CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ပေါ်တူဂီနည်းပြ ရာထူးအတွက် ကမ်းလှမ်းခံရဖွယ် ရှိနေပါတယ်။ 

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF) ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ စာချုပ်ကုန်ဆုံးမယ့် နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ နေရာမှာ မော်ရင်ဟိုကို ခန့်အပ်ဖို့ ပြင်ဆင်နေတာပါ။ 

မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ရောက်ရှိ လာခဲ့ပြီး ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် FPF ဟာ မော်ရင်ဟိုကို လက်ရွေးစင်အသင်းကို ကိုင်တွယ်အောင် စည်းရုံးဖို့ ကြိုးစားဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

ဘင်ဖီကာအသင်းကနေ မော်ရင်ဟို ထွက်ခွာခဲ့ရင် ယူနိုက်တက်အသင်းနည်းပြဟောင်း အာမိုရင်က သူ့ရဲ့နေရာကို အစားထိုး ဝင်ရောက်ဖွယ် ရှိနေတာပါ။

ဘင်ဖီကာအသင်းမှာ ၉ ရာသီကြာ ကစားခဲ့တဲ့ အာမိုရင်ဟာ နည်းပြအဖြစ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းမှာ ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းကို တွေ့ရစဉ် 

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်ခဲ့ချိန်မှာ နိုင်ငံအသင်းတစ်သင်းကို တာဝန်ယူချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖွင့်ဟခဲ့ဖူးပါတယ်။ 

မော်ရင်ဟိုဟာ ဘရာဇီးလ်အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ပေါ်တူဂီအသင်းကို ကိုင်တွယ်ဖို့က သူ့ရဲ့ဦးစားပေး ဖြစ်တယ်လို့်လည်း ပြောခဲ့တာပါ။ 

ပေါ်တူဂီအသင်းဟာ နည်းပြ မာတီနက်ဇ်လက်ထက် ပြီးခဲ့တဲ့ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ 

ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု K မှာ ဥဇဘတ်ကစ္စတန်၊ ကိုလံဘီယာ၊ ပလေးအော့ဖ်က အနိုင်ရတဲ့ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ 

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် မက္ကဆီကို၊ အမေရိကန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Goal