CNI International News

ဘေဂျင်း၊ သြဂုတ် ၁၆

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် လာမည့်လအတွင်း ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားကို အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်လိမ့်မည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ထိုစစ်ရေးပြ အခမ်းအနားကို ပြည်ပနိုင်ငံများမှ  ထိပ်သီး ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်မည်ဖြစ်သည်ဟု ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နီးစပ်သည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၃ ရက်တွင် ဘေဂျင်း မြို့တော်ရှိ တီအန်မင်ရင်ပြင် (Tiananmen Square) တွင် ပြုလုပ်မည့် ထိုစစ်ရေးပြ အခမ်းအနားကို တက်ရောက် မည့် ခေါင်းဆောင်များထဲတွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) တို့လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

 အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်

ထို့ပြင် ဗီယက်နမ်နိုင်ငံကလည်း နိုင်ငံ၏ ဒုတိယအာဏာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဗီယက်နမ်သမ္မတ  (Luong Cuong) ကို စေလွှတ်ဖွယ်ရှိသည်။ (ဗီယက်နမ်တွင် အာဏာအကြီးဆုံးပုဂ္ဂိုလ်မှာ သမ္မတမဟုတ်ဘဲ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ဖြစ်သည်။)

ကမ္ဘောဒီးယား၊ လာအိုနှင် မြန်မာနိုင်ငံတို့မှ ခေါင်းဆောင်များသည်လည်း စစ်ရေးပြပွဲ မတိုင်မီ တီအန်ကျင်း (Tianjin) မြို့တွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို တက်ရောက်လိမ့်မည်ဟု အမည် မဖော်လိုသည့် သတင်းရင်းမြစ်များ၏ ပြောကြားခဲ့သည်။

Source: South China Morning Post