- By CNI
- Category: နိုင်ငံရေး
- Hits: 738
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာတွင် ဥရုချောင်းကြီးဒေသလုံးဆိုင်ရာ တိုင်းလျမ်(သျှမ်းနီ)ရိုးရာကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲနှင့် နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်ထိ ကျင်းပလျက်ရှိသည်။

အဆိုပါ ရှမ်းနီရိုးရာ ကောက်သစ်စားပွဲကို ထိန်ကုန်းကျေးရွာအုပ်စု ၁၉ အုပ်စု ပူးပေါင်း၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ရှမ်းနီတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ စုစည်းနေထိုင် ကြပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရှမ်းနီနယ်မြေများ ၂ ပိုင်းခွဲခံ လိုက်ရသည့်အတွက် တစ်စုတစ်စည်းတည်း မရှိတော့ဘဲ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ရှမ်းနီတိုင်းရင်းသားများသည် ရှမ်းပြည်နယ်ရရှိရေး တောင်းဆိုနေကြသော လူမျိုးဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 777
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသူများ အနေဖြင့် နိုင်ငံရေးမူဝါဒများကို လက်လွတ်စပယ် မပြောသင့်ဘူး ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဗဟို အလုပ်အမှုဆောင်များနှင့် သာကေတမြို့နယ် ပါတီဝန်းရံသူ မိတ်ဆွေများ တွေ့ဆုံပွဲတွင် ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်က တိုင်းပြည်ကို မငြိမ်အောင်လုပ်သည့် သူအားလုံးကို သတ်ရန် မီဒီယာတစ်ခုနှင့် အင်တာဗျူးလုပ်စဉ် ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံရေးလောကတွင် နိုင်ငံရေး မူဝါဒနှင့်ပတ်သက်ပြီး အရေးကြီးသည့် အရာများကို လက်လွတ်စပယ် မပြောသင့်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဦးနေအောင်နဲ့ USDP ဥက္ကဋ္ဌ ဦးခင်ရီကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ တကယ့် အရေးကြီးတဲ့ နိုင်ငံရေးမူဝါဒတွေနဲ့ ပတ်သက်ရင်တော့ လက်လွတ်စပယ်တွေ မပြော သင့်ဘူးလို့မြင်တယ်၊ တစ်ဘက်က ကျနော်တို့ အရင့်အရင်ကလည်းပဲ အကြမ်းဖက် အဖွဲ့အစည်းလို့ ကြေညာလိုက် ဆွေး နွေးလို့ အဆင်ပြေသွားရင် ပြန်ပြီးပယ်ဖျက်ပေးလိုက် အစရှိသဖြင့် ဒါပစ်လိုက် ဆွေးနွေးလိုက်ဆိုတဲ့ ဖြစ်စဉ် တွေက ကျနော်တို့ တလျှောက်လုံးလည်း ရှိခဲ့တယ်။ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ကိစ္စက မိသားစုတွင်း ပြဿနာပဲ အဲတော့ တစ်ယောက်ကို တစ်ယောက် အပြတ်ချေမှုန်းပစ်မယ်၊ သတ်ပစ်မယ်၊ ဖျက်ဆီးပစ်မယ်ဆိုတဲ့ကိစ္စက အနှစ် ၇၀ ကျော် ၈၀ နီးပါး ဖြစ်လာခဲ့ပြီ။ သို့သော် ဒါဟာ ကျနော်တို့ အကုန်လုံး ပြန်ပြီးတော့ စုစည်းရမယ်ဆိုတဲ့ အမြင်ကို တော့ မျက်ခြေပြက်လို့မရဘူး။ ပြဿနာက နိုင်ငံရေး ဖြေရှင်းမှုတွေ မအောင်မြင်လို့ ဒီလက်နက်ကိုင်ပဋိပက္ခက အနှစ် ၇၀ ကျော် ၈၀ ဖြစ်လာတာ ၁၉၆၂ ကတည်းကသာ ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်ခဲ့မယ်ဆိုရင် အာဏာ သိမ်းတဲ့ ပုံစံမျိုးနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် တချို့အကျိုးဆက်တွေက ဆက်မဖြစ်ဘူး။ ဟိုစစ်ရေးသပ်သပ်နဲ့ ဖြေရှင်းတာက ဘက်အသီးသီးပေါ့၊ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတယ်ဆိုတဲ့ ကိစ္စဟာ တစ်ယောက်ကို တစ်ယောက် ပြုတ်သွားတဲ့အထိ ခြေမှုန်းနိုင်ခဲ့တဲ့အထိ မဖြစ်ခဲ့ဘူးဆိုတာ နှစ် ၇၀ ကျော် ၈၀ အတွေ့အကြုံတွေအရ အားလုံးခံစားခဲ့ပြီးသား ဖြစ်ပါတယ်”ဟု ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် တပ်မတော်မှလာသည့် သူများနှင့် ဖွဲ့စည်းထားသော ပါတီဖြစ်ပြီး ၎င်းသည်လည်း စစ်သားသားသမီး ဖြစ်သည့်အတွက် စစ်တပ်ကျေးဇူး ရှိ၍ USDP ပါတီကို ဝန်းရံနေ ခြင်း ဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်က ပြောကြားခဲ့သည်။
၎င်းက “နိုင်ငံရေး အခင်းအကျင်းက တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့ကောင် အကုန်သတ် သိဖို့။ တပ်မတော် မကာကွယ်ရင် အခုဆိုလူတွေ ဘဝပျက်ကုန်ပြီ။ ဒီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ချစ်တာ သူများ ဝတ်ခိုင်းလို့ မဟုတ်ဘူး၊ ချစ်လို့ဝတ်တာ။ ပြည်ခိုင်ဖြိုးသည် We Come From the military တပ်မတော်ကလာတဲ့ အဖွဲ့အစည်းများက လူတွေချည်းပဲ တပ်မတော် မကာကွယ်ရင် အခုဆိုလူတွေ ဘဝပျက်ကုန်ပြီ။ ဒါမပြောတော့ဘူး လေ၊ ကျနော်တို့လည်း စစ်သားသားသမီးလေ ယူနီဖောင်းမြင်ရင် ချစ်တယ်လေ၊ သေပေါ့ ဆဲတဲ့ကောင် သေကြ ပေါ့”ဟု ပြောသည်။

ဦးခင်ရီနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်ကို USDP ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မဲဆွယ်စည်းရုံးပွဲများ၊ ဆိုင်းဘုတ်တင်ပွဲများနှင့် USDP ကလုပ်သည့် အခမ်းအနားများတွင် မကြာခဏ မြင်တွေ့လာရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လာခဲ့ရာ ယနေ့ ၂၀၂၅ ခုနှစ်အထိပင် ဖြစ်သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 449
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရှိ ကမ္ဘာဒီးယား ရွှေ့ပြောင်းလုပ်သားများ မရှိတော့သည့်အတွက်ကြောင့် ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အားထားနေရသည့် အခြေအနေဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာ၊ ဗီယက်နမ်၊ လာအို နိုင်ငံ ၃ နိုင်ငံမှ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများအတွက် ပန်းရောင်ကဒ် အထောက်အထားသစ်လုပ်ရန် နာမည်စာရင်း တင်သွင်း သည့် လုပ်ငန်းစဥ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်နေ့အထိ ပြုလုပ်ရန် ခွင့်ပြုထားသည်။
အဆိုပါ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပန်းရောင်ကဒ်သစ်သည် Work permit နှင့် ဗီဇာရပြီးလျှင် တစ်နှစ် နေထိုင် အလုပ်လုပ်ခွင့် ရရှိမှာဖြစ်ပြီး ထိုပန်းရောင်ကဒ် ပြုလုပ်ရန်အတွက် ကုန်ကျစရိတ် သည် အနည်းဆုံး ဘတ် ၅၀၀၀ မှ ဘတ် ၈၀၀၀ အထိရှိကြောင်း သိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား စစ်ရေးပဋိပက္ခများကြားတွင် ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းအား မနှောင့်နှေး စေရန် ထိုင်းအစိုးရမှ မြန်မာရွှေ့ပြောင်းများကို အားထားရသည့် အခြေအနေရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမား ရေး ဆောင်ရွက်ပေးနေသည့် ဦးအောင်ကျော်မှ CNI သတင်း ဌာနသို့ ပြောသည်။

ပန်းရောင်ကဒ် ကိုင်ထားတဲ့ ရွှေ့ပြောင်းများကိုတွေ့ရစဉ်
၎င်းက “အဲလို သုံးသပ်မယ်ဆို သုံးသပ်လို့ရပါတယ် ခင်ဗျ။ ဘာလို့ဆို ကျနော် ခုနက ပြောခဲ့သလိုပဲ နိုင်ငံခြားသား အလုပ်သမား မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ဆိုပေမယ့် တကယ်တမ်းကျတော့ လူဦးရေ သန်းနဲ့ချီပြီး ရှိနေတာ မြန်မာဖြစ်နေပါတယ်။ အဲတော့ အခု ကမ္ဘောဒီးယား ဒုတိယနေရာမှာ ရောက်ရှိနေပါတယ်။ ဒုတိယ နေရာမှာ ရောက်ရှိနေတဲ့ လုပ်သားတွေအားလုံးကို သူတို့က ပဋိပက္ခအသွင်ကြောင့် အားလုံးပစ်ပယ်လိုက်ပြီ ဖြစ်တဲ့ အတွက်ကြောင့် မြန်မာကိုပဲ အဓိက ဦးစားပေးမှာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းနို င်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ သူတို့ နဲ့ကလည်း ပဋိပက္ခ အခြေအနေ ဆောင်နေတော့ လုပ်သားဦးရေက ကမ္ဘောဒီးယားတွေကလည်း အလုံးအရင်း နဲ့ အိမ်ကို ပြန်သွားကြပြီ အဲတော့ လစ်လပ်နေတဲ့ နေရာတွေမှာ သူ့ရဲ့ကုန်ထုတ်လုပ်မှု စွမ်းအားတွေ မြှင့်တင်နိုင်ဖို့ အတွက် ကျနော်တို့ ကျန်နေခဲ့တဲ့ နိုင်ငံသား သုံးမျိုးပေါ့။ အရင်တုန်းက သူတို့ထုတ်ပြန်ရင် လေးမျိုးကြေညာတယ် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်လို့ သူက သုံးတာ။ ဒီတစ်ခါတော့ မြန်မာရယ်၊ လာအိုရယ်၊ ဗီယက်နမ် ရယ်ကို ထိုင်းနိုင်ငံထဲမှာ အကြောင်းကြောင်းကြောင့် ရောက်ရှိနေပြီး အထောက်အထား မရှိတာသော်လည်း ကောင်း၊ စာရွက်စာတမ်း ဗီဇာတွေ သက်တမ်းတိုးမရလို့ ရပ်တန့်နေတာ သော်လည်းကောင်း၊ အဲလို ပုဂ္ဂိုလ်တွေ အားလုံးကို အထောက်အထားသစ်တွေ ပြန်လည် ပြုလုပ်ပေးမယ်ဆိုပြီးမှ ဒီဇင်ဘာ ၁၂ ကနေ ၂၆ အထိ ၁၅ ရက် အတွင်းမှာ ပြုလုပ်ဖို့ စာရင်းတင်သွင်းဖို့ကို ကြေညာလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပန်းရောင် ကဒ်(ဘတ်) အထောက်အထားသစ်ကို လုပ်ဆောင်ထားသင့်ကြောင်း၊ ထိုင်းတွင် လုပ်သား လိုအပ်ချက်များ ကြောင့် မြန်မာကို ဦးစားပေးသည့် အခြေအနေဟု ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် ဦးမင်းဦး မှ CNI သတင်းဌာနသို့ ပြောသည်။

ပန်းရောင်ကဒ် ကိုင်ထားတဲ့ ရွှေ့ပြောင်းများကိုတွေ့ရစဉ်
၎င်းက “တရားမဝင် အထောက်အထား ပျောက်နေတဲ့လူတွေ ဒါမှမဟုတ် မရှိတဲ့လူတွေကတော့ လုပ်ထားသင့် တာပေါ့။ ဒါက သက်တမ်း သူသတ်မှတ်ထားတဲ့ ကာလ ကျော်သွားပြီဆိုလို့ရှိရင် လုပ်လို့မရတော့ဘူးလေ၊ အဲတော့ တရားမဝင် ကိုယ့်မှာ အထောက်အထား ဘာမှမရှိဘူးဆိုရင် တရားမဝင် ဖြစ်သွားပြီပေါ့။ အဲတော့ လုပ်ထားတာ ကတော့ ကိုယ့်အတွက် အကောင်းဆုံးပေါ့။ ဒါကို ဗီဇာနဲ့ပြောမယ်ဆို work permit ပေါ့ဗျာ၊ အလုပ်လုပ်ခွင့် တစ်နှစ် ရမှာပေါ့။ လက်ရှိကတော့ သူက ပြောရရင်တော့ဗျာ ထိုင်းအစိုးရက သူတို့က လုပ်သားလိုတယ်ပေါ့၊ နောက် ကမ္ဘောဒီးယားနဲ့ အခု ပြဿနာတက်တဲ့ အခါကျတော့ အဲဒီထွက်သွားတဲ့ လူတွေနေရာမှာ အစားထိုးဖို့လိုတယ်။ နောက် အရင်ထဲကလည်း ဒီ လုပ်သား လိုအပ်ချက်တွေရှိလို့လည်း သူတို့က အသစ်ခေါ်ဖို့ကတော့ ပထမ သူတို့ စဥ်းစားတာတော့ MOU တို့ ဘာတို့နဲ့ အဲလိုပေါ့။ အဲ့တာ ကျန်တဲ့နိုင်ငံတွေနဲ့ နိုင်ငံတွေကနေ ခေါ်မယ်ဆိုလို့ရှိရင် ဘယ်လိုခေါ်မလဲ အဆင့်အဆင့်တွေ ဖြတ်ရမှာဆိုတော့ သိပ်အဆင်မပြေနေဘူးပေါ့။ အဲဒါကြောင့်မို့လို့ ဒီအထောက်အထား မရှိတဲ့သူတွေ အမှန်တော့ ဒါက ကျန်ခဲ့တဲ့အခေါက်က ခေါ်လိုက်ပြီးသားပဲ။ ကျန်ခဲ့တဲ့လက ပေါ့၊ သို့သော် ဒီ Work Permit ကို အွန်လိုင်းကနေတဆင့် လျှောက်လို့ရအောင်၊ အဲ့ဒါလုပ်တဲ့စနစ်က စလုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် အဲ့မှာ ပြဿနာတက်တယ်။ ပြဿနာတက်တော့ သူတို့က ရပ်လိုက်ရတယ်၊ ရပ်ပြီးတော့မှ အခုတစ်ခါ ဒါကိုပြန်ပြီးတော့ သူတို့လုပ်ပြီးတော့ ပြန်ဖွင့်ပေးတာပေါ့။ ၁၂ ကနေ ၂၆ ရက်နေ့အထိ အဲ့အတော အတွင်းမှာ လုပ်ရမှာ” ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း တရားဝင် ၆ သန်းရှိသလို တရားမဝင် ၄ သန်းရှိကြောင်း လူဝင်မှု ကြီးကြပ်ရေး စာရင်းများနှင့် အထောက်အထားများအရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 413
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ နယ်စပ်ဒေသများ၌ မြင်တွေ့နေရသည့် ကျားဖြန့်ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ် နိုင်ငံကို အမြန်ဆုံး တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရန်လိုကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အမျိုးမျိုး အပါအဝင် ကျားဖြန့်ဆိုသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပိုမိုများပြား လာနေခြင်းသည် ၁၉၄၇ ခုနှစ်က သဘောတူညီခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကို မလုပ်ဆောင် နိုင်ခဲ့သည့် အကျိုးတစ်ခုဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရိုးရိုးကြည့်လိုက်ရင်တော့ အကြမ်းမျင်း မြင်သာတာကို ကြည့်မယ်ဆိုရင် ပထမဆုံးကတော့ ဘိန်း၊ ဘိန်း ကုန်ကူးပြီးတော့မှ အင်အားစုတာပေါ့။ နောက်ကြ ဘိန်းတင်မကဘူး heroin လုပ်ပြီးတော့မှ အင်အားစုတာပေါ့။ နောက်ဆုံးကြတော့ ရာဘတွေ ဘာတွေပေါ်လာပြီးတော့မှ အဲဒီကနေ အင်အားစုတာပေါ့။ နောက်ဆုံးအခု ပေါ်လာ တဲ့ ကျားဖြန့်တွေဟာ နောက်ဆုံးပေါ်ပေါ့။ ဒီတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအရ သဘောတူညီချက် မူလ သဘော တူညီချက်တွေကို ပြန်ပြီး အကောင်အထည် မဖော်နိုင်သမျှ ဒီလိုအကျိုးဆက်တွေက ဆက်ဖြစ်နေမှာပဲ။ ဘိန်းက သိပ်ဆိုးတယ်၊ ဘိန်းထက် ပိုဆိုးတာက heroin ဖြစ်တယ်၊ heroin ထက် ပိုဆိုးတာက ရာဘ၊ ရာဘထက် ပိုဆိုးတာ က အခုကျားဖြန့် ဖြစ်တယ်။ ဒါကို ဒီတိုင်းပဲ လွှတ်ထားမယ်ဆိုရင် ကျားဖြန့်ထက် ပိုဆိုးတဲ့ အရေးအခင်း ထပ်ပေါ် လာ နိုင်တယ်။ ဒါကြောင့် အဲဒီအခြေအနေ မရောက်ခင် ကျနော်တို့ ၁၉၄၇ က ကျနော်တို့ သဘောတူထားပြီးတဲ့ ဖက်ဒရေးရှင်း၊ ဖက်ဒရယ်နိုင်ငံကို အမြန်ဆုံး တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်” ဟု ပြော သည်။

ကရင်နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး စောချစ်သူနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တွေ့ရစဉ်
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်၏ ကျောထောက်နောက်ခံ ပြုမှုကြောင့် ကျားဖြန့်နှိမ်နင်းရေးဟုဆိုကာ ပေါ်ထွက်လာသည့် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ၂၀၂၅ ခုနှစ် အစတွင် ကရင်ပြည်နယ်မှ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့နှင့် တပ်မတော် ပူးပေါင်းကာ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုအခြေစိုက် ကျားဖြန့်လုပ်ငန်းများကို စီးနင်းခဲ့ကြသည်။
ဇန်နဝါရီ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံကို တရားမဝင် ရောက်လာသည့် နိုင်ငံခြားသား ၁၀,၈၁၅ ဦးကို ဖော်ထုတ်ပြီး ၉,၅၃၆ ဦးကို ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ထားကြောင်းလည်း သိရသည်။
ထို့ပြင် မကြာသေးမီက သောင်ရင်းမြစ်ကမ်းဘေး မယ်ထော်သလေးကျေးရွာ အနီးမှာ တည်ရှိသည့် KK Park ကို အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာ တပ်မတော်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး အဆောက်အဦ ထဲက အလုပ်သမားများအား ဖမ်းဆီးသကဲ့သို့ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်။
KK Park သည် KNU ၏ Mulaei(မုလအိ) ကုမ္ပဏီနှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းပြီး မြေငှားရမ်း လုပ်ကိုင်သည်ဟု စွပ်စွဲထားသော်လည်း KNU ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

ကျားဖြန့်နှိမ်နင်းရေး ထိုင်းဘက်ကနေ တရုတ်ပြည်ထဲရေးဝန်ကြီးလေ့လာနေစဉ်
ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
ယခုကဲ့သို့ ကျားဖြန့်လုပ်ငန်းများ မြန်မာနိုင်ငံ နယ်စပ်ဒေသများ၌ အင်အား ကြီးထွားလာခြင်းသည် နိုင်ငံမတည်ငြိမ် မှုနှင့် ဥပဒေစိုးမိုးရေး မရှိသည့်အတွက်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ပြီးတော့ တည်ငြိမ်အေးချမ်းမှု မရှိဘူးပေါ့။ နိုင်ငံရေး မတည်ငြိမ်ဘူးပေါ့ အရေးကြီးဆုံးက။ နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းကလည်း rule of law လို့ခေါ်တဲ့ ဥပဒေစိုးမိုးရေးမရှိဘူး။ rule of law မရှိတဲ့အပေါ်မှာ မသမာမှု တွေ၊ မတရားလုပ်တဲ့ အမှုတွေ၊ မူးယစ်အမှုတွေ အဲဒီလိုလုပ်ချင်တဲ့လူတွေ အတွက်က အခွင့်ကောင်း အခါကောင်း ဖြစ်သွားတာပေါ့။ သက်ဆိုင်ရာ အုပ်ချုပ်တဲ့လူတွေက ကြပ်ကြပ်မတ်မတ် အချိန်ပေးပြီးတော့ မကာကွယ် မစောင့် ရှောက်နိုင်တဲ့ အခါကြတော့ ပြည်သူလူထုက အဲဒီဒဏ်ကို ခံရတယ်။ ဒီလိုအချောင်သမား၊ ဒီလုပ်ငန်းမျိုးမှာ ကျွမ်းကျင်တဲ့ လူတွေပေါ့။ ဒီလုပ်ငန်းမျိုးမှာ ဝင်ငွေရှာနေတဲ့ လူတွေကြတော့ တိုင်းပြည်မတည်ငြိမ်လေ တောမီး လောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို ဖြစ်လာတဲ့ သဘောပါပဲ။ အဲဒါကြောင့် တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်ထူထောင်ဖို့အတွက်လည်း ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်နဲ့ သဘောထားကြီးမှုနဲ့ ဉာဏ်ပညာနဲ့ အားလုံး သက်ဆိုင်ပါတယ်လို့ နိဂုံးချုပ် ပြောချင်ပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ် ရောက်ချိန်တွင် ကျားဖြန့်နှိမ်နင်းရေး အရွေ့များ ပိုမြင်သာလာကြောင်း၊ ထိုင်းနိုင်ငံ ကလည်း ဘန်ကောက်မြို့မှာ ဖမ်းမိထားသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို တရုတ်ထံ လွှဲပြောင်း ပေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 459
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်မှု ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်း မီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင် သောင်းကျန်းမှု နှိမ်နင်းရေး လေတပ် အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက် တည်ဆောက်နိုင်ခဲ့ကြောင်း”ပြောသည်။

တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။
အလားတူ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 568
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင် ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက် ချထားနိုင်ပြီဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်မှု ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်(လေ)သည် ယခုအခါ မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်း မီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင် သောင်းကျန်းမှု နှိမ်နင်းရေး လေတပ် အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက် တည်ဆောက်နိုင်ခဲ့ကြောင်း”ပြောသည်။

တပ်မတော်(လေ) ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။
အလားတူ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1083
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်နေသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အိန္ဒိယကြား လျှို့ဝှက်သဘောတူစာချုပ် ချုပ်ဆိုထားကြောင်း သတင်းထွက်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur သည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် တွေ့ဆုံခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အိန္ဒိယသံအမတ်ကြီးနှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး ကျော်စွာလင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်ကို စတင်ချမှတ်သည့် (၃)နိုင်ငံတွင် အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာ လိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးပါက ပိုမိုကောင်းမွန် သော နယ်ပယ်များ ပေါ်ထွန်းလာမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံ၏ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု Silicon Valley Time မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် လုပ်ဆောင်နေချိန်တွင် မြေရှားသတ္တုများအား တူးဖော်ရေးအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ဆိုသည်။
ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက်လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာအရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေ ကြောင်း အတည်ပြုနိုင်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့်ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြားထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။

မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။
အဆိုပါ အိန္ဒိယနှင့် KIA ကြား လျှို့ဝှက် သဘောတူညီချက် ယူထားသော သတင်း ထွက်ပေါ်လာပြီးနောက် အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး သာကူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill တို့က ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2233
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်သည် အခြားတိုင်းရင်းသား လက်နက်ကိုင်များထက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် ဖိဖိစီးစီး မလုပ်နိုင်ရခြင်းက ဘာကြောင့်လဲ မေးခွန်းထုတ်လာကြသလို KIA ၏ ထူးခြားချက်က ဘာတွေလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လာကြသည်။
လက်ရှိတွင် ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
KIA သည် မြန်မာ့နိုင်ငံအတွင်းရှိ အခြားဒေသများထက် ပထဝီ အနေအထားရ ထူးခြားရုံသာမက သံတမန်ရေးမှာ လည်း အခြား လက်နက်ကိုင်များထက် ပို၍ ကျွမ်းကျင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA ရဲ့ ထူးခြားချက်က ၂ ခု ၃ ခု ရှိတာပေါ့။ တစ်ခုကတော့ ကချင်ပြည်နယ်က “ဝ” တို့လို တရုတ်နိုင်ငံ တစ်ခုတည်းကို မှီခိုအားထားရတာ မဟုတ်ဘဲ၊ သူက အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားထဲမှာ ရှိနေတယ်။ ဒါက ထူးခြား တဲ့ ပထဝီ အနေအထားပဲ။ ဆိုလိုတာက တရုတ်က လုံးလုံးလျားလျား ရာခိုင်နှုန်းပြည့် သူ့ကို နှိပ်ကွပ်ဖို့ ဖိအားပေး ဖို့ဆိုတာ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်။ နံပါတ်နှစ်က သူက တော်လှန်ရေးအင်အားစု အများစုနဲ့ကွာတာက ဘာလဲ ဆိုတော့ တစ်ဖက်က နေပြည်တော်နဲ့ တိုက်နေပေမယ့် သူက တစ်ဖက်ကနေပြီးတော့မှ နေပြည်တော်နဲ့ ကြားလူ ထားပြီးတော့မှ အမြဲတမ်း ဆွေးနွေးနေတယ်။ စေ့စပ်သလား၊ မစေ့စပ်ဘူးလားတော့ မသိဘူး။ ဒါပေမယ့် အမြဲတမ်း ဆွေးနွေးနေတယ်လို့ ကြားသိရတာပေါ့။ တွေ့နိုင်တာက ကြားထဲမှာ ကြားလူလုပ်ပေးတာက peace talks creation group လို့ခေါ်တဲ့ PCG ဆိုတာ ကချင်ပြည်နယ်မှာ ၁၉၉၀ လောက်ကတည်းရှိတယ်။ အဲဒီကတည်းကနေ ပြီးတော့မှ သူက တစ်ဖက်တိုက်ရင်းနဲ့ တစ်ဖက်ကလည်း ဆွေးနွေးရင်းနဲ့ သူတို့အမြဲတမ်း လုပ်ခဲ့တယ်။ နံပါတ်သုံး က သူက NUG နဲ့ပေါင်းတယ်၊ အတိုက်အခံနဲ့ ပေါင်းတယ် ဆိုပေမယ့်လည်း သူက KIO အနေနဲ့ မပေါင်းဘူး။ ကြားထဲမှာ ဒီ peace ဆိုတာကို ကြားခံထားပြီး ပူးတွဲဆောင်ရွက်မှုတွေ ရှိတယ်။ သူ့ရဲ့အခြေအနေက တခြားအဖွဲ့ တွေလိုမျိုး ရာခိုင်နှုန်းပြည့် နေပြည်တော်ကို ဆန့်ကျင်တာမျိုးလည်း မဟုတ်တဲ့ အတွက်ကြောင့် သူ့အနေနဲ့ လှုပ်ရှားလွယ်တယ်ပေါ့” ဟု ပြောသည်။

KIA က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ချင်းညီနောင်အဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊, တအာင်းတပ်ဖွဲ့ (TNLA), အာရက္ခတပ်တော် (AA) နှင့် ကရင်တပ်ဖွဲ့ (KNU) တို့ကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ် ကြေညာထားခြင်းဖြစ်ပြီး KIA ကိုမူ လွှတ်ပေးထားလျက်ရှိသည်။
ထို့ပြင် KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလအတွင်း ယခင်ထက် ပိုမိုအားကောင်းလာကာ တော်လှန် ရေး အင်အားစု အများအပြားကိုလည်း လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေး တို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူး ပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
KIA ကို တော်လှန်ရေးအင်အားစုများ ထောက်ခံနေကြခြင်းသည် ၎င်းတို့ အကျိုးစီးပွားများ ရရှိနေခြင်းကြောင့် ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ဟောင်း မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
၎င်းက “KIA က အခု နွေဦးတော်လှန်ရေးမှာ တော်လှန်တဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ရခိုင် AA အဖွဲ့ ခေါင်းဆောင် ပိုင်းတွေရော၊ နောက် CNF က၊ နာဂကတွေရော သူက ဖားကန့်မှာ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အပိုင်းတွေလည်း ကြားသိရတယ်။ ကျောက်တူးခိုင်းတာပေါ့။ ကျောက်လုပ်ပိုင်ခွင့်တွေ ပေးထားတယ်၊ အခွန်ကောက်ခွင့်တွေ ပေး ထားတဲ့ အခါကြတော့ KIA ကို သူတို့အနေနဲ့ ဗန်းစကားနဲ့ ပြောမယ်ဆို ဖားနေရတာပေါ့။ မဖားရင် သူတို့ လုပ်ပိုင် ခွင့်တွေ အကုန်လျော့မယ်။ ဒါ စီးပွားရေးနဲ့ လုပ်ပိုင်ခွင့်အရ သူတို့ချုပ်ကိုင်ထားတယ်လို့ မြင်ပါတယ်” ဟု ပြော သည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KIA တို့ကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိထားပြီးသားဖြစ်သော် လည်း နေရာကိုမူ လက်ရှိအချိန်အထိ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြသည်။
ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား တစ်စုံတစ်ရာ ပြေလည်မှုရ သွားပါက တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1017
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ ရခိုင်တပ်ဖွဲ့(AA)တို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လိုစိတ်ကို သာ ရှေ့တန်းတင်လာကြသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ သော သဝဏ်လွှာ၌ ၎င်းက ပြောကြားထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေ များကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများ၏ ခေတ် အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လို စိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရှိရတယ်”ဟု ပြောသည်။
MNDAA-AA-TNLA တို့သည် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များကို စုစည်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို ဖော်ဆောင်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဒုတိယ လှိုင်းကို ဖော်ဆောင်ခဲ့သည်။

MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းငေါ့၊ နမ္မတူ၊ မိုးမိတ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ စဉ့်ကိုင်၊ မတ္တရာ၊ သပိတ်ကျင်း စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြား၊ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝ စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (ရမခ) အပါအဝင် လားရှိုး၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်လည်ရရှိခဲ့သလို TNLA – PDF များကို တိုက်ခိုက်ပြီး တော့လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကိုင်တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးကြစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများသည် လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲ အတွင်း အတင်းအဓမ္မ ရောက်ရှိစေခဲ့ကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍ မရနိုင်ဘဲ နိုင်ငံရေး စားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသော နည်းဖြင့်သာ ပဋိပက္ခများ ကို ပြေလည်စေမည်ကို သိရှိကြကာ လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြ ရေး တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့ အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်း ပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း ဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
MNDAA-AA-TNLA တို့သည် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးရန် ဆန္ဒရှိခဲ့သော်လည်း မြန်မာ့တပ်မတော်က NCA ထိုးခွင့်မပြုဘဲ ပိတ်ပင်တားဆီးခဲ့ကြောင်း၊ ယခု MNDAA-AA-TNLA တို့သည် အင်အားတောင့်တင်းလာပြီး နယ်မြေပိုင်ဆိုင်မှုများ ရှိလာခြင်းကြောင့် NCA ထက် ကျော်လွန်သော အခွင့်အရေးကို တောင်းဆိုလျက်ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
