CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကာ/လုံကောင်စီရုံး က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဗဟိုအကြံပေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစောထွန်းအောင်မြင့်၊ အဖွဲ့ဝင်များအဖြစ် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာမောင်မောင်နိုင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ဦးဝဏ္ဏမောင်လွင်၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်တို့ ပါဝင်ကြသည်။