- By CNI
- Category: နိုင်ငံရေး
- Hits: 258
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃
ပြည်သူလူထု၏ မဲကို ရယူပြီး လွှတ်တော်ထဲ ဝင်ရောက်ရန် နိုင်ငံရေးပါတီများ ပြင်ဆင်နေသည့်တိုင် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးမှုအပိုင်းမှာ ပါတီများ အလွန်အားနည်းနေကြောင်း နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
လွှတ်တော်ထဲသို့ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများသည် ပါတီကို ကိုယ်စားပြု၍ ဝင်ပြိုင်ခြင်းဖြစ်သည့် အတွက် ရွေးကောက်ပွဲကာလ၌ ၎င်းတို့သည် ပါတီကိုယ်စားလှယ်များဖြစ်ကြောင်း၊ သို့သော် ပြည်သူများ၏ မဲ ပေးမှုအရ အနိုင်ရရှိပြီး လွှတ်တော်ထဲသို့ ရောက်ရှိချိန်တွင် ပါတီကိုယ်စားလှယ်တင်မက ပြည်သူ့ကိုယ်စားလှယ် လည်း ဖြစ်သွားပြီဟု ၎င်းတို့က ထောက်ပြကြသည်။
ပြည်သူလူထု အခက်အခဲများကို လက်တွေ့ကျကျ ဖြေရှင်းပေးမှုပိုင်းတွင် နိုင်ငံရေးပါတီတချို့က တော်တော်လေး အားနည်းနေကြကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရွေးကောက်ပွဲဟာ လူငယ်ထုအတွက်ကို အပေါင်းလက္ခဏဆောင်တဲ့ ဖြစ်ရပ်တွေ အကျိုးစီးပွားတွေ ရလဒ်တွေ ဖြစ်လာမယ်ဆိုတာကို လူငယ်တွေကို သက်သေပြဖို့လိုတယ်။ ဥပမာ ရှင်းရှင်းလေး ရှိနေတယ်၊ နယ်တွေ မှာ တချို့နေရာတွေမှာ ဥပဒေနဲ့မညီတဲ့ စစ်မှုထမ်း ဆင့်ခေါ်တာတွေရှိတယ်။ အဲ့ဒါတွေကို နိုင်ငံရေးပါတီတွေက ဒီလူငယ်တွေရှေ့ကနေ မားမားမတ်မတ် ရပ်ပြီးတော့ တိုက်တိုက်တွန်းတွန်း ပြောဆို ကာကွယ်ပေးခြင်းအားဖြင့် လူငယ်ထုက ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားလာမယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ငါတို့နဲ့အတူတူ ငါတို့ နဲ့ရပ်ပြီးတော့ ငါတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ လူတွေပါလားဆိုတာကို သူတို့ သဘောပေါက် လာလို့ရှိ ရင် ရွေးကောက်ပွဲကို စိတ်ဝင်စားလာမှာပဲ၊ ဒါကြောင့် နိုင်ငံရေးပါတီတွေက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်။ တကယ်ကို လက်တွေ့ကျတဲ့ ကူညီမှုတွေ၊ လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေ ပြည်သူလူထု အခက်အခဲကို လက်တွေ့ ကျကျ ဖြေရှင်းပေးမှုတွေပိုင်းမှာ နိုင်ငံရေးပါတီတချို့က တော်တော်လေးကို အားနည်းနေကြတာ”ဟု ပြောသည်။

မြန်မာနိုင်ငံက လက်နက်ကိုင်နဲ့ ပြည်သူများကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံသား ပြည်သူလူထုများသည် စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် ရှားပါးမှု၊ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ လူနေမှုစရိတ် ကြီးမြင့်မှု၊ အသက်အန္တရာယ် မလုံခြုံမှု၊ စစ်မှုထမ်း ဥပဒေကို အသုံးချပြီး အာဏာပိုင်များက ငွေကြေးတောင်းဆိုနေမှု၊ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရမှု စသည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်။
အဆိုပါ အခြေအနေများကို နိုင်ငံရေးပါတီများက ပြည်သူလူထု ရှေ့ကနေ ရပ်တည် ဖြေရှင်း မပေးနိုင်ဘဲ ရွေးကောက်ပွဲ ကာလမှာတော့ မဲပေးရန် တိုက်တွန်းလျက်ရှိနေကြသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ယခုအချိန်သည် အခွင့်ကောင်း တစ်ရပ်ဖြစ်ပြီး လူထုဘက်က မားမားမတ်မတ် ရပ် တည် ပေးချင်းအားဖြင့် နှစ်ဖက်စလုံးက အနိုင်ရသည့် အနေအထားမျိုး ဖြစ်လာနိုင်တယ်ဟု ရန်ကုန်စောင့်ကြည့် အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မဲထည့်နေကြစဉ်
၎င်းက “ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်နေတယ်၊ နယ်တွေမှာဆိုရင် ပိုဆိုးတယ်။ တရားဥပဒေ စိုးမိုးရေး အလှမ်းကွာတဲ့ နေရာတွေ အားနည်းတဲ့ နေရာတွေ အဲ့လိုနေရာတွေ ဆိုလို့ရှိရင် ဒါတွေက ဥပဒေနဲ့အညီ နိုင်ငံရေး ကိုယ်စားလှယ်လောင်းတွေက ဥပဒေနဲ့အညီ ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်ပြီးတော့ ကာကွယ် ပေးတာတွေ ရှိသင့်တယ်။ ဒီအချိန်မှာ အခွင့်ကောင်းတစ်ရပ်ပဲ တရားဥပဒေနဲ့ မညီမညွတ် ဖြစ်နေတာတွေ တရား ဥပဒေ စိုးမိုးမှု မရှိတဲ့ကိစ္စတွေကို ဖော်ထုတ်ပြီးတော့ လူထုဘက်က မားမားမတ်မတ် ရပ်တည်ပေးခြင်းအားဖြင့် ပြည်သူရော၊ ပါတီရော၊ နှစ်ဖက်စလုံးက အနိုင်ရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲ ကာလတွေ မှာ ပြည်သူလူထု သက်သာချောင်ချိရေးတွေ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ စနစ်တကျဖြစ်ဖို့တို့ တချို့ နေရာတွေမှာ တကယ်လို့ ဥပဒေနဲ့အညီ မလုပ်နိုင်ဘူးဆိုလို့ရှိရင် အဲ့ဒီနေရာတွေကို ခြွင်းချက်အနေနဲ့ ထားပြီး တော့ ရပ်ဆိုင်းထားဖို့တို့ ဖြစ်သင့်တယ်”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများ အနေဖြင့် လွှတ်တော်ထဲသို့ ရောက်ရှိချိန်၌ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်ထက် ပါတီစွဲများဖြင့် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသွင်ပြောင်းသွားကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ထို့ကြောင့် ပြည်သူလူထုသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများကို သေချာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် နိုင်ငံအကျိုးကို တကယ် လုပ်ဆောင် မည့် ကိုယ်စားလှယ်လောင်းနှင့် နိုင်ငံရေးပါတီများအား ရွေးချယ်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက အကြံပြုကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1533
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃
ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ အပစ်အခတ်ရပ်စဲထားကြသကဲ့သို့ အချင်းချင်းကြားထဲ၌လည်း အပစ်ရပ်ကြရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှမ်းပြည်မှာလေ စစ်ကောင်စီ တစ်ခုတည်းနဲ့ အပစ်ရပ်လို့ မရဘူး။ ကျနော်တို့လည်း လက်တွေ့မြင်လာခဲ့ ရတယ်။ ဥပမာ ရှမ်းအကျိုးစီးပွားအတွက် လုပ်နေပါတယ်ဆိုတဲ့ RCSS နဲ့ SSPP တောင်မှ အချင်းချင်း ပစ်ခတ်မှု တွေ ဖြစ်ခဲ့တယ်၊ ထိတွေ့မှုတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ တခြား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း အဲဒီလိုမျိုး မဖြစ် လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဓိက,ကတော့ စစ်ကောင်စီနဲ့ အပစ်ရပ်နိုင်သလို ကိုယ့်ဒေသမှာရှိနေတဲ့ တစ်မြေ တည်းနေ တစ်ရေတည်း အတူတူရှိနေတဲ့ လူတွေအားလုံး အပစ်ရပ်နိုင်မှသာလျှင် တကယ့်ကို ငြိမ်းချမ်းမှာပေါ့ နော်။ အခုက အဲဒီလိုမျိုး မဟုတ်ဘူး။ စစ်ကောင်စီနဲ့တော့ ရပ်တယ်။ အချင်းချင်းကြတော့ ခြေချင်းထိုးနေတယ်။ ဒီဟာက ပြဿနာကတော့ အလားအလာ မကောင်းဘူးပေါ့နော်” ဟု ပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် အစိုးရနှင့် ပြည်နယ် အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

SSPP တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့ပြင် SSPP သည် “ဝ”လက်နက်ကိုင်အဖွဲ့ UWSA က ဦးဆောင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)တွင် အဖွဲ့ဝင် မဟာမိတ်လက်နက်ကိုင်အဖြစ် ပါဝင်ထားသည်။
ရှမ်းလက်နက်ကိုင်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေခြင်း မရှိသကဲ့သို့ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ လည်း မြန်မာ့တပ်မတော်ကို တော်လှန်နေခြင်းမျိုး မရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
ထို့ပြင် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည့် ရှမ်းပြည် မြောက်ပိုင်းရှိ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) တို့သည်လည်း မြန်မာ့ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားကြသည်။
ထို့ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနီးပါးသည် မြန်မာ့တပ်မတော်နှင့် အပစ်ရပ်ထားသည့်သဘော သက်ရောက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
ရှမ်းပြည်နယ်တွင် RCSS နှင့် SSPP ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း၊ KIA နှင့် TNLA ကြားလည်းကောင်း စစ်ရေးအရ ပွတ်တိုက်မှုများ ဖြစ်ပေါ်နေသည်။
ရှမ်းပြည်နယ်ရှိ မတူကွဲပြားမှုများကို စုစည်းနိုင်မှသာ ပြည်ထောင်စုကို ဦးတည်မည့် စုစည်းမှုမျိုးကို တည်ဆောက် နိုင်မှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကလည်း သူတို့က ထိတွေ့မှုက ကိုယ့်စီမှာ ရှိနေပေမယ့် ဆိုရှယ်မီဒီယာမှာ အချင်းချင်း ပြောဆိုနေ တဲ့ဟာတွေက မနက်ဖြန် ဒါမှမဟုတ် နောက်လ ဒါမှမဟုတ် နောက်နှစ် ထိတွေ့မှုက ဦးတည်နေတာပဲ။ ဒီလူမှု ကွန်ရက်မှာ အချင်းချင်း ပြဿနာရှာနေတဲ့ ကိစ္စတွေပေါ့နော်။ အဲဒါတွေ တော်တော်လေး အရေးကြီးပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်သလို သူတို့အချင်းချင်းလည်း အပစ်ရပ်သင့်တယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ပြည်ထောင်စု ကြီးကို ဦးတည်နိုင်မှာပေါ့။ ရှမ်းပြည်ရဲ့ မတူကွဲပြားမှုကို စုစည်းနိုင်မှသာလျှင် ပြည်ထောင်စုကို ဦးတည်မယ့် စုစည်းမှုကို တည်ဆောက်နိုင်မှာပေါ့။ သို့မဟုတ် ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ လက်တွေ့ အားဖြင့် ဆိုရင်လည်း စုစည်းမှု ပြည်ထောင်စုဆိုတဲ့ဟာကလည်း နာမည်ပဲ ဖြစ်မှာပေါ့နော်။ တိုက်ပွဲက ပြန်ဖြစ်မှာ ပဲ၊ သွေးခွဲမှုက ပြန်ရှိနေမှာပဲ” ဟု ပြောသည်။
ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးစုံ နေထိုင်ကြသည့်အပြင် လက်နက်ကိုင် အဖွဲ့များမှာလည်း အသီးသီး ရှိကြသဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့် ပြင်းထန်လာခြင်းနှင့်အတူ ရှမ်းပြည်၏ နိုင်ငံရေး အခြေအနေ ဘယ်လိုရှိလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား စောင့်ကြည့်လေ့လာနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 375
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်က ကဒူးတိုက်ပွဲရှောင် ၁၈၀ ကျော်ကို ကဒူးနှင့် ရှမ်းနီ လူမှုရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် ငွေကြေးထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်အတွင်းက အလယ်ရွာ၊ ကံရွာ၊ လက်ပံကျင်း၊ နမ့်မွန်းခေါင် စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၇ စု၊ လူဦးရေ ၁၈၀ ကျော်အတွက် တစ်ဦးလျှင် ၄၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း ဗန်းမောက် တိုက်ပွဲ ရှောင်ကော်မတီမှ ပြောသည်။
ကဒူးတိုက်ပွဲရှောင်များကို ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်က ၁၅ သိန်း၊ ကဒူးလူငယ်များအဖွဲ့ချုပ်က သိန်း ၃၀၊ ရှမ်းနီလူမှုရေးအသင်း(မန္တလေးမြို့)က ၁၀ သိန်း ၅ ထောင်ကျပ်၊ ကြာကြီကွင် ပြည်သူ့စစ်(ကချင်ပြည်နယ်)မှ သိန်း ၅၀ စသဖြင့် အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဗန်းမောက်မြို့ကို KIA-PDF-ကဒူး ပူးပေါင်းတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်၌ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် ဗန်းမောက်မြို့အနီးရှိ ကျေးရွာများမှ ကဒူးလူမျိုးများသည် ရှမ်းနီအမျိုးသားများတပ် မတော်(SNA) ထိန်းချုပ်ထားသော ဗန်းမောက်မြို့အနောက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။
လက်ရှိ SNA ထိန်းချုပ်နယ်မြေအတွင်းမှာ ကဒူးတိုက်ပွဲရှောင် စုစုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပြီး SNA အပါအဝင် ရှမ်းနီလူမှုရေးအသင်းအဖွဲ့များ၊ ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများက စားနပ်ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။
ဗန်းမောက်တိုက်ပွဲရှောင်များသည် အရေးပေါ် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးများ လိုအပ်နေကြောင်း၊ နိုင်ငံတကာနှင့် အစိုးရ၏ အကူအညီများလည်း မရရှိပဲဖြစ်နေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 259
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
ပြည်သူလူထုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်းကြောင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု အားနည်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ဒုတိယပတ်ထိ သက်ဆိုင်ရာ မြို့နယ်များရှိ ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲရုံးများမှာ ကြေညာခဲ့သည်။
သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား မဲစာရင်း အငြင်းပွားမှုများကို အကြောင်းပြကာ ဖျက်သိမ်းခဲ့ခြင်းကြောင့် ပြည်သူလူထုသည် လာမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားနည်းပြီး စိတ်ဝင်စားမှု မရှိဘဲ ဖြစ်နေကြသည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ထောက်ပြလျက်ရှိသည်။
ရွေးကောက်ပွဲတွင် မဲပေးကြမည့် ပုဂ္ဂိုလ်များ၊ မဲရုံကို ရောက်မလာနိုင်သည့် အင်အားစုများ၊ လူငယ်များ၊ အမျိုး သမီးများကမူ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတာကို ထင်ထင်ရှားရှား တွေ့ရကြောင်း ရန်ကုန်စောင့် ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

အထည်ချုပ် စက်ရုံတစ်ခုကို တွေ့ရစဉ်
၎င်းက “အခု အနေအထားမှာတော့ လူငယ်အများစု အိမ်ရှင်မတွေလည်း ပါတာပေါ့။ အိမ်ရှင်မတွေ လူငယ်တွေ ဒီလိုမဲပေးဖို့အတွက် ဘယ်လိုပြောမလဲ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ မဲရုံကို ရောက်မလာနိုင်တဲ့ အင်အားစုတွေ၊ လူငယ်တွေ၊ အမျိုးသမီး တွေကတော့ ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှု မရှိတာကို တွေ့နေရတယ် အထင်း သားကြီးပဲ။ အခုကတော့ ပိုပြီးတော့ ပြည်သူလူထုက စားဝတ်နေရေးအတွက် လူငယ်တွေဆိုလည်း သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကြိုးစားရုန်းကန် နေရတာဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှုကတော့ အတော် လေး နည်းနေတာရှိတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ် သည်။
မြန်မာနိုင်ငံရေး၏ အဓိက အကျပ်အတည်းက လက်နက်ကိုင်ကိစ္စကို မည်သို့ ရှင်းမည်လဲဆိုသည့် ကိစ္စဖြစ်ပြီး ထိုသို့ ရှင်းနိုင်မှ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရန် လမ်းစပြန်ရနိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

စစ်ပွဲကြောင့် တိမ်းရှောင်နေကြရသူများကို တွေ့ရစဉ်
၎င်းက “ဒါကတော့ ခေတ်ရော အနေအထားရော၊ အားလုံးက အဲ့ဒီဘက်ကို တွန်းပို့နေကြတာပေါ့လေ။ ဒါပေမယ့် လို့ ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲပဲ။ အဲ့တာကြောင့် ရွေးကောက်ပွဲကြီးသည် စားဝတ်နေမှုကြောင့် စိတ်ဝင် စားမှု မရှိဘူးဆိုတာထက် ဖြေရှင်းနိုင်တဲ့ လမ်းစတိုတွေ လူလတ်၊ လူကြီးပိုင်းကရော မြင်သွားနိုင်တဲ့ အနေအထား လည်း ရှိနိုင်ပါတယ်။ အဲ့ဒီလို ဖြစ်အောင်လည်းပဲ ပတ်ဝန်းကျင် နိုင်ငံများဘက်ကရော ကမ္ဘာကြီး အနေအထား ကရော တွန်းပို့ပေးနေတယ်လို့ မြင်ပါတယ်။ ဘာလို့ဆိုရင် စစ်ကြောင့်ဖြစ်တဲ့ ဒီစစ်ဒဏ်ပေါ့ နိုင်ငံရေးအရ မဖြေရှင်း နိုင်သေးတဲ့ အနေအထား အားလုံးပေါ်မှာ လူထုကတော့ဖြင့် တော်တော် အတွေး နက်နက် ကျယ်ကျယ် ပြန့်ပြန့် တွေးလာကြပြီလို့ ထင်ပါတယ်။ ဒါကြောင့် အကျပ်အတည်းကြီးပေါ့၊ အဲ့ဒီမှာ စားဝတ်နေရေး ပြဿနာဆိုတာက တော့ ကြီးတာပေါ့။ ဒါပေမယ့် အဓိက အကျပ်အတည်းက မြန်မာနိုင်ငံရေးရဲ့ လက်နက်ကိုင်ကိစ္စကို ဘယ်လိုရှင်းမှာ လဲ ဆိုတဲ့ဥစ္စာ။ အဲ့ဒီ ဥစ္စာရှင်းနိုင်မှပဲ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ဖို့ လမ်းစပြန်ရနိုင်မယ် ဆိုတဲ့ဘက်နဲ့ ရွေးကောက်ပွဲသည် အရွေ့တစ်ခု အဖြစ်နဲ့ပဲ ပြောင်းချင်လာစတော့ ပြုမယ်ထင်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထုသည် ရွေးကောက်ပွဲ မဲပေးရေး ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေသလို မဲစာရင်းသွားရောက် ကြည့်ရှုနှုန်းလည်း အလွန်နည်းပါးလျက်ရှိနေသည်။
ထိုသို့ ဖြစ်တည်နေရခြင်းမှာ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် နေ့စဉ် ရုန်းကန်နေရသလို ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ပြီး ရွေးကောက်ပွဲ ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟု နွေဦးတော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားခြင်းကြောင့်လည်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1287
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဆုတ်ခွာသွားမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ် မြို့နယ်ကို KIA-PDF ပူးပေါင်းတပ်များမှ နေရာယူလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုကြောင့် မြန်မာ့တပ်မတော်နှင့် TNLA တို့အကြား (၉) ကြိမ်မြောက် ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ အပစ်အခတ်ရပ်စဲ၍ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA က ဆုတ်ခွာမည်ဖြစ်သည်။
ထိုသို့ ကြေညာပြီးနောက် ရှမ်း-မန်း နယ်စပ်စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပြီး နွေဦးတော်လှန်ရေး ကာလ အတွင်း သိမ်းယူခဲ့သည့် ထိန်းချုပ်စိုးမိုးနယ်မြေများအား အလွယ်တကူ လက်လွှတ်ရန်မရှိကြောင်း MDY-PDF က ထုတ်ဖော် ပြောဆိုထားသည်။
ထို့ကြောင့် မိုးမိတ်မြို့တွင် KIA-PDF ပူးပေါင်းတပ်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

MDY-PDF တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်ဘက်မှာတော့ မိုးကုတ် အဆက်ဘက်ပေါ့လေ၊ မိုးမိတ်ဘက် မှာတော့ အဲဒီဘက်မှာတော့ တိုက်ပွဲဖြစ်လာနိုင်ပါတယ်၊ ပြင်းပြင်းထန်ထန်ပေါ့နော်။ အဓိက,ကတော့ မိုးမိတ်က TNLA ဆုတ်တယ်လို့ စစ်ကော်မရှင်နဲ့ သဘောတူပေမယ့် အခုအဓိက အဲဒီမှာရှိနေတဲ့ PDF တွေနဲ့ KIA တွေက လက်မခံဘူးလေ။ အရင်တုန်းကလည်း မိုးမိတ်ကိုလည်း KIA အနေနဲ့ ဝင်တိုက်ပြီးတော့မှ တစ်ပတ်၊ နှစ်ပတ် လောက် ထိန်းသိမ်းထားတဲ့အဆင့် ဖြစ်သွားတယ်။ နောက်ပိုင်းကြတော့ TNLA ပြန်တိုက်မှသာ TNLA စိုးမိုးနယ်မြေ အဖြစ် ပြန်လည်ကျရောက်တာပေါ့နော်။ လက်တွေ့အားဖြင့်ကတော့ အဓိက,ကတော့ မိုးမိတ်ဘက်မှာကတော့ KIA နဲ့ PDF ပူးပေါင်းတပ်က နေရာပြန်ယူနိုင်တယ်။ အဲဒီလိုဆိုရင် စစ်ကောင်စီနဲ့ တိုက်ပွဲပြန်ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
မိုးမိတ်မြို့ မြောက်ဘက်ရှိ မဘိမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် KIA, AA, ABSDF, KPDF ပူပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသေးသော်လည်း ပြန်လည် လက်လွှတ်ခဲ့ရသည်။
ထို့ကြောင့် TNLA တို့ဘက်မှ ဆုတ်ခွာမည်ဟု သတင်းထုတ်ပြန်ပြီးနောက် လက်ရှိတွင် မိုးမိတ်ခရိုင် ဘေးကင်း လုံခြုံရေး KIA နှင့် PDF များ စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့မှာ TNLA သာ ကျန်ရှိနေခြင်းဖြစ်သော်လည်း မကြာသေးမီက နှစ်ဖွဲ့ကြား နိုင်ငံရေးသဘောတူညီမှု ရရှိခဲ့သဖြင့် အပစ်အခတ် ရပ်စဲလိုက်ကြပြီဖြစ်သည်။
ထိုအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များသည် မြန်မာ့တပ်မ တော်နှင့် အပစ်အခတ်ရပ်စဲထားပြီ ဖြစ်သောကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ အခြားဒေသများ၌ စစ်ရေးလှုပ်ရှားမှု များ မြင်ရနိုင်ဖွယ် မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

TNLA နဲ့ PDF ကိုတွေ့ရစဉ်
၎င်းက “အခု အခြေအနေ ကြည့်တာကတော့ ရှမ်းပြည်မှာ လက်ရှိ စစ်ကောင်စီကို တိုက်ပွဲဆင်နွှဲနေတာက ရှမ်းပြည် ဒီဘက် တိုင်းရင်းသားလက်နက်ကိုင်ဆို TNLA ပဲ ရှိတယ်လေနော်။ အခု ဥပမာ SSPP ဆိုရင်လည်း bilateral agreement ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးထားတယ်။ RCSS ဆိုရင်လည်း တစ်နိုင်ငံလုံး အဆင့် NCA လက်မှတ် ရေးထိုးထားတယ်။ အဲဒီလို အခြေအနေလည်း ရှိနေတယ်ဆိုတော့ တခြားဒေသကတော့ တိုက်ပွဲ ပြင်းထန်လာမယ့်ပုံ၊ တိုက်ပွဲဖြစ်လာမယ့်ပုံတော့ မတွေ့ရပါဘူး။ ရှမ်းပြည်မြောက်ပိုင်း တခြားဒေသက တော့ ထူးထူးထွေထွေ စစ်ရေးလှုပ်ရှားမှုတွေ စစ်ကော်မရှင်နဲ့ တိုက်ပွဲ ဖြစ်လာမယ့် တပ်တွေကတော့ မမြင်ရဘူး ပေါ့နော်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ပေါ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တို့နှင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်ကို တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။
ထိုသို့ တိုက်ပွဲ ဖော်ဆောင်ကြရာတွင် EAO-PDF ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေများ သိမ်းပိုက် ရယူနိုင်ခဲ့သော် လည်း အိမ်နီးချင်း နိုင်ငံများက ကြားဝင်စေ့စပ်မှုများကြောင့် တွေ့ဆုံဆွေးနွေးကြစဉ် မြန်မာ့တပ်မတော်နှင့် EAO တို့သာ သဘောတူညီချက်များ ရရှိခဲ့ကြပြီး သိမ်းပိုက်ရရှိထားသည့် မြို့များကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြ သည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့စဉ်က နွေဦးတော်လှန်ရေး အင်အားစုများ ဘက်မှ တစ်စုံတစ်ရာ လက်မခံသည့် သဘောထားမျိုး မပြခဲ့ကြသော်လည်း MNDAA နယ်မြေများအတွင်းကနေ ထွက်ခွာခဲ့ကြရသည်။
သို့သော် TNLA ဘက်မှ မြို့နှစ်မြို့ကို ပြန်လည် ဆုတ်ခွာပေးစဉ်တွင်မူ လက်မခံသည့် သဘောထားများ ပြသမှု အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများရှိသည်။
တခြား တစ်ဖက်မှာလည်း KIA သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် လျှို့ဝှက်ညှိနှိုင်းမှုများရှိနေ ပြီး တွေ့ဆုံ ဆွေးနွေးရန် သဘောတူထားပြီဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 311
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁
ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပသွားမည်ဟု နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က ပြောသည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)ကို အပိုင်း(၂) ကျင်းပပြီး နှစ်ပတ်ခြား အကြာမှာ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၄၈ ရက်သာ လိုတော့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပသွား မှာဖြစ်ပါတယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်း ရွေးကောက်ပွဲ အပိုင်း(၂)ရဲ့ နှစ်ပတ်ခြား အကြာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံး ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည်။
ထို့နောက် ၁၉၂၂ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်ထိ ရွေးကောက်ပွဲ ၆ ကြိမ်၊ ပါလီမန်ခေတ် (၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်)မှာ ရွေးကောက်ပွဲ ၃ ကြိမ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်)မှာ ရွေးကောက်ပွဲ ၄ ကြိမ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(၁၉၈၈- ၂၀၁၀)မှာ ရွေးကောက်ပွဲ ၁ ကြိမ်၊ ဒီမိုကရေစီခေတ် (၂၀၁၀ ကနေ ယနေ့အထိ) ရွေးကောက်ပွဲ ၆ ကြိမ် (ထို ၆ ကြိမ်တွင် ရွေးကောက်ပွဲ ၃ ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ်ဖြစ်သည်) စသဖြင့် ကျင်းပခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 196
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် သူတို့ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)က ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့ပြီး မိမိတို့က နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက်ပေးနေ သည်ဟု နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ပြောကြားချက်ဆိုကာ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းရှိပြီး မဲမသမာမှု ၁၀.၄ သန်း ဖြစ်ပေါ်ခဲ့ခြင်းကို ဖြေရှင်းပေးရန် နိုင်ငံရေးပါတီများနှင့် တပ်မတော် ပူးပေါင်း၍ တောင်းဆိုခဲ့သော်လည်း ဖြေရှင်း မပေးဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ လွှတ်တော်ခေါ်ကာ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခဲ့သည်ဟု ၎င်းက ထောက်ပြသည်။
ထိုသို့ လုပ်ဆောင်မှုများက မည်သူက ဥပဒေနှင့်အညီ တရားနည်းလမ်း တကျတောင်းဆိုခဲ့ပြီး မည်သူက ဥပဒေကို လျစ်လျူရှုမျက်ကွယ်ပြုခဲ့သလဲ စဉ်းစားနိုင်ကြောင်း၊ ထို့နောက် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို ရယူ ခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
၎င်းက “ မဲမသမာမှုဖြစ်ခဲ့တာကို တရားနည်းလမ်းတကျ ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့ သူတို့ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကို ကော်မရှင်တို့ကသာ ပြည်သူလူထု တစ်ရပ်လုံးနဲ့ နိုင်ငံတော်ရဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေလိုလားတောင့်တခဲ့တဲ့၊ ဒီလိုဖျက်ဆီးခံရတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျနော်တို့က နည်းစနစ်ကျစွာ ပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်က လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်းမှာ မြို့နယ် ၁၀၂ မြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ မြို့နယ် ၁၀၀ မှာ ရွေးကောက်ပွဲ အပိုင်း(၂)အား ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)ကို နှစ်ပတ်ခြာပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံးပတ်မှာ ကျင်းပမည်ဖြစ် သည်။
အဆိုပါ ရွေးကောက်ပွဲကို NLD ပါတီ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင် ဖွဲ့စည်းထား သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသည်။
အလားတူ မြန်မာ့တပ်မတော်က ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲ ပူးပေါင်း ပါဝင်သူများကိုလည်း ထိရောက် စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် အသက်အန္တရာယ်ကို အာမမခံကြောင်း ထုတ်ပြန်ထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 262
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားနေခြင်းနှင့်အတူ ပြည်သူလူထု၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် သည် မည်သည့် အခြေအနေကို ရောက်ရှိနေသလဲ မေးခွန်းထုတ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ NLD အစိုးရအား ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်လာ သလို ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ရပ်တည်ပိုင်ခွင့်များလည်း ထိန်းချုပ်ခံလာခဲ့ရသည်။
လူထု၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကို တားဆီးခြင်းက ဒီမိုကရေစီအတွက် မကောင်းဘူးဟု ရန်ကုန် စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနကို ပြောသည်။

ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်
၎င်းက “နိုင်ငံတော် အနေနဲ့က သူသွားချင်တဲ့ နိုင်ငံရေး ပန်းတိုင် ရွေးကောက်ပွဲကို အောင်မြင်စွာ ဖြစ်ပေါ်ဖို့ အတွက်ကို ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်ဖို့ ဖြစ်နိုင်တယ်လို့ ယူဆတဲ့ ကိစ္စမှန်သမျှ ဖြစ်ရပ်မှန်သမျှကို လိုက်လံတားဆီးရင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်တွေဟာ ဒါခြိမ်းခြောက်ခံရတဲ့ အနေအထားမှာ ဖြစ်လာတာပေါ့။ တရားစွဲ အရေးယူတဲ့ အာဏာပိုင်တွေ အနေနဲ့က သေသေချာချာ စဉ်းစားရမယ် ဒီလို ဖြစ်ရပ် တွေဟာပေါ့နော်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်အတွက်ကို မကောင်းဘူး။ ဒါကြောင့် လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ဟာ ရွေးကောက်ပွဲကို ဘယ်လောက်ထိ သက်ရောက်သွားနိုင်လဲဆိုတဲ့ပေါ်မှာ ချင့်ချိန် ပြီးတော့ အရေးယူတာတွေကို လုပ်သင့်တယ်၊ ကန့်ကွက်တာနဲ့ ရွေးကောက်ပွဲကို မကျေနပ်လို့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းကို ဝေဖန်မိလို့ ဆိုရုံလောက်နဲ့ ဖမ်းဆီး အရေးယူတယ်။ ထောင်ချတယ်ဆိုတာမျိုးက မေးခွန်း ထုတ်စရာတွေ အများကြီးရှိတယ်။ နိုင်ငံရေးက တရားဥပဒေစိုးမိုးရေးကို လွှမ်းမိုးတဲ့ အနေအထားမျိုး ဖြစ်လာမှာကို အန်တီတို့ စိုးရိမ်တယ်လေ။ ဒါကြောင့် တရားစီရင်ရေး အာဏာပိုင်တွေ တရားစွဲ အာဏာပိုင်တွေ အနေနဲ့ကလည်း နိုင်ငံတော်စီမံချက်ဆိုပြီးတော့ အစီအစဉ်မဲ့ တရားဆွဲ အရေးယူတာတွေ သိပ်ပြီးတော့ မဖြစ် စေချင်ဘူး”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအား ဝေဖန်ခြင်းနှင့် ပျက်ပြားအောင် လုပ်ဆောင်ခြင်း၊ ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား ဝေဖန်ခြင်းနှင့် ပုတ်ခတ်ရေးသားခြင်းများ ပြုလုပ်သူများ အား အာဏာပိုင်အဖွဲ့အစည်းများက ဖမ်းဆီး အရေးယူလျက်ရှိသည်။
အလားတူ နွေဦးတော်လှန်ရေး အင်အားစုများကလည်း တော်လှန်ရေးနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းနှင့် အားမပေး ခြင်း ရေးသားသူများကို အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

ဒီမိုကရေစီတောင်းဆိုနေကြစဉ်(ဓာတ်ပုံ- ဖရွန်းတီးယားမြန်မာ)
လုံခြုံရေး ခြိမ်းခြောက်မှုများ မြင့်မားနေသ၍ လွတ်လပ်ခွင့်က နောက်တန်း ရောက်နေမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုံခြုံရေး ခြိမ်းခြောက်မှုတွေ မြင့်မားနေသမျှ ကာလပတ်လုံး ခုန လွတ်လပ်ခွင့် ဆိုတာတွေက နောက် တန်း ရောက်နေမှာပဲ၊ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးနဲ့အတူ လုံခြုံရေး ခြိမ်းခြောက်မှုတွေ လျော့ပါးသွားပြီ ဆိုရင် ဒါလွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ စီတန်းလှည့်လည်ခွင့် စတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ က ပြန်ပြီးတော့ ပွင့်လင်းလာမယ်။ မဟုတ်ရင်တော့ ဒါပဋိပက္ခ မြင့်မားလေလေ လုံခြုံရေးက ရှေ့တန်းရောက်လေ လေ ဖြစ်မှာပဲ။ အဲ့တော့ လုံခြုံရေးကာလမှာ ဥပမာဆိုရင်တော့ မာရှယ်လော ပြဋ္ဌာန်းတဲ့ ကာလတွေမှာ သက်ဆိုင် ရာ တပ်မှူးရဲ့အမိန့်က ဥပဒေဖြစ်သွားရော။ အဲ့လိုမျိုး ကျင့်သုံးရတဲ့ အခါမှာတောင်မှ ချင့်ချင့်ချိန်ချိန်နဲ့ သူရဲ့လုပ်ပိုင် ခွင့်ကို ထိန်းထိန်းသိမ်း ကျင့်သုံးဖို့ လိုတယ်ပေါ့။ မာရှယ်လော ဧရိယာတွေ တဖြည်းဖြည်းနဲ့ လျှော့နည်းသွားလို့ရှိရင် တရားဥပဒေစိုးမိုးတဲ့ ဧရိယာတွေ ပြန်ပြီးတော့ ပေါ်ပေါက်လာမယ် အဲ့ဒါမှသာလျှင် ပြည်သူတွေအတွက် ဒါလွှတ် တော် ကိုယ်စားလှယ် ရုံးခန်းတွေဟာလည်းပဲ လာပြီးတော့ ရင်ဖွင့်နိုင်တဲ့၊ ဆွေးနွေးနိုင်တဲ့ နေရာတွေ ဖြစ်လာမယ်။ အဲ့တော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကနေတဆင့် လွတ်လပ်ခွင့် ထိန်းချုပ်တာ ခြိမ်းခြောက်တာမျိုးတွေ ဖြစ် လာရင်လည်း အရေးဆိုနိုင်တဲ့ အခြေအနေတွေ ပေါ်လာနိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ခြင်း မရှိသေးသရွှေ့ သို့မဟုတ် အရပ်သား အစိုးရ မပေါ်ပေါက်သေးသရွှေ့ ပြည်သူလူထု၏ လွတ်လပ်ခွင့်နှင့် ထုတ်ဖော် ပြောဆိုပိုင်ခွင့်သည် ကန့်သတ်ခံနေရဦးမည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 819
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁
နွေဦးတော်လှန်ရေး အင်အားစုများကို အမှီသဟဲပြုပြီး နိုင်ငံရေးအကျိုးအမြတ် ဘယ်သူတွေ ရသွားလဲဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ပေါ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တို့နှင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်ကို တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။
ထိုသို့ တိုက်ပွဲ ဖော်ဆောင်ကြရာတွင် EAO-PDF ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေများ သိမ်းပိုက် ရယူနိုင်ခဲ့သော်လည်း ကြားဝင်စေ့စပ်မှုများကြောင့် တွေ့ဆုံဆွေးနွေးကြရာ မြန်မာ့တပ်မတော်နှင့် EAO တို့သာ သဘောတူညီချက်များ ရရှိခဲ့ကြပြီး သိမ်းပိုက်ရရှိထားသည့် မြို့များကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
EAOs တို့သည် လက်နက်ကိုင်လှုပ်ရှားမည့် အင်အားစု အများအပြားကို PDF များဆီကနေ ရလိုက်ခြင်းဖြစ် ကြောင်း၊ ထိုအခင်းအကျင်းများ၌ အမှန်တကယ် အင်အားစုဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများအပေါ် မူတည်ကာ EAO နှင့် PDF မည်သူတို့ နိုင်ငံရေး အမြတ်ရသလဲဆိုသည်ကို မြင်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ NUG ခေါင်းဆောင်တွေကို တွေ့ဆုံကြစဉ်
၎င်းက “ဘာကြောင့်လဲဆိုတော့ EAO တွေက နဂိုကတည်းက သိပ်အဲဒီလောက်အထိ လှုပ်ရှားနိုင်တာ မရှိဘူး။ ပြောရရင်တော့ တိုက်ခိုက်ရေး အင်အားစုပေါ့လေ။ လက်နက်ကိုင်ပြီးတော့ လက်နက်ကိုင် လှုပ်ရှားမှု လုပ်မယ့် အင်အားစု တော်တော်များများကို PDF တွေဆီကနေ သူတို့ ရလိုက်ကြတာ။ အဲဒီတော့ နောက်ဆုံးမှာ PDF တွေက သူတို့ လိုချင်တဲ့ အရာလည်းမရဘူး။ မရတဲ့အချိန်မှာကိုမှ လှုပ်ရှားမှု အရမ်းခက်သွားတဲ့အချိန်မှာ နောက်ဆုံးတော့ ဘာဖြစ်သွားလဲဆိုတော့ အရမ်းအသာရသွားတာပေါ့။ အသာစီးရတယ်လို့ ကျနော်တို့ သုံးသပ်လို့ရတာဟာ EAO တွေပဲ ကြည့်ပြီးကျန်ခဲ့တယ်။ PDF တွေက ဘာမှအဲဒီလောက်အထိ လုပ်နိုင်စွမ်း မရှိခဲ့တော့ဘူးပေါ့။ အဲဒါကတော့ အခုလောလောဆယ် ကျနော်တို့ မြင်နေရတဲ့အထဲမှာ တွေ့ပြီးသား ကိစ္စရပ်ဖြစ်သွားတာပေါ့။ သူတို့ ဘယ်လောက် လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာ အားလုံးသိတဲ့အတိုင်းပဲ။ နောက်သူတို့ရဲ့ ပူးပေါင်းမှု ဘယ်လောက် အဆင်ပြေ တယ်၊ မပြေဘူးဆိုတာလည်း ကျနော်တို့ မြင်နေရတာပဲလေ။ အဲဒီတော့ တကယ်တမ်းဘယ်သူက အင်အားစုတွေ ဆုံးရှုံးသွားလဲ၊ ဘယ်လောက်အထိ ကိုယ့်မှာ ထိခိုက်နစ်နာမှုဖြစ်လဲဆိုတာ ကြည့်ရင်သိသာတာပေါ့။ အဲဒါအပေါ်မှာ မူတည်ပြီးတော့ EAO အမြတ်ရလား၊ PDF တွေ အမြတ်ရလားဆိုတာတော့ အားလုံးမြင်နိုင်ကြပါလိမ့်မယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်က TNLA နှင့် တပ်တို့ တွေ့ဆုံဆွေးနွေးမှုအရ အပစ်အခတ်ရပ်စဲ ရေး သဘောတူ လက်မှတ်ရေးထိုးပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာမည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ကြေညာပြီးနောက် ရှမ်း-မန်း နယ်စပ်စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပြီး နွေဦးတော်လှန်ရေး ကာလ အတွင်း သိမ်းယူခဲ့သည့် ထိန်းချုပ်စိုးမိုးနယ်မြေများအား အလွယ်တကူ လက်လွှတ်ရန်မရှိကြောင်း MDY-PDF က ထုတ်ဖော် ပြောဆိုထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များသည် ၎င်းတို့၏ ဒေသ၊ ပြည်နယ်နှင့် လူမျိုး လွတ်မြောက်ရေး အဓိကဖြစ်သည့် အတွက် နိုင်ငံရေး သဘောတူညီချက် ရယူရာတွင် ၎င်းတို့ဒေသ ခိုင်မာရေးကို အားသာသွားသည်ထင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
သို့သော် နွေဦးတော်လှန်ရေး ရဲဘော် အများစုသည်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကျပ်အတည်းအပေါ် နားလည်မှုရှိမည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောသည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ဆုံစဉ်
ဒေါက်တာလှကျော်ဇောက “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မြေပုံကိုကြည့်ကြည့် အကုန်လုံးက တရုတ် နဲ့ နယ်ချင်းစပ် ထိစပ်နေတာချည်းပဲ။ အဲဒီတော့ တရုတ်က ဖိအားဆိုတာထက် တရုတ်က မက်လုံးပေါ့နော်။ ဥပမာ အပစ်အခတ်ရပ်ရင် border ဂိတ်တွေ ဖွင့်ပေးမယ်။ စီးပွားရေး အသွားအလာတွေ MNDAA ဆို တရုတ်က အများ ကြီး ဖွင့်ပေးထားတာပဲ။ ဖွင့်ပေးထားပြီး သူတို့ဘက်က အထောက်အပံ့တွေ ဘာတွေ အများကြီး အကူအညီ ပေး ထားတာလေ။ ဒါကြောင့် MNDAA ဆိုရင် သူတို့နေတဲ့ ဒေသဟောင်းတွေကို သူတို့ ကောင်းကောင်း တည်ဆောက် နိုင်တာ ဖြစ်တာကို။ အဲဒီတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့က ဗမာပြည်ကို စေတနာ မထားတာတော့ မဟုတ်ဘူး။ တစ်ပြည်လုံးထက် သူတို့က သူ့ဒေသလေး၊ သူ့ပြည်နယ်လေး သို့မဟုတ် သူ့လူမျိုးလေး လွတ်မြောက် ရေးက အဓိကဖြစ်တာကို။ အဲဒီတော့ သူတို့က ဒါနဲ့ပဲ ကျေနပ်ပြီးတော့ သူ့ဒေသလေး တည်ငြိမ်အောင်၊ သူ့ဒေသ လေး ခိုင်မာအောင် ဒါတွေကို ပိုပြီးတော့ အားသာသွားတယ်ထင်တယ်။ PDF တို့ ဘာတို့ကလည်း ကျမတို့အားလုံး နားလည်ပေးတယ်လေ။ ဒီဘက်က နွေဦးတော်လှန်ရေးက ရဲဘော်တွေ တော်တော်များများကလည်း တိုင်းရင်း သား အဖွဲ့တွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို နားလည်ပေးကြတော့ နားလည်မှုရှိကြ ပါမယ်ထင်တယ်။ ဒီလိုပြောလို့ အစစအရာရာ အဆင်ပြေတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ပဋိပက္ခလေးတွေ၊ ပွတ်တိုက်မှုလေး တွေတော့ ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက် ရရှိထားသည့် မြို့များထဲမှ လားရှိုးမြို့အား ကိုးကန့်တပ်(MNDAA)မှ မြန်မာ့ တပ်မတော်ထံ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ရကတည်းက အခြားမြို့များလည်း ပြန်ပေးရနိုင်ဖွယ်ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။
မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များအား ၂၀၂၄ ဇူလိုင်လအတွင်းက TNLA နှင့် မဟာမိတ်တပ်များက သိမ်းပိုက် ရယူခဲ့ ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် TNLA ဘက်မှ မြန်မာ့တပ်မတော်နှင့် သဘောတူညီမှုရရှိပြီး နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထို့နောက် KIA သည်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ PDF များ၏ အင်အားကို အသုံးပြုပြီး မြန်မာ့တပ်မတော်၏ စစ်စခန်းများနှင့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
သို့သော် KIA သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် လျှို့ဝှက်ချိတ်ဆက်နေခြင်းကြောင့် သဘောတူညီချက် ရရှိသွားပါက PDF များ၏ အနေအထားမှာလည်း တစ်မျိုးတစ်ဖုံး အပြောင်းအလဲ ဖြစ်သွား မည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
