CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄

ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းမှာ ကစားချင်နေတဲ့ တောင်ပံကစားသမား ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ သတ်မှတ်ခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အလားအလာရှိတဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း ပြင်သစ်ကလပ်ထံ ပြောင်းရွှေ့ချင်နေတာပါ။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဘက်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ သတ်မှတ်ထား တာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။ 

အဲဒါကြောင့် ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီအပတ်ထဲမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှုရရှိဖို့ မမျှော်လင့်ဘူးလို့ သိရပါတယ်။ 

ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေမှာ ဥရုဂွေးကွင်းလယ်လူ အူဂါတေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ရာသီသစ်မတိုင်ခင် ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အူဂါတေးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

ဆန်ချိုကို တွေ့ရစဉ်

အူဂါတေးကလည်း အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပေမယ့် ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး အဆင်မပြေသေးလို့ အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီအပြောင်းအရွှေ့မှာ ယိုရို၊ ဇာ့ခ်ဇီ၊ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူထားတာကြောင့် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အူဂါတေးကို ခေါ်ယူချင်နေသေးတာကြောင့် ဆန်ချိုကို ရောင်းချတာက ဒီကစားသမား ကို ခေါ်ယူနိုင်ဖို့ ငွေကြေး လိုအပ်ချက်တွေကို ပေးနိုင်စွမ်းရှိနေတာပါ။

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီကြို ခြေစမ်းပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ခဲ့သလို မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာလည်း လူစားဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ 

အူဂါတေးကတော့ ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ချန်လှပ်ခံထားရပြီး အသင်းရဲ့ ရောင်းချ မယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ 

Source: Goal