CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
ယူနိုက်တက်အသင်းက ဘရာဇီးလ် ကွင်းလယ်လူ ကတ်စီမီရိုအနေနဲ့ လုပ်ခလစာ လျှော့ယူပြီး အသင်းမှာ ဆက်နေ ချင်တယ်ဆိုရင် သူ့ကို ဆက်ပြီး ထိန်းထားဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ကတ်စီမီရိုရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လဆိုရင် ကုန်ဆုံးပြီဖြစ်ပြီး စာချုပ်သက်တမ်း မတိုးခဲ့ရင် နွေရာသီမှာ ယူနိုက်တက်အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာပါ။
ယူနိုက်တက်အသင်းဟာ လုပ်ခလစာ အများအပြား ပေးခဲ့ရတဲ့ ဒီဂီယာ၊ ဗာရန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ ထွက်ခွာသွား ပြီးနောက် လုပ်ခလစာ ပေးနေရတာတွေကို ဆက်ပြီး လျှော့ချဖို့ ဆန္ဒရှိနေပါတယ်။
ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းမှာ လုပ်ခလစာ အများဆုံး ရရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါ တယ်။
ကတ်စီမီရိုကို တွေ့ရစဉ်
ကတ်စီမီရိုအနေနဲ့ ယူနိုက်တက်အသင်းမှာ ဆက်နေချင်တယ်ဆိုရင် အသင်းဘက်က သူ့ရဲ့ လုပ်ခလစာလျှော့မှာ ကို သဘောတူရမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုရဲ့ စာချုပ်ကို ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ ၁ နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေပြီး ဒီလိုမပြုလုပ်မီ လုပ်ခလစာ လျှော့ယူတာကို သဘောတူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကတ်စီမီရိုဟာ နည်းပြ အာမိုရင်ရဲ့အဓိက ကစားသမားအဖြစ်ရှိနေပြီး ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၆ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ ငွေကြေး အများအပြား သုံးစွဲပြီး ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိ ကွင်းလယ်လူတွေဖြစ်တဲ့ ကိုဘီမိုင်နူးဟာ အသင်းမှာ အနာဂတ် မရေမရာဖြစ်နေပြီး အူဂါတေးက ရုန်းကန်နေရတာကြောင့် နည်းပြအာမိုရင်ဟာ ကတ်စီမီရိုကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတာပါ။
ကတ်စီမီရိုကို ခေါ်ယူဖို့ ဘရာဇီးနဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေပြီး သူဟာ လာမယ့် ဇန်နဝါရီမှာ အင်္ဂလန် ပြင်ပ ကလပ်တွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နိုင်တာဖြစ်ပါတယ်။
Source: ESPN