- By CNI
- Category: နိုင်ငံရေး
- Hits: 390
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
ရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရအဖွဲ့အစည်းအသစ်နှင့် တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲများကြား မြန်မာ့နိုင်ငံရေးအခြေအနေ မည်ကဲ့သို့ ရှိလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်မှုများရှိနေကြသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရကာ မြန်မာ့တပ်မတော်နှင့်ပူးပေါင်း၍ လွှတ်တော်အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။
လက်ရှိ အစိုးရသစ်လက်ထက်တွင် ပြည်ပနိုင်ငံများနှင့်ပတ်သက်၍ သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် အလားအလာ မရှိနိုင်ကြောင်း၊ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍများကို ပိုမိုအားစိုက်လုပ်လာနိုင်ကြောင်း၊ ပြည်တွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေသည် အစိုးရသစ်လက်ထက်တွင် များစွာပြောင်းလဲမှုရှိလာနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “နိုင်ငံရေးအခင်းအကျင်းလို့ပြောမယ်ဆိုရင်တော့ ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ပြည်ပနိုင်ငံရေး အခြေအနေပေါ့နော်။ ကျနော်အမြင်ကတော့ ဒီပြည်တွင်း နိုင်ငံရေးအခြေအနေမှာတော့ ပြောင်းလဲလာမယ် လို့တော့ ကျနော်မျှော်လင့်တာပေါ့။ ပြည်ပနိုင်ငံရေးအခြေအနေကတော့ သိပ်ပြီးမှ ထူးထူးခြားခြား ကြီးကြီးမားမား ပြောင်းလဲနိုင်မယ့် အလားအလာတော့သိပ်မရှိဘူးလို့ ထင်ပါတယ်။ အပိုင်းနှစ်ပိုင်းပေါ့နော်။ ပြည်တွင်းနိုင်ငံရေး အခြေအနေကတော့ တော်တော်လေးကို ပြောင်းလဲလာနိုင်မယ်လို့ မြင်မိပါတယ်။ နောက်စစ်ရေး အခြေအနေကြတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စစ်ရေး အတွေ့အကြုံလည်း ရှိထားတယ်။ စစ်ရေးအခြေအနေကတော့ အခုလက်ရှိအခြေအနေထက်ကို ပိုပြီးမှ ကောင်းလာလိမ့်မယ်လို့တော့ မြင်မိပါတယ် ဗျ။ ငြိမ်းချမ်းရေးကဏ္ဍတွေမှာလည်း ပိုပြီးမှ အားစိုက်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ပြည်တွင်းမှာကြတော့ စစ်ရဲ့ ဒဏ်တွေ အကြီးအကျယ်ခံရတဲ့ကဏ္ဍ အချက်ကြတော့ အခုလက်ရှိအစိုးရက မုန်းသော်ရှိ ရှိသော်စစ်ပေါ့နော်။ အခုလက်ရှိအစိုးရနဲ့ပဲ ဆက်သွားရမယ်ဆိုတဲ့ ခံယူချက်မျိုးက တော်တော်များများတော့ဖြစ်လာနိုင်ပါတယ်။ စစ်ရဲ့ဒဏ်ကို ပြည်သူတွေက တော်တော်လေးကို ခံစားရပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်သူ့မျက်နှာကြည့်ပြီးမှ ပြည်သူ့အကျိုးကို ကြည့်ပြီးမှ တစိုက်မတ်မတ် လုပ်သွားပေးမယ်ဆိုရင်တော့ ပြည်သူရဲ့ ယုံကြည်မှုတွေ သူရနိုင်ပါတယ်ဗျ။ အဲဒါကြောင့်မို့လို့ ကျနော် လက်ရှိပြည်တွင်းအခက်အခဲတွေကို ဒီအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းအခြေအနေကတော့ တော်တော်များများ တိုးတက်ပြောင်းလဲလာမယ်လို့တော့ ကျနော်ပြောတာပါ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား တွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
လက်ရှိ တပ်မတော် ရာထူးအပြောင်းအလဲများအရ စစ်ရေးအခြေအနေ ပျော့ပျောင်းမည့်သဘောရှိပုံမပေါ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “ကျနော်ထင်တာတော့ သူသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ပေတံနဲ့တိုင်းမှာမဟုတ်ဘူး။ အစိုးရဖြစ်ပြီး သူဘာပေါ်လစီလုပ်မလဲ ဘာလုပ်မလဲဆိုတဲ့ ပေတံနဲ့တိုင်းမယ်လို့ ယူဆတယ်။ ဥပမာ အာဆီယံရဲ့ (5 point Consensus) ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ လိုက်ပါ လုပ်ဆောင်နိုင်တယ် ဆိုရင်တော့ အာဆီယံ သဘောထားပြောင်းလဲသွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကတေ့ာ ဖိလစ်ပိုင်၊ နောက်နှစ်မှာတော့ စင်္ကာပူ၊ နောက်တစ်နှစ်မှာတော့ ထိုင်းပြန်ဖြစ်တာကို။ ဒါကြောင့် ထိုင်းအာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ နှစ်လောက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ သဘောလည်းရှိတာကို။ ဒါကြောင့် ဒီစင်္ကာပူကလည်း နောက်နှစ် သူ့လက်ထက်မှာ ဖြစ်နိုင်ခြေရှိမလား။ သူမဖြစ်ဘူးဆိုရင်တော့ စင်္ကာပူပြီးရင် လာမယ့် ထိုင်းကတော့ သေချာပေါက်ပြန်ဖြစ်ပေးနိုင်တဲ့သဘောရှိတာပေါ့လေ။ အစိုးရရဲ့ပေါ်လစီတွေ မထွက်သေးတော့ နည်းနည်းတော့ ကြည့်ရအုံးမယ်။ ဒီလူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် မူ အပြောင်းအလဲ များ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်။ စစ်ရေးကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ်တွေ ခန့်အပ်တဲ့ဟာပေါ့။ နှစ်ယောက်စလုံးကတော့ စစ်ရေးမှာ ပျော့ပျောင်းမယ့်သဘောရှိမယ့်ပုံမပေါ်ဘူး။ နောက်စစ်ရေးကတော့ နဂိုအတိုင်းသွားနိုင်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဘက်က အစိုးရပေါ်လစီ အပြောင်းအလဲ လွှတ်တော်က ချမှတ်ပေးတဲ့ ပေါ်လစီ အပြောင်းအလဲတွေဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာပေါ့ စစ်ရေးကတော့ လိုက်ပြီးလှုပ်ရှားတာတော့ ရှိလာမှာပေါ့လေ ကြည့်ရတာ။ ဒါပေမယ့် အုပ်စုတော့ကွဲသွားမယ်စစ်ရေးမှာတော့။ ပြောလို့ဆိုလို့ရတဲ့ ညှိနှိုင်းလို့ အပေးအယူနိုင်ငံရေးအရ Dialogue လုပ်လို့ရမယ့် အဖွဲ့တွေကတော့ တစ်ပိုင်းဖြစ်ပြီးတော့ Dialogue လုပ်ဖို့ မလွယ်တဲ့ အဖွဲတွေကတော့စစ်ရေးအရ ပိုပြီးတော့ တင်းကြပ်မယ့်သဘောတော့ရှိတာပေါ့လေ။ နှစ်ပိုင်းတော့ဖြစ်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေ ကြည့်ရင် အဲဒီလိုမြင်ရပါတယ်” ဟု ပြောသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များ ပေါ်ပေါက်လာပြီးဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူများအနေဖြင့် မျှော်လင့်၍ ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်အားတွေ့ရစဉ်
၄င်းက ”ကျနော်တို့ရှေ့မှာတုန်းကပေါ့နော် NSPNC နဲ့ ပါတီတွေရဲ့ အလုပ်အဖွဲ့ပေါ့နော် ၁၆ ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပွဲတွေရှိခဲ့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ သဘောတူထားတဲ့ ၄၃ ချက်ရှိတယ်။ ပြီးတော့ အဲဒီ ၄၃ ချက်ထဲမှာ မပါသေးပေမယ့် အခြေခံအားဖြင့် သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် သဘောတူပြီးသားအချက်တွေလည်းရှိတာပေါ့။ အဲဒီလိုဟာတွေက မဖြစ်မနေ လုပ်ပါ့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ လွှတ်တော်ပြန်စပြီဆိုတာနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကရှိတဲ့အခါကြတော့ ကျနော်တို့က ဒါတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒါတွေမျှော်လင့်လို့ရမယ်။ ပြီးတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်အနေနဲ့က အခုက စုဖွဲ့လာပြီပေါ့နော်။ စုဖွဲ့လာပြီဆိုတဲ့အခါကြတော့ ကျနော်တို့က ရှေ့မှာတုန်းကတော့ အာဏာထိန်းပေါ့လေ။ အာဏာထိန်း အစိုးရဖြစ်တယ်။ ဒီတစ်ခေါက်ကြတော့ ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးပြောင်းလဲတာမျိုး မဟုတ်ပေမယ့် ကျနော်တို့က ရွေးကောက်ခံအစိုးရဆိုတဲ့ပုံသဏ္ဍာန်တော့ ပြန်ပြောင်းသွားတာပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ Power Center ကလည်း ပြန်ကွဲသွားတယ်။ လွှတ်တော်ဆိုတာပေါ်လာတယ်။ ဒီအတွက်ကြောင့်မို့လို့ လူတအားမပြောင်းပေမယ့်လည်း ကျနော်တို့ ကစားစရာနိုင်ငံရေး (Political Arena) ပေါ့နော်။ ကစားကွင်းက ပိုပြီးတော့ လူးသာလွန့်သာ ရှိလာတယ်ပေါ့။ ဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ကလည်း မျှော်လင့်စရာ အများကြီးရှိပါတယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်း ကြောင်း၊ ဧပြီ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာအောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန် တည့်မတ်ရန် လိုအပ်သကဲ့သို့ လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အဓိကကျသည့် စားဝတ်နေရေးနှင့် စီးပွားရေး ချွတ်ခြုံကျနေခြင်းကို ပြန်လည် မြှင့်တင် နိုင်ရန်အတွက် စီးပွားရေး မူဝါဒကောင်းကောင်း အမြန်ဆုံးချမှတ် အကောင်အထည်ဖော်သင့်ကြောင်း အားလုံးက ထောက်ပြနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 781
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဂတိဖြင့် လုပ်ဆောင်မှုများကြောင့် နိုင်ငံသားမဟုတ်သင့်သူများက နိုင်ငံသားဖြစ်၍ နိုင်ငံသားဖြစ်သင့်သူများက တရားမဝင်မှုဖြင့် ဘေးရောက် သွားမည့် အနေအထားမျိုး မြင်ရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသားဖြစ်သည်ဆိုပါက အရွယ်ရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်လုပ်ရလျှင် ၎င်းတို့အတွက် မည်သည့်အခက်အခဲမှ ရှိစရာမလိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များအား ရွေးကောက်ပွဲကာလမှလွဲ၍ ကျန်သည့် အချိန်များ၌ လွယ်လင့်တကူ လုပ်၍မရကြောင်း ၎င်းက ပြောသည်။
၄င်းက “ကျနော်ထင်တာတော့ သူသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ပေတံနဲ့တိုင်းမှာမဟုတ်ဘူး။ အစိုးရဖြစ်ပြီး သူဘာပေါ်လစီလုပ်မလဲ ဘာလုပ်မလဲဆိုတဲ့ ပေတံနဲ့တိုင်းမယ်လို့ ယူဆတယ်။ ဥပမာ အာဆီယံရဲ့ (5 point Consensus) ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ လိုက်ပါ လုပ်ဆောင်နိုင်တယ် ဆိုရင်တော့ အာဆီယံ သဘောထားပြောင်းလဲသွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကတေ့ာ ဖိလစ်ပိုင်၊ နောက်နှစ်မှာတော့ စင်္ကာပူ၊ နောက်တစ်နှစ်မှာတော့ ထိုင်းပြန်ဖြစ်တာကို။ ဒါကြောင့် ထိုင်းအာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ နှစ်လောက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ သဘောလည်းရှိတာကို။ ဒါကြောင့် ဒီစင်္ကာပူကလည်း နောက်နှစ် သူ့လက်ထက်မှာ ဖြစ်နိုင်ခြေရှိမလား။ သူမဖြစ်ဘူးဆိုရင်တော့ စင်္ကာပူပြီးရင် လာမယ့် ထိုင်းကတော့ သေချာပေါက်ပြန်ဖြစ်ပေးနိုင်တဲ့သဘောရှိတာပေါ့လေ။ အစိုးရရဲ့ပေါ်လစီတွေ မထွက်သေးတော့ နည်းနည်းတော့ ကြည့်ရအုံးမယ်။ ဒီလူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် မူ အပြောင်းအလဲ များ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်။ စစ်ရေးကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ်တွေ ခန့်အပ်တဲ့ဟာပေါ့။ နှစ်ယောက်စလုံးကတော့ စစ်ရေးမှာ ပျော့ပျောင်းမယ့်သဘောရှိမယ့်ပုံမပေါ်ဘူး။ နောက်စစ်ရေးကတော့ နဂိုအတိုင်းသွားနိုင်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဘက်က အစိုးရပေါ်လစီ အပြောင်းအလဲ လွှတ်တော်က ချမှတ်ပေးတဲ့ ပေါ်လစီ အပြောင်းအလဲတွေဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာပေါ့ စစ်ရေးကတော့ လိုက်ပြီးလှုပ်ရှားတာတော့ ရှိလာမှာပေါ့လေ ကြည့်ရတာ။ ဒါပေမယ့် အုပ်စုတော့ကွဲသွားမယ်စစ်ရေးမှာတော့။ ပြောလို့ဆိုလို့ရတဲ့ ညှိနှိုင်းလို့ အပေးအယူနိုင်ငံရေးအရ Dialogue လုပ်လို့ရမယ့် အဖွဲ့တွေကတော့ တစ်ပိုင်းဖြစ်ပြီးတော့ Dialogue လုပ်ဖို့ မလွယ်တဲ့ အဖွဲတွေကတော့စစ်ရေးအရ ပိုပြီးတော့ တင်းကြပ်မယ့်သဘောတော့ရှိတာပေါ့လေ။ နှစ်ပိုင်းတော့ဖြစ်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေ ကြည့်ရင် အဲဒီလိုမြင်ရပါတယ်” ဟု ပြောသည်။

လဝက ဝန်ထမ်းများအားတွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည့်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများ၌ ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် မသမာသောနည်းလမ်းဖြင့် UID နံပါတ် လျှောက်ထားခြင်းများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်တည်ဆဲဥပဒေများအရ ထောင်ဒဏ် (၆) လမှ အများဆုံး (၅) နှစ်အထိနှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ၏ အစိုးရဌာနများအနက် လဝက ဌာနသည် လုပ်တတ်လျှင် လုပ်တတ်သကဲ့သို့ ပြင်ပ ဝင်ငွေ အများအးပြား ရရှိကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။
ထို့ကြောင့် လစာဝင်ငွေအပြင် အခြားပြင်ပဝင်ငွေရချင်သည့်အတွက် လဝကဌာနတွင် ဝန်ထမ်းဖြစ်ချင်ကြသူ အင်မတန်များပြားသည့် အနေအထားမျိုးတွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ပြောသည်။

လဝက ဝန်ထမ်းများအားတွေ့ရစဉ်
၄င်းက ”ကျနော်တို့ရှေ့မှာတုန်းကပေါ့နော် NSPNC နဲ့ ပါတီတွေရဲ့ အလုပ်အဖွဲ့ပေါ့နော် ၁၆ ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပွဲတွေရှိခဲ့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ သဘောတူထားတဲ့ ၄၃ ချက်ရှိတယ်။ ပြီးတော့ အဲဒီ ၄၃ ချက်ထဲမှာ မပါသေးပေမယ့် အခြေခံအားဖြင့် သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် သဘောတူပြီးသားအချက်တွေလည်းရှိတာပေါ့။ အဲဒီလိုဟာတွေက မဖြစ်မနေ လုပ်ပါ့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ လွှတ်တော်ပြန်စပြီဆိုတာနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကရှိတဲ့အခါကြတော့ ကျနော်တို့က ဒါတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒါတွေမျှော်လင့်လို့ရမယ်။ ပြီးတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်အနေနဲ့က အခုက စုဖွဲ့လာပြီပေါ့နော်။ စုဖွဲ့လာပြီဆိုတဲ့အခါကြတော့ ကျနော်တို့က ရှေ့မှာတုန်းကတော့ အာဏာထိန်းပေါ့လေ။ အာဏာထိန်း အစိုးရဖြစ်တယ်။ ဒီတစ်ခေါက်ကြတော့ ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးပြောင်းလဲတာမျိုး မဟုတ်ပေမယ့် ကျနော်တို့က ရွေးကောက်ခံအစိုးရဆိုတဲ့ပုံသဏ္ဍာန်တော့ ပြန်ပြောင်းသွားတာပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ Power Center ကလည်း ပြန်ကွဲသွားတယ်။ လွှတ်တော်ဆိုတာပေါ်လာတယ်။ ဒီအတွက်ကြောင့်မို့လို့ လူတအားမပြောင်းပေမယ့်လည်း ကျနော်တို့ ကစားစရာနိုင်ငံရေး (Political Arena) ပေါ့နော်။ ကစားကွင်းက ပိုပြီးတော့ လူးသာလွန့်သာ ရှိလာတယ်ပေါ့။ ဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ကလည်း မျှော်လင့်စရာ အများကြီးရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
အလားတူ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်ရှိနေသော ဘင်္ဂါလီတချို့သည်လည်း လဝက ဝန်ထမ်းများကို ငွေကြေးပေး၍ နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ရယူထားကြောင်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 509
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံရှိ ကျန် တိုင်းရင်းသားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ပြည်မဘက်မှ ပိတ်ပင်ထား သည်မှာ အမှန်တရားဖြစ်ကြောင်း၊ သို့သော် ၎င်းတို့သည် “ဝ” နှင့် ရပ်တည်ချက်ခြင်း မတူညီသကဲ့သို့ ရောနှော လျက်ရှိကြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

လူမျိုးစု လူငယ်များကို တွေ့ရစဉ်
ထို့ကြောင့် ၁၉၅၈ ခုနှစ် မတိုင်ခင်က ရရှိခဲ့သည့် အနေအထားမျိုး ရသင့်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ “ဝ” လိုကတော့ ပေးမှာမဟုတ်ဘူး။ “ဝ” အစဉ်အလာနဲ့ကလည်း မတူဘူး။ “ဝ” က အစ ကတည်းက အင်္ဂလိပ်အစိုးရတောင်မှ ၁၉၃၆ ကြမှ “ဝ” နယ်ကို တက်တာလေ။ အနှစ် ၅၀ လုံးလုံး လွှတ်ထားတာ။ ကျန်တဲ့လူတွေနဲ့ “ဝ” ရဲ့ ရပ်တည်ချက်ကလည်း မတူဘူး။ သူ့သမိုင်း အစဉ်အလာပဲ ကြည့်ကြည့်။ ကျန်တာတွေက ရောနေတာဆိုတော့ အဲဒီလောက်ကြီးကတော့ မရဘူး။ သို့သော်လည်းပဲ ကျနော် ဒီဘက်ကနေပြီးတော့ ဗဟိုအစိုးရ ပေါ့။ ပြည်မ ဘက်ကနေပြီးတော့ သိပ်ပြီးတော့ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဒီဘက်ကနေပြီးတော့ ကျနော်တို့ ပိတ်ပင်ထားတယ် ဆိုတာကလည်း အမှန်တရားပါပဲ။ အဲဒါလည်း ငြင်းလို့မရဘူးပေါ့။ အဲဒီတော့ ၁၉၅၈ ခုနှစ် မတိုင်မီက သူတို့ရခဲ့တဲ့ အနေအထားမျိုးလောက်ကတော့ ရသင့်တယ်။ သို့သော်လည်းပဲ ကိုယ့်ဘာသာကိုယ် တရားစီရင်ပြီးတော့ လူသတ်ချင်သလိုသတ် လုပ်နေတဲ့ ဟာမျိုးကတော့ ဒါမျိုးကတော့ လက်မခံဘူးပေါ့။ သဘော ကတော့ ဖက်ဒရယ်ဟာ ဖက်ဒရယ် ပီပီသသတော့ ရမယ်။ ကွန်ဖက်ဒရိတ်ပုံစံ “ဝ” လုပ်သလိုမျိုးကတော့ သူတို့ ရမှာ မဟုတ်ဘူး။ “ဝ” ကလည်း ဒါက ကျနော်တို့က ပြောရမယ်ဆိုရင် အထဲထဲမှာ ပြိုကွဲနေသလို ဖြစ်နေတာကို။ တကယ်တော့ “ဝ” လုပ်တဲ့ လုပ်ရပ်တွေကလည်း တချို့နေရာတွေမှာ ကျနော်တို့ လက်ခံနိုင်စရာ မရှိဘူးပေါ့။ သူ့ အခွင့်အရေးတွေကိုသူ သိပ်ပြီးတော့ ပိုယူနေတယ်လို့ ကျနော်တို့ ခံစားရတယ်” ဟု ပြောသည်။
၁၉၅၈ ခုနှစ် မတိုင်ခင်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှမ်း၊ ကချင်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် သီးခြားပြည်နယ် အဆင့်အတန်း ရရှိထားကြပြီး ပြည်နယ်အစိုးရအဖွဲ့များ အား သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာအချို့ကို ကိုယ်တိုင်ကျင့်သုံးခွင့် ရှိခဲ့သည်။
ထိုခေတ်က လွှတ်တော်နှစ်ရပ် စနစ်ကို ကျင့်သုံးခြင်းဖြစ်ကာ ဗမာမဟုတ်သော တိုင်းရင်းသားများအတွက် လူမျိုးစု လွှတ်တော်ဆို၍ရှိခဲ့ပြီး ထိုလွှတ်တော်၌ ဗမာမဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များသည် လူဦးရေ အချိုးအစားအလိုက် မဟုတ်ဘဲ ပြည်နယ်အလိုက် သတ်မှတ်ထားသည့် အခွင့်အရေးများအရ နေရာရရှိကြခြင်း ဖြစ်ကာ ဗမာလူမျိုးစုနှင့် တန်းတူနီးပါး အာဏာချိန်ခွင်လျှာ ညှိနှိုင်းခွင့် ရခဲ့ကြကြောင်း သိရသည်။
၁၉၅၈ ခုနှစ်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိသည့် အဆင့်မြင့် နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသည့် ကာလလည်း ဖြစ်ခဲ့သည်။
“ဝ” အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခြင်းသည် တရုတ်နယ်စပ်တွင် တည်ရှိနေခြင်း၊ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အားနှင့် ဒေသအား လုံခြုံစွာ ထိန်းထားနိုင်သည့် အချက်အလက်များကြောင့် ဖြစ်ကြောင်း၊ ကျန် တိုင်းနှင့် ပြည်နယ်များတွင် “ဝ” ကဲ့သို့ စုဖွဲ့မှု ကျစ်လျစ်မှုမျိုး မည်သူ့မှာမှ မတွေ့ရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လူမျိုးစု လက်နက်ကိုင်များ၏ အလံများကို တွေ့ရစဉ်
၎င်းက “အဲဒီ ရတဲ့ဟာကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေပြီးတော့ အဲဒီလို ရပါပြီဆိုပြီးတော့ နိုင်ငံရေး အဆင့် အတန်း တစ်ခုနဲ့ ဖွဲ့ထားတာတော့ မဟုတ်ပါဘူး။ အခြေအနေ တစ်စုံတစ်ယောက်နဲ့ ပတ်သက်ပြီးတော့ သူရထား တာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျန်တဲ့ တိုင်းတွေ၊ ပြည်နယ်တွေကိုတော့ အဲဒီလိုဖွဲ့ဖို့က အဲဒီလိုပေးဖို့က စုဖွဲ့မှု ကျစ်လျစ်မှု ဘယ်သူ့မှာမှ မရှိသေးတာ တွေ့ရပါတယ်။ ကျစ်လျစ်မှု မရှိသေးတဲ့ အခါကြတော့ “ဝ” လို ထိန်းနိုင်တဲ့ ကိုယ့်ဘာသာကိုယ် ရှင်သန်နေနိုင်တဲ့၊ လုံလုံလောက်လောက် လုပ်သွားနိုင်တဲ့ အရည်အချင်း မျိုးကလည်း မတွေ့ ဘူးဖြစ်ပါတယ်။ ဘဏ္ဍာရေးအရ၊ လုံခြုံရေးအရ၊ လူမျိုးတစ်မျိုး၊ အဖွဲ့တစ်ခုက အဲဒီလိုမျိုး ဒေသလေးတစ်ခုကို ကျစ်ကျစ်လျစ်လျစ် လုပ်နိုင်တဲ့ အခြေအနေမျိုးလည်း မရှိသေးတာ တွေ့ရပါတယ်။ တွေ့ရတော့ ဒီအတိုင်းကြီး ရှမ်းပြည်နယ်အထဲမှာ “ဝ” က ယူသွားတယ်။ ဒါပေမယ့် “ဝ” က သူမခွဲဘူးဆိုတော့ ရှမ်းပြည်နယ် ပဲ့ထွက်သွားဖို့ တော့ မရှိဘူး။ ဒါပေမယ့် ရှမ်းရဲ့ အုပ်ချုပ်မှုူဖြစ်စေ၊ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှု အာဏာကြီး ၃ ရပ်ဖြစ်စေ သက်ရောက် မှု အားနည်းသွားတာပေါ့။ ကျန်တဲ့ဒေသတွေကို အဲဒီလို ကျစ်ကျစ်လျစ်လျစ် စုဖွဲ့နိုင်ထားတာကို ဘယ်ဒေသမှ မတွေ့သေးဘူး ဖြစ်နေတာ” ဟု ပြောသည်။
၁၉၈၉ ခုနှစ်တွင် UWSA နှင့် နဝတ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ထိုဒေသကို “ရှမ်းပြည်နယ် အထူးဒေသ (၂)” အဖြစ် သတ်မှတ်ပေးခဲ့သည်။
ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)၊ အပိုဒ်ခွဲ (ဂ)အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်း မော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် တက်လာသည့် အခါမှသာ အုပ်ချုပ်ရေး ယန္တရား များ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် “ဝ”သည် နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန်မူကို အခိုင်အမာ ရပ်တည်ထားကြောင်း ထုတ်ဖော် ပြောဆိုလေ့ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ် များ၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံ မြို့နယ်များ၊ ဓနုသည် ရှမ်းပြည်နယ်အတွင်းရှိ ရွာငံ နှင့် ပင်းတယ မြို့နယ်များ၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များ၊ နာဂ သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတို့ကို ရရှိထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၈
ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့မှအပ ကျန်မြို့နယ်အားလုံးကို ထိန်းချုပ် ထားသည့် အာရက္ခတပ်တော်(AA)အား “ဝ” ကဲ့သို့ သဘောထားနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ညီနောင်မဟာမိတ်(၃)အဖွဲ့ အဖြစ်လည်း လှုပ်ရှားနေကြောင်း၊ အလားတူ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့လည်း နွေဦးတော်လှန်ရေး အင်အားစုများ လက်တွဲ၍ စစ်ရေးကို ဖြန့်ကျက်လှုပ်ရှား လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းထဲမှာလည်း KIA နှင့် PDF များဖြင့် ပူးတွဲ၍ စစ်ရေး လှုပ်ရှားလျက်ရှိပြီး ရခိုင် ပြည်နယ် လုံခြုံရေးအတွက် ဖြန့်ကျက်ကစားနေသည်။
AA သည် လက်တွေ့မြေပြင်၌ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး စုဖွဲ့မှုများတွင် နိုင်နင်းစွာ အုပ်ချုပ်နိုင်သည့် အခြေအနေမျိုး မဟုတ်သေးသည့်အတွက် “ဝ” ကဲ့သို့ သဘောထား၍ မရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

UWSA ခေါင်းဆောင်ကို တွေ့ရစဉ်
၎င်းက “AA ကလည်း မငြိမ်သေးဘူး။ မငြိမ်သေးဘူးဆိုတော့ “ဝ” လို သဘောထားလို့ မရသေးဘူး။ နောက် AA မှာက ကြီးမားတဲ့ နိုင်ငံတကာ အရင်းအမြစ်တွေရှိတယ်။ ကုလားတန်စီမံကိန်းဆိုရင် အိန္ဒိယ က လုပ်ထားတယ်။ ကျောက်ဖြူ ရေနက်စီမံကိန်းဆိုရင် တရုတ်ရဲ့ အကျိုးစီးပွားဖြစ်တယ်။ နောက် ရထား လမ်း၊ ကားလမ်း၊ ကျောက်ဖြူ ပိုက်လိုင်းကို အမှီပြုပြီးတော့ ကျောက်ဖြူ ရထားလမ်းကို ဖော်ဖို့ရှိတယ်။ အဲဒါတွေ အားလုံးကို စီမံခန့်ခွဲနိုင်ဖို့ AA မှာ လုံလောက်တဲ့ အင်အားနဲ့ အရည်အချင်း ရှိလား၊ မရှိလား ကျနော်တို့ မခန့်မှန်းနိုင်ဘူး။ သူ့ရဲ့ နိုင်ငံရေးစုဖွဲ့မှု၊ သူ့ရဲ့ အုပ်ချုပ်ရေးစုဖွဲ့မှု၊ စီးပွားရေး၊ ဘဏ္ဍာရေး စုဖွဲ့မှု တွေက ဘယ်လောက် ခိုင်လဲတော့ ကျနော်တို့ မသိဘူးပေါ့။ ဒါကြောင့် သူကတော့ နိုင်ငံရေးအရကိုပဲ တရားဝင် သူက လိုချင်တာ။ ကွန်ဖက်ဒရေးရှင်းလို့ သူက ပြောတာကို။ “ဝ” ကတော့ သူ့ဟာသူ အုပ်ချုပ် နေတယ်။ ကွန်ဖက်ဒရေးရှင်းလည်း မပြောဘူး၊ ဖက်ဒရေးရှင်းလည်း မပြောဘူး။ “ဝ” ပြည်နယ်ကို ပြည်ထောင်စုယူနစ်တစ်ခု သတ်မှတ်ပေးဖို့တော့ “ဝ” ပြောတာ ကြားဖူးတယ်။ အဲဒါလည်းပဲ အချိန်အခါ ကျရင်တော့ ဥပဒေနဲ့အညီ သတ်မှတ်တာလဲ ဖြစ်နိုင်တယ်။ အခုအချိန်အထိတော့ ဥပဒေနဲ့ သတ်မှတ်တာ မရှိသေးဘူး။ ၂၀၀၈ ထဲမှာ ရေးထားတာက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ division လို့ပဲ ရေးထား တာ။ ဒါပေမယ့် သူ့ခြေ၊ သူ့လက်တော့ ဖြစ်နေတယ်။ ဖွဲ့စည်းပုံမှာတော့ အဲဒီအဆင့်ကို ရေးထားတာ မတွေ့ရသေးဘူးပေါ့။ အဲဒါကြောင့်ပါပဲ။ ရခိုင်ပြည်နယ်ကလည်း သူတို့နိုင်ငံရေး တောင်းဆိုချက်က တစ်ပိုင်းပေါ့လေ။ သို့သော် လက်တွေ့မြေပြင်မှာက နည်းနည်းလေး နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တဲ့ အခြေအနေ ရှိလား၊ မရှိဘူးလား ကျနော်တို့က အကဲဖြတ်ကြည့်တဲ့ အခါကြတော့ နည်းနည်း အခက်အခဲ ရှိတာ တွေ့ရတယ်လေ။ ဘဏ္ဍာရေးအရရော၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆက်ဆံရေး အားလုံးပေါ့လေ။ အရေးအားလုံးမှာ နိုင်နိုင်နင်းနင်း မဟုတ်သေးဘူးဆိုတာတော့ တွေ့ရပါ တယ်။ အဲဒါကြောင့် သူလည်း နည်းနည်း တည်ဆောက်ဖို့အတွက် ခက်ခဲဦးမယ့် သဘောတော့ ရှိပါသေး တယ်” ဟု ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)၊ အပိုဒ်ခွဲ (ဂ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ် တက်လာသည့် အခါမှသာ အုပ်ချုပ်ရေး ယန္တရားများ စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် UWSA နှင့် နဝတ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ထိုဒေသကို “ရှမ်းပြည်နယ် အထူးဒေသ (၂)” အဖြစ် သတ်မှတ်ခဲ့ရာမှ ၂၀၀၈ ဖွဲ့စည်းပုံအရ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အဆင့်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ပြင် “ဝ”ဒေသသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခု ဖြစ် ကြောင်း၊ “နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သီးခြား လွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည်ထားကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ဗဟိုကော်မတီက ဧပြီ ၃ ရက် တွင် သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဂုဏ်ပြု ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ထုတ်ဖော် ပြောဆိုထားသည်။

AA ခေါင်းဆောင်ကို တွေ့ရစဉ်
လက်ရှိတွင် AA နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ဖက်ဒရယ်စနစ်ကို နားလည်ထားမှုနှင့် သိမ်းပိုက်ရရှိ ထားသော ဒေသများအား တပ်မတော်ဘက်မှ ပြန်လည် သိမ်းနိုင်မလား၊ မသိမ်းနိုင်ဘူးလား အပေါ်တွင် အများကြီး မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီအပေါ်တွေမှာ သူတို့ အခြေခံပြီးတော့ စဉ်းစားရလိမ့်မယ်။ တကယ်လို့ သူတို့က ပြန်သိမ်း နိုင်ဦးမယ်လို့ ယူဆလို့ရှိရင်တော့ သူတို့က AA နဲ့ ဆွေးနွေးတဲ့ကိစ္စ၊ NCA လက်မှတ်ထိုးတဲ့ ကိစ္စတွေမှာ AA တို့ဘာတို့ ပါဝင်လာဖို့ အတွက်ကို သူတို့ လက်ခံရလိမ့်မယ် မထင်ဘူး။ နောက် အစိုးရကပေါ့။ တကယ်လို့ NCA စာချုပ်မှာ ဘာအထိပါတုန်း၊ ဘာတွေ ဆွေးနွေးနိုင်တုန်းဆို NCA စာချုပ် လက်မှတ် ထိုးလိုက်ပြီး တာနဲ့ အပစ်အခတ်က ရပ်ထားရမှာ။ လက်ရှိ ရောက်ရှိနေတဲ့ နေရာအတိုင်းမှာ နေမြဲအတိုင်း နေပြီးတော့ ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးရမယ်ပေါ့။ ဆွေးနွေးပြီးတဲ့အခါ အဲဒီဆွေးနွေးတဲ့ ဆွေးနွေးပွဲက ဘယ်အထိ သွားမှာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိ သွားရမှာ။ ပြင်ဆင်ပြီးတဲ့ အခါ ကြတော့မှ နောက်ဆုံး အဲဒီဟာ ပြင်ဆင်ရင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို ပြုပြင်ပြောင်း လဲရေးပေါ့။ SSR DDR ခေါ်တာပေါ့။ ပြည်ထောင်စု တပ်မတော်အဖြစ်၊ တစ်ခုတည်းသော တပ်မတော် တစ်ခုတည်းရှိရေးကို သွားမယ်။ အဲဒီလိုတွေ ရည်မှန်းထားတာ။ အဲဒီလိုဖြစ်တဲ့ အခါကြတော့ AA က အခု က ရခိုင်ပြည်တစ်ပြည်လုံးကို သူက သိမ်းထားတော့ AA နဲ့ပတ်သက်လို့က “ဝ” ကို သဘောထားသလို ထားနိုင်သလား ပြဿနာက။ နောင်တက်လာမယ့် အစိုးရက ကြိုပြီးတော့ စဉ်းစားထားရမယ့် ကိစ္စတွေ ပေါ့။ UWSA လို သဘောထား နိုင်မလား” ဟု ပြောသည်။
နိုင်ငံတော်ဘက်မှ အာရက္ခတပ်တော် (AA) အား စစ်ရေးဖြင့် ဖြေရှင်းသည့် နေရာတွင် အင်မတန်ကြိုးစား ဖြေရှင်းရမည့် အနေအထားဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အပစ်ရပ် သဘော တူညီခဲ့ကြပြီး တစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ဖြစ်သည်။
ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင် တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြော ဆို ထားဖူးသည်။
တခြား တစ်ဖက်မှာတော့ AA နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ၍ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရုတ်ဘက်က အဆိုပြုချက်ကို AA က လက်ခံထားကြောင်း နီးစပ် သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 464
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရသစ်နှင့် လွှတ်တော်သစ်တွင် ဗမာမဟုတ်သော လူမျိုးစုများ ပါဝင်လာမှု အခန်းကဏ္ဍကို နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက စောင့်ကြည့် နေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲခြားကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ လွှတ်တော် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ဖွဲ့စည်းလျက်ရှိနေသည်။
လက်ရှိ အစိုးရဖွဲ့စည်းမှု ပုံသဏ္ဍာန်သည် ဦးသိန်းစိန် လက်ထက် အစိုးရဖွဲ့စည်းမှုပုံစံနှင့် နှိုင်းယှဥ်ကြည့်လျှင် အနည်းငယ် ကွာခြားမှုရှိကြောင်း၊ အစိုးရဖွဲ့စည်းရာတွင် မည်သည့် တိုင်းရင်းသားကို ဦးစားပေးသည်၊ မပေးသည် ဟု ခွဲခြားမြင်နေပါက ပြည်တွင်း စစ်ရေးပဋိပက္ခ ပိုမို မြင့်မားလာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကို တွေ့ရစဉ်
၎င်းက “ဦးသိန်းစိန် လက်ထက်တုန်းက လုပ်တဲ့ပုံစံနဲ့တော့ နည်းနည်းတေ့ာ ကွာတယ်၊ ကျနော် ပြောချင်တယ်။ အခု ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် ပြည်နယ်အစိုးရတွေရရှိတဲ့ ကိုယ်စားလှယ်တွေကို အစိုးရအဖွဲ့ထဲမှာလည်း ထည့်ပေးတယ်။ အနိုင်ရတဲ့အပေါ် မူတည်ပြီးမှ အစိုးရ အဖွဲ့ထဲကို ခေါ်သွင်းထားတဲ့ အတွက်ကြောင့်မို့လို့ အုပ်ချုပ်ရေးစနစ် ဆောင်ရွက်တဲ့အခါမှာ အင်မတန်မှ ကောင်း မွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်နိုင်တယ်။ ယနေ့ကတော့ တွေ့ရှိချက်ကတော့ ရှမ်းပြည်နယ်မှာ ပအိုဝ်းလည်း ထည့်တယ်။ ကျားဖြူပါတီက ကိုယ်စားလှယ်ကိုလည်း ထည့်ထားတယ်။ ထည့်ထားတဲ့ အခါကျတော့ စည်းလုံးမှု တစ်ခုကို ပြယုဂ်ဖြစ်တာပေါ့နော်။ မွန်ပြည်နယ်မှာဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ပအိုဝ်းလည်းပါတယ်။ နောက် မွန်လည်း ပါတာပေါ့နော်၊ စုစုစည်းစည်းနဲ့ အစိုးရကို ဖွဲ့စည်းထားတယ်။ ယနေ့ ကချင်ပြည်နယ်ရဲ့ လွှတ် တော်ကတော့ တစ်မျိုးဖြစ်နေတာပေါ့။ ဦးသိန်းစိန် လက်ထက်တုန်းက တပြေးညီ လုပ်သွားတယ်။ ဒါပေမယ့်လည်း ဒီနေ့ အချိန်ကတော့ ပြည်နယ်တစ်ခုကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ကို အပြည့်ပေးပြီးမှ သမ္မတက မထိန်း ချုပ်ဘူးလားဆိုတဲ့ ကဏ္ဍလေးတွေလည်း နည်းနည်း စဉ်းစားရတာပေါ့နော်။ ဦးသိန်စိန် လက်ထက် တုန်းကနဲ့တော့ ကွာပါတယ်၊ အခုအစိုးရ ဖွဲ့စည်းပုံတွေကတော့။ နောက် လွှတ်တော်မှာဆို ကချင်ရှိမယ်။ သူ့ပြည်နယ်နဲ့သူ ကချင် ပြည်နယ်မှာဆိုလည်း ကချင်လူမျိုးအုပ်ချုပ်တာပေါ့နော်၊ အဲဒီလိုမျိုးလေးတွေတော့ တွေ့ရတာပေါ့။ အခု ရှမ်းပြည်နယ်မှာ ဆိုလည်း ရှမ်းက ဝန်ကြီးချုပ်ဖြစ်လာတယ်။ ဒါကတော့ ရခိုင်ကို ဦးစားမပေးဘူး။ ကချင်ကို ဦးစားပေးတယ်လို့ တော့ ကျနော်မမြင်ဘူး။ သူတို့လိုအပ်တဲ့ နေရာလိုအပ်သလို အစီအစဉ် ချထားတယ်လို့တော့ ကျနော် မြင်တယ်။ ယနေ့ လက်ရှိအစိုးရကတော့ သူ့အနေနဲ့ အကြီးအကျယ် ဖြေရှင်းရမယ့် ကိစ္စကတော့ တိုင်းရင်းသား ပြဿနာပေါ့ နော်။ တိုင်းရင်းသား ပြဿနာကစပြီး ပြည်တွင်းစစ် ဖြစ်လာတယ်ဆိုတဲ့ အခါကျတော့ သူ့ကို ဦးစားပေးတယ်၊ ကိုယ့်ကို ဦးစား မပေးဘူးလို့ ခွဲခြားဆက်ဆံနေမယ်ဆိုရင် ပြည်တွင်းစစ်မီးကပိုပြီးမှ တောက်လောင်လာနိုင်တယ်” ဟု ပြောသည်။
လက်ရှိ အစိုးရဖွဲ့စည်းပုံ အနေအထားကို သုံးသပ်ကြည့်ပါက အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုး မရောက်နေ ဘူးဟု မြင်ရကြောင်း စိုင်းဋ္ဌေးအောင်က ဆက်ပြောသည်။
၎င်းက “ကျနော့် အနေနဲ့ကတော့ ကျနော် ပြောချင်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးကို ပုံဖော်စေ ချင်တယ်။ မဖြစ်နေတာတော့ မဟုတ်ဘူး။ အဲဒီ ပုံစံမျိုးကို မရောက်ဘူးလို့ ကျနော် မြင်တာပေါ့နော်။ ဟိုတုန်းက ဆိုရင် ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဒုဝန်ကြီး အဆင့်ပေးတာမျိုးတွေ ရှိတာပေါ့လေ။ အခုလည်း အဲဒီလိုမျိုးတွေများ ပေးလေမလားဆိုတဲ့ ဥစ္စာမျိုး။ အဲဒီလိုမျိုးတွေ အစိုးရအဖွဲ့ထဲမှာ ခေါ်သွင်းထားခြင်းအားဖြင့် သူ့ပါတီကို ထောက်ခံတဲ့ ပြည်သူလူထုက အစိုးရအပေါ် ပိုပြီးမှ ယုံကြည်မှု မြင့်မား လာနိုင်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတအဖြစ် တာဝန်ယူ၍ ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ဖွဲ့စည်းလာမည့် အစိုးရ သစ်နှင့်အတူ ဦးသိန်းစိန် အစိုးရလက်ထက်က အနေအထားမျိုးကို ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်နိုင် မလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

မျိုးနွယ်စု လူငယ်များကို တွေ့ရစဉ်
ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် တိုင်းရင်းသားများအပေါ် ချဥ်းကပ်မှု ပုံစံအတိုင်း လက်ရှိအစိုးရ ဆောင်ရွက်သွားစေချင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဦးသိန်းစိန်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် အသွင်ကူးပြောင်းရေး ပထမငါးနှစ်တာ ကာလမှာ တော်တော်လေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့တာရှိတယ်။ အဲဒီလို ကြိုးစားခဲ့တာ အားလုံးကို NLD ဖြိုဖျက်တာပေါ့ဗျာ။ ငါတို့ ပြည်ထောင်စုပါတီ NLD မှာလည်း တိုင်းရင်းသားပေါင်းစုံပါတယ်။ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေက ပြည်ထောင်စုစိတ်ဓာတ် မရှိဘူးပေါ့ဗျာ။ ဒို့သာလျှင် အောက်ခြေကစ ဗဟိုအထိ အုပ်ချုပ်မယ်ဆိုတဲ့ အယူပေါ့ဗျာ။ မွန်၊ ချင်း အားလုံးပေါ့ဗျာ။ ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလမြင်ကွင်းကို ပြန်ကြည့်ပေါ့။ တိုင်းရင်း သားတော့ တိုင်းရင်းသား NLD က တိုင်းရင်းသားမှ တိုင်းရင်းသား ဖြစ်တယ်ပေါ့ဗျာ။ နိုင်ငံရေးသမား ပီသတယ်ပေါ့ ဗျာ။ တိုင်းရင်းသားပါတီ ဒေသအခြေပြု ပါတီတွေကို ဖွဲနဲ့ ဆန်ကွဲပဲ။ အဲဒီလိုကာလ ဖြတ်သန်းတဲ့အခါမှာ ဦးသိန်းစိန် ကာလရဲ့ တိုင်းရင်းသားတွေအပေါ် ချဉ်းကပ်မှုကို တိုင်းရင်းသားတွေက ပြန်ပြီးတော့ အမှတ်ရ သတိပြုကြတာပေါ့။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ ချဉ်းကပ်မှု တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲအောင် ချဉ်းကပ်မှု ပုံစံအတိုင်းပေါ့ဗျာ အခုကာလ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာ သွားစေချင်တာပေါ့” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ထို့နောက် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်း ကြောင်း၊ ဧပြီ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1014
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၈
မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲ သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေချိန်မှာပဲ တရားဥပဒေ စိုးမိုးမှုအားနည်းလျက်ရှိသည်။
ထို့နောက် အိမ်နီးချင်းနိုင်ငံတချို့မှ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ လဝက ဝန်ထမ်းများကို ငွေကြေးများ ပေး၍ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)များ ရယူနေခြင်း၊ မှတ်ပုံတင် တစ်ခုထက်မက ထုတ်ပေးခြင်း၊ ယခင် မူလ မှတ်ပုံတင် နံပါတ်ကို တခြားဒေသမှ မှတ်ပုံတင် နံပါတ်အား ပြောင်းလဲပေးနေခြင်း၊ မှတ်ပုံတင် အသစ် လဲလှယ်မထားဘူးဟု အကြောင်းပြ၍ ခရီးသွားများထံမှ ငွေကြေးတောင်းခံခြင်းနှင့် ခရီးစဉ် ကြန့်ကြာအောင် လုပ် ဆောင်ခြင်း၊ သက်ပြည့် မှတ်ပုံတင်များ အသစ်ပြန်လည် လဲလှယ်ရာမှာလည်း ငွေကြေးများတောင်းခံနေခြင်း စသည့် ကိစ္စများ လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အကျင့်ပျက် လူဝင်မှု ကြီးကြပ်ရေးအရာရှိတချို့၏ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုများကြောင့် တိုင်းပြည်က အမွေးဆိုးကြီးကို ခံစား နေရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကလည်း ဒီခေတ်အဆက်ဆက် ပြဿနာတွေ အများကြီး ရှိခဲ့တယ်ပေါ့နော်၊ အခုဆိုရင် ပြဿနာ ဘယ်လောက် ကြီးနေပြီလဲဆိုရင် အန်တီတို့ နေရာတိုင်းလိုလိုမှာ ဗမာစကား မပြောတတ်တဲ့ ဗမာနိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ထားပြီးတော့ ဗမာစကား မပြောတတ်တဲ့ လူတွေ တော်တော်များများ အန်တီတို့ လေယာဉ်စီးရင်းနဲ့လည်း ကြုံရတယ်၊ ကားစီးရင်းနဲ့လည်း ကြုံရတယ်၊ ရထားစီးရင်းနဲ့လည်း ကြုံနေရ တယ်လေ။ ဒါပေမယ့် သူတို့မှာ ဗမာမှတ်ပုံတင်တော့ ရှိနေတယ်။ အဲဒီကိစ္စက အန်တီတို့ အလေးနက်ထား ဖြေရှင်း ရမယ့် ကိစ္စဖြစ်တယ်။ ဒီကိစ္စက ခေတ်အဆက်ဆက်က လူဝင်မှုကြီးကြပ်ရေး ဒေသအသီးသီးမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ အကျင့်ပျက် လူဝင်မှုကြီးကြပ်ရေး အရာရှိတချို့ရဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတွေကြောင့် အခု လိုမျိုး တိုင်းပြည်က ဒီအမွေဆိုးကြီးကို ခံစားနေရတာ ဖြစ်တယ်”ဟု ပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားကို တွေ့ရစဉ်
ဥပမာအနေဖြင့် တရုတ်အစိုးရထံသို့ မြန်မာအစိုးရ ကျားဖြန့်ကိစ္စနှင့်ပတ်သက်ပြီး လွှဲပြောင်းပေးလိုက်ရသည့် ကိုးကန့်ခေါင်းဆောင် မိသားစုများသည် တရုတ်နိုင်ငံသားကတ်နှင့် မြန်မာနိုင်ငံသားကတ်များကို ကိုင်ဆောင်ထား သလို မြန်မာနိုင်ငံ၏ အစိုးရယန္တရားထဲတွင် အရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် သမိုင်းလည်း ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အလားတူ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်ရှိနေသော ဘင်္ဂါလီတချို့သည်လည်း လဝက ဝန်ထမ်းများကို ငွေကြေးပေး၍ နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ရယူထားကြောင်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။
လူဝင်မှုကြီးကြပ်ရေးအရာရှိများအနေဖြင့် တိုင်းပြည်၏ သိက္ခာကို တစ်သက်တာ ရိက္ခာနှင့်မလဲကြရန် လိုကြောင်း၊ ထိုကိစ္စအပေါ်တွင် ယခုအစိုးရမှ စံပြအနေဖြင့် စိစစ်ကြပ်မတ်၍ ပြစ်ဒဏ်များချသင့်ကြောင်း ရန်ကုန်စောင့်ကြည့် အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကြောင့်မို့လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ ကျင့်ဝတ်သိက္ခာကို စောင့်စည်းပြီးတော့ တိုင်းပြည် ကို ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားနဲ့ မလဲကြဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ တိုင်းပြည်ရဲ့ သိက္ခာကို ကိုယ့်ရဲ့တစ်နပ်စာ၊ နှစ်နပ်စာ၊ တစ်သက်တာ ရိက္ခာနဲ့မလဲကြဖို့ပေါ့။ အကျင့်ပျက်တဲ့ လှုဝင်မှုကြီးကြပ်တဲ့ အရာရှိတွေလည်း ဖော်ထုတ် ပြီးတော့ အရေးယူဖို့က ဒီအစိုးရလက်ထက်မှာ အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ စံပြအနေနဲ့လည်း ပြစ်ဒဏ်တွေ ချသင့်တယ်။ နိုင်ငံရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သူတို့ရဲ့ ကျင့်ဝတ်သိက္ခာ စောင့် ထိန်းမှုနဲ့အညီ ကာကွယ်ကြမယ်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းကြမယ်လို့ မျှော်လင့်တယ်လေ။ အစိုးရသစ် အနေနဲ့က စနစ်တကျ မှန်မှန်ကန်ကန်ပေါ့၊ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ အရေးကြီးတယ်။ ဗမာစကား မပြောတတ် သော လူများစွာက နိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ခွင့် ရနေပြီးတော့ ခေတ်အဆက်ဆက် ဒီနိုင်ငံမှာ နေလာ ပြီးတော့ ဒီနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစစ်စစ် ဖြစ်ပါလျက်နဲ့ မှတ်ပုံတင် မရတဲ့ နိုင်ငံသားတွေလည်း အများကြီး တွေ့နေ ရတယ်။ အခြေခံလူအခွင့်အရေးတွေ ဆုံးရှုံးနေတာ၊ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ အောက်ခြေမှာ အထူးသဖြင့် မြို့နယ်အဆင့်တွေ၊ ခရိုင်အဆင့်တွေမှာ အကျင့်ပျက်ခြစားမှုတွေ နည်းနိုင်သမျှ နည်းအောင်လည်း သက်ဆိုင်ရာ လွှတ်တော်တွေက ထိန်းကျောင်းကြဖို့လိုတယ်လို့ အန်တီအကြံပြု ချင်တယ်”ဟု ပြောသည်။
လက်ရှိ လူဝင်မှုကြီးကြပ်ရေးတွင် ဥပဒေ စနစ်တကျရှိရေး၊ အဂတိလိုက်စားမှုများ ကင်းစင်ရေး၊ ယခု ဖြစ်ပျက်နေ သည့် ဥပဒေမဲ့ ဖြစ်ရပ်များကို ကိုင်တွယ်မည့် အရာရှိများနှင့်ဌာနများ၏ တည်ကြည် ဖြောင့်မတ်မှု၊ အဂတိ မလိုက် စားမှု၊ သန့်ရှင်းမှုများက အင်မတန် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထိုကြောင့် သက်ဆိုင်ရာ တိုင်းဒေသနှင့် ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် အသီးသီးက လူဝင်မှုကြီးကြပ်ရေးဌာနများကို ထိန်းကျောင်းသွားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ပြောသည်။
မှတ်ပုံတင်ပွားခြင်းက သာမန်တောသူတောင်သားနှင့် အရပ်သားများက မလုပ်ကြောင်း၊ အာဏာပိုင် အဖွဲ့အစည်း နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများသာ လုပ်လေ့ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း က CNI သတင်းဌာနသို့ ပြောသည်။

လဝကဝန်ကြီး ဦးမြင့်ကြိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒီမှတ်ပုံတင် ပွားတယ်ဆိုတဲ့ ဟာကလေ သာမန် တောသူတောင်သားက မပွားဘူး၊ သာမန် အရပ်သား က ပွားပြီးလုပ်တာ မဟုတ်ဘူး၊ အာဏာပိုင် အဖွဲ့အစည်းနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေပဲ လုပ်ကြတာ သိလား၊ ဒီလိုလူတွေပဲ လုပ်နိုင်တာ။ ကျမတို့တောင် ဘယ်တော့မှ စိတ်ကူးမရှိဘူး၊ မှတ်ပုံတင်ပွားပြီးတော့ အလုပ် လုပ်ဖို့ဆိုတဲ့ဟာ။ ဒါပေမယ့် အဲဒီလို လုပ်တယ်ဆိုလို့ရှိရင် သူများနိုင်ငံတွေမှာလည်း ထိရောက်တဲ့ အရေးယူမှုတွေ ကလည်း ရှိတာပဲလေ။ ဒါပေမယ့် ကျမတို့ တိုင်းပြည်မှာကျ ဟိုအာဏာရှိရင် ရှိသလိုပါပဲ ထိရောက်တဲ့ အရေးယူမှု ဆိုတာက ပြန်မပြောနိုင်သောသူတွေ၊ အင်အားနည်းတဲ့ လူတွေအတွက်ကတော့ ဥပဒေဆိုတာ သက်ရောက်ပြီး တော့၊ အင်အားရှိတဲ့ လူတွေအတွက်ကျတော့ ဥပဒေ မသက်ရောက်ပါဘူး။ ဒီအစိုးရသစ်လက်ထက်မှာတော့ မူအသစ် တွေ၊ လူအသစ်တွေနဲ့ပဲ စနစ်အသစ်တွေနဲ့ပဲ လုပ်သင့်ပါတယ်လို့။ ကျမတို့ နိုင်ငံမှာဗျာ ဘယ်နေရာပဲဖြစ်ဖြစ် ခက်ခဲ နေတာ ဖြစ်တဲ့အတွက် ခက်ခဲနေရင် ပွဲစားဆိုတာရှိတာပဲ။ မခက်ခဲရင် ပွဲစားဆိုတာ မရှိဘူး။ အဲတော့ ခက်ခဲအောင် လုပ်လေ ပွဲစားဆိုတဲ့စနစ်က ပျောက်မှာမဟုတ်ဘူး။ ဒါကြောင့်မိုလို့ နေရာတိုင်း နေရာတိုင်း၊ ကဏ္ဍတိုင်း ကဏ္ဍ တိုင်းမှာ ပွဲစားမရှိအောင် ဆိုလို့ရှိရင် အားလုံး လွယ်ကူပြီးတော့ ပြည်သူလူထု တကယ်ကို လိုက်နိုင်တဲ့ ဥပဒေတွေ ချမှတ်ဖို့ သင့်တယ်၊ စည်းမျဉ်း၊ စည်းကမ်းတွေကို ချမှတ်ဖို့သင့်တယ်။ အရမ်းကို ချုပ်တည်းထားမယ်၊ ကြပ်တည်းအောင်လုပ် ထားမယ်ဆိုရင် ပွဲစားဆိုတဲ့ကဏ္ဍ ဘယ်တော့မှ မပျောက်ဘူး။ ဒီ ၅ နှစ်လုံးလုံးမှာ နေရာတိုင်းမှာ ဖြစ်နေတာ၊ ကဏ္ဍ တိုင်းမှာ လုပ်ရတာတွေ အကုန်လုံးက တအားခက်ခဲတယ်ပေါ့နော်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဆိုတာ ဘယ်ကဏ္ဍမှာမှ မရှိဘူး”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေခြင်းကြောင့် ၅/၈/၁၃/ စသည့် နံပါတ် မျဉ်းစောင်းကိုင်ထားသည့် နိုင်ငံသားများသည် တခြားသောသူများထက် စစ်ဆေးခံရခြင်း၊ သွားလာ ခွင့် ကန့်သတ်ခံရခြင်း၊ တင်းကြပ်ခံရခြင်းများ ရင်ဆိုင်နေကြရသည်။
ထို့နောက် ၅/၈/၁၃/ ကိုင်ဆောင်ထားကြသူများက တခြားသော မှတ်ပုံတင်နံပါတ် မျဉ်းစောင်းများကို လဝက ဝန်ထမ်းများထံ သိန်းနှင့်ချီ ငွေကြေးပေး၍ မှတ်ပုံတင်အသစ်များ လုပ်ဆောင်လာခဲ့ကြသည်။
အလားတူ ပြည်ပနိုင်ငံသားများကိုလည်း ငွေကြေးတစ်စုံတစ်ရာ ရယူ၍ မှတ်ပုံတင်များ ထုတ်ပေးနေခြင်းကြောင့် မြန်မာနိုင်ငံသားဖြစ်သူ၏ မူလ မှတ်ပုံတင်နံပါတ်ဖြင့် ထပ်တူဖြစ်နေခြင်းများ ကြုံတွေ့ရမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည့်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများတွင် ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် မသမာသော နည်းလမ်းဖြင့် UID နံပါတ် လျှောက်ထားခြင်းများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် တည်ဆဲဥပဒေများအရ ထောင်ဒဏ် (၆) လမှ အများဆုံး (၅) နှစ်အထိနှင့် ငွေဒဏ်များ ချမှတ်နိုင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 723
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၇
မြန်မာနိုင်ငံတွင် မကြာခင် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်၌ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန် ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စသည့် ဝန်ကြီးဌာန ၃ ခုကို မည်သည့်ပုဂ္ဂိုလ်များ ကိုင်တွယ်မလဲ အမည်စာရင်းများ ထွက်ပေါ်လာပြီးဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရွေးကောက်တင်မြှောက်ခံ ထားရသည့် သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို နာမည်စာရင်း တင်သွင်း ခဲ့သည်။

အဆိုပါ နာမည်စာရင်းတွင် တပ်မတော်(လေ)ချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်ကို လည်းကောင်း အဆိုပြု တင်သွင်းခဲ့ သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ကြေညာခဲ့သည်။
ထိုဝန်ကြီးဌာန သုံးခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ခန့်အပ်ပိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 497
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အစိုးရဘက်က ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း လမ်းကြောင်းတစ်လျှောက်တွင် လက်နက်ကိုင် အင်အားစုများရှိနေခြင်းကြောင့် လုံခြုံရေးအာမခံချက် ရှိရန် လိုအပ်ကြောင်း ကရင်ပြည်သူ့ပါတီမှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
နှစ်အတန်ကြာ ပိတ်ထားခဲ့ရသည့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အရေးပါသည့် မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးအား ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်နေ့မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ခဲ့သည်။
အစိုးရအနေဖြင့် ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ နယ်မြေတည်ငြိမ်ရေး၊ ပြည်သူလူထု သွားလာရေး လုံခြုံရေး အခြေအနေများကို ဦးဆောင်ပြီး လုပ်ရမည်ဟု ကရင်ပြည်သူ့ပါတီမှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆရာမ နည်းနည်း သိရသလောက်ကတော့ ကားလေးတွေပဲ ဖြတ်ခွင့် ပေးသေးတယ်။ ကားကြီး တွေ ဖြတ်ခွင့်မပေးသေးဘူး ။ ကုန်ကားတွေပေါ့ ဒါပြီးခဲ့တဲ့ နှစ်ရက်ပေါ့နော်။ ဒီနောက်ပိုင်းတော့ သူတို့ စီးပွားရေး ၊ ကုန်သွယ်ရေးအရတော့ ဖြတ်ခွင့်ပေးမှာပါ။ အဲဒီလို ဖွင့်လိုက်ပြီဆိုတာနဲ့ ဈေးတွေတော့ ကျ လာတယ်။ ဒီဘက်ကလည်း သွားလို့ရပြီဆိုတော့ ဒါပေမယ့် အကြီးကြီးတွေတော့ သွားလို့မရသေးဘူး။ အသေးတွေပဲ သွားလို့ရသေးတာ။ ဒါပေမယ့် ဒါကတော့ တဖြည်းဖြည်း ဖွင့်သွားမှာပေါ့။ အဓိက တာဝန် ယူရမှာက အစိုးရရယ်၊နောက်လက်နှက်ကိုင်အဖွဲ့အစည်းပေါ့နော်။ ဆရာမသိရသလောက် KNU ဂိတ်လည်းရှိတယ် DKBA ဂိတ်လည်း ရှိတယ်။ နောက် BGF ဂိတ်လည်း ရှိတယ်ပါ့နော်။ အဲဒါတွေကိုတော့ သူတို့လုပ်နိုင်လို့ ဖွင့်တယ်လို့တော့ ဆရာမ ယူဆတယ်ပေါ့နော်။ ဆရာမမြင်တာ အဲဒီလို ဖွင့်လိုက်တယ်ဆိုတာကတော့ သူတို့ မညှိနှိုင်းဘဲနဲ့တော့ မဖွင့်နိုင်ဘူး။ ညှိနှိုင်းလို့သာ ဖွင့်နိုင်တာပေါ့ ဆရာမ မြင်တာတော့လေ။ ညှိနှိုင်းတာ ဘယ်လို အတိုင်း အတာမျိုးနဲ့ လုပ်သလဲတော့ ဆရာမလည်း မသိဘူးပေါ့နော်။ မညှိနှိုင်းထားဘူးဆိုရင် အဆင်မပြေနိုင်ဘူး အဲဒါတော့လေ။ ဒီလိုပဲ Risk ယူပြီး သွားနေတဲ့ လူတွေကတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ဆရာမ မြင်တာတော့ တကယ်တမ်းကျရင်တော့ သူ့ရဲ့ System အရဆိုရင်တော့ အစိုးရနဲ့။ ဒီအဖွဲ့တွေနဲ့က နားလည်မှု ယူရမယ်။ မယူလို့မရဘူး။ တကယ့် တိုင်းပြည် မျက်နှာကို ကြည့်မယ်ဆိုရင်တော့ အစိုးရ ပေါ့နော်။ အခု ဒါတက်လာမယ့် အစိုးရက တော်တော်ခေါင်းကြီးပါတယ်။ ဒါ သူသေသေချာချာ အဲဒါကို တော့ ကိုင်နိုင်ဖို့လိုတယ်။ အစိုးရကပဲ ဦးဆောင်လုပ်ရမှာ” ဟု ပြောသည်။

မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည် ကောင်းမွန်လာခြင်းသည် နိုင်ငံ့စီးပွားရေး ကောင်းမွန်လာရန်အတွက် အလားအလာများစွာ ရှိနိုင်ကြောင်း၊ အစိုးရအနေဖြင့် ကုန်သွယ်ရေး လမ်းကြောင်းတွင် အခုအခံ ဖြစ်စေသည့် ဂိတ်များ၊ အတားအဆီးများ မရှိအောင် သေချာ စီမံခန့်ခွဲရန် လည်း လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဓိက,က ဗမာပြည်ရဲ့ (Export) ရာခိုင်နှုန်း တော်တော်များများက (Border Trade)က လာ တာပေါ့။ လူသုံးကုန်ပစ္စည်းက ထိုင်းက အဓိက အများကြီး ဝင်တာလေ။ ထိုင်းက ဝင်တာနဲ့ တရုတ်က ဝင်တာနဲ့ တူရင်တောင်မှ ထိုင်းက မြဝတီကလာတဲ့ လမ်းကြောင်းက နီးတယ်လေ။ ဆိုတော့ ဒါက အရေး ကြီးတာပေါ့။ ဒါကောင်းတယ်ဆိုရင်တေ့ာ တိုင်းပြည် စီးပွားရေးလည်း ပြန်ကောင်းလာဖို့ အလားအလာ ရှိတာပေါ့။ တစ်ခုရှိတာပေါ့ဗျာ ဒီလမ်းကြောင်းတစ်လျှောက်မှာ တည့်တည့်ပြောရင်တော့ ဂိတ်တွေပေါ့ Barrier ဖြစ်တာပေါ့။ ကုန်သွယ်ရေး သဘောဆို အခုအခံတွေဖြစ်တာပေါ့။ အဲဒါတွေ မရှိအောင်တော့ လုပ်နိုင်ဖို့က ပိုလိုတာပေါ့။ ကုန်သွယ်ရေးမှာက ဒေါ်လာချွေတာတဲ့ မူဝါဒ သဘောမျိုး သွားနေတာကို။ ဒေါ်လာချွေတာတဲ့ မူဝါဒသွားတဲ့အခါကျတော့ သွင်းကုန်မှာ လိုင်စင်ကိစ္စတွေက တော်တော်လေး စိစစ် တာပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ပြည်တွင်းမှာဈေးက တအားတက်သွားတာပေါ့။ ပြည်သူအတွက် ကတော့ ဒီဥစ္စာပွင့်တာ ပိုကောင်းတာပေါ့။ ကျန်တဲ့ မူဝါဒအပိုင်းကတော့ အစိုးရက ဘယ်လိုစဉ်းစားမလဲ မသိဘူးပေါ့။ အစိုးရက ဘယ်လိုပဲ စဉ်းစားစဉ်းစား သေချာပေါက် တစ်ခုကတော့ ဒီလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ Barrier တွေပေါ့ အခုအခံဖြစ်တဲ့ ကိစ္စှမှန်သမျှတော့ သေချာလေး စီမံခန့်ခွဲဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
အာရှလမ်းပြန်ဖွင့်သည့် အချိန်မှစတင်ကာ မြဝတီမှ ကျုံဒိုးအထိ တပ်မတော်နှင့် BGF ပူးပေါင်း၍ လမ်းတစ်လျှောက် လုံခြုံရေးယူထားပြီး ဂိတ်နေရာများ ဆောက်လုပ်နေသည်ဟု ဒေသခံပြည်သူများမှ တဆင့် သိရသည်။

ကုန်သွယ်ရေးလမ်းပေါ်မှာ လက်နက်ကိုင်ထားသူ တစ်ဦး လမ်းလျှောက်နေစဉ်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ တပ်မတော်နှင့် KNU-PDF များကြား တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားခဲ့သည်။
အာရှလမ်း ပြန်လည်ဖွင့်လှစ်ခြင်းသည် ပြည်သူလူထု အခက်တွေ့စေသည့် ကုန်စျေးနှုန်း မြင့်တက်မှုဒဏ် များကို များစွာ လျှော့ချစေနိုင်ကြောင်း၊ ကုန်စည် စီးဆင်းမှုများစွာ မြင့်တက်လာနိုင်ကြောင်း၊ ပြည်သူ လူထု သွားလာရေး အဆင်ပြေ ချောမွေ့မှုများ ရှိလာနိုင်သည်ဟု ပြည်သူများက ထောက်ပြကြသည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အစိုးရက ဖွင့်လှစ်လိုက်ပြီဖြစ်သော် လည်း ကရင်ပြည်နယ်အတွင်းမှာရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်စုံတစ်ရာ ဆွေးနွေး ညှိနှိုင်းမှု မရှိကြောင်း သိရသည်။
ထို့ကြောင့် ကုန်သွယ်ရေးလမ်းကို အသုံးပြု၍ တရားဝင် ကုန်သွယ်မှုများ လုပ်ရန် မဖြစ်နိုင်သေးကြောင်း၊ လုံခြုံရေး အာမခံချက် မရှိဘဲ ကုန်သွယ်ရေးလုပ်ပါက ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 484
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၇
ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဆိုပြု တင်သွင်းခဲ့သော ပြည်ထောင်စု ဝန်ကြီး ၃၀ ဦးစာရင်းကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ကြေညာခဲ့သည်။
အဆိုပါ ဝန်ကြီး ၃၀ ဦးစာရင်းမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာ သီတာဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း တို့ဖြစ်သည်။

မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ထို့နောက် ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိန်း၊ ဦးစန်းဦး၊ ဦးကိုကို လွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်း၊ ဦးမောင်မြင့်တို့ ဖြစ်သည်။
ထိုပြည်ထောင်စုအဆင့် ဝန်ကြီး ၃၀ ဦးစာရင်းတွင် ဦးမျိုးဇော်သိန်း၊ ဦးမောင်မြင့်၊ ဦးကိုကိုလွင်၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးထိန်လင်း၊ ဦးစန်းဦး၊ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်းတို့သည် အစိုးရသစ် လက်ထက်မှာ အသစ်ခန့်အပ်ခံရသူများ ဖြစ်သည်။
