CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄

မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲမှာ လိုင်လီအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ 

ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဖီနာဘာချီအသင်းဟာ လိုင်လီ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ 

ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ လိုင်လီအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ သရေကျပြီး အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ 

အချိန်ပို ၁၁၈ မိနစ်မှာ ဂျိုနသန်ဒေးဗစ်က လိုင်လီအသင်းအတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့တာကြောင့် ၁ ဂိုးစီသရေကျပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ လိုင်လီအသင်း အနိုင်ရရှိသွားခဲ့တာပါ။ 

လိုင်လီအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖီနာဘာချီ အသင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

 ဖီနာဘာချီနဲ့ လိုင်လီအသင်းတို့ ယှဉ်ပြိုင်နေစဉ်

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ 

မော်ရင်ဟိုက “စီးပွားရေးအရလည်း ဆုံးရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကလပ်အတွက် အရေးပါတဲ့ တွန်းအားဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခွင့်ရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ပါပြီ။ အခုတော့ ကျနော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရတော့မှာပါ။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကောင်းမွန်စွာလုပ်နိုင်ရင် ချန်ပီယံဆုကို ရယူနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဖီနာဘာချီအသင်းဟာ တူရကီလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဒီမာစပေါ်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရခဲ့ပြီး သြဂုတ် ၁၇ ရက်မှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂေါ့ဇ်တီပီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN