CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိစစ်သည်များသည် အပြန်အလှန် ချစ်ကြည်ရေးခရီးသွားကြကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်ဘက်က ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည် စုစုပေါင်း ၁၂၀ ဦး ပါဝင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ စက်တင်ဘာ ၁၆ ရက် ထွက်ခွာသွားခဲ့သည်။
အလားတူ အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်လာခဲ့သည်။