CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းမှာ နာဂကျောင်းသားများအဖွဲ့(NSO)က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက်တွင် ကျရောက်ခဲ့သော နာဂလွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
နာဂတိုင်းရင်းသားများသည် အိန္ဒိယနှင့်မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြပြီး လွတ်လပ်ရေး ကြေညာမှုကို ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၁၄ ရက်တွင် စတင်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက်တွင် နာဂလွတ်လပ်ရေးနေ့ ၇၈ နှစ်မြောက် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ တချို့သော နာဂတိုင်းရင်းသားများနှင့် လက်နက်ကိုင်များကတော့ ၇၉ နှစ်မြောက် အဖြစ် ဖော်ပြ၍ အခမ်းအနားများ ကျင်းပခဲ့သည်။