CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁

ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း မာတစ်ဟာ အစ်စဝှစ်ချ်အသင်းက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ရိုးမားအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ မာတစ်ဟာ လက်ရှိ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ ကစားနေတာပါ။ 

အသက် ၃၆ နှစ်အရွယ်ရှိ မာတစ်ဟာ ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ်အထိ ယူနိုက်တက်အသင်းမှာ ၅ နှစ်ကြာရှိခဲ့ပြီး ပွဲပေါင်း ၁၈၉ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ 

မာတစ်ဟာ ချယ်လ်ဆီးအသင်းမှာ ၂ ကြိမ် ကစားခဲ့ပြီး ဒုတိယအကြိမ် ကစားခဲ့တာမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအချို့ ရယူနိုင်ခဲ့တာပါ။ 

အစ်စဝှစ်အသင်းနည်းပြ မက်ကန်နာက မာတစ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ထံ ပြန်လည် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

မာတစ်ကို ခေါ်ယူဖို့ အစ်စဝှစ်ချ် တစ်သင်းတည်း စိတ်ဝင်စားနေတာ မဟုတ်ဘဲ အီတလီကလပ်တွေဖြစ်တဲ့ ကိုမို၊ နာပိုလီနဲ့ ဖီအိုရင်တီးနားအသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ Sky Germany က ဖော်ပြထား တာပါ။ 

မာတစ်ကို တွေ့ရစဉ်

အစ်စဝှစ်ချ်အသင်းနည်းပြ မက်ကန်နာကတော့ သူနဲ့ မာတစ်တို့ရဲ့ ဆက်ဆံရေးကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မက်ကန်နာဟာ ယူနိုက်တက်အသင်းမှာ နည်းပြမော်ရင်ဟိုရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ချိန် မာတစ်နဲ့ လက်တွဲအလုပ်လုပ်ခဲ့တာပါ။

အစ်စဝှစ်ချ်အသင်းဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ မာတစ်ကို ခေါ်ယူပြီး အသင်း တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

မာတစ်နဲ့ လိုင်ယွန်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်နွေရာသီအထိ သက်တမ်းရှိနေတာပါ။ 

အစ်စဝှစ်ချ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၈ တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။ 

Source: Metro