CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင် သော အခြေအနေနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်ဦးအနေဖြင့် မိမိ နေထိုင်ရာ အရပ်ဒေသကနေ မဲပေးနိုင်မည့် အခြေအနေနှင့် မဲပေးပိုင်ခွင့် ရရှိနိုင်ရေး ဆောင်ရွက်ရမည့် အခြေအနေများကို UEC က ထုတ်ပြန် ကြေညာခဲ့သည်။