CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈

တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသော (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်ကို မြန်မာနိုင်ငံမှ ဝန်ကြီချုပ် ဦးညိုစော တက်ရောက် ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဒုသမ္မတများ၊ ဒုဝန်ကြီးချုပ်များ နှင့် ပြည်ထောင်စုဝန်ကြီးတို့ အပါအဝင် အထူးမိတ်ဖက်နိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့ မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်ဦးညိုစောက “ယခုကဲ့သို့ ပြပွဲများ ကျင်းပခြင်းအားဖြင့် တရုတ်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသည့် စင်္ကြံတစ်ခုအဖြစ် ပံ့ပိုးပေးနိုင်သည့်အတွက် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရ သည်”ဟု ပြောသည်။

ထို့နောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှတဆင့် တရုတ်နိုင်ငံနှင့်အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှု၊ စီးပွား ရေးနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် အားကောင်းလာစေရန်နှင့် ဒေသတွင်း ရေရှည်တည်တံ့ ခိုင် မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဦးညိုစောက “ မိမိတို့ နိုင်ငံသည် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် နီးကပ်စွာ ပူးပေါင်းဆော်ငရွက်ရေးကို အထူးအလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၌ AI နည်း ပညာကို စီးပွားရေးလုပ်ငန်းရှင်များက အချို့ကဏ္ဍများတွင် အသုံးပြုလာကြကြောင်း” ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်များ၊ Safe Health AI အပါအဝင် နည်းပညာပြ ခန်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်လက်ဝတ် ရတနာများ စသည့် ပြခန်းပေါင်း ၁၂၀ နှင့် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာ မြို့ပြခန်းဆောင်တို့ကို ပါဝင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဆက်ဆံရေးကောင်း တစ်ရပ်ကို တည်ဆောက်ထားနိုင်နေသော အနေအ ထားမှာ ရပ်တည်နေကာ ရပ်တန့်နေသော နယ်စပ်ကုန်သွယ်ရေးနှင့် စီမံကိန်းများ ပြန်လည် စတင်နိုင်ရေးအတွက် လည်း ဆွေးနွေးလျက်ရှိနေသည်။