CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ပြီး အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

အသက် ၆၂ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေး နိုင်ခဲ့ခြင်း မရှိတာကြောင့် ထုတ်ပယ်ခံရပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာပါ။ 

ဘင်ဖီကာအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ကာရာဘတ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ ဘရူနိုလေ့ချ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘင်ဖီကာအသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘော တူညီမှု ရရှိထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။ 

မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းမှာ နည်းပြဘဝ စတင်ခဲ့ပေမယ့် အသင်းအကြီးအကဲတွေနဲ့ အဆင်မပြေခဲ့ တာကြောင့် ၁၀ ပွဲသာ ကိုင်တွယ်အပြီးမှာ ထွက်ခွာခဲ့တာပါ။

မော်ရင်ဟိုကို တွေ့ရစဉ်

မော်ရင်ဟိုဟာ ချယ်လ်ဆီး၊ ရီးရယ်လ်၊ အင်တာမီလန်နဲ့ မန်ယူနိုက်တက်အသင်းတို့ကို မကိုင်တွယ်မီမှာ ပေါ်တူဂီ ကလပ် ပေါ်တိုအသင်းကို ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရယူပေးနိုင်ခဲ့ပါတယ်။ 

မော်ရင်ဟိုက “ဘင်ဖီကာအသင်းက ကျနော့်ကို နည်းပြရာထူး စိတ်ဝင်စားလားလို့မေးတော့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။ ကျနော် ပေါ်တူဂီကို ပြန်ရောက်တဲ့အချိန်မှာ ဘင်ဖီကာအသင်း တာဝန်ရှိသူတွေနဲ့ စကားပြောရ တာ ပျော်ရွှင်မယ်လို့ ပြောခဲ့ပါတယ်။ ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ဖွယ် အခြေအနေနဲ့ ကြုံတွေ့လာ ရတဲ့ အချိန်မှာ စိတ်ဝင်စားတဲ့အတွက် နှစ်ကြိမ်တောင်မတွေးခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့အသင်းဟောင်း တွေဖြစ်တဲ့ ချယ်လ်ဆီး၊ ရီးရယ်လ်အသင်းတို့နဲ့ ပြန်လည် တွေ့ဆုံရမှာဖြစ်သလို ပေါ်တိုအသင်းနဲ့လည်း လိဂ်ပြိုင်ပွဲ မှာ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Dailymail