- By CNI
- Category: နိုင်ငံရေး
- Hits: 1054
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံတွင် ဧပြီလမှာ ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မည်သည့် အခန်းကဏ္ဍကနေ ရာထူးတာဝန် ယူလာနိုင်သလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စောင့်ကြည့် လေ့လာနေကြသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ စသည့် ရာထူးတာဝန်များကို ရယူထားသည်။
ထို့နောက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလတွင် အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ မဖွဲ့ခင်မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ပြဋ္ဌာန်းလိုက်ခြင်းကြောင့် သမ္မတ လုပ်မည်လား၊ တပ်ချုပ်ရာထူးနှင့် ကောင်စီဥက္ကဋ္ဌ တာဝန်ယူမည်လား၊ သမ္မတနှင့် ကောင်စီဥက္ကဋ္ဌ တာဝန်ယူမည် လား စသဖြင့် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို စွန့်လွှတ်စရာမလိုဘဲနှင့် ကောင်စီဥက္ကဋ္ဌ တာဝန်ကို ရယူ၍ အစိုးရအဖွဲ့ကို ထိန်းကြောင်းသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးကို စွန့်လွှတ်စရာ မလိုဘဲနဲ့ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီရဲ့ ဥက္ကဋ္ဌနေရာ ယူလို့ရတာပေါ့။ ယူပြီးလို့ ဆက်သွားလို့ရှိရင် ဒီဟာ နိုင်ငံရေးအရ ထွက်ပေါက်တစ်ခုလည်း ဖြစ်တယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ အရပေါ့ဗျာ။ တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတာ ဖြစ်နေသေး တဲ့အတွက် ၆၃ မြို့နယ်ဆိုလို့ရှိရင် ဒါမတည်ငြိမ် သေးဘူးဆိုတဲ့ဟာတွေ ထုတ်ပြန်ထားတာ ရှိတယ်။ ရှိတဲ့အခါကြတော့ ဒါတွေကို ပြီးပြတ်အောင် လုပ်ဖို့ဆိုလို့ရှိရင် တာဝန်က ဆက်ပါနေတာပေါ့နော်။ တပ်မတော်မှာ လုပ်ငန်း တာဝန် မပြီးမြောက်သေးတဲ့ သဘောတရားကို သွားတွေ့ရတယ်။ ကျနော်တို့ အာဏာထိန်းပြီးတဲ့ နောက်ပိုင်းမှာ ဒီလုပ်ငန်း တာဝန်တွေ ကျန်ရှိနေသေးတဲ့အတွက် ဒါကို တစ်ဆက်တည်းမှာ အစိုးရသစ်နဲ့အတူ ဆက်လက် ဖော် ဆောင်ဖို့ အတွက်ဆိုရင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌကို ယူပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Position ကိုပါ ကျနော်တို့ မလွှတ်ဘဲနဲ့ တာဝန်ထမ်းဆောင်နိုင်တယ်ပေါ့နော်။ သမ္မတနေရာမှာလည်း ကျနော်တို့ ယုံကြည်စိတ်ချရမယ့် လူပေါ့။ လက်ရှိ ဝန်ကြီးချုပ် လုပ်နေတဲ့ လူကိုပဲ သမ္မတတင်မလားဆိုတဲ့ ဟာမျိုးပေါ့နော် ကျနော်တို့ ခန့်မှန်းကြည့်တာ။ သူ ယုံကြည်ရမဲ့ သူပေါ့နော်။ ဦးညိုစောကို သမ္မတတင်ပြီးတော့ ကောင်စီရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဆက်လက် တာဝန်ယူ နိုင်ခြေရှိတယ်လို့ ကျနော်တို့ကတော့ မျှော်မှန်းမိတယ်ပေါ့”ဟု ပြောသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရာတွင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါဝင် ဖွဲ့စည်းနိုင်ကြောင်း၊ ထိုကောင်စီကို သမ္မတက ဖွဲ့စည်းပေးနိုင်ကြောင်း၊ ထိုကောင်စီအား သမ္မတရုံးက တာဝန်ယူ၍ လိုအပ်သည်များ ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
တချို့ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစိုးရသစ်တွင် သမ္မတ တာဝန်ယူပြီး အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌကို ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အတွင်းရေးမှူးအား ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား တာဝန်ပေး လာနိုင်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတော့ အသစ်ရွေးချယ် ခန့်အပ်တာဝန်ပေးလာနိုင်ကြောင်း သုံးသပ်လျက်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနိုင်ရပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကြီးအကဲ ရာထူး ရယူခဲ့သည့်အပေါ် အခြေအနေ ကို နှိုင်းယှဉ်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် တပ်ချုပ်ရာထူးနှင့်အတူ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ရာ ထူးကို ရယူ၍ အစိုးရအဖွဲ့ကို နောက်ကွယ်က အုပ်ချုပ်လာနိုင်ကြောင်းလည်း ထောက်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်ရှိ တက်လာမည့် အစိုးရသစ်ကမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သမ္မတကြီးဖြစ်ရန် ရာခိုင်နှုန်းများကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ခုလာမယ့် ကာလ ၅ နှစ် အခုဖြတ်နေတဲ့ ၅ နှစ်ပေါ့၊ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု တည်ငြိမ်အေးချမ်းမှုကို လိုက်သွားတဲ့ အခါကြတော့ ခုနက နိုင်ငံတော်နဲ့ပတ်သက်တဲ့ Team Work တစ်ခု၊ အခြေခံဥပဒေမှာ ပါပြီးသား အချက်အလက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်လာပုံ ပေါက်တယ်။ အဲ့ဒါကြောင့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဆိုတာကို ဖွဲ့ဖို့ဖြစ်လာပုံရတယ်။ လက်ရှိ ရွေးကောက်ပွဲအလွန် အစိုးရ ပေါ်ထွန်းဖို့အတွက် အဲ့ဒီမတိုင်ခင် လေးမှာ ကောင်စီကို ပြဋ္ဌာန်းနေတာ။ ခြုံငုံပြီးပြောရရင် လက်ရှိ ဖွဲ့စည်းထားတဲ့ ဥစ္စာသည် အဲ့ဒီကာလ မတ်လ အတွင်းမှာကို အစိုးရဖွဲ့စည်းရမယ်။ အစိုးရဖွဲ့စည်းပြီးတာနဲ့ လက်ရှိအစိုးရ ဦးညိုစောတို့နဲ့ အာဏာအလွဲအပြောင်း လုပ်မယ်။ အစိုးရသစ်က ပေါ်လာမယ်။ ခုနက ကောင်စီနဲ့ပတ်သက်တာက လာမယ့်အစိုးရ သမ္မတကြီးကပဲ ပြဋ္ဌာန်း ပေးရမယ် သတ်မှတ်ပေးရမယ်။ အဲ့ဒီတော့ လာမယ့် အစိုးရမှာ မှန်းတာကတော့ ဗိုလ်ချုပ်မှူးကြီးကတော့ သမ္မတ ကြီး ဖြစ်နိုင်တာပေါ့၊ ဖြစ်ဖို့ ရာခိုင်နှုန်း များတာပေါ့။ အဲ့ဒီတော့ သူတက်မယ့် လွှတ်တော်ကလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ပြည်သူလွှတ်တော်က တက်လာနိုင်တာပေါ့။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ထဲက တစ်ဦးဦးကတော့ဖြင့် ဒုတိယသမ္မတလည်း တက်လာနိုင်တယ်။ ဗိုလ်ချုပ်မှူးကြီးသာ သမ္မတ လုပ်ခဲ့မယ်ဆိုရင်တော့ဖြင့် ပြည်သူ့လွှတ်တော်ဘက်က လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုနဲ့ တက်လာမယ့် ဒုတိယသမ္မတ အလောင်းလျာ ဖြစ်လာနိုင်တယ်။ အဲ့ဒီလိုနဲ့ သမ္မတကြီးဦးဆောင်တဲ့ အဖွဲ့ဖွဲ့နိုင်တယ်”ဟု ပြေသည်။
ယခု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကမူ လာမည့် အစိုးရသစ်၏ သမ္မတသက်တမ်းအတိုင်း တည်ရှိမည် ဖြစ်သည့်အပြင် သမ္မတက ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများကို ခန့်အပ်ပြီး လုပ်ပိုင်ခွင့်များပေးခြင်း၊ လိုအပ် သလို နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြေညာစာများကို သမ္မတရုံးက ထုတ်ပေးရမည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ထိ အပိုင်း(၃) ပိုင်း ခွဲ၍ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိ သည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 367
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေသည် မြန်မာ့ နိုင်ငံရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှု များ ရှိနေကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ သည် ပုဂ္ဂိုလ်တစ်ဦးနှင့် နိုင်ငံတော်သမ္မတတို့ တွဲ၍သွားသည့် လမ်းကြောင်းဖြစ်ကာ ယခု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေသည် အစုအဖွဲ့နှင့် နိုင်ငံတော်သမ္မတတို့ တွဲ၍သွားမည့် လမ်းကြောင်းမျိုးဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
ယခုလုပ်ဆောင်မည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီသည်လည်း သမ္မတကို အကြံပေးမည့် အတိုင်ပင်ခံ အစုအဖွဲ့ပုံစံမျိုး ဖြစ်သည့်အတွက် နိုင်ငံတော်နှင့်သက်ဆိုင်သည့် လုပ်ငန်းများအား အကောင်အထည် ဖော်ရာတွင် ပိုမို ထိရောက်မည်ဟု မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်ထိပ်သီးခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ကောင်းတယ်ဆိုတာက လက်ရှိ အုပ်ချုပ်ရေးကို သွားတဲ့အစိုးရပေါ့နော်။ အုပ်ချုပ်ရေးကို ဦးဆောင်တဲ့ အစိုးရက လက်ရှိ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက ရှုပ်ထွေးတယ်။ ခက်လည်း ခက်ခဲပါတယ်။ အာဆီယံ level , နောက် regional level, ကျနော်တို့ ဘယ်လို ပြောရမလဲ power balance ဖြစ်နေတဲ့ balancing လုပ်နေတဲ့ အင်အားကြီး နိုင်ငံတွေကြားမှာ ရပ်တည်ဖို့ဆိုတာ အစိုးရတစ်ရပ် တစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ ကျနော်မြင်တာ တော့လေ။ ပညာရှင်အစုအဖွဲ့လိုတယ်။ Think tank သဘောမျိုးပေါ့။ State Think tank လို့ပဲ ကျနော်ကတော့ မြင်တယ်။ Think tank သဘောမျိုးနဲ့ အတူသွားရင်တော့ ပိုကောင်းတယ်။ ဘာလို့ဆို အကောင်အထည်ဖော်ဖို့ အတွက် အလုပ်ရှုပ်တဲ့ အခါကြတော့ တချို့ဟာတွေက မစဉ်းစားမိတဲ့ အချက်တွေရှိတယ်။ နောက်တစ်ချက်က ကျနော်တို့နိုင်ငံက ရှေ့လျှောက်သွားမယ့် အရွေ့မှာ လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့အခင်းအကျင်းကလည်း တအား မြန် တယ်လေ။ အပြောင်းအလဲတွေက တအားမြန်တယ်။ နောက်တစ်ခုက တခြားနိုင်ငံတွေရဲ့ ပေါ်လစီတွေ, Strategy တွေကို ကျနော်တို့က တောက်လျှောက် ထိုင်ပြီးတော့မှ လေ့လာနေ၊ သုံးသပ်နေတဲ့ State Counsellor အဖွဲ့ လိုအပ်တယ်။ ကျနော်ကတော့ သဘောကျတယ် ဒီဟာလေ။ ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ အတူတူ counselling လုပ်မယ့် အဖွဲ့တစ်ဖွဲ့က Think tank လုပ်မယ့်အဖွဲ့တစ်ဖွဲ့က အကြီးကြီးပေါ့လေ။ State Think tank ပေါ့၊ အကြီးကြီး တစ်ခုခု ရှိထားတယ် ပိုကောင်းတယ်။ ပိုပြီးတော့မှ အလုပ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ပိုထိရောက်မယ် မြင်ပါတယ်” ဟု ပြောသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ် ရေးထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အခန်း (၄) ခန်း ပါဝင်ကာ ပုဒ်မ ၁၁ ခု ပါဝင်သည်။
NLD လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည် ဟူ၍ ဖြစ်သည်။

တပ်မတော်ထိပ်သီးခေါင်းဆောင်များကို တွေ့ရစဉ်
သို့သော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီဥပဒေတွင် နိုင်ငံတော်သမ္မတသည် သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်ဟူ၍ ပါရှိသည်။
ထို့ပြင် ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း နိုင်ငံတော်သမ္မတက သတ်မှတ်ပေးရမည် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ခဲ့ပါက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူးသည် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ ဖြစ်နိုင်ကာ အဖွဲ့ဝင် များသည်လည်း လက်ရှိတွင် အရပ်ဘက်သို့ တာဝန်ပေးခံထားရသည့် လူပုဂ္ဂိုလ်များ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ထို့ကြောင့် အစိုးရသက်တမ်း ၅ နှစ်စီ အလွှဲအပြောင်း သုံးကြိမ်ခန့် သွားမည်ဆိုပါက မြန်မာနိုင်ငံ ငြိမ်းချမ်းသွားနိုင် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာမယ့်အထိုင် အစိုးရနဲ့ အခုလက်ရှိ အထိုင်အစိုးရနဲ့ တစ်ခုနဲ့တစ်ခု Overlapping ဖြစ်သွားမှာပေါ့။ အဲဒီ တော့ တည်ငြိမ်မှု လက်ရှိ ၅ နှစ်ကို နောက် ၅ နှစ်အထိ လက်ဆင့်ကမ်း သွားမှာပေါ့။ နောက် ၅ နှစ်ရဲ့ တည်ငြိမ်မှု ကို နောက် ၅ နှစ်က လက်လွှဲပြန်ယူရမှာပေါ့။ အဲဒီလိုမျိုး အဲဒီလိုမျိုး ၅ နှစ် ၃ ကြိမ်လောက်သာ တည်တည်ငြိမ်ငြိမ် သွားမယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းသွားမယ်။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု အထိုင်ကို ရမှာပေါ့။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်ရမယ်ပေါ့။ အဲဒီအတွက် ကြောင့် ကျနော်တို့က အမျိုးသားညီညွတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေးသည် လိုအပ်ချက် ဖြစ်တယ်လို့ ပြောနေရတာပေါ့” ဟု ပြောသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြုပြ ဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေတွင် ကောင်စီကို ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သမ္မတက သတ်မှတ်ပေးရမည် ဆိုသည့် အတွက် ထိုကောင်စီသည် သမ္မတ၏ လက်အောက်တွင် ရှိသည်ဟုလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 322
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ကို မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် အလုံးစုံ ပြန်လည် ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF တို့သည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် ထိန်းချုပ်ခဲ့သည်။
ထို့နောက် SNA နှင့် မြန်မာ့တပ်မတော်က ဗန်းမောက်မြို့ ပြန်လည်ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၄ လကျော် အကြာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာတွင် KIA-PDF များဖြင့် တိုက်ပွဲကြီးငယ် ၆၉ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း၊ KIA-PDF များထံမှ လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်း၊ ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့တပ်မ တော်က ထုတ်ပြန်ခဲ့သည်။

KIA-PDF များသည် ဗန်းမောက်မြို့အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံ များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်များ၊ ဟိုတယ်များနှင့် အထပ်မြင့် အဆောက်အအုံများတွင် သဲအိတ် ဘန်ကာများ လုပ်လုပ်၍ တိုက်ခိုက်ခဲ့သလို ဒေသခံများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့သို့ ဒေသခံများ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းရေးကို လုပ်ဆောင်နေကြောင်း၊ မြို့ပြန်လည် ထူထောင်ရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈
လာမည့် မတ်လတွင် ခေါ်ယူမည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့် အမျိုးသားလွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် စာရင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်၌ ကြေညာခဲ့သည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပခဲ့သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်မည်ဖြစ်ပြီး ဧပြီလ၌ အစိုးရဖွဲ့စည်းမည်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 383
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
တက်လာမည့် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေး အခင်းအကျင်းတွင် တရုတ်သွားချင်သည့် လမ်းကြောင်းကို ခန့်မှန်းနိုင်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်၏ သဘောထားသည် လက်ရှိ ဗဟိုအစိုးရမှ အားကောင်းခိုင်မာကာ ဦးဆောင်ခြင်းကို ကြိုက်နှစ်သက်ပြီး မြန်မာဘက်မှလည်း ရခိုင်၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် တရုတ်ဘက်မှ အကောင်အထည်ဖော်မည့် လမ်းကြောင်း ပုံစံကို ပုံစံတစ်မျိုးဖြင့် စဉ်းစားရန်လိုကြောင်း ၎င်းက ပြောသည်။
ဦးအန်ကောလက “အဲဒါကတော့ တရုတ်ရဲ့ပေါ်လစီကို ကျနော်တို့ ခန့်မှန်းဖို့ လိုပါတယ်။ တရုတ်က ဘယ်လို သွားချင်သလဲပေါ့။ တရုတ်က ဘယ်လိုသွားချင်သလဲဆိုတာ ကျနော်တို့ ခန့်မှန်းနိုင်တယ်ဆိုရင် ခုနက ရခိုင်ကိစ္စ တွေ၊ ကချင်ကိစ္စတွေက ဆောင်ရွက်ရတာ ပိုပြီးတော့မှ လမ်းကြောင်း မြင်တယ်လို့ ကျနော်ယူဆတယ်။ တရုတ်ရဲ့ လုပ်နိုင်တဲ့ ပေါ်လစီကို မသိဘူးဆိုရင်တော့ ခက်တယ်ပေ့ါ။ တရုတ်က သူ့သဘောထားကတော့ ဘယ်လိုလဲဆို တော့ လက်ရှိ ဗဟိုအစိုးရမှာ အားကောင်းတဲ့၊ ခိုင်မာတဲ့ institution တစ်ခုခုက ဦးဆောင်တာကို သူကြိုက်တယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ tax autonomy ပေါ့၊ autonomy trade တွေကို ငြိမ်းချမ်းရေးနဲ့အတူ ဖော် ဆောင်တဲ့ ပုံစံမျိုးတွေလည်း သူလိုလားတယ်လို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆို သူ့ရဲ့နယ်စပ်မှာ သူအထိုင် ချတဲ့ ပုံစံတွေက အခုလက်ရှိ စစ်ပွဲတွေမှာ စစ်ရေးပဋိပက္ခတွေမှာ ကြည့်မယ်ဆိုရင် အဲဒီလိုပုံစံမျိုးကို ကျနော်တို့ သုံးသပ်လို့ရတယ်။ အဲဒီအထိုင်ပေါ်မှာ ငြိမ်းချမ်းရေး process ကို ဘယ်လို စဉ်းစားမလဲပေါ့။ နောက်တစ်ခါ ရခိုင် ကိစ္စတွေ၊ ရှမ်းမြောက်ကိစ္စ၊ ကချင်ကိစ္စတွေမှာ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ဟာက လမ်းကြောင်း ပုံစံမြင်တယ်။ ဒီဘက်က စဉ်းစားချက်ကလည်း ပုံစံတစ်မျိုး၊ ပုံစံအသစ် new ideology ကို နည်းနည်းလေး စဉ်းစား ဖို့ လိုတယ်။ အဲဒါက ပြည်ထောင်စုအတွက် အရေးကြီးတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုတဲ့ အချက်အလက်တွေအပေါ်မှာ အထိုင်ထားပြီးတော့မှ new ideology ထည့်ပြီးတော့မှ စဉ်းစား မယ်ဆိုရင်တော့ အဖြေမှန်နဲ့ နီးစပ်မယ်လို့ ယူဆပါတယ်။ ဒါအစိုးရသစ်ရဲ့ ကြီးမားတဲ့ တာဝန်တစ်ခုလို့ မြင်ပါ တယ်” ဟု ပြောသည်။
![]()
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖော်ဆောင်ခြင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အကြားမှာ ထားရှိသည့် သဘောတူညီမှု ဖြစ်သည်ဟု တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောကြားထား ခဲ့သည်။
လက်ရှိတွင် တရုတ်သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအား ၎င်းကိုယ်တိုင် ဝင်ရောက်ကာ ဖိအားပေးခြင်း ထက် “ဝ” တပ်ဖွဲ့မှတဆင့် အထောက်အပံ့များကို ရုတ်သိမ်းစေကာ ဖိအားပေးခြင်း နည်းလမ်းကိုသာ အဓိက လုပ် ဆောင်နေသည်ကို တွေ့ရသည်။
ထို့ပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနက် မြောက်ပိုင်း အဖွဲ့သည် တပ်မတော်နှင့် အပစ်ရပ်ထားကြသော်လည်း ကချင်တပ်ဖွဲ့(KIA)နှင့် ရခိုင်တပ်ဖွဲ့(AA)တို့သည် ပိုမို အင်အား ကြီးထွားလာသကဲ့သို့ ၎င်းတို့ သက်ဆိုင်ရာ နယ်မြေများတွင် ပိုမို ရပ်တည်လာနိုင်သည့် အနေအထားမျိုး ကို တွေ့လာရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်နှင့် အိန္ဒိယတို့၏ ရပ်တည်ချက်များ၊ မူဝါဒ အပြောင်းအလဲများနှင့် အရွေ့တို့အပေါ် မူတည်ကာ လာမည့် အစိုးရ အခင်းအကျင်း၌ အစိုးရ-တရုတ်-အိန္ဒိယ-KIA နှင့် AA တို့ကြား ဆက်စပ်မှုသည် အရေးကြီးလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
![]()
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KIA-AA ခေါင်းဆောင်တွေကို တွေ့ရစဉ်
၎င်းက “အဲဒါက ပြောရရင်တော့ geopolitics အများကြီး သုံးသပ်ဖို့လိုမယ်။ ဘာလဲဆိုတော့ တရုတ်နဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်တွေ၊ မူဝါဒ အပြောင်းနဲ့ သူတို့ရဲ့ အရွေ့တွေက ဘယ်လိုပုံစံလဲ ဆိုတဲ့ဟာက ဒီတစ်ချက်ပေါ်မှာ ကျနော်တို့ မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ KIA ရော၊ AA ရော နှစ်ခုစလုံးက အိန္ဒိယရော၊ တရုတ်ရော နှစ်ခု စလုံးနဲ့ ဆက်ဆံနေရတဲ့ အနေအထားရှိတယ်။ ဆက်ဆံနေရတယ်ဆိုတာက နယ်ခြားမှာ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ အနေထားရှိတယ်။ ရှိတဲ့အခါမှာ ကျနော်ကြည့်လို့ရတဲ့ အရဆိုရင်တော့ သံတမန်ရေးရာသော်လည်း ကောင်း၊ နောက်တစ်ခါ နယ်စပ်ကိစ္စတွေမှာ ထိတွေ့ဆက်ဆံမှုတွေ သော်လည်းကောင်း၊ အိန္ဒိယအစိုးရသော်လည်း ကောင်း၊ တရုတ်အစိုးရသော်လည်းကောင်း တိုက်ရိုက် ဖိအားပေး ဆက်ဆံတဲ့ပုံစံ သိပ်မတွေ့ရဘူး။ အဓိက,က သူတို့က ပြည်နယ်မှုကို ရှေးရှုတဲ့ ဆက်ဆံရေးတွေကို တွေ့ရတယ်။ တွေ့ရတဲ့အခါကြတော့ တရုတ်နဲ့ အိန္ဒိယရဲ့ alliance ပုံစံအပြောင်းက ပြီးခဲ့တဲ့ Shanghai cooperation တီယန်ကျင်းမှာလုပ်တဲ့ SCO summit မှာ မိုဒီနဲ့ ရှီကျင့်ဖျင် နောက်ဆုံး တွေ့ထားတဲ့ဟာ။ ကြားထဲမှာ လည်း သူတို့ပေါ်လစီတွေ ဘယ်လိုလုပ်လဲမသိဘူး။ အဲဒီနောက်ပိုင်းမှာ ပေါ်လာတဲ့ အနေအထား အရဆိုရင် ဘာတွေ တွေ့ရလဲဆိုတော့ ပန်ဆောင်-ကန်ပိုက်တီ trade road တွေဘာတွေ သူတို့အကောင်အထည် ဖော်ဖို့ရှိ တယ်။ လာမယ့် အစိုးရအခင်းအကျင်းမှာ ဘာလုပ်မလဲ ကျနော်တို့ ပြောလို့တော့ မရသေးဘူးပေါ့။ ဒါပေမဲ့ ပိုပြီး နီးစပ်လာတဲ့ သဘောတရားရှိတဲ့ အနေအထားပေါ်မှာ AA နဲ့ KIA ရဲ့ ရပ်တည်ရှင်သန်မှုတွေ၊ သူတို့ရဲ့ ဆောင်ရွက် ချက်တွေဟာ အိန္ဒိယနဲ့ တရုတ်ရဲ့ အနေအထား၊ မြန်မာအစိုးရဆက်စပ်မှု diplomacy က အရေးကြီး လာတယ်။ အဲဒါအပေါ်မှာ သုံးသပ်ပြီးတော့မှ ပိုပြီးချဉ်းကပ်ဖို့လိုမယ်။ မဟုတ်ရင်တော့ နည်းနည်းခက်တယ်လို့ ကျနော်မြင် တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံ ရထားလမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း စသဖြင့် အများအပြား ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 683
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ရှမ်းနှင့်ကချင် လူမျိုးနှစ်ခု၏ လှပသည့်သမိုင်းကို ပြိုကွဲသွားအောင် မလုပ်ဆောင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သော ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးအင်ဘန်လက “ ပြည်သူလူထုတွေကို ပြောချင်တာက အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ရှမ်းလူမျိုး တွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ရှမ်းနဲ့ကချင် လူမျိုးတွေဟာ ဘိုဘေးစဉ်ဆက် ခေတ်အဆက်ဆက် အတူ ယှဉ်တွဲ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်က ပြိုကွဲသွားအောင် လုပ်ဆောင်နေတဲ့ကြားမှာ လူမျိုး နှစ်ခုရဲ့ လှပတဲ့သမိုင်းကို ပြိုကွဲသွားအောင် မလုပ်ဆောင်ကြဖို့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ချစ်ခြင်းမေတ္တာနဲ့ ပြန်လည် တည်ဆောက်ကြပါစို့။ လိမ်လည် လှည့်ဖြားပြောဆိုနေတဲ့ သတင်းမီဒီယာတွေကို ကြည့်ရှုပြီး အယုံလွယ် မှားယွင်းတာတွေ မဖြစ်အောင် သတိထားကြပါစို့”ဟု ပြောသည်။
KIO သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထူထောင်ခဲ့သည်။ ထိုရက်ကို အစွဲပြု၍ ကချင်တော်လှန်ရေးနေ့ဟု သတ်မှတ်၍ ကျင်းပလာခဲ့ရာ ၆၅ နှစ်ပြည့်မြောက်ပြီဖြစ်သည်။
လက်ရှိတွင် KIO/KIA သည် ကချင်ပြည်နယ်၌ အခြေစိုက်သော်လည်း ရှမ်းနီ လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စု နေထိုင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ စစ်ရေးလှုပ်ရှား၍ နယ်မြေစိုးမိုးမှုများ ပြုလုပ်လျက်ရှိနေသည်။

ဗန်းမောက်မြို့ ဘုန်းကြီးကျောင်းအတွင်း ရှမ်းနီအမျိုးသား ၁၂ ဦး သတ်ခံရပြီး စွန့်ပစ်ထားစဉ် (Shanni Empire)
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရှမ်းနီ လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စုများ တန်းတူညီမျှမှု ရရှိ ရေး ကြိုးပမ်းနေသည့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အလားတူ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ရှမ်းမျိုးနွယ်စုများကို KIA/KIO က စစ်သားစုဆောင်းခြင်း၊ ဖမ်းဆီးအနိုင်ကျင့်ခြင်း၊ အမျိုးသမီးများကို သားမယားပြုကျင့်ခြင်း၊ သတ်ဖြတ် ခြင်း၊ ကချင်ဇာတ် သွပ်သွင်းခြင်း၊ ဖိနှိပ်ခြင်း စသည့် အခြေအနေများ ပြုလုပ်နေသည်ဟု ရှမ်းမျိုးနွယ်စုများက ပြော သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသား ၁၂ ဦးကို KIA မှ သတ်ဖြတ်ခဲ့သလို ရှမ်းနီ ဘုန်းကြီးနှင့် စာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များကိုလည်း သတ်ဖြတ်မှုများရှိကြောင်း ရှမ်းနီလူမျိုးများက ပြောသည်။
ထိုအခြေအနေများကို KIO/KIA အနေဖြင့် ထိန်းသိမ်းနိုင်မှသာလျှင် ကချင်နှင့် ရှမ်း မျိုးနွယ်စုများကြား အတူယှဉ်တွဲ နေထိုင်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 317
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တာဝန်ပေးအပ်ထားသည့် ဝန်ကြီးများ အနေဖြင့် အားနည်းနေပါက ဗဟို၏ချုပ်ကိုင်မှု အားကြီးလာမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
မကြာခင် ပေါ်ထွက်လာမည့် အစိုးရအဖွဲ့သစ်သည် အမျိုးသားရင်ကြားစေ့ရေးကို ရှေးရှုသည့် အစိုးရမျိုး ဖွဲ့စည်း လာနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလေ့လာသူများကြား သုံးသပ်ထားကြသည်။
ထိုသို့ ဖွဲ့စည်းမည်ဆိုပါက ပါသင့်ပါထိုက်သည့် နိုင်ငံရေး ခေါင်းဆောင်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တာဝန်ပေးအပ်ခြင်း ခံရနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။
ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရကာ အစိုးရဖွဲ့နိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ညှိနှိုင်းဆောင်ရွက်မှု ရှိပြီးမှသာလျှင် ဝန်ကြီးဌာနများကို ခွဲဝေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော် ကျင်းပစဉ်
ထို့ကြောင့် တစ်ဖက်တွင် လွှတ်တော်ဖြင့် အစိုးရအား ထိန်းကျောင်းရန် လိုအပ်သကဲ့သို့ ဝန်ကြီးဌာနများကိုလည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ပေးထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကျော်ထက်က “လွှတ်တော်ကလည်း အစိုးရလုပ်တာကို ပြန်လည်ထိန်းကျောင်းမှု ပုံစံမျိုးနဲ့ အပြုသဘောနဲ့ ထောက်ပြတာတွေ၊ ဆွေးနွေးတာတွေ မလုပ်နိုင်ဘူးဆိုရင်တော့ နိုင်ငံရေးအရကတော့ ဗဟိုရဲ့ အာဏာအောက် ထဲမှာပဲ ရောက်နေတဲ့ သဘောမျိုး ဖြစ်သွားနိုင်တာပေါ့။ လွှတ်တော်ကလည်း အပြန်အလှန် ထိန်းကျောင်းမှု အနေ နဲ့ လွှတ်တော်ဘက်ကနေ check and balance လုပ်နိုင်မယ်၊ ပြီးရင် အစိုးရမှာလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် တာဝန်တွေကို တချို့ကိစ္စတွေမှာ လွတ်လွတ် ကင်းကင်းနဲ့ အာဏာအကုန် လွှဲအပ်ခြင်း ပေးအပ်ခံထားရ တယ် ဆိုရင်လည်း ဒါတွေက ခရီးရောက်နိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေ၊ အရည်အသွေး ပြည့်ဝတဲ့ သူတွေ အစိုးရရဲ့ ဝန်ကြီးဌာနတွေမှာ ဝန်ကြီးတွေအဖြစ်နဲ့ ပါလာဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ပြောရရင် ဝန်ကြီးတွေက အရမ်းတော်နေတယ်။ နိုင်ငံတော်၊ တိုင်းရေး ပြည်ရေးကိစ္စတွေမှာ ထက်မြက်ပြီး လုပ် ဆောင် နေတယ်ဆိုရင် ဒါဗဟိုရဲ့ချုပ်ကိုင်မှုက လျော့သွားနိုင်တာပေါ့။ အကယ်၍ ဝန်ကြီးတွေမှာ အားနည်းနေမယ် ဆိုရင်တော့ ဗဟိုရဲ့ချုပ်ကိုင်မှုက အားပြန်ကြီးလာမှာပေါ့။ ဒါမျိုးတွေတော့ရှိပါတယ်” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် တက်လာမည့် အစိုးရသစ် တစ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက ထောက်ပြထားကြသည်။
မြန်မာ့တပ်မတော်မှ အုပ်ချုပ်သည့် ၅ နှစ်တာကာလ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေး စနစ်မျိုး သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေး၊ ရင်ကြားစေ့ရေးအစိုးရမျိုး ဖွဲ့ဖြစ်ခဲ့ပါက ကောင်းမွန်သော်လည်း လက်ရှိ နိုင်ငံရေးအရ အနိုင်ရပါတီနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ သဘောထားကြီးမှုပေါ်တွင် မူတည်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

အစိုးရအဖွဲ့နဲ့ တရားမျှတမှုကို သရုပ်ပြထားစဉ်
၎င်းက “ဒီမိုကရေစီစနစ်မှာတော့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုတဲ့ road map (နိုင်ငံရေးလမ်းပြမြေပုံ) ရှိတယ်လေ နစက ထဲက။ အစောကြီးကတည်းက ၂၀၂၁ ပြီးကတည်းက သူတို့ကြေညာတာရှိတယ်။ ဒီနေ့အထိလည်း တောက် လျှောက် ဒီမူအပေါ်မှာ သွားတယ်။ နိုင်ငံရေး road map က နံပါတ်တစ် အချက်မှာ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မှာ ဆိုရင် အဓိက,က Decentralization ပဲ။ နောက်တစ်ခါ power division ပေါ့ အဲဒါတွေက အရေးကြီးတယ်။ အရေး ကြီး တယ်ဆိုတာက ဘယ်လို အကောင်အထည် ဖော်မလဲပေါ့။ အဲဒီအပေါ်မှာ ပေါ်လစီကရှိပြီးသား ဖြစ်တဲ့အတွက် ကြောင့်မို့လို့ နောက်က နည်းဥပဒေက လိုက်ရတဲ့သဘောပါ။ အဲဒီတော့ လုပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကောင်းသော အရွေ့ပေါ့။ နောက်တစ်ချက်က ဒီဟာလည်း အရေးကြီးတယ်။ Decentralization ကို ဘယ်လောက် အကောင်အထည် ဖော်မလဲပေါ့။ အဲဒီအပေါ်မှာ control-base Decentralization လား၊ နောက် တစ်ခုက သူ့ရဲ့ autonomy ပေါ့။ autonomy ကို ဘယ်လောက်ပေးမလဲ။ အဲဒါတွေက နိုင်ငံရေးအရ ဆုံးဖြတ်တဲ့ အရေးကြီးတဲ့ အချက်ထဲမှာ ပါတယ်။ နိုင်ငံရေးအရ အခုလက်ရှိ အာဏာရပါတီနဲ့ လက်ရှိဦးဆောင်နေတဲ့ ကော်မရှင်ပေါ့။ သူတို့ တွေက ဘယ်လောက်သဘောထားကြီးသလဲ အရေးပါတယ်။ အဲဒါက နောင်တစ်ချိန် ငြိမ်းချမ်းရေးအတွက် ဆိုရင် လည်း ဒီဟာက စံနမူနာ တစ်ခုအနေနဲ့ ရှေ့ပြေး အခြေအနေတစ်ခု ဖန်တီးထားရင်တော့ ပိုကောင်းတာပေါ့။ ဘာပဲ ပြောပြော အချင်းချင်းကြားမှာ trust building ကို တည်ဆောက်တယ်၊ ရှေ့ပြေး တည်ဆောက်တယ်လို့ပဲ ကျနော် မြင်ပါတယ်။ လုပ်ဖြစ်ရင်တော့ ကောင်းပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ လုပ်ပေးမလဲက ကျနော်တို့ ပြန်ပြီးတော့မှ လေ့လာရဦးမယ် ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် ရွေးကောက် တင်မြှောက်ပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ် စာရင်းချုပ်ကို UEC က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က ၇၃၉ ဦး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)က ၆၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၃၉ ဦး၊ ပြည်သူ့ပါတီ(PP)က ၃၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ၂၀ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ (PNO)က ၁၈ ဦး စသဖြင့် အသီးအသီး အနိုင်ရရှိခဲ့သည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊ နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦး၊ ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီက ၇ ဦး၊ ဇိုမီးအမျိုးသားပါတီက ၇ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ၆ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီက ၆ ဦး၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ၅ ဦး၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ၅ ဦး၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၄ ဦး၊ ကယားပြည်နယ်ပြည်သူ့ပါတီက ၃ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၃ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 973
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေတွင် နိုင်ငံတော် သမ္မတအနေဖြင့် ကောင်စီအား မည်သည့် လူပုဂ္ဂိုလ်များဖြင့် စုဖွဲ့လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။
ထိုဥပဒေအရ နိုင်ငံတော်သမ္မတအနေဖြင့် ကောင်စီကို ဖွဲ့စည်းသည့်အခါတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို သတ် မှတ် ပေးရမည်ဆိုပြီး ပါရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတဖြစ်ခဲ့ပါက ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖြစ်နိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဝန်ကြီးချုပ် ဦးညိုစောကို တွေ့ရစဉ်
၎င်းက “အဲဒီတော့ ကျနော် မှန်းတာက တကယ်လို့များ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော်ဘက်က အဆိုပြုလို့ တက်လာခဲ့မယ်ဆိုရင် သူဖွဲ့စည်းပေးရမယ့် ခုနက ကောင်စီမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်လာနိုင်တာပေါ့ ဥက္ကဋ္ဌအဖြစ်လေ။ အဲဒီတော့ အတွင်းရေး မှူးကတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖြစ်နိုင်တာပေါ့။ စရဖလေ။ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့် အဖွဲ့ဝင် အဖြစ်က တော့ မှန်းတာပေါ့ ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာနိုင်တယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ တခြား ၂ ယောက် လောက်လည်း ပါလာနိုင်တာပေါ့။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါလာနိုင်တယ်။ တစ်ဖက်က ဥပဒေ ရေးရာနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ပါလာနိုင်တာပေါ့။ နောက် နိုင်ငံတကာရေးရာနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ပါလာ နိုင်တာပေါ့။ ၅ ဦးထက် မနည်းလို့ ပြောတဲ့အခါမှာ ၅ ဦးထက် ပိုရမယ်ဆိုတဲ့ အခါကြတော့ ဒီဘက်ကလက်ရှိ နစက၊ ကာ/လုံ တွေသွားတဲ့ တစ်လျှောက်လုံးမှာ အထိုင်ပုဂ္ဂိုလ်တွေ ရှိတာပေါ့။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တစ်ဖက်က အာဏာအလွှဲအပြောင်းလုပ်မယ့် ဗိုလ်ချုပ်ကြီး ညိုစောပေါ့။ သူသည် လာမယ့် အသစ်ဖြစ်တဲ့ အစိုးရကို လွှဲပေးရမယ့်ဟာကြတော့ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီး ညိုစောကတော့ဖြင့် ဒီဘက်က အုပ်ချုပ်ရေး အဖွဲ့ အစည်း အစိုးရထဲမှာ ပါချင်မှ ပါမယ်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့ကတော့ မပြောတတ်ဘူး။ ဘာကြောင့် ဆို သူက အာဏာလွှဲပေးရမှာကို။ ပြန်ကြည့်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လုပ်မယ့် ပုဂ္ဂိုလ်သည် ၂ နှစ်ခွဲ ပြည်ထောင်စုလွှတ်တော် နာယက လုပ်ရမှာကို။ speaker လုပ်ရမယ့်အခါ ကြတော့ ကနဦး ၂ နှစ်ခွဲက အရေးကြီးတာပေါ့။ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ငြိမ်းချမ်းခြင်း net foundation တွေကို လုပ်ရမယ့် ဟာပေါ့။ agreement လုပ်ရမယ့် အခါကြတော့ တစ်ဖက်ကတွေးရင် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကလည်း အမျိုးသားလွှတ်တော်ဘက်က ပါလာမှာပေါ့။ အဲဒီတော့ အရေးကြီးဆုံးက ခုနကပြောတဲ့ ဥပဒေပြုမှု အာဏာရဲ့ ပထမသက်တမ်း ၂ နှစ်ခွဲ၊ ပြည်ထောင်စုလွှတ်တော်နာယက လုပ်မယ့်ပုဂ္ဂိုလ်သည် အရေးကြီးလာတာ ပေါ့” ဟု ပြောသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အခန်း (၄) ခန်းပါဝင်ကာ ပုဒ်မ ၁၁ ခု ပါဝင်သည်။
ထိုကောင်စီကို နိုင်ငံတော်သမ္မတသည် သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်ကာ ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို တွေ့ရစဉ်
ထို့ပြင် ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း နိုင်ငံတော်သမ္မတက သတ်မှတ်ပေးရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် သမ္မတမှ ကောင်စီကို ဖွဲ့စည်းခြင်းသည် မှန်ကန် သော်လည်း ဩဇာကြီးသည့် အချို့တိုင်းရင်းသား ပုဂ္ဂိုလ်များကိုလည်း ကောင်စီတွင် ဦးဆောင်မှုနေရာ ပေးသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပဒေအကြောင်းအရဆိုရင်တော့ နိုင်ငံတော်သမ္မတက ခန့်အပ်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်သမ္မတက လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် အမြင့်ဆုံး နိုင်ငံ့ဦးဆောင် ဖြစ်နေတာကို။ သူကပဲ စီမံခန့်ခွဲရတာဆိုတော့ ဒီဟာမှန်ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်တွေ ပါလာနိုင်သလဲဆိုတော့ အဲဒီဟာတော့ ကျနော် သိပ်တော့ မခန့်မှန်းနိုင်ဘူး။ ပြောရတော့ ခက်တာပေါ့။ ဒါပေမယ့် တချို့ တိုင်းရင်းသား ဩဇာကြီးတဲ့ တချို့ ပုဂ္ဂိုလ်များ ပါလာနိုင်တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီလိုလေး ပါလာရင်လည်း ပိုကောင်းပါတယ်။ ညွန့်ပေါင်းပုံစံ မျိုးကို ဖော်ဖြစ်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ တိုင်းပြည်မှာလည်း အဲဒါလိုအပ်တယ်လေ။ ဘယ်လို လိုအပ် လဲဆို နိုင်ငံတော်ရဲ့ အပြောင်းအလဲတိုင်း နိုင်ငံတော်ရဲ့ ဦးဆောင်အဖွဲ့တွေမှာ ဗမာတိုင်းရင်းသား အုပ်စုပဲ ဆက်လက် ဦးဆောင်နေတာမျိုးက ငြိမ်းချမ်းရေးအတွက်ဆိုရင်လည်း ဒီဟာက သိပ်ပြီးတော့ အမြင်မတော်ဘူး။ မသင့်တော်ဘူး။ တိုင်းရင်းသား ပညာတတ်တွေထဲက ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ထည့်ပေးတယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ ဒါကြတော့ စုပေါင်းအဖွဲ့ပုံစံမျိုး leadership ကို အကောင်အထည် ဖော်နိုင်ရင်တော့ ပိုပြီးတော့မှ အဆင်ပြေမယ်လို့ မြင်ပါတယ်။ ကျနော်တို့နိုင်ငံ အနာဂတ်နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင်တော့” ဟု ပြောသည်။
လာမည့် မတ်လ၌ လွှတ်တော်မခေါ်ခင် ယခုကဲ့သို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါ များရေးတို့ဖြစ်ကြောင်း ပြဋ္ဌာန်းချက်အရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 563
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄
ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွင် တရုတ်အနေဖြင့် “၀”တပ်ဖွဲ့ (UWSA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဆွဲတင်လာနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအလွန် မည်သို့သော အစိုးရ တက်လာသည်ဖြစ်စေ တရုတ်က အသိ အမှတ်ပြု ထောက်ခံမည်ဖြစ်ကြောင်း၊ လာမည့် စစ်ရေး အခင်းအကျင်းတွင် တရုတ်အနေဖြင့် “ဝ”၊ မိုင်းလား၊ ကိုးကန့်တို့ကို ငြိမ်းချမ်းရေး စားပွဲပေါ် ရောက်အောင် ကြိုးစားလာနိုင်သည်ဟု ၎င်းက ပြော သည်။
ဒေါက်တာလှကျော်ဇောက “တရုတ်ကတော့ ဘယ်သူတက်တက် ထောက်ခံမှာပဲ၊ အသိအမှတ်ပြုမှာပဲ။ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေးတက်လည်း သူထောက်ခံလိုက်မှာပဲ။ သူကဒီလိုဗျ တရုတ်ရဲ့ ရှုမြင်မှုက ဖွံဖြိုးတိုး တက်လာလို့ရှိရင် လူတွေ စီးပွားရေး တက်လာရင် တည်ငြိမ်လာမယ်လို့ သူကတွက်တာကို။ အဲဒါကြောင့် မို့လို့ တကယ်လို့ အစိုးရရယ်လို့ ပီပီပြင်ပြင် ထွက်လာရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်လေ။ ရင်းနှီး မြှုပ်နှံမှုတွေက ဥပမာ- ကျောက်ဖြူ ရေနက်ဆိပ်ကမ်း သွားမယ့်လမ်းတွေ ဘာတွေပေါ့ဗျာ။ အဲဒါတွေ အကုန်လုံး ဖြစ်လာရင် ဗမာပြည်ရဲ့ အခြေခံ အဆောက်အအုံလည်း တော်တော် ကောင်းလာပြီဆိုရင် ဗမာပြည်ကြီး တည်ငြိမ်အေးချမ်းမယ်လို့ သူကတွက်တယ် ထင်ပါတယ်။ အဲဒီတော့ အဲဒီဘက်က သူက ဆက်ပြီးတော့ ပံ့ပိုးမယ်ထင်တယ် နောက်တက်လာမယ့် အစိုးရကိုပေါ့။ အဲဒီတော့ စီးပွားရေးအတွက် တစ်စုံတစ်ရာ တိုးတက်လာအောင် လုပ်မယ်ထင်တယ်။ တရုတ်က စီးပွားရေးအရပဲ သူဝင်ပါမှာပဲလေ။ စီးပွားရေးအရ အခြေခံအဆောက်အအုံတွေ ဘာတွေ ပြန်ကောင်းလာအောင် လူထုတွေ သက်သာ ချောင် ချိလာအောင် ဒါမျိုးတွေ လုပ်မယ်ထင်တယ်။ အခုလည်း ကျမ ကြားနေတာ နယ်စပ်ဒေသက “ဝ”နယ်တို့ မိုင်းလားတို့မှာ တရုတ်က တော်တော်ကို ဖိဖိစီးစီး ကိုးကန့်ပါ ပါတာပေါ့ အခုတော့။ ဖိဖိစီးစီး စိုက်ပျိုးရေး ကိစ္စတို့ ဘာတို့ ညာတို့ တော်တော် ဝင်ပါနေတာပဲလေ၊ ဝင်ကူညီနေတာပေါ့။ အဲ့လိုနည်းနဲ့ တစ်ဖက်က တည်ငြိမ်အောင်လုပ်ပြီးတော့ အားလုံးကို ငြိမ်းချမ်းရေး စားပွဲပေါ်ရောက်အောင် သူကြိုးစားနေတယ် ထင် တယ်။ အဲဒီလမ်းကတော့ တရုတ်က ဖွင့်ထားတာရှိတယ်။ အဲဒီလမ်းဘက်တော့ ရောက်ကောင်း ရောက် နိုင်တာပေါ့” ဟု ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း၊ စသဖြင့် အများအပြား ရှိနေကြသည်။
တရုတ်က မြန်မာနိုင်ငံအပေါ် ချုပ်ကိုင်လာနိုင်သလားဆိုသည်မှာ ပြောရခက်သော်လည်း မိမိတို့နိုင်ငံ အနေဖြင့် တရုတ်အပေါ် မှီခိုရမည့် အနေအထားမျိုးတော့ ရှိနေကြောင်း၊ တက်လာမည့် အစိုးရသစ် တစ်ရပ်သည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်သည့် အစိုးရမျိုး ဖြစ်နိုင်သည် ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကတော့ စီးပွားရေး အဓိကပါပဲ။ တည်ငြိမ်တဲ့ ဘာစနစ်နဲ့ အုပ်ချုပ်လဲဆိုတာ သူမသိပါ ဘူး။ ဘယ်လိုစနစ်နဲ့ပဲအုပ်ချုပ် အုပ်ချုပ် တိုင်းပြည်တည်ငြိမ်နေရင် သူ့စီးပွားရေး လုပ်လို့ရတယ်ဆိုရင် ပြီးရောဆိုတဲ့ သဘောရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလား ဒီမိုကရေစီ အရေးလား။ ဘာအရေးလဲ။ တရုတ်ကသိပ်တော့ ဂရုစိုက်တဲ့ထဲ မပါဘူး။ သူဂရုစိုက်တာက သူ့မူက တည်ငြိမ်ရေးပါပဲ။ (Stability) ဆိုတာ သူ့ရဲ့နိုင်ငံခြားရေးမူပါပဲ။ ဒါကြောင့် (Stability) ရှိတယ်ဆိုလို့ရှိရင် သူက အလုပ်လုပ်လို့ ရတယ်။ ချုပ်ကိုင်မယ်လို့တော့ ပြောရခက်တာပေါ့ဗျာ။ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် အချုပ်အခြာ အာဏာ တစ်ခုနဲ့တစ်ခု အစိုးရ တစ်ခုနဲ့တစ်ခုဟာ သူတို့အပြောအရရော နောက်ဆုံး အသုံးအနှုန်းက မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အစိုးရဖြစ်လာမှာပေါ့။ မဟာဗျူဟာ ကျတယ်ဆိုတာတော့ နိုင်ငံရေး အသုံးအနှုန်းပေါ့ဗျာ။ ဒါပေမယ့် မှီခိုရမယ်ဆိုတဲ့ သဘောကတော့ ရှိနေမှာပဲ။ ပြန်လည် ထူ ထောင်ရေးလုပ်ဖို့ လက်ရှိ တိုင်းပြည် အခြေအနေအရ မဖြစ်နိုင်ဘူးလေ။ နိုင်ငံရေး အရကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြန်ပြီးတော့ ဆွေးနွေးပွဲ ဖိတ်ခေါ်နိုင်တယ် အစိုးရက။ လက်ရှိလုပ်နေ တဲ့ NCA လမ်းကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ပေါ်လာနိုင်တယ်။ နောက်ပြီးတော့ တိုက်နေ တဲ့ လူတွေကို ပြန်ပြီးတော့ ဖိတ်ခေါ်နိုင်တယ်။ ဦးသိန်းစိန်လုပ်တဲ့ နည်းလမ်းတွေပေါ့လေ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ဖြေလျှော့နိုင်တဲ့ နည်းတွေပဲ ပြန်လုပ်လိမ့်မယ်လို့ ယူဆရတယ်” ဟု ပြောသည်။

PNLO-ALP ခေါင်းဆောင် နှစ်ဦးကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် အဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ PNLO၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲသွားသော နိုင်ငံရေး အခင်းအကျင်းနှင့် အတူ CNF-ABSDF-KNU တို့က NCA ပျက်သွားပြီးဆိုကာ နုတ်ထွက်သွားခဲ့သလို PNLO- ALP-LDU- NMSP အဖွဲ့များကလည်း ၂ ဖွဲ့ကွဲသွားခဲ့သည်။
ထို့ပြင် NCA မထိုးရသေးသော အဖွဲ့များမှာ UWSA- NDAA- MNDAA- TNLA- KIA- SSPP-AA-KNPP တို့ ဖြစ်သည်။
