CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ‌ရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများ၌ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ကပ်ထား ကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်း ကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင် မည်ဟု ကော်မရှင်က ထုတ်ပြန် ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စု လျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) လာရောက် ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြ ပါရန် မေတ္တာ ရပ်ခံပါသည်ဟု UEC က ပြောသည်။

မဲဆန္ဒရှင်များ အနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိ အမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစုံ (၃)ဖြင့် မဲစာ ရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစုံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလို ပါသည်ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့(အခမဲ့)ရယူနိုင်ကြောင်း၊ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒ ရှင် စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထား ကြေညာမည်ဟု UEC က ထုတ်ပြန်ခဲ့သည်။