
- By CNI
- Category: နိုင်ငံရေး
- Hits: 183
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်က ရောက်ရှိလာသော နိုင်ငံတကာမှ ခေါင်းဆောင်များကို ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ရာမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုး ချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၊ ဗီယက်နမ်၊ ဆားဘီးယား၊ ကာဇက်စတန် အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ရန် ရောက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 601
CNI News
၂၀၂၅ ခုနှစ်၊ မေ ၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရသည့် “ဝ”တပ်ဖွဲ့ (UWSA)၏ နိုင်ငံရေးအဆင့်အတန်းသည် လွတ်လပ်ရေး မကြေညာရုံအဆင့်အထိ ကြီးမားပြီး အချုပ်အခြာအာဏာ အကုန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
“ဝ”တပ်ဖွဲ့ (UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရကာ အုပ်ချုပ်နေခြင်းဖြစ်သည်။
အခြားသော တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)၏ နိုင်ငံရေး ရည်မှန်းချက်များတွင် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုး လိုချင်ကြပြီး မရနိုင်ခဲ့ပါ အထူးဒေသအဖြစ် သတ်မှတ်ပေးရေးကို သဘောထားဆန္ဒများရှိ နေကြသည်။
“ဝ” ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာဆွန်ကော်ရှန်းကို တွေ့ရစဉ်
ဦးခွန်းဆိုင်က “ဒီဥစ္စာကတော့ “ဝ” အခြေအနေကို ကြည့်ရမှာပေါ့။ “ဝ” အခြေအနေက ဘာလဲဆိုတော့ လွတ်လပ် ရေး မကြေညာရုံ တမယ်ပဲလေ။ သူတို့မှာအကုန်ရှိနေတယ်။ အချုပ်အခြာအာဏာတွေ အကုန်ရှိနေတယ်။ ကိုယ့် တပ်နဲ့ကိုယ် ရှိနေတယ်။ အဲဒီတော့ တရုတ်ကပြောပြောနေတဲ့ တိုင်းပြည်ကတော့ တစ်ခုတည်း စနစ်ကတော့ နှစ်ခု ဆိုတဲ့ဟာမျိုး။ ကျနော်တို့နိုင်ငံက ဘာနိုင်ငံကြီးပဲဖြစ်ဖြစ် ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲဖြစ်ဖြစ် တစ်ပြည် ထောင်ပဲဖြစ်ဖြစ် သူတို့ကတော့ သီးခြားရပ်တည်မယ်ပေါ့နော်။ လွတ်လပ်ရေး မကြေညာရုံတမယ်ပဲပေါ့။ “ဝ”ဆိုရင် သူတို့ အခမ်းအနားလုပ်ရင် ကြည့်လိုက်၊ ပြည်ထောင်စုအလံလည်းရှိတယ်၊ “ဝ”အလံလည်းရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်က ဝင်လို့မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
အာရက္ခတပ်တော်(AA)သည် ၎င်း၏ အနိမ့်ဆုံး နိုင်ငံရေးအဆင့်မှာ “ဝ”ကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းကို ရလိုပြီး အမြင့်ဆုံးအနေဖြင့် သီးခြားလွတ်လပ်သော နယ်မြေထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားဖူးသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကာ တစ်နှစ် ကျော်ကြာ ကာလအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ မြို့နယ်၌ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။
“ဝ” အနေဖြင့် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် နိုင်ငံရေးအဆင့်အတန်းမျိုး ရရှိခြင်းမှာ နိုင်ငံတော်ကို ကာကွယ်ရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် ဖြစ်စဉ်များကြောင့်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
၎င်းက “အရင်တုန်းက ယိုးဒယားနဲ့ နယ်စပ်ပြဿနာဖြစ်တော့ အဲဒီတုန်းက SURA ပေါ့။ အခုတော့ ငြိမ်းချမ်းရေးယူ ထားတဲ့ ဦးယွက်စစ်တို့ ဘာတို့ သူတို့အဖွဲ့တွေနဲ့ တိုက်ကြတဲ့အချိန်မှာ “ဝ”က မြန်မာဘက်ကနေ ကာကွယ်ပြီး တော့ နယ်မြေပိုင်းဆိုင်ရာ ပြောရရင်တော့ မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဝင်ပြီးတော့ နိုင်ငံတော်ကာကွယ်ရေး အင်အားစု ချထားခဲ့ဖူးတယ်။ အဲဒီတော့ ခုနကပေးတဲ့ “ဝ” ဒေသပေးတဲ့ ကိစ္စရပ်တွေမှာ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ပေးတာရှိတယ်။ “ဝ” ရဲ့ ဖြစ်တည်လာမှုနဲ့ သူနေရာ ရထားတဲ့ ဟာတွေက အဲဒီအပေါ်မှာ မူတည်ထားတာ။ AA က “ဝ”ပုံစံမျိုး လိုချင်တယ်ဆိုတော့ ဟုတ်ပြီ။ အဲဒီတော့ နိုင်ငံ တော်ကာကွယ်ရေးအတွက် သူဘာလုပ်ထားလဲဆိုတာ ပြန်မေးရမှာ။ “ဝ”ရဲ့အဆင့်အတန်း ဘယ်လိုရှိလဲဆိုရင် နိုင်ငံတော်ကို ကာကွယ်ထားတဲ့ ကာကွယ်မှုကြောင့်၊ နဝတ၊ နယကခေတ်မှာ တစ်ခုခုတော့ ဒါကို ပြန်လည် ချီးမြှောက်မှု ရှိသင့်တယ်ဆိုတဲ့ ပုံစံနဲ့ နောက်ပိုင်းတွေ ငြိမ်းချမ်းရေးဘာညာက အသေးစိတ်ပေါ့။ အဓိက အကြောင်း အရင်း တစ်ချက်ကတော့ ဒါပါ။ အဲဒါကြောင့်မို့လို့ အခြေခံဥပဒေရေးဆွဲတဲ့အချိန်မှာ ဒါကိုထည့်ခဲ့တာ။ “ဝ”အဆင့် အတန်းထက် ကျော်လွန်ပြီး လိုချင်တယ်ဆိုရင်တော့ “ဝ” အဆင့်အတန်းမျိုး ရောက်အောင် AA က ဘာလုပ်ခဲ့လဲ ဆိုတဲ့ မေးခွန်း အရင်ဖြေဖို့လိုတယ်။ အဲဒါမဖြေနိုင်ရင်တော့ “ဝ”လို အဆင့်အတန်းမျိုး မပြောနဲ့ အခုလက်ရှိနေရာ တောင် ကောင်းကောင်း ရပ်တည်အောင် သူကြိုးစားရမယ်လို့ ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟူ၍ သတ်မှတ်ပေးထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 419
CNI News
၂၀၂၅ ခုနှစ်၊ မေ ၉
ဒီမိုကရေစီသည် လက်ရှိခေတ်ကာလတွင် အကြီးအကျယ် စိန်ခေါ်ခံနေရပြီဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က စက်မှုတော်လှန်ရေး ခေတ်မှသည် ဒီမိုကရေစီစနစ်ကို ထူထောင်ရေး ကြိုးပမ်းခဲ့သလို ယခုခေတ်သည် AI နည်းပညာခေတ်မှ ဒီမိုကရေစီစနစ် ထူထောင်ရေးဆိုကာ ပုံစံမတူဘဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း နိုင်ငံရေးသမား များက ထောက်ပြကြသည်။
လူ့အဖွဲ့အစည်း အနေဖြင့် ဒီမိုကရေစီသည် အာဏာအပြောင်းအလွှဲ မဟုတ်ဘဲ ကျင့်စဥ်ဖြစ်ကြောင်းကို မှန်မှန် ကန်ကန် နားလည်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
၎င်းက “ကျနော်တို့က ဒီမိုကရေစီဆိုတာကို မှန်မှန်ကန်ကန် နားလည်ဖို့ လိုမယ်လို့ မြင်တယ်၊ ဒီမိုကရေစီဆိုတာက အာဏာအပြောင်းအလွှဲ မဟုတ်ဘူးဗျ၊ ကျင့်စဥ်။ ကျင့်စဥ်ဆိုတာ ၅ နှစ် သက်တမ်းနဲ့လည်း ဒီမိုကရေစီ ချက်ချင်း ဖြစ်မသွားဘူး၊ အမေရိကန်တို့လိုမျိုး ဥရောပတွေ နိုင်ငံတွေမှာ ဒီမိုကရေစီ အခုအခြေအနေ ရောက်လာတယ်ဆို တာ နှစ်ပေါင်းရာနဲ့ချီပြီးတော့ ဆယ်စုနှစ်ပေါင်းများစွာ တဖြည်းဖြည်းနဲ့ လေ့ကျင့်လာခဲ့ရတာ၊ ဒါတောင်မှ သူတို့ ကိုယ်တိုင် ဒီမိုကရေစီ အသွင်ပြောင်းလာတဲ့ကိစ္စကို နိုင်ငံတိုင်းမှာ ရင်ဆိုင်နေရတယ်၊ ကျနော်တို့ စက်မှုတော်လှန် ရေးခေတ်က ဒီမိုကရေစီနဲ့ AI ခေတ်က ဒီမိုကရေစီနဲ့ဟာ အများကြီးပုံစံတွေ ပြောင်းသွားပြီ၊ အဲဒီတော့ ပြောရရင် နည်းပညာရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို လူ့အဖွဲ့အစည်းက အမီမလိုက်နိုင်ဘူး၊ အထူးသဖြင့် ဥပဒေ အဆောက် အအုံတွေ၊ တရားဥပဒေစိုးမိုးရေး အဆောက်အအုံတွေကအစ နည်းပညာကိုမီအောင် မလိုက်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီကိုယ်၌က ဒီကာလမှာ အကြီးအကျယ်ကို စိန်ခေါ်ခံနေရပြီလို့ မြင်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီအား ပြန်လည် ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်မျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့် အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒိမိုကရေစီ၏ သဘောသဘာဝအား မျက်ကွယ်ပြုထား ကြကာ ပြည်ထောင်စုပြိုကွဲစေရန် ဦးတည်ဆောင်ရွက်နေကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖြစ်ချင်သည်များ၊ ဖြစ်သင့်သည်များအား ချင့်ချိန်စဥ်းစားပြီး ပြည်ထောင်စုအကျိုးအား မျှော်ကိုးကာ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်ကြောင်း၊ ပန်းတိုင်ကို သွားရာလမ်းတွင် အသုံးပြုသည့် စနစ်တစ်ခုသာဖြစ် ကြောင်း၊ ထိုစနစ်အား ပန်းတိုင်လုပ်နေသောကြောင့် မဖြစ်သင့်သည့် ပြဿနာများ ဖြစ်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
၎င်းက “ကျနော်တို့ ဒီမိုကရေစီဟာ မြန်မာနိုင်ငံဒီမိုကရေစီမှ မဟုတ်ဘူး၊ ကမ္ဘာကြီးမှာပါ စိန်ခေါ်ခံနေရတာပေါ့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆိုတဲ့ဟာကို ပြောကြပြီဟေ့ ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အနေနဲ့ ကျနော်တို့က ဒီမိုကရေစီကို ပန်းတိုင်လုပ်နေတယ်၊ ဒီမိုကရေစီဟာ ပန်းတိုင်မဟုတ်ဘူး၊ ကျနော်တို့ရဲ့ ပန်းတိုင်သို့သွားရာ သွားတဲ့ နေရာမှာ အသုံးပြုတဲ့ယာဥ်ပေါ့ဗျာ၊ အမှန်တကယ်က ကျနော်တို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ အားလုံး သာတူညီမျှနဲ့ အကုန်လုံး ဝပြောတဲ့ တိုင်းပြည်ကြီးဆိုတဲ့ အနေအထားမျိုးကြီးတစ်ခုကို ဘယ်လိုအေးချမ်း သာယာ ဝပြောတဲ့ တိုင်းပြည်ကြီး တစ်ခုဆိုတဲ့ဟာက ပန်းတိုင်ဖြစ်ရမှာ၊ အဲဒီဟာကို ကျနော်တို့က ဘာနဲ့သွားမှာလဲ ဆိုတော့ ဒီမိုကရေစီနဲ့သွားမှာပေါ့၊ တရုတ်ပြည်ဆို သူကကွန်မြူနစ်စနစ်နဲ့ သွားတယ်ပေါ့၊ ဒီပန်းတိုင်ကို ခေါ်ဆောင်သွားမယ့် ယာဥ်ကို ကျနော်တို့က ပန်းတိုင်ကိုမေ့ပြီးတော့မှ ဒီဟာကြီးကို ယာဥ်ကို ကျနော်တို့က ပန်းတိုင်လုပ်နေတယ်၊ အဲဒီ မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာတွေက မဖြစ်သင့် မဖြစ်ထိုက်တာတွေက ဖြစ်နေတာပေါ့နော်” ဟု ပြော သည်။
အတူယှဥ်တွဲနေထိုင်ကြသည့် လူအဖွဲ့အစည်း တစ်ခုအတွင်း၌ ကြုံတွေ့လာသည့် ပြဿနာများအား ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများအား ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် မြန်မာ့တပ်မတော်မရှိလျှင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမည့် တိုင်းပြည် မဟုတ် ကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
လက်ရှိတွင် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီနစ်အား မလိုချင်တော့ဘဲ တစ်ပါတီစနစ်၊ တစ်ပြည်ထောင်စနစ်များဖြင့်သာ သွားကြရန် ဆန္ဒရှိနေကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr.Kassym-Jomart Tokayev နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကာဇက်စတန်သမ္မတက မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ အပေါ် မြန်မာအစိုးရ၊ ပြည်သူလူထုတို့နှင့် တပ်တူ စိတ်မကောင်းဖြစ်ရကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်၍ ကျော်ဖြတ်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြော ကြားခဲ့သည်။
နစကဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း သဝဏ်လွှာပေးပို့ခြင်းမှုကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကို မြို့သို့ ရောက်ရှိနေသည်။
အဆိုပါ အခမ်းအနားကို မေလ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 350
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါ ကလည်း ငလျင်နှင့်နယ်မြေ မတည်ငြိမ်မှုများကြောင့် လွှတ်တော် ကျင်းပနိုင်ခြေ ရှိ/မရှိဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံနှင့် အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားခဲ့သည်။
ထို့ပြင် နယ်မြေမတည်ငြိမ်မှုများ ရှိနေသည့်တိုင် နစကဥက္ကဋ္ဌမှ နိုင်ငံတကာထံ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလ အစောဆုံး ကျင်းပပေးမည်ဟု ကတိကဝတ် ပြုထားသောကြောင့် လွှတ်တော် ကျင်းပရေးမှာ မလွယ်ကူနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမျိုးသားလွှတ်တော်ဆိုတာက ပြည်နယ်တစ်ခု၊ တိုင်းဒေသကြီး တစ်ခုကနေပြီးတော့ ကိုယ်စားလှယ် အနေနဲ့ စေလွှတ်ရတဲ့ဟာမျိုး သူတို့သတ်မှတ်ထားတာပေါ့။ ဆိုတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အဲဒီလို ဒေသ တစ်ခုက ၁၂ ဦးစီနဲ့ သူတို့သတ်မှတ်ထားတယ်။ ဆိုတော့ အဲဒီမှာ ဥပမာ ရခိုင်ပြည် ဘယ်လိုလုပ်ပြီးတော့ ရွေးကောက်ပွဲ လုပ်မလဲ။ အဲဒီတော့ ဘယ်လိုလုပ်ပြီးတော့ အဲဒီအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို အချိုးချ ပေးရမလဲ၊ နောက်ပြည်နယ်တစ်ခုလုံး အနေနဲ့လည်း ပြည်သူ့လွှတ်တော်က ဘယ်ကလာမလဲ။ စောစောက ပြော သလို ပြည်နယ်လွှတ်တော် ဘယ်လိုကျင်းပမလဲ။ ကိုယ်စားလှယ်မပြောနဲ့ ရွေးကောက်ပွဲ နေရာကို မရှိတာ။ ဘယ်လိုမှ ရွေးကောက်ပွဲကျင်းပဖို့ တစ်ပြည်နယ်လုံးကိုမှ ဖြစ်နိုင်ခြေ အကြောင်းမရှိဘူး။ တိုင်းပြည်က မကွေးတိုင်း တို့၊ စစ်ကိုင်းတိုင်းတို့လိုဟာမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပနိုင်မလဲ။ ကိုယ်စားလှယ်တွေ ဘယ်လိုရပ်မလဲ။ အဲဒီဒေသတွေမှာ ကိုယ်တိုင်က လုံခြုံမှုမရှိတဲ့ အတောတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရော ပါတီမဲဆွယ်စဉ် ကတည်းကကို ပြဿနာတွေ အများကြီး ဖြစ်လိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
ငလျင်ကြောင့် ထိခိုက်တဲ့ လွှတ်တော်အဆောက်အအုံကို နစကဥက္ကဋ္ဌ သွားလေ့လာစဉ်
ငလျင်ဘေးသင့်သွားသည့်အတွက် အစိုးရယန္တရားနှင့် အဆောက်အအုံများ ပြန်လည်တည်ဆောက် လည်ပတ် ရန်မှာ ကြာနိုင်သည့်အတွက် နစကအနေဖြင့် ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲအား ကျင်းပနိုင်မှု ရှိ၊မရှိ ဝေဖန်သုံးသပ်မှု အမျိုးမျိုးရှိနေကြသည်။
လက်ရှိတွင် နေပြည်တော်၌ အခြေစိုက်ထားသည့် အစိုးရဌာနဆိုင်ရာ ယန္တရားအချို့ကို ရန်ကုန်သို့ ပြောင်းရွှေ့နေ ရကြောင်း၊ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပြီးနောက် လွှတ်တော်ခေါ်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး၌ လွှတ်တော်တစ်ခုတည်းသာရှိ၍ လွှတ်တော်ကို မည်သို့ ကျင်းပမလဲ မေးခွန်းရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လွှတ်တော်သည် ခမ်းခမ်းနားနားဖြစ်ရန် မလိုသည့်အတွက် လွှတ်တော်ပေါ်ထွန်းရေး တစ်နည်းနည်း လုပ်ဆောင် နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ လိုရင်ကြံဆ နည်းလမ်းရပါပဲ။ ဒါကို မပြောနိုင်ဘူးပေါ့။ တဲရုံဆောက်ပြီး လွှတ်တော်ကို လုပ်တာလည်း ဖြစ်နိုင်တယ်။ ခမ်းခမ်းနားနား မလုပ်ထားလို့ လွှတ်တော် မဟုတ်ဘူးဆိုတာကတော့ မဖြစ်နိုင် ပါဘူးလို့။ရွေးကောက်ပွဲကတော့အခုထိငြင်းခုန်နေကြတုန်းပဲ။ တချို့က ၂၀၂၆ မှ ဖြစ်မယ်၊ ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူးလို့ ပြောနေကြတယ်။ သို့သော်လည်းပဲ ဖြစ်နိုင်မယ်လို့ ပြောနေတဲ့လူတွေကတော့ ရွေးကောက်ပွဲဥပဒေမှာ လူဘယ်နှယောက် မဲထည့်မှ တရားဝင်တယ်၊ မဝင်ဘူးဆိုတာ ဒါမျိုးမရှိဘူးလို့။ မရှိတော့ လူတစ်သောင်းရှိတဲ့နေရာမှာ လူ ၁၀၀ ပဲ မဲထည့်လည်း ဒီ ၁၀၀ က ရွေးလို့ရှိရင် သူက အတည်ဖြစ်တယ်။ အဲဒီတော့သူက လုပ်နိုင်တာပဲ။ ကြားရတာကတော့ ဒီဇင်ဘာလမှာ ၂ ပတ် ပေါ့။ ၁ ပတ် တစ်ကြိမ်၊ ၁ ပတ် တစ်နေရာပေါ့နော်။ လုပ်မယ်။ ဇန်နဝါရီလမှာလည်း နောက်ထပ် ၂ ကြိမ်လုပ်မယ်။ ၁ ပတ် ၁ နေရာလုပ်မယ် ဆိုတာမျိုးလည်း ကြားရပါတယ်။ ဦးနု ခေတ်တုန်းက ၁၉၅၀-၅၁ တုန်းကလည်း လုပ်ခဲ့ တာပဲ ၈ လလုပ်ခဲ့တယ်။ ၈လက ၃ ကြိမ် ၃ ခါ လုပ်ခဲ့ပြီးတော့မှ မဲပေးတဲ့လူက ၁၈ ရာခိုင်နှုန်းပဲရှိတယ်။ ၁၈ ရာခိုင်နှုန်းပဲ ရှိပေမယ့်လည်း ရလဒ်ကို အတည်ပြုခဲ့တာပဲ။ သို့သော် ကွာတာကတော့ အဲဒီတုန်းက ပြည်တွင်းစစ် ဖြစ်နေတယ် ဆိုပေမယ့်လည်း အစိုးရပါတီက အင်မတန်မှ လူကြိုက်များတယ်ပေါ့။ အခု ကျနော်တို့ဆီမှာတော့ လူကြိုက်များတဲ့ ပါတီမပါကြဘူးပေါ့” ဟု ပြောသည်။
ငလျင်ကြောင့် လွှတ်တော်ထိခိုက်ပျက်စီးနေစဉ်
နိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင် အသစ်လျှောက်ထားလိုပါက မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကာ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် က ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
နစက စီစဉ်ထားသော ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့ပါက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို မည်သည့် နေရာတွင်ထား၍ ဆောင်ရွက်မည်လဲ မေးခွန်းထုတ်စရာရှိနေသလို တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များကို မည်ကဲ့သို့ ကျင်းပမည်လဲဆိုသည်မှာလည်း မေးခွန်းထုတ်စရာရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 526
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းအား သွားရာတွင် လက်ရှိမှာ လက်နက်ကိုင် ဖက်ဒရယ်ပုံစံမျိုး ဖြစ်နေပြီး လက်နက်နှင့် ဖက်ဒရယ်တွဲနေသည့် အခြေအနေသည် အန္တရာယ်ကြီးမားကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ဒီမိုကရေစီမရှိဘဲ ဖက်ဒရယ်သည်လည်း မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်သည် မျှမျှတတ တွဲ၍သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ စကားလုံး ဝေါဟာရက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသောပြည်ထောင်စု၊ နောက်တော့ ဒီမိုကရေစီ ဖက်ဒရယ်မဟုတ်ဘူး၊ ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့ တစ်ခါစကားလုံးရှေ့နောက် ပြောင်းကြတယ်၊ အဲဒီတော့ အခုလက်ရှိ အခြေအနေကတော့ ပြောရရင်တော့ Military Federal ဖြစ်သွားပြီ၊ လက်နက်များများရှိရင် နယ်မြေ များများ သိမ်းနိုင်လို့ရှိရင် ကိုယ့်နယ်ကို ကိုယ်စိတ်ကြိုက် လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေ ရောက်သွားတော့ ဒီမိုကရေစီက ပျောက်သလိုဖြစ်သွားပြီ၊ အဲဒီတော့ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီ မရှိဘဲနဲ့ ဖက်ဒရယ် ဆိုတာလည်း မဖြစ်နိုင်ဘူး၊ အဲဒီတော့ ဖက်ဒရယ်မပါဘဲနဲ့ များတဲ့လူက နိုင်ပြီးတော့ သူစိတ်ကြိုက် လုပ်ချင်တာ လုပ်မယ်ဆိုရင်လည်း ဖက်ဒရယ်ရဲ့ အနှစ်သာရ ပျက်စီးမယ်၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ မျှမျှတတ နဲ့ တွဲပြီးသွားဖို့လိုတယ်၊ အဲဒီလို မဟုတ်ရင်တော့ အခုအခြေအနေက ဒီမိုကရေစီက ပျောက်သလောက်ကို ဖြစ်သွား ပြီ၊ အဲဒီတော့ လက်နက်နဲ့ ဖက်ဒရယ်နဲ့ တွဲနေတဲ့ အခြေအနေဟာ သိပ်အန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ဦးကိုကိုကြီးနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးမူမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့်သွားရန် သဘောတူညီချက် ၄ ချက်အား ချမှတ်နိုင်ခဲ့ကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။
ထို့နောက် လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြင့် နယ်မြေသိမ်းပိုက်ရေး ဆင်နွှဲလျက်ရှိကြောင်း၊ ထိုနယ်မြေများကို စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနှင့်ဖက်ဒရယ်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျှင် အသင့်တော်ဆုံးဖြစ်သည်ဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် က ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း၊ တိုင်းရင်း သား လက်နက်ကိုင်များသည် ကိုယ်ပိုင်နယ်မြေများ ရရှိရေး ကြိုးပမ်းနေကြ၍ စစ်ပွဲဆက် ဆင်နွှဲရမည်ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
NCA (၈)နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်လာသူများကိုတွေ့ရစဉ်
လက်နက်ကိုင်ရှိသမျှ ကာလပတ်လုံး ဖက်ဒရယ်လည်း မရနိုင်သလို ဒီမိုကရေစီလည်း မရနိုင်ကြောင်း၊ ဖက်ဒရယ် စနစ်အား လက်နက်ကိုင်လမ်းစဥ်ဖြင့် အတင်းအကြပ် လုပ်ယူနေပါက ဖက်ဒရယ်နှင့် ဝေးနေမည်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပဒေဘောင်ထဲကနေ ရှိတဲ့လက်နက်ကိုင်လောက်ပဲ ထားသင့်တယ်၊ ဖက်ဒရယ်ကိစ္စမှာ အခုပြည်နယ်ရဲတို့ ဘာတို့ပေါ့၊ အခုလက်နက်ကိုင်ရှိတာတော့ ကြည့်ပါလား စည်းမရှိ၊ကမ်းမရှိ လက်နက်ကိုင်ရှိနေသမျှ ကာလပတ် လုံးကတော့ ဖက်ဒရယ်လည်း မရနိုင်ဘူး၊ ဒီမိုကရေစီလည်း မရနိုင်ဘူး။ ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့ တပြိုင်နက် ကျနော်တို့က ဘာရမလဲဆိုတော့ ကိုယ့်ပြည်နယ်နဲ့ကိုယ် စီမံခန့်ခွဲခွင့်တွေရမယ်၊ နောက်ဗဟိုအစိုးရနဲ့ ချိတ်ဆက်ပြီး မှ ကျနော်တို့လုပ်မယ်၊ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်တွေ ရလာတာပေါ့နော်၊ ဗဟိုရဲ့ ခွဲတမ်းတစ်ခုပဲ မဟုတ်ဘဲနဲ့ ပြည်နယ် ရဲ့ လုပ်ပိုင်ခွင့်တွေ တော်တော်များများ ရခဲ့ကြမှာပါ ဖက်ဒရယ်လို့ ပြောလိုက်ပြီဆိုရင်တော့။ အဲဒါကို လက်နက် ကိုင် အဖွဲ့အစည်းတွေက အတင်းအကြပ်လုပ်နေတယ် ဆိုရင်တော့ ဖက်ဒရယ်နဲ့လည်း ဝေးမှာပါ။ အဓိက အဲဒီ လက်နက်ကိုင် ဖြစ်နေသမျှကာလပတ်လုံး ကျနော်တို့ အာဏာရှင်အောက်မှာပဲ နေကြရမှာ ဖြစ်ပါတယ်” ဟု ပြော သည်။
ဖက်ဒရယ်သည် အဖြေတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် ဖက်ဒရယ်စနစ်အတိုင်း သွားကြရန် လုပ်ဆောင်နေကြကြောင်း၊ သို့သော် ထိုနည်းလမ်းအား ကျော်လွန်၍ စဥ်းစားမည်ဆိုလျှင် ပြည်ထောင်စု ပြိုကွဲမည် ဖြစ်ကြောင်း၊ ထိုအကျိုးသက်ရောက်မှုသည် ပြည်တွင်းရေးတွင်သာမက အရှေ့တောင်အာရှ တစ်ခုလုံးပင် ပြဿနာ တတ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သည်။
တချို့သော တိုင်းရင်းသားလက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များ အထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် “ဝ”တပ်ဖွဲ့(UWSA)နှင့် မိုင်းလားတပ်ဖွဲ့ (NDAA)တို့သည် လက်နက်ကိုင်တော်လှန်ရေးက နေ ဖက်ဒရယ်ထက်ကျော်လွန်သော ကွန်ဖက်ဒရေးရှင်းအဆင့်ကို ရရှိထားပြီ အုပ်ချုပ်လျက်ရှိနေသည်။
အလားတူ ကိုးကန့်တပ်ဖွဲ့(MNDAA)ကလည်း ၂၀၀၉ ခုနှစ်က လက်လွတ်ခဲ့ရသော အထူးဒေသ(၁)ကို လက်နက် ကိုင် တော်လှန်ရေးနည်းလမ်းဖြင့် ပြန်လည် ရယူထားပြီဖြစ်သည်။
ထို့နောက် TNLA၊ AA၊ KIA၊ CNF စသည့် လက်နက်ကိုင်များကလည်း လက်နက်ကိုင် တော်လှန်ရေးကနေ ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်တစ်ခုကို ရရှိအောင် ကြိုးပမ်းလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1020
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၇
နစကကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လက်မခံဘူးဆိုလျှင် ဖျက်သိမ်းပြီး မာရှယ်လော (စစ်အုပ်ချုပ်ရေး)နှင့် အုပ်ချုပ်သည့် ကာလကိုပဲ ဆက်နေသွားမည်လား စဉ်းစားရမည်ဟု ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နစက,က အာဏာရယူထားခြင်းကြောင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံမလား၊ လက်မခံ ဘူးလား စဉ်းစားရန်လိုအပ်ကြောင်း၊ လက်ခံပါက မည်သို့ဖြစ်မလဲနှင့် လက်မခံလျှင့် မည်သို့ဖြစ်မလဲ လက်တွေ့ကျ ကျ စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး လက်မခံဘူးဆိုရင် ဖျက်သိမ်းလိုက်ရမလား ဖျက်သိမ်းလိုက်ပြီ ဆိုရင် ၁၉၈၈ က ၁၉၇၄ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးမှ မာရှယ်လော(Martial Law) နဲ့ အုပ်ချုပ်တဲ့ကာလဟာ ၂၀၁၀ အထိ အဲတော့ ကျနော်တို့က ငြင်းပယ်တာထိကတော့ ဟုတ်ပြီ။ ဒါမကြိုက်ဘူး ဒါမတရားဘူးလို့ထင်တယ် ဒါကို လက်မခံဘူး။ ဖြစ်လာမယ့် အကျိုးဆက်ကို ကျနော်တို့ ဘယ်လိုဖြေရှင်းမလဲဆိုတာပါ စဥ်းစားဖို့လိုတယ်။ ဒါကြောင့် မို့လို့ ကျနော်တို့က နိုင်ငံရေးပါတီ တည်ထောင်တယ်ဆိုတဲ့ အခါမှာ တချို့ဟာတွေမှာ ပကတိတရားအရ လက်ခံ လိုက်ရတယ်၊ သို့သော် လက်ရှိအခြေအနေကို ကြိုက်လို့မဟုတ်ဘူး လက်ခံပြီးတော့မှ မကြိုက်တဲ့ အခြေအနေတွေ ကို ပြုပြင်ပြောင်းလဲယူမယ်ဆိုတဲ့ နည်းလမ်းကို စဥ်းစားရမယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာ အရေးပေါ် အခြေအနေ ကြေညာထားသမျှ ကာလပတ်လုံး အာဏာ ၃ ရပ်ဟာ လူပုဂ္ဂိုလ်တစ်ယောက်ထဲ လက်ထဲမှာရှိတယ် အဲဒီဟာကို ကျနော်တို့က အပြုတ်တိုက်နိုင်တယ် ဖယ်ရှားနိုင်တယ်ဆိုတာကတော့ ဒါတော်လှန်ရေးနည်းလမ်းပေါ့ အဲတာလည်း ကျနော်တို့ ၄ နှစ်ကျော်လာခဲ့ပြီ ကျနော်တို မျှော်လင့်ချက်တွေလည်း လုပ်ပေးခဲ့ပြီးပြီ” ဟု ပြောသည်။
ရွေးကောက်ပွဲ မဲထည့်နေစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ ၍ အရေးပေါ်အခြေအနေ ကြေညာပြီ အုပ်ချုပ်လျက်ရှိသည်။
အဆိုပါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံတွင် စစ်ဘေး၊ ကိုဗစ်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စသည့် ဘေးဒုက္ခပေါင်းများစွာကို ပြည်သူလူထုက ရင်ဆိုင်ကျော်ဖြတ်နေရကြောင်း၊ ထို့နောက် လူထုက ဆင်းရဲဒုက္ခများလာလျှင် ပေါက်ကွဲမှုများဖြစ်မလား ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ(PP) ဦးကိုကိုကြီးက ပြောသည်။
၎င်းက “သဘောထားကွဲလွဲတဲ့ အင်အားစု အနေနဲ့ကလည်း တစ်ခုခုပြောရင် ဒီရွေးကောက်ပွဲ မတရားဘူး ရွေးကောက်ပွဲကို ဆန့်ကျင်မယ်ဆိုတာထက် ကျယ်ပြန့်တဲ့ အဖြေချပြဖို့လိုတယ်။ ဆန့်ကျင်လည်း ဘာလုပ်မှာ လည်း မပျက်ဘူးဆိုရင် ရော ဘာလုပ်မလည်း သဘောက အဲတော့ ကျနော်တို့က ဖျက်တယ် ရွေးကောက်ပွဲ မလုပ် ဘူး။ ၆ လတစ်ကြိမ် ၆ လတစ်ကြိမ် ဒီလိုဘဲ သက်တမ်းတိုးမယ် ဘယ်လိုလုပ်မလဲ၊ ဒီဖွဲ့စည်းပုံဖျက်လိုက်ပြီ မာရှယ်လော (Martial Law) အောက်မှာ လုံးလုံးလားလား ဆက်ပြီးတော့ သွားမယ်ဆိုရင် ဘာလုပ်မလဲဆိုတော့ အဲတာတွေကို ပြည်သူတွေကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ ပြည်သူတွေဘက်ကလည်း ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ဒီလိုမျိုး လူအုပ်ကြီးဝါဒနဲ့ သွားနေမဲ့အစား တစ်ဦးချင်းက မှန်မှန် ကန်ကန် ရွေးချယ်ဆုံးဖြတ်ပြီးတော့ ပြည်တွင်းနိုင်ငံရေး အကြမ်းမဖက်နည်းကို အားကောင်းလာအောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
နိုင်ငံရေးပါတီနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့်နစကကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရအဖွဲ့(NUG)ကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဟု ထုတ် ပြန်ထားသည်။
သို့သော် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံလျက်ရှိသလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ရွေးကောက်ပွဲ ကျင်းပ ၍ ကျော်လွှားမှရမည်ဟု လက်ခံထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက နစကသည် နိုင်ငံတော်တစ်ဝန်း အရေးပေါ် အခြေအနေ ကြေညာထားမှုအား ၆ လတစ်ကြိမ် ဆက်တိုက် သက်တမ်းတိုး၍ အကန့်အသတ်မရှိ အုပ်ချုပ်သွားနိုင်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 233
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၇
နစကနှင့် တရုတ်ဖိအားများ ဆက်တိုက်ရှိနေသော်လည်း မိမိတို့အဖွဲ့အစည်းထက် လူထုအပေါ်ကိုသာ ကျရောက် ကြောင်း TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပန်လက ပြောသည်။
TNLA က ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မေလ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးတားပန်လက “ဖိအားပေးမှုကတော့ အရင်ကတည်းကလည်း ရှိခဲ့တယ် အခုလည်း တောက်လျှောက် ရှိနေတယ်။ အခုကြုံနေရတာပေါ့လေ ဖိအားပေးမှုက တောက်လျှောက်ပေါ့။ ဖိအားပေးမှုမှာ ဘယ်လိုမျိုး အနေ အထား ဖြစ်လဲဆိုတော့ အထူးသဖြင့် လူထုထိခိုက်မှု အလွန်ပဲ ထိထိရောက်ရောက် ပြင်းထန်ပါတယ်။ ၂၀၂၄၊ ၁ လ ပိုင်းလောက်ကနေ စပြီးမှ စကစ ဘက်ကနေမှ ပြည်အောက်ရွာကနေမှ ရှမ်းမြောက်ကို တက်လာဖို့ လမ်းကြောင်း တွေကို ပိတ်ဆို့ထားတယ်၊ ဒီကနေမှ အောက်ကိုပြန်ဆင်းဖို့ အတွက်ကိုလည်း လမ်းကြောင်းတွေ ပိတ်ဆို့ထား တယ်၊ ဖြတ် ၄ ဖြတ် ပုံစံလိုမျိုး ပြုလုပ်ထားတယ်။ အဲဒါကြောင့် လူထုတွေသွားလာတဲ့ နေရာမှာ အရောင်းအဝယ် လုပ်တဲ့နေရာမှာ စားဝတ်နေရေးကိစ္စ ဖြေရှင်းတဲ့နေရာမှာ အားလုံးပဲ အခက်အခဲဖြစ်ပါတယ်။ အဲဒီနောက်ကနေ စပြီးမှ လွန်ခဲ့တဲ့ ၂၀၂၄၊ ၆ လပိုင်းကနေ စပြီးမှ တရုတ်နိုင်ငံဘက်ကလည်း ဖြတ် ၅ ဖြတ်ပုံစံမျိုး အားလုံးကြားသိရ တဲ့အတိုင်းပဲ ဆောင်ရွက်လာတဲ့အတွက် တရုတ်နိုင်ငံနယ်စပ်မှာ နေကြတဲ့လူထုတွေက နယ်စပ်ကို အခြေပြုပြီးမှပဲ စားဝတ်နေရေးကိစ္စ ဖြေရှင်းနေရတော့ နယ်စပ်တွေ ပိတ်လိုက်တော့ လူထုတွေပဲ ထိခိုက်မှုဖြစ်ပါတယ်။ စကစ ဘက်ကလည်း ပိတ်တယ်၊ တရုတ်နိုင်ငံ အစိုးရဘက်ကလည်းပိတ်တယ် ဒီနှစ်ဖက် ပိတ်ဆိုမှုကြားထဲမှာတော့ လူထု က တော်တော်လေးကိုပဲ ကြပ်ကြပ်တည်းတည်း ဖြစ်နေရတာပေါ့။ အဓိက ဖိအားကတော့ လူထုကိုကျရောက်တာ ပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
TNLA နဲ့ လူထုတွေ့ဆုံမှုကိုတွေ့ရစဉ်
လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်း စတင်ထားသည့် ကိုးကန့်တပ်ဖွဲ့သည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့က နစကထံသို့ လားရှိုးမြို့အား ပြန်လည် လွှဲပြောင်း ပေးခဲ့ရသည်။
ထိုဖြစ်စဉ်ကြောင့် TNLA အနေဖြင့်လည်း ၎င်းတို့ရရှိထားသည့် မြို့နယ်များထဲမှ တချို့ကို ပြန်လည်လွှဲပြောင်း ပေးရနိုင်ခြေရှိသည်ဟု သုံးသပ်ယူဆချက်များရှိနေသည်။
အဆိုပါ လားရှိုးမြို့နယ် ပြန်လည်လွှဲပြောင်း ပေးလိုက်ရသည့် ဖြစ်စဉ်ကြောင့် တအာင်းလူမျိုးများအတွက် ထိခိုက် မှုများရှိကြောင်း TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပန်လက ပြောသည်။
TNLA ရဲဘော်တစ်ဦးကို တွေ့ရစဉ်
၎င်းက “လားရှိုးဖြစ်စဉ်ကြောင့် ကျနော်တို့ဒေသကို ဘယ်လောက်အထိ ထိခိုက်မှု ဖြစ်သွားရလဲဆိုရင် နောက်ဆက် တွဲ ရင်ဆိုင်နေရပါပြီ။ အထူးသဖြင့်ကတော့ လားရှိုးထဲမှာလည်း ကျနော်တို့ တအာင်းလူမျိုးတွေ၊ တအာင်းလူထု တွေ ရှိပါတယ်။ အဲဒီမှာ သူတို့ဘက်က ထိခိုက်မှုတွေလည်း ကျနော်တို့ ကြားသိရပါတယ်။ အဲဒီအပြင် လူထုတွေရဲ့ သွားလာမှု၊ ဈေးဝယ်တာတို့၊ စားစရာဝယ်တာတို့၊ အသုံးဆောင်ပစ္စည်းတွေ ဝယ်တာတို့ အဲဒီအခါမျိုးမှာလည်း ကန့်သတ်မှု ပိတ်ပင်မှုတွေ အများကြီး ကြားသိနေရပြီး အဲဒီလိုမျိုး ထိခိုက်မှုတွေတော့ ရှိနေပြီလို့ ကြားသိရပါ တယ်” ဟု ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နစကနှင့် TNLA တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း တရုတ်နှင့် TNLA ကြား မြန်မာ့နိုင်ငံရေး ချဉ်းကပ်မှု ကွာခြားနေ၍ အဖြေရှာသည့် အခြေအနေမှာလည်း ကွာခြားသွားကြောင်း TNLA ဘက်မှ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈-၂၉ ရက်က မြန်မာ့တပ်မတော်နှင့် TNLA ဘက်မှ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပြီး လာမည့် ဩဂုတ်လ၌ ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူထားကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1313
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၇
နစကနှင့် အာရက္ခတပ်တော် (AA) တို့ ဆွေးနွေးပွဲ ဖြစ်မြောက်လာပါက AA သည် “ဝ”၊ ကိုးကန့်တို့ထက် ပိုမိုမြင့်မား သည့် တောင်းဆိုချက်များ တောင်းလာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အဓိကအနေဖြင့် ရခိုင်ပြည်နယ်အား ရခိုင်အစိုးရမှ အုပ်ချုပ်မည်ဆိုသည့် သဘောထားမျိုး တောင်းလာနိုင်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဆွေးနွေးပွဲဖြစ်ရင်တော့ သူကတော့ “ဝ” တို့၊ ကိုးကန့်တို့ တောင်းတာထက်တော့ ပိုခပ် မြင့်မြင့် တောင်းနိုင်တယ် ထင်တယ်၊ သူက ရခိုင်ပြည်နယ်က ရှိပြီးသားဆိုတော့ ရခိုင်ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေ နောက်ပြီးတော့ ပြည်နယ်အဆင့်အတန်းတွေ သူနည်းနည်း ပိုတောင်းနိုင်တဲ့ သဘောတော့ရှိတာပေါ့၊ ဘာကြောင့်လဲဆိုတော့ သူနယ်မြေ ရထားပြီးသားဆိုတော့ ရခိုင်မှာရှိတဲ့ သယံဇာတ ခွဲဝေတဲ့နေရာမှာ ရခိုင် ပြည်နယ်ကို ၇၀ ရာခိုင်နှုန်း၊ ဗဟိုအစိုးရက ၃၀ ရာခိုင်နှုန်း ယူဖို့စသည်ဖြင့်ပေါ့၊ အဲဒီကိစ္စတွေပါ ဆွေးနွေးနိုင်တဲ့ အခြေအနေ ရောက်သွားတာပေါ့ဗျာ၊ အဲဒီမှာ ဆွေးနွေးလို့ နိုင်ငံရေးအရရော ဘဏ္ဍာရေးအရရော သဘောတူတယ် ဆိုရင်တော့ သူရပ်ချင်လည်း ရပ်နိုင်တာပေါ့၊ ဒါပေမယ့် သူရထားတဲ့ ရခိုင်ဒေသကိုတော့ လျှော့ပေးမယ့်ပုံတော့ မပေါ်ဘူးပေါ့ဗျာ၊ သူက ပြည်နယ်အဆင့်အတန်း ရပြီးသားဖြစ်နေတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထက်တော့ မြင့်ပြီးသားလေဗျာ၊ အဲဒီပြည်နယ်ထဲမှာကိုပဲ ကိုယ်ပိုင်အစိုးရဖွဲ့နိုင်တဲ့ပြည်နယ်ပေါ့၊ ရခိုင်ပြည်နယ်ကို ရခိုင်အစိုးရ က အုပ်ချုပ်မယ်ပေါ့ဗျာ၊ ဒါပေမယ့် ပြည်ထောင်စုနဲ့ကတော့ တချို့နေရာမှာ ခွဲဝေမှာပေါ့၊ ဒါပေမယ့် အဓိက, က တော့ ရခိုင်အစိုးရ အုပ်ချုပ်မယ်ဆိုတဲ့ သဘောမျိုးလောက် တောင်းနိုင်တာပေါ့ 1 Country 2 System (တစ်နိုင်ငံ တည်း စနစ် ၂ မျိုး)ပေါ့ဗျာ” ဟု ပြောသည်။
UWSA တပ်ဖွဲ့ကို တွေ့ရစဉ်
“ဝ”တပ်ဖွဲ့(UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးထားသော နယ်မြေများကို အုပ်ချုပ်လျက်ရှိသည်။
အလားတူ ကိုးကန့်တပ်ဖွဲ့ (MNDAA) က တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် လားရှိုးမြို့အား တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့နောက် ရှမ်းပြည်နယ်အတွင်းက လောက်ကိုင်၊ ကုန်ကြမ်းမြို့တို့ ပါဝင်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်လျက်ရှိသည်။
AA အနေဖြင့် “ဝ”ကဲ့သို့ အနေအထားအား ညှိနှိုင်းတိုင်ပင်မှုတစ်ခု မရှိပါက ရရန်မလွယ်ကူကြောင်း ရခိုင့် ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
၎င်းက “ရခိုင်ဒေသရဲ့ အနေအထားသည် လက်နက်ကိုင်တွေရဲ့ မျှော်မှန်းချက်အတိုင်းဖြစ်ဖို့က ရာခိုင်နှုန်း အလွန် နည်းတယ်ဗျ၊ “ဝ” လိုဖြစ်ဖို့ အနေအထားကတော့ ညှိနှိုင်းတိုင်ပင်မှုတစ်ခု မရှိဘဲနဲ့ရဖို့က မလွယ်ဘူးဆိုတဲ့ အနေ အထားကို တွေ့ရတာပေါ့၊ “ဝ” နဲ့က မတူဘူးဗျ၊ အဲဒီတော့ “ဝ”သည် ၁၉၈၉ က စပြီးတော့ သူ့ဒေသကို သူအုပ်ချုပ် ဖို့ ကြိုးစားတာပေါ့၊ အဲဒီတော့ ဗိုလ်ချုပ်သန်းရွှေတို့နဲ့ ညှိနှိုင်းခဲ့တာပေါ့၊ “ဝ” သည် ဖွဲ့စည်းပုံအခြေခံဥပဒေ မတိုင်ခင် ကတည်းက အထူးဒေသဖြစ်တာပေါ့၊ အထူးဒေသ ဧရိယာတော်တော်များများလည်း ရှိကြတာပေါ့၊ အဲဒါ အခြေခံ ဥပဒေ မတိုင်ခင်က ယူထားတာဗျ နိုင်ငံရေးညှိနှိုင်းမှုအရ။ ဆိုတော့ အခြေခံဥပဒေ ၂၀၀၈ ကြီးပေါ်လာတဲ့နောက် မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့၊ ဒေသတို့အဖြစ် သတ်မှတ်တာပေါ့၊ ဆိုတော့ “ဝ” နဲ့ ရခိုင်နဲ့က မတူဘူးဗျ၊ ရခိုင် က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဖြစ်နေတာကိုး၊ အဲဒီတော့ အဲဒီမတိုင်ခင်က လက်နက်ကိုင်နဲ့ ပတ်သက် တဲ့ ညှိနှိုင်းမှုက မရှိသေးဘူး၊ အဲဒီတော့ အခုလက်ရှိ အနေအထားကို ပြန်ကြည့်ရင် “ဝ” လို ရခိုင်သည် ဖြစ်လာနိုင် ခြေရှိမလား၊ မရှိဘူးလားကတော့ဖြင့် တည်ဆဲအစိုးရဖက်ကတော့ အခြေခံဥပဒေအရပဲ သုံးသပ် တဲ့ အခါကျတော့ သွားဖို့က ခက်ခဲတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် AA သည် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တခြားသော လက်နက်ကိုင်များဖြင့် ပူးပေါင်း၍ မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
AA သည် အနိမ့်ဆုံး အဆင့်အနေဖြင့် “ဝ”ကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းကိုရလိုပြီး အမြင့်ဆုံးအနေဖြင့် သီးခြားလွတ်လပ်သော နယ်မြေထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ မြေပုံ စသည့် ဒေသများကို ထိန်းချုပ် ထားသည်။