြောဆိုထားကြကြောင်း၊ သို့သော် ပုဒ်မ၂၆၁ သည် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကွဲလွဲနေကြောင်း ၎င်းက ပြောသည်။

USDP ပါတီဆိုင်းဘုတ်ကို တွေ့ရစဉ်
ဦးလှဆွေက” အဲဒီတော့ ကျနော်ပြောတာက ခုနက အခြေခံဥပဒေပြင်မယ်လို့ ပြောတယ်။ ၂၀၁၀ တုန်းက၊ ၂၀၁၀၊ ၂၀၁၅ မှာ လည်း ၂၆၁ ကိုပြင်မယ်လို့ပြောတယ် ပြင်လို့မရခဲ့ဘူး။ ၂၀၁၅၊ ၂၀၂၀ လည်း ဒေါ်စုကြည်တို့ ပြင်မယ်လို့ ပြောတယ် ပြင်ဖို့ရာ မရခဲ့ဘူး။ မပြင်နိုင်ခဲ့ဘူးပေါ့နော်။ ပုဒ်မ ၂၆၁ က ဘာကိုပြောတာလဲဆိုတော့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တွေက သူ့ပြည်နယ်နဲ့ တိုင်းအလိုက် လွှတ်တော်ထဲကနေ ရွေးကောက်ခွင့်ပေါ့နော်။ အဲဒီလို ရွေး ကောက်ခွင့်ကို ပြင်ဆင်ပေးရမှာ။ အခြေခံဥပဒေကိုပြင်ရမှာ။ အခြေခံဥပဒေထဲမှာက ၂၆၁ မှာဘယ်လိုပါလဲ ဆို တော့ သမ္မတက nominated လုပ်ပြီးတော့ ပေးတဲ့လူကို အောက်ကလွှတ်တော်ကနေ အတည်ပြုပေးရတာပေါ့ဗျာ မကြိုက်ရင် တစ်ခါပြန်ကန့်ကွက်၊ ကန့်ကွက်ပြီး နောက်တစ်ယောက်ကို နာမည်စာရင်းပေးပေါ့။ အဲဒါကိုကျနော်တို့ က ကိုယ့်လွှတ်တော်နဲ့ ကိုယ့်ဟာကိုယ်အဆိုတင်၊ ကိုယ့်ဟာကိုယ် မဲခွဲဆုံးဖြတ်၊ ဝန်ကြီးချုပ်ခန့်။ အဲဒီစနစ် လုပ်လို့ရတာ။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ တပ်မတော်ကလည်းပြောတယ်၊ ကျနော်တို့ USDP ကလည်းပြောတယ်၊ အတိုက်အခံပါတီတွေကလည်းပြောတယ်၊ EAO တွေကလည်းပြောတယ်၊ ပြောပြီးတော့ ဒီပုဒ်မကြီးက ဖက်ဒရယ်ဒီမိုကရေစီနဲ့ တခြားစီဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီပုဒ်မပြင်ကိုပြင်ရမယ်။ ဒါသည် မဲခွဲပြီးတော့ တစ်နိုင်ငံလုံးရဲ့ ဆန္ဒမဲနဲ့ ထက်ဝက်ကျော်က ပြင်ရမယ့် အပိုဒ်ထဲမှာ ဒီကောင်ကမပါဘူး။ လွှတ်တော် ထဲမှာပဲ ၇၅ ရာခိုင်နှုန်းက မဲခွဲလိုက်လို့ အတည်ဖြစ်တယ်ဆိုရင် အဲဒီအခြေခံဥပဒေပြင်လို့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က အဲဒါကစပြင်မယ်လို့ ကျနော်တို့က ရည်မှန်းထားတယ်”ဟု ပြောသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်က စတင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးခင်ရီ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဉီးမောင်မောင်အုန်းတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ထို့ပြင် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ဒုတိယသမ္မတ (၂) အဖြစ် ရေပန်းစားနေခဲ့သည့် USDP ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဒေါ်ဒွဲဘူကိုမူ အမျိုးသားလွှတ်တော်၏ သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 570
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
မြန်မာနိုင်ငံတွင် တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး လက်နက်ဖြုတ်ပြီး စုပေါင်းရန်မှာ မလွယ်ကူကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်း ဌာနသို့ ပြောသည်။
တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်စွန့်လွှတ်ပြီး နိုင်ငံတော်တပ်မတော် တစ်ခု တည်းအဖြစ် အောင်မြင်စွာ စုပေါင်းဖွဲ့စည်းနိုင်ခဲ့သည့် သာဓကများ ကမ္ဘာ့သမိုင်းတွင် ရှိခဲ့သည်။
သီရိလင်္ကာ၊ ဆွစ်ဇာလန်၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် တောင်အာဖရိက နိုင်ငံတို့သည် တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ကို စုပေါင်းကာ နိုင်ငံ၏ တစ်ခုတည်းသော တပ်မတော်အဖြစ် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဖြစ်လာနိုင်ရန်အတွက် ဦးစွာဆွေးနွေးရမှာဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် နယ်လ်ဆင်မန်ဒဲလားနှင့် ဒက်စမန်တူးတူး တို့ကဲ့သို့ ခေါင်းဆောင်မျိုး မရှိသေးသဖြင့် လက်နက်ဖြုတ်၍ စုပေါင်းခြင်းသည် မြန်မာနိုင်ငံ၌ မလွယ်ကူကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ်တစ်က ဆွေးနွေးရမှာပေါ့။ ဒါပေမယ့် နံပါတ်နှစ်ကတော့ ကျနော်တို့ဆီမှာ အခုလောလောဆယ် နယ်လ်ဆင်မန်ဒဲလား တို့လို၊ ဒက်စမန်တူးတူး (Desmond Tutu) တို့လို ပုဂ္ဂိုလ်မျိုး၊ ခေါင်းဆောင်မျိုးကလည်း မရှိ သေးဘူးပေါ့။ မရှိတဲ့အခါကြတော့ အခုလောလောဆယ်မှာ အဲဒီလို လက်နက်ဖြုတ်ပြီးတော့မှ ပြန်ပြီးတော့မှ စုပေါင်းတယ် ဆိုတာမျိုးကတော့ ကျနော်တို့ နိုင်ငံမှာတော့ ချက်ချင်းဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါက တဆင့်ပြီးတဆင့် သွားရမယ့်ကိစ္စ ဖြစ်တယ်။ သို့သော်လည်းပဲ တဆင့်ပြီးတဆင့် ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်က တစ်ခါ တည်း စိတ်အလောကြီးပြီးမှ အကုန်ဖြုတ်ကွာ၊ ငါတော့ အရင်ဖြုတ်မယ်၊ ငါဖြုတ်ရင် မင်းတို့လည်း ဖြုတ်ကွာဆို တာမျိုး လုပ်တာလည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ အလျင်စလိုလုပ်ဖို့ မသင့် ဘူးပေါ့။ အလျင်စလို လုပ်တဲ့အခါကြတော့ အခက်အခဲတွေ၊ အသေးစိတ်တွေ တချို့ကို ကျနော်တို့က ကျော်သွား နိုင်တယ်။ မကြည့်ဘဲနဲ့ ကျော်သွားနိုင်တယ်။ အဲဒီအခါကြတော့ နောက်ပိုင်းမှာ အခက်အခဲတွေ ဒီထက်ပိုကြီးလာ တာ တွေ့တယ်ဆိုရင် အဲဒီအချိန်မှာ ကျော်လွှားဖို့ ခက်သွားမယ်ပေါ့။ ဘယ်နည်းနဲ့မဆို ကျနော်တို့ ဆွေးနွေးဖို့ လိုပါ တယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ အကောင်းဆုံး နည်းလမ်းကို သုံးနိုင်ပါတယ်။ အခု ကျနော်ပြောခဲ့တဲ့ ဆွစ်နည်း လမ်း၊ နောက်ပြီးတော့ ခင်ဗျားပြောတဲ့ တောင်အာဖရိက နည်းလမ်းတွေ ဘယ်လို ဆက်စပ်ပြီးတော့မှ ယူမလဲဆို တာတွေ စဉ်းစားပေါ့။ နီပေါလုပ်တဲ့ နည်းလမ်းတွေလည်း အကုန်လုံး လေ့လာပြီးတော့မှ ကျနော်တို့ ပေါင်းစပ်ပြီး တော့မှ လုပ်နိုင်ပါတယ်။ ငါတို့လုံးဝ မတိုက်ဘူးဆိုတော့ သဘောတူဖို့ လိုတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် သမိုင်းကြောင်းအရ ကြည့်လျှင် လက်နက်ကိုင် အဖွဲ့အားလုံးကို တပ်မတော် တစ်ခုတည်းအောက် စုစည်းရန်မှာ မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း အင်မတန် စိန်ခေါ်မှုကြီးမားပြီး ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ရှိနေကြောင်း၊ ထိုလက်နက်ကိုင် ပေါင်းများစွာ တည်ရှိနေသော မြန်မာနိုင်ငံအား ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး အားလုံး ကြွေးကြော် တည်ဆောက်လျက်ရှိသည်။
နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည့်အတွက် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်ရန် အလွန်ခက်ခဲကာ ယခင်ကလည်း နယ်ခြားစောင့်တပ် (BGF) ပုံစံမျိုးဖြင့် ပေါင်းစည်းရန် ကြိုးစားခဲ့ဖူးသော်လည်း အောင်မြင်မှု မရခဲ့သည့် အခင်းအကျင်းဖြစ်သည်။
လက်ရှိတွင်လည်း လက်နက် ဆက်ကိုင်ချင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တပ်မတော်နဲ့ အတူ နယ်ခြားစောင့်တပ်ဖွဲ့(BGF)များတွင် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု ဖိတ်ခေါ်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ ထိုပုံစံကို လက်မခံကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အနေအထားသည် အခြားနိုင်ငံများနှင့် မတူညီသည့်အတွက် ပုံတူကူးချ၍ မရသည့် အနေအထား မျိုး ဖြစ်ကြောင်း၊ လက်နက်များ ကိုင်ထား၍ လိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်ကို ပွင့်ပွင့်လင်းလင်း စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ပြောဆိုနိုင်ကြရန် အရေးကြီးကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

တော်လှန်ရေးအင်အားစုကို တွေ့ရစဉ်
၎င်းက “မြန်မာနိုင်ငံ အနေအထားကတော့ တခြားနိုင်ငံတွေရဲ့ အနေအထားနဲ့ မတူညီဘူး။ တခြားနိုင်ငံတွေကို ပုံတူကူးချလို့လည်း မရနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ မြန်မာနိုင်ငံ သမိုင်းကြောင်းက တခြားနိုင်ငံတွေရဲ့ သမိုင်းကြောင်းနဲ့ မတူဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တွေရဲ့ အကျိုးစီးပွား၊ လက်နက်ကိုင်တွေရဲ့ စိတ် ဓာတ်၊ လက်နက်ကိုင်တွေရဲ့ သမိုင်းကြောင်းဆိုင်ရာ ခံယူချက်ပေါ့။ အဲဒါတွေက တခြားနိုင်ငံက လက်နက်ကိုင် တွေနဲ့ လုံးဝကွဲပြားတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ ခုနက နိုင်ငံတွေအတိုင်း လုပ်လို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဘာပဲ ဖြစ်နိုင်မလဲဆိုတော့ အားလုံး တွေ့ဆုံဆွေးနွေး ပြီးမှပဲ အလုပ်ဖြစ်မယ်။ အားလုံးက လက်နက်တွေကို ကိုင် ထားလည်း ရတယ်၊ ခဏထားခဲ့လည်း ရတယ်။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံ၊ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်အကျိုးစီးပွားကို ပဓာန မထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြဖို့ အရေးကြီးတယ်။ မျက်နှာချင်းဆိုင်ကြဖို့ အရေးကြီးတယ်၊ တွေ့ဆုံဆွေးနွေးကြဖို့ အရေးကြီးတယ်။ ဒါကြောင့်မို့လို့လည်း စားပွဲဝိုင်းကို လာကြပါ၊ လာကြပါဆိုပြီးတော့ နိုင်ငံတကာကလည်း တောင်းဆိုနေကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ အနေအထားက တခြားနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့တော့ ပြောလို့တော့ မရဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး သည် တပ်မတော်၏ ကွပ်ကဲမှုအောက်၌ ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်ဖွဲ့(သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဆိုသည့် နည်းလမ်းအစား အမျိုးသားအစောင့်တပ်ဖွဲ့(သို့မဟုတ်) ပြည်နယ်အစောင့်တပ်ဖွဲ့ ပုံစံမျိုးဖြင့် ဆွဲဆောင်စည်းရုံး၍ ငြိမ်းချမ်းရေးကို တည်ဆောက်သင့်လား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 428
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
၁၉၄၇ ခုနှစ်က တိုင်းရင်းသားပေါင်းစုံ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ပစ်ပယ်ထားပါက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကို မရပ်တန့်နိုင်သလို ငြိမ်းချမ်းရေးလည်း မရနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗြိတိသျှကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရယူပြီး မြန်မာနိုင်ငံအဖြစ် တည်ထောင်ရန်အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗမာမဟုတ်သော တိုင်းရင်းသား ခေါင်းဆောင်များကြား ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း-ပြည်မ ပေါင်းစည်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သော်လည်း ပင်လုံစာချုပ်ပါ သဘောတူညီ ချက်များမှာ ယနေ့အထိ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်း ထူထောင်မည့် ပြည်ထောင်စုတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းတောင်တန်းဒေသများတွင် မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။

ငြိမ်းချမ်းရေးအတွက် ပင်လုံကြွေးကြော်မှုကို တွေ့ရစဉ်
ထို့အတူ ပြည်မ ဗမာလူမျိုးတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိ ရမည်ဟုလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် ပင်လုံစာချုပ်အား ပစ်ပယ်ထားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ပင်လုံစာချုပ်ကို အကောင် အထည် မဖော်ပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲကတည်းက အတည်ပြု ပြီးကတည်းက ဆေးနည်းပေးပြီးသားပေါ့နော်။ ဆေးနည်းပေးပြီးသားကို ကျနော်တို့ မသုံးခဲ့လို့ ဒီလိုပြဿနာတွေ ဖြစ်တာပေါ့နော်။ အဲဒီဆေးနည်းကို သုံးဖို့လိုပါတယ်။ ဆေးနည်းက ဘာလဲဆိုတော့ အားလုံးနဲ့ဆိုင်တဲ့ ပြဿနာကို အားလုံးပေါင်းပြီးတော့မှ စီမံခန့်ခွဲဖို့လိုတယ်။ ကိုယ်နဲ့ဆိုင်တဲ့ ပြဿနာကို ကိုယ့်ပါ့သာကိုယ် စီမံခန့်ခွဲဖို့ လိုတယ်။ ဖက်ဒရယ်စနစ်ကို ထူထောင်တဲ့နိုင်ငံတိုင်း အသုံးပြုရမယ့် နည်းဖြစ်တယ်။ ဒီနည်းကို ပင်လုံစာချုပ်က ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒီပြဋ္ဌာန်းတဲ့နည်းကို ကျနော်တို့က အားလုံးဝိုင်းသုံးလို့ရှိရင် ဒီပြဿနာကို ဖြေရှင်းလို့ရတယ်။ ကျနော်တို့ နိုင်ငံကို ပြည်ထောင်စုနိုင်ငံ ဖြစ်ချင်တယ်လို့ အားလုံးပြောနေကြတယ်။ ပြည်ထောင်စုနိုင်ငံကို ဖြစ်ချင်တယ်ဆိုရင် သူ့ရဲ့ပေတံက ပင်လုံပဲ။ ပင်လုံက ဘာပြောထားလဲဆို အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စမှာ အားလုံးက စီမံခန့်ခွဲဖို့ လို တယ်။ ကိုယ်နဲ့ပတ်သက်တဲ့ ကိစ္စကို ကိုယ့်ပါ့သာ စီမံခန့်ခွဲဖို့ဆိုတာ ပင်လုံက ပေးထားတယ်။ ဒါကို စွန့်ပစ်ထားခဲ့ တာ ကြာပြီ။ ဒါကိုပြန်သုံးဖို့ လိုတယ်။ အခုဖြစ်နေတာက ကိုယ်နဲ့ဆိုင်တဲ့ ပြဿနာကိုလည်း ကိုယ်က လုပ်ချင် တယ်ဆိုတဲ့ အပိုင်းရှိတယ်။ အများနဲ့ဆိုင်တဲ့ ပြဿနာကိုတော့ ကိုယ်က မပါချင်ဘူးဆိုတဲ့ လူတွေလည်းရှိတယ်။ တချို့ကျတော့ အများနဲ့ဆိုင်တဲ့ဟာကလည်း ငါပိုင်တယ်။ သူတို့နဲ့ဆိုင်တဲ့ဟာကလည်း ငါပါတယ်ဆိုတဲ့ဟာမျိုး လည်း ရှိတယိ။ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဘယ်နည်းနဲ့မှ ဖြေရှင်းလို့မရနိုင်ပါဘူး” ဟု ပြောသည်။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဥ်က နိုင်ငံရေး အခင်းအကျင်းနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ မတူညီတော့ ကြောင်း၊ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်အရ နိုင်ငံကို ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် ပင်လုံစာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး ကျဆင်းမှုများ ကြုံတွေ့ နေရခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ထောက်ပြကြသည်။

ငြိမ်းချမ်းရေးအတွက် ပင်လုံကြွေးကြော်မှုကို တွေ့ရစဉ်
အဓိကအားဖြင့် ဒီမိုကရေစီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အာမခံချက် အပြည့် အဝ ရှိသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် ပင်လုံစာချုပ်၏ အရေးပါမှုကိုလည်း မျက်ကွယ်ပြု၍ မရနိုင်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ လွတ်လပ်ရေးရပြီး သမိုင်းကြောင်း တစ်လျှောက်မှာပေါ့လေ၊ လွတ်လပ်ရေးနဲ့အတူ မွေးဖွား လာတဲ့ ပင်လုံစာချုပ်ရဲ့ အရေးပါမှုကိုလည်း ကျနော်တို့ မျက်ကွယ်ပြုလို့တော့ မရပါဘူး။ ဆိုတော့ကာ ကျနော်တို့ နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲခေါ်ခေါ် အဓိက,ကတော့ ဒီမိုကရေစီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေး အာမခံချက် အပြည့်အဝရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုရင်တော့ ခုနက ပြည်ထောင်စုကို မွေးဖွားခဲ့ဖူးတဲ့ မွေးဖွားပေးလိုက်တဲ့ ပင်လုံစာချုပ်ကိုလည်းပဲ ကျနော်တို့ မျက်ကွယ်ပြုလို့ မရဘူးလို့တော့ ကျနော့် အနေနဲ့ အဲဒီလိုပဲ နားလည်တယ်။ ခုနက ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ဆိုတော့ ကျနော်တို့ ပြောနေတဲ့ ဒီအနာဂတ်ဖက်ဒရယ် ပြည်ထောင် စုက အဲဒီနာမဝိသေန ဆယ်ခုနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုကို ပြောနေတာ ဖြစ်တယ်။ အဲဒီ နာမဝိသေသန ဆယ်ခု ထဲမှာ ဆိုရင်လည်းပဲ ပင်လုံစိတ်ဓာတ်နဲ့အညီလို့ အတိအကျ ပြောဆိုကောက်နှုတ် ရေးသားလာတာ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အရေးပါမှုကတော့ မနည်းပါဘူး ဆိုတာကိုတော့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ထောင်ခဲ့သည်မှာ (၇၉)နှစ် ပြည့်ပြီးခဲ့ပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပိုမို ပြင်းထန်စွာဖြစ်ပွားနေသည်။
ထို့နောက် တချို့သော လက်နက်ကိုင်များက ဖက်ဒရယ်ထက် ကျော်လွန် စဉ်းစားလာသလို တချို့က ခွဲထွက်ရေး အထိ စဉ်းစားချုပ်များပင် ရှိလာနေကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် မြန်မာ့တပ်မတော်နှင့် လက်နက် ကိုင်များကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဖြင့်လည်းကောင်း၊ တစ်ဖွဲ့ချင်းစီ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(Bilateral)ဖြင့်လည်းကောင်း ချုပ်ဆိုထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 265
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင်အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
Jeng Phang နော်တောင်သည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးချယ်ခံရခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 382
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
တတိယအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးသည်မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးသည် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် အမှတ် (၃) မှ ရွေးကောက်ခံရခြင်းဖြစ်သည်။
ဦးအောင်လင်းဒွေးသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်လာသည့် ဦးအောင်လင်းဒွေးသည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ပထမ ၂ နှစ်ခွဲကာလအတွက် ပြည်ထောင်စုလွှတ်တော်နာယကတာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 495
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
တတိယအကြိမ် အမျိုးသားလွှတ်တော်၏ သဘာပတိအဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဒေါ်ဒွဲဘူက တင်မြှောက်ခံရသည်။
တတိယကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် လ ၁၈ ရက်မှာ စတင်ကျင်းပနေခြင်း ဖြစ်သည်။
ထိုအစည်းအဝေးတွင် အမျိုးသားလွှတ်တော်၏ သဘာပတိအဖြစ် ဒေါ်ဒွဲဘူကို အမည်စာရင်း တစ်စောင်သာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 611
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြားထဲတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်းချင်း စစ်ရေး ပဋိပက္ခဖြစ်ပွားရ သည့် အကြောင်းရင်းသည် မည်သည့် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသလဲဆိုသည်ကို စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူများအကြား သုံးသပ်မှုများရှိနေကြသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ် (TNLA)နှင့် ကိုးကန့်တပ် (MNDAA) တို့ကြား နှစ်ဖက်တပ်ဖွဲ့ အချင်းချင်း နယ်မြေအငြင်းပွားမှု ပြဿနာများ ဖြစ်ပွားခဲ့ကြပြီးနောက် မတ်လ ၁၄ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ MNDAA နှင့် KIA ကြားလည်းကောင်း၊ KIA နှင့် TNLA ကြားလည်းကောင်း၊ SSPP နှင့် TNLA ကြား လည်းကောင်း၊ KIA နှင့် SNA ကြားလည်းကောင်း၊ AA နှင့် CNF ကြားလည်းကောင်း၊ CNF နှင့် ZRA ကြား လည်းကောင်း နယ်မြေ အငြင်းပွားကာ စစ်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

MNDAA-AA-TNLA ခေါင်းဆောင်တွေကို တွေ့ရစဉ်
ထိုသို့ ဖြစ်ပွားရသည့် အခြေခံ အကြောင်းတရားသည် နဂိုကတည်းက စစ်ရေးကို ဦးစားပေးခြင်းကြောင့် ဖြစ် ကြောင်း၊ နယ်မြေ အငြင်းပွားမှု ဖြစ်ပွားရာမှ မိမိတို့ အချင်းချင်း ပြန်လည်တိုက်ခိုက်သည့် အနေအထားမျိုးထိ ဖြစ်လာကြောင်း၊ ၎င်းတို့ကြားထဲတွင် နိုင်ငံရေးသဘောတူညီချက် ထားရှိရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြဿနာရှိတာကို ဘာပြဿနာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့လိုတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ နေရာမှာလည်း မူရှိရမှာပေါ့။ နှစ်ဖက်သဘောတူတဲ့ မူမျိုးရှိရမှာပေါ့။ ဒီလိုမူမျိုး မရှိဘဲနဲ့ ကျနော်တို့က စကတည်း က စစ်ရေးကို နံပါတ်တစ် ထားခဲ့တယ်။ အဲဒီတော့ နံပါတ်တစ် ထားခဲ့တဲ့အခါကျတော့ ကိုယ်သိမ်းလို့ရတဲ့ နေရာက ကိုယ့်နေရာ ကိုယ့်ပိုင်နက် အဲဒီလိုမျိုး ဖြစ်တဲ့အခါကျတော့ အစတုန်းက ကိုယ်နဲ့ဖြစ်တာက တပ်မတော်နဲ့ဖြစ်တာ။ နောက်လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်အချင်းချင်း ဖြစ်လာတာပေါ့။ ဒါ ငါ့ပိုင်နက် သူ့ပိုင်နက်ဆိုတာမျိုး ဖြစ်လာတာပေါ့။။ ဒီလိုမျိုး မဖြစ်အောင်ဆိုရင် အရင်ဆုံးကတော့ နိုင်ငံရေး သဘောတူညီချက်တို့ လုပ်ထားဖို့သင့်တယ်။ နိုင်ငံရေး သဘောတူညီချက်ဆို ငါတို့က ဘာအတွက် တိုက်နေတာလဲ။ တိုက်လို့ရလာပြီဆိုရင် ဒီနယ်မြေကို အုပ်ချုပ်တာ ဟာ ဘာစနစ်နဲ့ အုပ်ချုပ်မလဲ။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မလား ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မလား စသည်ဖြင့် သဘောတူညီဖို့ လိုပါတယ်။ အဲဒီလိုမျိုး သဘောတူညီမှု မရှိဘူးဆိုရင် ဒီလိုမျိုးဖြစ်ရမှာက ဒါကရှောင်လွှဲလို့ မရတဲ့ ဟာပဲ။ ဒီနေ့တောင်မှ EAO ခေါင်းဆောင် တစ်ဦးကပြောတာ ကြားပါတယ်။ သူက တောင်ပိုင်းဘက်ကပေါ့နော်။ ကျနော်တို့ တောင်ပိုင်းက အဖွဲ့တွေလည်း ဒီလိုပဲ။ ကျနော်တို့ဟာ နိုင်ငံရေးအရ သဘောတူညီချက် ကောင်း ကောင်း မရဘူးဆိုရင် ဒီလိုမရဘဲနဲ့ စစ်သွားတိုက်ရင် နောက်ဆုံးကျတော့ ကျနော်တို့ အချင်းချင်း ပြန်တိုက်ရမှာပဲ လို့ ပြောတယ်။ ဒီလိုမျိုးတိုက်ဖို့ မဖြစ်အောင်ဆိုရင် နိုင်ငံရေးသဘောတူညီချက် ကောင်းကောင်းရဖို့လိုတယ်” ဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရသည့် အကြောင်းတရားသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နိုင်ငံရေးယဥ်ကျေးမှု ပျောက်ကွယ်နေခြင်းကြောင့် ယခုကဲ့သို့ အကျိုးဆက်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လူမျိုးစုများကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသား လက်နက်ကိုင်ပဲဖြစ်ဖြစ် တခြားသော တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်ပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ အရင်းခံ အကြောင်းတရား နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို တည်ဆောက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုတာ တစ်ချိန် တုန်းက အဲဒီလိုမျိုး သဘောတူခဲ့ဖူးတာရှိတယ်။ အဲဒီလိုမျိုး နားလည်မှု တူခဲ့ဖူးတာရှိပါတယ်။ ဆိုတော့ကာ ခုနက ဘာကြောင့်လဲလို့ ပြောရင်တော့ ကျနော်တို့နိုင်ငံမှာ စစ်ရေးဘောင်က အရမ်းကို ကြီးမားကျယ်ပြန့်နေတယ်။ ကျနော်တို့ ပြောနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပဲ ပြောပြော၊ ဒီစကားပြောတဲ့ အစဉ်အလာ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့ အဲဒီနိုင်ငံရေး ယဉ်ကျေးမှုအသစ် ပျောက်ကွယ်နေလို့ပဲ ဒါ ဒီလိုမျိုး အကျိုးဆက်တွေ ဖြစ်ပေါ်လာတယ်လို့ပဲ ကျနော့် အနေနဲ့ကတော့ ပြောချင်ပါတယ်။ ဘယ်သူက ဘယ်သူ့ကြောင့်ဆိုပြီး ပြောတာထက် ကျနော်တို့နိုင်ငံရဲ့ ပကတိရှိနေတဲ့ အခြေအနေပေါ့။ ပကတိ အခြေအနေက ခုနက သာမန် အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း။ ဒီအခြေအနေ တစ်ခု အောက်မှာကတော့ ဒါ ကျနော်တို့ ခုနကပြောတဲ့ ကိစ္စရပ်မျိုးတွေကတော့ ဖြစ်တတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထလည်း ရှိတတ်ပါတယ်။ ဒါက ကျနော်တို့ ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ ပကတိ အရှိတရားပဲဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာသည်မှာ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်သည်။
လက်ရှိမှာလည်း လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေပြီး ပြည်သူလူထု ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသလို လူနေအိမ်များနှင့် အဆောက်အအုံများ သိန်းချီ မီးလောင် ပျက်စီးလျက် ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 710
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
မြန်မာနိုင်ငံတွင် ထွက်ရှိသည့် မြေရှားသတ္တုများအား ပိုက်ဆံရရန် တစ်ခုတည်းဖြင့် ရောင်းချမှုများပြုလုပ်နေပါက တိုင်းပြည်ပျက်စီးသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့မြေရှားကို ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွက် နည်းပညာ၊ စစ်လက်နက် ပစ္စည်းများအတွက် လိုချင်နေကြသည်။
ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှုတွင် မြန်မာနိုင်ငံက တတိယနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။
ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါနှင့် ချီဖွေ ဒေသတို့သည် မြန်မာနိုင်ငံ၏ အဓိက မြေရှားသတ္တု ထွက်ရှိရာ နေရာများဖြစ်ကာ ပန်ဝါ အပါအဝင် မြေရှားသတ္တု ထွက်ရှိရာ နယ်စပ်ဂိတ်များနှင့် တူးဖော်ရေး နယ်မြေအများစု သည် လက်ရှိတွင် KIA ၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေသလို ရှမ်းပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင် တချို့၏ လက်အောက်မှာ ရှိနေသည်။
တရုတ်နိုင်ငံတစ်ခုတည်းက မြန်မာနိုင်ငံရှိ မြေရှားသာမက အခြားသော သယံဇာတများအား လက်ဝါးကြီး အုပ် သည့် အနေအထားအပေါ် တပ်မတော်တစ်ခုတည်း မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လည်း သတိထား၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “မြေရှားသတ္တုကတော့ တစ်ကမ္ဘာလုံးက အင်အားကြီးနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေက လိုချင်နေ တယ်လေ။ အခုက တို့တိုင်းပြည်က တခြားဒေသကတော့ သေသေချာချာ မလေ့လာရသေးဘူး။ အခု ရှမ်းပြည်မှာ ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ပြောဆိုချက်အရဆိုရင် မြစ်ချောင်း အင်းအိုင်ရှိရင် ရွှေထွက် တယ်လို့ ပြောကြတယ်။ ရွှေရှိလို့ရှိရင် ဒီမြေရှားသတ္တုကလည်း ရှိတယ်လို့ ပြောကြတယ်။ ဒါကတော့ ဒီဟာတွေ ကတော့ ကိုယ့်နိုင်ငံက ရွှေနိုင်ငံဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်တို့တွေက စီးပွားရေးလုနေတာနဲ့။ ကိုယ်တို့တွေက ပြည်တွင်းစစ် ဖြစ်နေတော့ စီးပွားရေး အင်အားကြီးတဲ့ နိုင်ငံတွေ လက်ဝါးကြီး အုပ်ပြီးတော့မှ လုပ်နေ၊ ထုတ်ယူ တာတွေလည်း ခံရတာပေါ့။ လူထုအကျိုး ခံစားခွင့်မရှိဘူး။ ဒီတိုင်း ဆက်ဖြစ်သွားမယ်ဆိုရင်လည်း တရုတ်နိုင်ငံ ကပဲ လက်ဝါးကြီး အုပ်ပြီးတော့မှ ကိုယ့်ဆီမှာရှိနေတဲ့ မြေရှားတင်မကဘူး။ သဘာဝသယံဇာတတွေ၊ သစ်တော တွေ၊ နောက်ပြီး စိုးမိုးခြယ်လှယ်မှုတွေ အကုန်လုံး ပိုင်စိုးနေမယ့် အနေအထားဆိုတော့ လူထုအကျိုးအတွက် ဘာမှ တော့ ကျန်မှာမဟုတ်ဘူး။ ဒါက အရမ်းကြီးကို သတိထားပြီးတော့မှ လုပ်ဆောင်ရမယ့်အပိုင်း စစ်တပ်တင် မဟုတ် ပါဘူး။ ERO တွေကလည်း အဲဒီလို ထို့နည်းတူပါပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပေါ်လစီတွေ သေချာ ကြပ်မတ်မှ သာလျှင် လောလောလတ်လတ် ပိုက်ဆံရဖို့ပဲ လုပ်မယ်ဆိုရင်တော့ တိုင်းပြည်တစ်ခုလုံးက ပျက်စီး သွားပြီးတော့မှ သယံဇာတတွေလည်း ဘာမှကျန်မှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကပဲ အကုန်သာ ထုတ်ယူသွား မှာပေါ့နော်။ တခြားနိုင်ငံတွေကတော့ ချဉ်းကပ်နေတဲ့ အဆင့်ပဲ ရှိတယ်ဆိုတော့ တရုတ်လောက် လက်ဝါးကြီး မအုပ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။
မြေရှားသတ္တုသည် အခြားနိုင်ငံများတွင် ရှားကောင်းရှားနိုင်ပြီး မြန်မာနိုင်ငံတွင်မူ မရှားဘူးဟု ပြော၍ရကြောင်း၊ သို့သော် လိုချင်သည့် မည်သူ့ကိုမဆို ဈေးဆစ်ခြင်းမျိုးမရှိဘဲ ငွေကြေးရလျှင်ပြီးရောဆိုသည့် သဘောမျိုးဖြင့် ရောင်းချခြင်းမျိုးကိုမူ မလုပ်သင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှ သယံဇာတများသည် ဈေးအမြင့်ဆုံးကို ရသင့်ရထိုက်ပြီး ရလာသည့် ငွေကြေးကို တိုင်းပြည်အတွက် အသုံးမချဘဲ ကိုယ့်အိတ်ထဲကိုယ် ထည့်နေကြသောကြောင့် မြန်မာနိုင်ငံသည် ငွေထုတ်ပိုက်ပြီး တောင်းစားနေရ သည့် ဘဝကို ရောက်နေကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “ရလာတဲ့ငွေတွေကို ကျနော်တို့ အိတ်ထောင်ထဲမှာ ကိုယ့်ရဲ့ ကိုယ်စီကိုယ်ငှ အိတ်ထောင်ထဲ မထည့် ဘဲနဲ့ ဒီတိုင်းပြည်အတွက် အသုံးချရမှာပေါ့။ ကျနော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအရ အချမ်းသာဆုံး နိုင်ငံလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကျနော်တို့ လူမှုရေးအရတော့ အင်မတန် မွဲတေနေတယ်။ ကျနော်တို့က သောင် ပြင်မှာ လွှတ်တဲ့သူဋ္ဌေးသားလိုပဲပေါ့။ ငွေထုတ်ကြီးပိုက်ပြီးတော့မှ ဘာမှသုံးစရာ မရှိဘူးပေါ့။ တောင်းစားနေရတဲ့ ဘဝ ရောက်နေတာပေါ့။ အဲဒီလိုအဖြစ်မျိုး မဖြစ်အောင် ဒီအဖြစ်မျိုးကတော့ ကုန်ဆုံးဖို့လိုပြီ။ ဒီသမိုင်းကတော့ ကုန်ဆုံးဖို့လိုပြီ။ ကျနော်တို့ အရင်တုန်းက ကြားဖူးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကျွန်းသစ်တွေကို တစ်အိမ်ထောင်စုကို တစ်ပင်ပဲပေးထား။ ဘယ်နည်းနဲ့မဆို ကျနော်တို့ရဲ့လူထုဟာ ဆင်းရဲတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ရှေးလူကြီး သူမတွေပြောခဲ့တာ နားထောင်ဖူးတယ်။ သဘောလည်း သိပ်ကျတယ်။ ဒါပေမယ့် လက်တွေ့အရ ကျနော်တို့က လုပ်တဲ့အခါကြတော့ တစ်အိမ်ထောင်စု တစ်ပင်မဟုတ်ဘဲနဲ့ လူ တစ်ယောက်တည်းက တစ်ခါတည်း သန်းနဲ့ချီပြီးမှ ပိုင်သွားတာမျိုး၊ ရောင်းထုတ်တာမျိုး တွေ ဖြစ်လာတာကို။ ဒီလိုမျိုး အဖြစ်မျိုး မဖြစ်ဖို့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ မြေရှားကိစ္စလည်း ဒီအတိုင်းပါပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုသည် Ionic Adsorption Clay အမျိုးအစား ဖြစ်ကာ အခြား သတ္တုရိုင်း များထက် သန့်စင်ရ ပိုမိုလွယ်ကူပြီး အဖိုးတန်သည့် Dy (Dysprosium) နှင့် Tb (Terbium) ကဲ့သို့ ဒြပ်စင်များ ကြွယ်ဝသည်။
၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို မြေရှားသတ္တု တန်ချိန် ၅၀,၀၀၀ ကျော် တင်ပို့ခဲ့ကာ ၂၀၂၂ ခုနှစ်ထက် ၈၀ ရာခိုင်နှုန်း နီးပါး တိုးတက်သွားသည်။
ထို့ပြင် ကုန်သွယ်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်လောက်အထိ တန်ဖိုးရှိပြီး မြန်မာ့စီးပွားရေး အထူးသဖြင့် နယ်စပ်ဒေသအတွက် အလွန်ကြီးမားသော ပမာဏတန်ဖိုးလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သတ္တုသန့်စင်စက်ရုံ မရှိသေးသည့်အတွက် သတ္တုရိုင်း အဆီအနှစ် အဖြစ်နှင့်သာ တရုတ်နိုင်ငံကို အဓိက တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက ထိုကုန်ကြမ်းများအား ဝယ်ယူပြီး ၎င်းတို့နိုင်ငံထဲ၌ အဆင့်မြင့်သန့်စင်၍ ကမ္ဘာ့ဈေးကွက်ကို တစ်ဆင့် ပြန်လည်ရောင်းချလျက်ရှိသည်။
လက်ရှိတွင် မြေရှားသတ္တုသည် ပထဝီအနေထားအရ အသုံးချ၍ရသည့် လက်နက်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း လည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုကို ဝယ်ယူရေး စိတ်ဝင်စားနေကာ KIA နှင့် လျှို့ဝှက်သဘောတူစာချုပ် ချုပ်ဆိုထားကြောင်းလည်း နိုင်ငံတကာ သတင်းဆောင်းပါး များ ထွက်ပေါ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 392
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
အိန္ဒိယနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေသော မြန်မာနိုင်ငံအခြေစိုက် လက်နက်ကိုင်များအား တွေ့ဆုံ၍ ဒရုန်းများ တင်သွင်းပို့ဆောင်သည့် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)မှ ဖမ်းဆီးလိုက် ကြောင်း သိရသည်။
ဖမ်းဆီး ထိန်းသိမ်းခံထားရသူများမှာ ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး ပါဝင်သည်။
အဆိုပါ နိုင်ငံခြားသား ၇ ဦးကို ဒေလီ(Delhi)၊ Kolkata နှင့် Lucknow တို့ရှိ လေဆိပ်များတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုနိုင်ငံခြားသားများသည် အိန္ဒိယနိုင်ငံသို့ တရားဝင် ဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း တားမြစ်နယ်မြေ ဖြစ်သည့် Mizoram ပြည်နယ်သို့ ခွင့်ပြုမိန့် မပါဘဲ သွားရောက်ကာ ထိုမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဖြတ်ကျော်ခဲ့ ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်လျက်ရှိသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ဥရောပမှ ဒရုန်းများ ကို တင်သွင်းကာ လက်နက်ကိုင်အဖွဲ့များထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်ဖြင့် နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အိန္ဒိယ NIA ကိုတွေ့ရစဉ်
အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံခြားသား ၇ ဦးကို ဒေလီမြို့ရှိ ရာဇဝတ်ရုံးမှ မတ်လ ၂၇ ရက်အထိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်ခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း Indian Express သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှာ အိန္ဒိယကို ဆန့်ကျင် တိုက်ခိုက်နေသည့် မည်သည့် လက်နက်ကိုင်များအား ဒရုန်းများ တင်သွင်းပို့ဆောင်ပေးနေသည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိ မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ် ဒေသတစ်လျှောက်မှာ လှုပ်ရှားနေသော လက်နက်ကိုင်များမှာ ချင်းအမျိုး သားတပ်ဦး(CNF)၊ အာရက္ခတပ်တော်(AA)၊ ချင်း PDF များ၊ ကူးကီးအမျိုးသားတပ်မတော်(KNA)၊ နာဂလက်နက် ကိုင်များ၊ ကသည်းလက်နက်ကိုင်များ၊ ဇိုမီအမျိုးသားတော်လှန်ရေးတပ်မတော်(ZRA)၊ NUG လက်အောက်ခံ PDF များ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ရှိကြသည်။
