CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃

ဘရာဇီးလ်ကွင်းလယ်လူ ကတ်စီမီရိုဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုရဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ တစ်နှစ်သက်တမ်းဖို့ ရွေးချယ်ခွင့်ကို မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ အသင်းကနေ အလွတ်နဲ့ထွက်ခွာမှာပါ။

၂၀၂၂ ခုနှစ်က ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ကတ်စီမီရိုဟာ ယူနိုက်တက်အသင်း အတွက် ၁၄၆ ပွဲ ကစားထားပြီး ၂၁ ဂိုးသွင်းယူကာ ကာရာဘောင်းနဲ့ FA ဖလားရယူနိုင်ခဲ့ပါတယ်။ 

ကတ်စီမီရိုက “ကျနော့်ဘဝ တစ်လျှောက်လုံး ယူနိုက်တက်ကို သယ်ဆောင်သွားမှာပါ။ နှုတ်ဆက်ရမယ့်အချိန် မဟုတ်သေးပါဘူး။ နောက် ၄ လအတွင်းမှာ ဖန်တီးရမယ့် အမှတ်တရတွေ အများကြီးရှိပါသေးတယ်။ ကျနော်တို့ အတူတကွ တိုက်ပွဲဝင်ရမယ့် အရာတွေ ရှိသေးပြီး ကလပ်အသင်း အောင်မြင်အောင် ကူညီပေးဖို့ အရာအားလုံးကို ပေးဆပ်သွားဖို့ ကျနော်အပြည့်အဝ အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ကတ်စီမီရိုကို တွေ့ရစဉ်

ကတ်စီမီရိုဟာ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုရှိအောင် ထွက်ခွာဖို့ဆုံးဖြတ်တဲ့ ကြေညာမှုကို ၄ လ စောပြီး ပြုလုပ်ခဲ့တာပါ။ 

ကတ်စီမီရိုဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာ ဆက်ပြီးကစားဖို့ စိတ်အားထက်သန်နေသလို သူ့ကိုခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်၊ မေဂျာလိဂ်နဲ့ ဘရာဇီးလ်ကလပ် အသင်းတွေက စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။ 

ယူနိုက်တက်အသင်းဟာ ကတ်စီမီရို ထွက်ခွာတာနဲ့အတူ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အဓိက ဦးစားပေးထားပြီး အန်ဒါဆန်၊ ဝါတန်နဲ့ ဘာလီဘာတို့ဟာ အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ 

Source: ESPN