CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း နာဂဒေသ(ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဖွဲ့ကို NUG က လက်နက် ၂၅ လက် တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်တပ်ဆင်ခြင်း အခမ်းအနားကို NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း မှတ်တမ်း ဓာတ်ပုံများအရ သိရသည်။
သို့သော် ထိုအခမ်းအနားကို မည်သည့် ဒေသတွင် ပြုလုပ်ခဲ့သည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိ မြန်မာနိုင်ငံ၏ နာဂဒေသတွင် နာဂလက်နက်ကိုင် အနေဖြင့် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS၊ NNC၊ ENNO/ENDA၊ NPDF တို့အပါအဝင် ကသည်းလက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။