CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂

အင်တာမီလန်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ဆွစ်ဇာလန်ဂိုးသမား ဆွန်မားရဲ့နေရာမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂိုးသမား အီမီမာတီနက်ဇ်ကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။  

အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ အင်တာမီလန်အသင်းဟာ အီမီမာတီနက်ဇ်နဲ့ ပတ်သက်ပြီး အက်စတွန်ဗီလာအသင်းကို ကနဦးဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ Sky Sports သတင်းမှာ ဖော်ပြထား တာပါ။ 

အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၉ ရာသီကုန်အထိ စာချူပ်ရှိနေတဲ့ အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပြီး ယူနိုက်တက်အသင်းနဲ့ သတင်းထွက်ခဲ့ပါတယ်။ 

အီမီမာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်နဲ့ စပိန်မှာ ကစာဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် စီးရီးအေမှာ စိန်ခေါ်မှု အသစ်ကို ရှာဖွေဖို့ ဆွဲဆောင်ခံရနိုင်တာပါ။ 

ဆွန်မားကို တွေ့ရစဉ်

အာဂျင်တီးနားဂိုးသမားဟာ အင်တာမီလန်အသင်းထံ သူ့ရဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးမှာဖြစ်လို့ အီတလီကလပ်ဟာ ဂိုးသမားနေရာမှာ ရေရှည်ဖြေရှင်းချက်တစ်ခုကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီအပြောင်းအရွှေ့အတွက် အတားအဆီးက အီမီမာတီနက်ဇ်ရဲ့ လုပ်ခလစာပါ။

အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းမှာ တစ်ရာသီကို ယူရို ၅ သန်းခန့် ရရှိနေပြီး အင်တာမီလန်အသင်း ထံ ပြောင်းရွှေ့မယ်ဆိုရင် သူ့ရဲ့လုပ်ခလစာကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

အင်တာမီလန်အသင်းဟာ နွေရာသီမှာ ခေါ်ယူမယ့် ကစားသမား စာရင်းကို အခုကတည်းက ပြုစုနေပြီး အပြောင်း အရွှေ့ ဖွင့်တဲ့အချိန်မှာ အပြောင်းအရွှေ့ ကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ 

၂၀၂၀ ခုနှစ်က အာဆင်နယ်အသင်းကနေ ရောက်လာခဲ့တဲ့ အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပွဲပေါင်း ၂၃၀ ကျော် ပါဝင်ကစားထားပါတယ်။ 

Source: besoccer