CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄ 

အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါဟာ အသလက်တီကိုအသင်းနဲ့ အပြောင်းအရွှေ့ မပြီးဖြတ်နိုင်သေးတာကြောင့် အင်္ဂလန်ကိုပြန်လာကာ ချယ်လ်ဆီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ 

ချယ်လ်ဆီးနဲ့ အသလက်တီကို အသင်းတို့ဟာ ဂယ်လာဂါရဲ့ အပြောင်းအရွှေ့အတွက် ပေါင် ၃၃.၇ သန်းနဲ့ သဘောတူညီမှု ရရှိထားတာကြောင့် ကစားသမားဟာ အပြောင်းအရွှေ့ အပြီးသတ်ဖို့ စပိန်နိုင်ငံကို သွားရောက် ခဲ့တာပါ။ 

ဂယ်လာဂါဟာ အသလက်တီကိုအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး မက်ဒရစ်မှာ ၅ ရက်ကြာအထိ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို အင်္ဂလန်ပြန်လာဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ 

အသလက်တီကိုအသင်းဟာ ဒီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ပေါင် ၈၁ သန်းနဲ့ ခေါ်ယူပြီးနောက် ဂယ်လာဂါရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ဆိုရင် ကစားသမားတစ်ဦး ရောင်းချဖို့ လိုအပ်နေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ အသလက်တီကိုအသင်း တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ခေါ်ယူမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာကြောင့်လည်း ဂယ်လာဂါရဲ့ အပြောင်းအရွှေ့အပေါ် သက်ရောက်မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဂယ်လာဂါကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့အတွက်လည်း အသလက်တီကိုအသင်းနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ခေါ်ယူထားတာကြောင့် အသင်းမှာ ရှိတဲ့ ကစားသမားအချို့ကို မဖြစ်မနေ ရောင်းချဖို့လည်း လိုအပ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က ဝုလ်ဗ်စ်အသင်း တောင်ပံကစားသမား ပက်ဒရိုနက်တိုကို ခေါ်ယူပြီးနောက် လူစာရင်းထဲမှာ ကစားသမား ၄၃ ဦးအထိ ရှိလာခဲ့တာပါ။ 

ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Dailymail