- By CNI
- Category: နိုင်ငံရေး
- Hits: 506
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသစ် လက်ထက်၌ ဖြစ်ပေါ်လာမည့် အခင်းအကျင်းများနှင့်အတူ ရှမ်းနီလူမျိုးများ အနေဖြင့် နိုင်ငံရေးနှင့်စစ်ရေးကို တိုင်ပင်ထားသင့်သည်ဟုမြင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးနဲ့စစ်ရေးကတော့ ဆွေးနွေးတိုင်ပင် ထားသင့်တယ်လို့ မြင်ပါတယ်။ အဖြေတစ်ခုပေါ့နော်။ စစ်တိုက်တာနဲ့ သူတို့အင်အားနဲ့လည်း ဒီဥစ္စာကြီးကို တည်ဆောက်လို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကြီးကို မရနိုင်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံရေးနဲ့ပဲ စကားပြောကြရလိမ့်မယ်။ နိုင်ငံရေးအသာစီး ရအောင် ဆိုရင်တော့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးမှ သူတို့ဘက်က ဘာရည်မှန်းချက်ရှိလဲ၊ ကိုယ့်ဘက်က ဘာရည်မှန်း ချက်ရှိလဲ။ ဟိုတုန်းက စာရွက်ပေါ်မှာ ပါးစပ်တွေနဲ့ ပြောတာထက်စာရင် အခု အကောင်အထည် ဖော်ရတော့မယ် ဆိုတဲ့ အခါကြတော့ နိုင်ငံရေး အခြေအနေကို ကြည့်ပြီးမှ ဒီအချိန်မှာ ငါတို့ ဘာတွေ ပြောမယ်ဆိုတာကတော့ ပြင်ဆင်ထားသင့်ပြီလို့ ကျနော်မြင်တယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ လုပ်ငန်းစဉ် ၄ ရပ်ကို အကောင်အထည် ဖော်ဖို့ ပြင်ထားတယ်” ဟု ပြောသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် TNDP ပါတီခေါ် ကျားနီပါတီသည် ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတိုင်းရင်းသား လွှတ်တော်နေရာ တစ်နေရာအပြင် အချိုးကျ ကိုယ်စားပြုစနစ်(PR)တွင် အမျိုးသားလွှတ်တော် (၁) ဦးနှင့် ပြည်နယ်လွှတ်တော် (၂) ဦး စသဖြင့် စုစုပေါင်း ၄ ဦး အနိုင်ရရှိခဲ့သည်။

ကျားနီပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်ကို တွေ့ရစဉ်
ထို့နောက် ကျားမင်းပါတီဟု ဒေသတွင်း ခေါ်ဝေါ်ကြသည့် SSP ပါတီသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတိုင်းရင်းသား လွှတ်တော်နေရာ တစ်နေရာအပြင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် စသဖြင့် စုစုပေါင်း ၄ ဦး အနိုင်ရရှိခဲ့သည်။
ရှမ်းနီလူမျိုးတို့၏ အဓိကနိုင်ငံရေး ရည်မှန်းချက်မှာ "ရှမ်းနီပြည်နယ်" သီးခြားရရှိရေး သို့မဟုတ် "ရှမ်းနီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း" ရရှိရေး ဖြစ်သည်။
ရှေးယခင်က ရှမ်းနီစော်ဘွားများ အုပ်ချုပ်ခဲ့သော စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ တမူး) စသည့် ဒေသများနှင့် ကချင်ပြည်နယ်အတွင်းရှိ (မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနား) ဒေသများကို စုပေါင်းပြီး ကိုယ်ပိုင်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးရန် လိုလားကြခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ ၆ အရ ရှမ်းနီဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်တို့ကို ရှမ်းနီများ၏ သဘောဆန္ဒမပါဘဲ ဆန့်ကျင်ကန့်ကွက်နေသည့် ကြားကပင် ကချင်ပြည်နယ် အတွင်းသို့ ထည့်သွင်း ပေးလိုက်ကြောင်း သိရသည်။
အလားတူ ကျန် ရှမ်းနီဒေသများဖြစ်သည့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်တို့ကို လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအပြီး စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်း ခံလိုက်ရ ကြောင်း ရှမ်းနီများက ပြောသည်။
လက်ရှိတွင် ၎င်းတို့၏ နယ်မြေများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း ရောနှောရောက်ရှိနေသည့် အတွက် နိုင်ငံရေးအရ ကြားညှပ်နေသော အနေအထားတွင် ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

ရှမ်းနီတိုင်းရင်းသားများကို တွေ့ရစဉ်
ရှမ်းနီလူမျိုးများ၏ နိုင်ငံရေးနှင့်စစ်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ကချင်လွတ်လပ်တပ်မတော်(KIA) နှင့် နယ်မြေ စိုးမိုးရေး၊ လူမျိုးစုရေးရာများအပေါ် မူတည်၍ စစ်ရေးပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြား၌ SNA ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် လာကာ နယ်မြေထိန်းချုပ်မှုများ ပိုမိုပြုလုပ်လာသည်ကိုလည်း တွေ့ရသည်။
ရှမ်းနီနိုင်ငံရေး အခင်းအကျင်းသည် စစ်ရေး အဆုံးအဖြတ်နှင့် သွား၍ မရသောကြောင့် နိုင်ငံရေးအားရှိအောင် ပြင်ထားသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ရေး၊ နိုင်ငံရေးကတော့ နိုင်ငံရေး ရည်မှန်းချက်ကို ပြောမယ်ဆို အကောင်အထည်ဖော်ဖို့ လိုအပ်တာ ပေါ့။ စစ်ရေးနဲ့ကတော့ ဘယ်နည်းနဲ့မဆို အခု SNA ထက် အင်အားကြီးတဲ့ စစ်ရေး အဆုံးအဖြတ်နဲ့ သွားလို့မှ မရတာ။ မရတဲ့အခါကြတော့ နိုင်ငံရေး အဆုံးအဖြတ်နဲ့ပဲ သွားရမယ်ဆိုတော့ နိုင်ငံရေး အားရှိအောင်တော့ ပြင် ထားသင့်တယ်ပေ့ါ။ လက်နက်ကိုင်တယ်ဆိုတာက နိုင်ငံရေး အဆုံးအဖြတ်အတွက်ကို အထောက်အပံ့ ဖြစ်ဖို့ အတွက်ပဲ လက်နက်ကိုင်ကြတာ။ အမှန်တကယ်ကြတော့ နိုင်ငံရေး အဆုံးအဖြတ် ရှိပြီးရင် ဒီလက်နက်တွေက ကိုင်စရာ မလိုတော့ဘူးလို့ ကျနော် မြင်ပါတယ်။ KIA ဆိုလည်း ထိုနည်းလည်း ကောင်းပဲလေ။ သူအင်အား ဒီလောက်ကြီးတယ်ဆိုတာ သူတိုက်ခဲ့တယ်။ တိုက်တဲ့နေရာတွေ အားလုံးမှာလည်း သူရမယ်လို့ သူမထင်ပါနဲ့။ နိုင်ငံရေး အဆုံးအဖြတ်တွေ ပေးတဲ့အခါကြရင် အစိုးရလည်း ၂၀၀၈ ကို ကိုင်ပြီးမှ ပြောတဲ့အခါကြတော့ ဒါတွေဟာ လူသေတာပဲ အဖက်တင်မှာပါ။ သူတို့ရမယ်လို့တော့ မထင်ပါနဲ့။ အခုလည်းဒီလိုပဲ SNA အနေနဲ့ကတော့ နိုင်ငံရေး ပလက်ဖောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရှိဖို့အတွက်ကတော့ ပြင်ဆင်ထားသင့်ပြီလို့ မြင်ပါတယ်။ အခု ကျနော်တို့ ရှမ်းနီ ၂ ပါတီလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရောက်ကြပြီ။ ရောက်ကြတဲ့ အခါကြတော့ ဘာလုပ်ကြ မလဲဆိုတဲ့ ကဏ္ဍလေးကိုတော့ သူတို့ဘက်က ဘာလုပ်ချင်တယ်၊ ကျနော်တို့ ဘက်ကတော့ မဲဆွယ်စည်းရုံးစဉ် အခါတုန်းက လူထုကို ပြောခဲ့တဲ့ဟာတွေကတော့ တစ်ယောက်ပဲရရ၊ နှစ်ယောက်ပဲရရ အဲဒီကိစ္စတွေကို ဖြစ်အောင် ကျနော် ကြိုးစားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများကို တွေ့ရစဉ်
ရှမ်းနီနိုင်ငံရေးသည် မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ရှမ်းနီလူမျိုးများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူဦးရေ ၁ သန်းခန့် ရှိနေပြီး ပြည်နယ် ရရှိရန် ၂၁ ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)မှာ တရားဝင် တောင်းဆိုမှုများလည်း ရှိခဲ့ သည်။
ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 406
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လေဆိပ်တွင် မန္တလေးသို့ ပြန်လည် ထွက်ခွာမည့် ခရီးသည်တင် လေယာဉ် တစ် စင်းကို KIA-PDF က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားများ သတိရှိရန်လိုအပ်လာသည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) ခရီးတည်တင် လေယာဥ်တစ်စင်းအား KIA နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Suicide ဒရုန်းဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည်ဟု နေပြည်တော်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုကို ပိုမို အားသန်လာသည်ဟု သုံးသပ်၍ ရနိုင်ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့အောင် လုပ်ပြီး စည်းရုံးသိမ်းသွင်းသည့် သဘောမျိုးလည်း သက်ရောက်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကိုယ့်ဟာကိုယ် လက်နက်ကိုင်ဆောင်ပြီးဝောာ့ စစ်ရေးအရ လက်နက်ကိုင်တပ်ချင်း တပ်မတော်နဲ့ သွားပြီး တော့ EAO နဲ့ တိုက်နေကြတယ်ဆို တစ်မျိုးပေါ့လေ။ အရပ်သား ပစ်မှတ်တွေကိုပါ လိုက်လုပ်လာတယ် ဆိုတာက တော့ ဒါက အဆင်ပြေမနေဘူး။ ပြောရရင် အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုဆိုတဲ့ လှုပ်ရှားမှုကို ပိုအားသန် လာတယ်လို့ သုံးသပ်တယ်။ ဘာကြောင့် လုပ်တာလဲဆိုတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်။ ဒီအကြမ်းဖက် လမ်းစဉ်ကို လိုက်တဲ့အခါမှာ အရပ်သားတွေကို ကြောက်ရွံ့ ထိတ်လန့်အောင် လုပ်ပြီးတော့ စည်းရုံး သိမ်းသွင်းတယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ အဲဒီတော့ ကြောက်ရွံ့ ထိတ်လန့်အောင် လုပ်ပြီးတော့ စည်းရုံး သိမ်းသွင်းတယ်ဆိုတဲ့ နည်းလမ်းကို သုံးတယ်လို့ပဲ ပြောလို့ရလိမ့်မယ်။ လုံခြုံရေးသည် တကယ့် အရေးကြီးပါတယ် ဆိုတဲ့ နေရာမျိုးကိုပဲ ကာကွယ်ဖို့ လိုအပ်မယ်။ ဥပမာ စစ်ဘက်နဲ့ အရပ်ဘက် ပစ်မှတ်ဆိုရင် ပုံမှန်အားဖြင့်တော့ အရပ်ဘက် ပစ်မှတ်ဆိုတာ မလုပ်လောက်ဘူးလို့ ထင်ပြီးတော့ တချို့အပိုင်းတွေမှာ ကာကွယ်မှု မထားကြတာတွေ ရှိတယ်။ တကယ့်ပေါ့လေ စစ်ပွဲကို စစ်ပွဲလို တိုက်ကြတယ်ဆိုလည်း အရပ်ဘက် ပစ်မှတ်က သိပ်မလုပ်ကြတာများ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအရ အလစ်အငိုက် ယူသွားတဲ့ အနေအထားပဲပေါ့။ ဆိုလိုတာက မလုပ် လောက် ပါဘူးလို့ ထင်ထားတဲ့ အချိန်မျိုးမှာ ထပ်ပြီး လုပ်သွားတဲ့ ဟာမျိုးကျတော့ စည်းမျဉ်းစည်းကမ်း လိုက်နာ မယ်လို့ တစ်ဖက်က ထင်ပြီးတော့ လျှော့ပေါ့သွားတဲ့ အခါမျိုးမှာ ဖြစ်တတ်တဲ့ ပြဿနာလို့ သုံးလို့ရတယ်” ဟု ပြော သည်။

KIA-PDF တိုက်ခိုက်လို့ ပျက်စီးသွားတဲ့ ခရီးသည်တင်လေယာဉ်ကိုတွေ့ရစဉ်
KIA-PDF ၏ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်မှုကို ကြည့်ပါက မြန်မာ့တပ်မတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များသည် ပြန်လည် စဉ်းစားစရာများ ရှိလာနေသည်ကို တွေ့ရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
KIA အဖွဲ့အစည်း အနေဖြင့် ထိုသို့ ပစ်ခတ်တိုက်ခိုက်သည့် ပုံစံမျိုးကို မူအားဖြင့် လက်ကိုင်ထားခြင်း မရှိကြောင်း၊ ခြုံငုံသုံးသပ်ကြည့်လျှင် ကြားအင်အားစု တစ်ခုခုက လုပ်သွားခြင်းသာ ဖြစ်နိုင်သည်ဟု NCA ထိုးထားသော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ကျနော်ထင်တာ KIA စစ်စစ်ထက်ကို KIA မှာ မှီခိုနေတဲ့ လက်ယားနေတဲ့ အဖွဲ့တွေရှိတယ်လေ။ PDF တို့လို ဘာတို့လို အဖွဲ့ပေါင်းစုံရှိတော့ အဲဒီထဲက လက်တည့် စမ်းလိုက်တယ်နဲ့ တူပါတယ်။ KIO တောင်မှ ကောင်း ကောင်း သိလိုက်လား မသိလိုက်လား။ မူအရ အားဖြင့်တော့ KIO ကတော့ ဒီမူကိုတော့ လက်ကိုင်ထားတာတော့ မရှိပါဘူး။ ခရီးသည်တင် လေယာဉ်ကို လုပ်တယ်ဆိုဝာာက လွိုင်ကော်မှာ တစ်ခါဖြစ်ဖူးတယ်။ အခုမြစ်ကြီးနားမှာ တစ်ခါဖြစ်တယ်။ အများအားဖြင့်တော့ နောက်ပေါက်ပေါ့ဗျာ၊ PDF လိုလူတွေက လက်တည့်စမ်းတာ ဖြစ်နိုင်တယ်။ KIO က သူမလုပ်ရဘဲနဲ့ သူ့ဒေသကို နည်းနည်းအစားထိုး နစ်နာမှု ပေါ်တယ်လို့ သုံးသပ်တယ်ဗျ။ ကျနော်ထင်တာ တော့ လေဆိပ်ရယ် ဘာဆိပ်ရယ် မဟုတ်ပါဘူး။ အခု လက်ရှိ စစ်ကော်မရှင်ဘက်က စိုးမိုးနယ်မြေတွေကို ဒုက္ခပေး နိုင်တယ် ရန်ရှာနိုင်တယ်ဆိုတဲ့ ပုံစံမျိုး လုပ်ချင်တာနဲ့ တူပါတယ်။ လုပ်တဲ့အဖွဲ့အနေနဲ့ပေါ့။ လူများတာ လူနည်းတာ သူတို့စာရင်းထဲ မရှိပါဘူး။ သူတို့က တို့လည်း ဒုက္ခပေးနိုင်တယ်ဆိုတဲ့ ပုံစံမျိုးဖမ်းတယ်နဲ့ တူပါတယ်။ အဲဒါက အဓိက အချက်နဲ့တူပါတယ်။ KIA ကလည်း PDF နဲ့ ဆက်ဆံရေး မပျက်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောတာ ပေါ့။ သူတို့မူမရှိပါဘူး။ မူမရှိဘဲနဲ့ ဘယ်လိုဖြစ်သလဲ။ အကြောင်း အားလုံးကြည့်လိုက်ရင်တော့ ကြားအင်အား တစ်ခုခုက လုပ်သွားတာနဲ့ တူပါတယ်” ဟု ပြောသည်။

KIA-PDF တပ်ဖွဲ့ကို တွေ့ရစဉ်
KIA-PDF က မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင် လေယာဉ်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်က လည်း KIA-PDF များ၏ နေရာ ၄ နေရာလောက်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားလေဆိပ်ရှိ ရေဒါတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့နိုင်သည်ဟု KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောကြားထားသည်။
လက်ရှိတွင် KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ ပေးခြင်းနှင့် နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းမှာလည်း ဦးဆောင်၍ မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1257
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၂၄
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း မြောက်များစွာ တည်ရှိနေပြီး လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်နေ သည့်အချိန်မှာ တပ်မတော်က တရားထိုင်ကျင့်နေမည့် ကိစ္စမဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက် အောင်ကျော်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပခဲ့သည့် (၇၉) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က အရပ်သားပြည်သူများ နေ့စဉ်နှင့်အမျှ စစ်ဘေးဒဏ် ခံနေရကြောင်း၊ မြန်မာ့တပ်မတော်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်နေခြင်းကြောင့် သေဆုံးသူ အရပ်သား ၁၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ထိုအခြေအနေကို ကမ္ဘာ့နိုင်ငံများက မြန်မာ့တပ်မတော်၏ လုပ်ဆောင်ချက် များကို ရပ်တန့်အောင် လုပ်ဖို့ ပျက်ကွက်နေကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးယွက်စစ် ပြောသွားသည့် ကိစ္စကမှု တစ်ဖက်တည်း ပြော၍မရကြောင်း၊ ၎င်း(ဗိုလ်ချုပ်ကြီးယွက်စစ်) ပြောပြီးမကြာဘူး KIA က အရပ်ဖက် မြစ်ကြီးနားလေယာဥ်ကွင်းကို တိုက်ခိုက်သည့် ကိစ္စဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကိစ္စကိုရော မည်သို့လုပ်မည်နည်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “ဗိုလ်ချုပ်ကြီးယွက်စစ် ပြောသွားတဲ့ဟာကတော့ တစ်ဖက်တည်းတော့ ပြောလို့မရဘူး။ စစ်တပ်က ဘာမှ မရှိတဲ့ဟာကို လိုက်ပြီးတော့မှ အသလွတ် ဗုံးကြဲနေတယ်ဆိုရင်တော့လည်း တစ်မျိုးပေါ့နော်။ မြန်မာနိုင်ငံလောက် ဒီလောက် လက်နက်ကိုင်အဖွဲ့ ပေါင်းစုံ ပေါနေတဲ့ဟာမှာ စစ်တပ်ကလည်း တရားထိုင် ကျင့်နေရမယ့်ဟာမှ မဟုတ် တာကြီးပဲ။ ဆိုတော့ နှစ်ဦးနှစ်ဖက်ပေါ့။ ဒီဟာတွေက တစ်ဖက်တည်း သွားပြောလို့ရတဲ့ ကိစ္စတွေလည်း မဟုတ်။ အကုန်လုံးက ခုနကလို ပြည်သူလူထုအတွက်လို့ ပြောလို့ရှိရင်ကို ဟိုလူ့ကြောင့် ဖြစ်နေတယ်၊ ဒီလူကြောင့် ဖြစ်နေ တယ်ဆိုတာမျိုး တစ်ဖက်တည်းကို ပြောတာမျိုးက ဘယ်သူ့ကိုပဲ ပြောပြောပေါ့၊ စစ်တပ်ကိုပြောလို့လည်း တရား မျှတမှု ရှိမှာမဟုတ်ဘူး။ ထိုနည်းတူစွာ သူပုန်တွေကိုပဲ လက်ညိုးထိုး နေလို့လည်း တရားမျှတမှုက ဖြစ်နေမှာ မဟုတ်ဘူး။ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဘယ်လိုပုံစံမျိုးနဲ့ ချုပ်ငြိမ်းအောင် လုပ်မလဲဆိုတာ ဒီသေနတ်ကိုင်ထားတဲ့ လူတွေ အကုန်လုံးက စဥ်းစားမှရမှာ။ သူပြောပြီး ဘာမှမကြာဘူး KIA က အရပ်ဖက် မြစ်ကြီးနား လေယာဥ်ကွင်း ပစ်တာတို့ ဘာတို့ ဒါတွေကလည်း ဖြစ်နေတာပဲလေ။ အဲ့ဒီဟာတွေကို ကျတော့ရော ဘယ်လိုလုပ်မှာလဲပေါ့နော်။ ပြောချင်တာက တစ်ဖက်တည်း ပြောလို့မရဘူး အားလုံးက ဒီဘက်နှစ်ခုတွေ ဖြစ်နေပြီးတော့မှ ဒီအချင်းချင်း တိုက် နေခိုက်နေကြတာ ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြောမယ်ဟေ့ ဆိုလို့ရှိရင် လူထုရဲ့ ခံစားနေရတဲ့ ဒုက္ခသုက္ခ တွေကို မရှိတော့အောင် ဆိုလို့ရှိရင် သူတို့အားလုံး အမြန်ဆုံး ဆွေးနွေးညှိနှိုင်းပြီးတော့မှ ပြည်သူလူထုကိုပဲ မျက်နှာ မူပြီးတော့မှ လုပ်မှ အကောင်းဆုံး ငြိမ်းချမ်းတဲ့နည်းကို ဘယ်လိုသွားမလဲဆိုတာ ချက်ချင်း ဆွေးနွေးကြမှ ဖြစ်မယ် ပေါ့”ဟု ပြောသည်။

မြစ်ကြီးနားလေဆိပ်ကို KIA က ဒရုန်းနဲ့ တိုက်ခိုက်လို့ ပျက်စီးသွားတဲ့ ခရီးသည်တင်လေယာဉ်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၄ သန်းနီးပါးရှိသလို နေအိမ်များနှင့် အဆောက်အအုံများ မီးလောင်ကျွမ်းမှု ၁ သိန်းကျော်ရှိ သည်။
နိုင်ငံတစ်ခုတွင် တပ်မတော်ဆိုသည်က မရှိမဖြစ်လိုအပ်ပြီး၊ တိုင်းပြည်တစ်ခုလုံးအား တိုင်းရင်းသားအားလုံး ပါဝင် သည့် အဖွဲ့အစည်း တစ်ခုဖြစ်အောင် မည်သို့လုပ်မလဲ စဥ်းစားစေချင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ ရိုးသားဖို့ပဲ။ ပြောနေတဲ့ စကားတွေ အကုန်လုံးက စစ်တပ် အပါအဝင် အားလုံး သေနတ်ကိုင်ထားတဲ့လူများ အဲ့ဒီလူများ အားလုံးသည် ရိုးသားရမည်။ ရိုးရိုးသားသားနဲ့ တိုင်းပြည်ကို တကယ်ကို ဒီလူထုကို ဒုက္ခမရောက်အောင် ငါတို့ ဘာလုပ်ကြမလဲဆိုတဲ့ နိုင်ငံရေး စိတ်စေတနာ ရှိဖို့ကလည်း ဘက် အသီးသီးမှာ ရှိဖို့ကလိုတယ်။ အဲ့ဒီလိုမဟုတ်ပဲနဲ့ အဲ့လိုနိုင်ငံရေး စကားလုံးတွေ မီးရှူးမီးပန်းတွေနဲ့ ပြည်သူ လူထုကြီးက ဘာဖြစ်နေပြီ၊ ဟိုဟာဖြစ်နေပြီ၊ ဒီဟာဖြစ်နေပြီ သူကြည့်တော့လည်း သေနတ်က ခါးကြားမှာ အဲ့ဒီလို မျိုး စကားလုံးတွေ လူကြားကောင်းအောင် ပြောနေတာမျိုး မဟုတ်ပဲနဲ့ တကယ်စိတ်စေတနာ ရှိတယ်ဟေ့ဆိုရင် တိုင်းပြည်ကို ကောင်းဖို့အတွက် ဘယ်လို ဆွေးနွေးကြမလဲ၊ ဘယ်လိုလုပ်ကြမလဲ။ ငါတို့အားလုံးက တိုင်းပြည်ကို ကာကွယ်တဲ့၊ ဒီမြန်မာနိုင်ငံကြီးကို ကာကွယ်တဲ့ တစ်ခုတည်းသော တပ်မတော်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ တပ်မတော် ဆိုတာလည်း မရှိလို့မရဘူး။ ရှမ်းကလည်း ရှမ်းတပ်မတော် ရှိချင်တယ်၊ ကချင်ကလည်း ကချင် တပ်မတော် ရှိချင်တယ်။ အဲ့ဒီလိုမျိုးထက် စာလို့ရှိရင် တစ်တိုင်းတစ်ပြည်လုံး တကယ်ကို ဘယ်သူကမှ ဘယ်သူ့ကို ဖိနှိပ်ချုပ်ချယ်ခြင်း မရှိသော လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုပေါ့နော်။ တိုင်းရင်းသားအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်အောင် ဘယ်လိုလုပ်မလဲ အဲ့ဒါစဥ်းစားစေချင်တယ်”ဟု ပြော သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသော လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNU/KNLA-PC)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ဖြစ်သည်။

NCA အခမ်းအနား တက်ရောက်ခဲ့ကြသူများကို တွေ့ရစဉ်
ထိုထဲမှ KNU-CNF-ABSDF တို့သည် NCA ပျက်သွားပြီဟုဆိုကာ နုတ်ထွက်ထားပြီး LDU-NMSP-PNLO-ALP တို့က တော့ NCA လိုလားသူနှင့် နုတ်ထွက်လိုသူဆိုကာ ၂ ဖွဲ့စီ ကွဲသွားကြသည်။
NCA ထိုးရန် ငြင်းဆိုနေသော လက်နက်ကိုင် အဖွဲ့များကတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA-မိုင်းလား)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ(KNPP)တို့ ဖြစ်သည်။
အလားတူ NCA ပြင်ပရောက်နေသော လက်နက်ကိုင်အဖွဲ့များမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA/SNUC)၊ ကူးကီအမျိုးသားတပ်မတော်(KNA/KNO)၊ ဇိုမီးအမျိုးသား တော်လှန်ရေးတပ်မတော်(ZRA/ZRO)၊ အရှေ့နာဂ အမျိုးသား ကာကွယ်ရေးတပ်မတော်(ENDA/ENNO)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့ဖြစ်သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော လက်နက်ကိုင် များမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော်(KNDA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော် (DPLA)၊ မွန်ပြည် လွတ် မြောက်ရေး တပ်တော်(MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေး တပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(KPDF)၊ ကျောင်းသား လက်ရုံးတပ်တော်(SAF)၊ 96 Soldiers-PDF တို့ အပါအဝင် PDF အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 447
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အတွင်း ခေါင်းဆောင်မှုအပိုင်းများ၌ ဗမာတိုင်းရင်းသားများသာ ဖြစ်နေမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကြာသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရလက်ထက်တိုင်း နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍများ၌ ဗမာတိုင်းရင်းသား အများစုကသာလျှင် ဆက်လက် ဦးဆောင်နေကြသည်ဟု ၎င်းတို့က ထောက်ပြကြသည်။
ဗမာအမျိုးသာပါတီ တစ်ပါတီတည်းက နေရာအများစု အနိုင်ရပြီး အစိုးရဖွဲ့ အုပ်ချုပ်ခြင်းသည် အဆင်မပြေသဖြင့် တိုင်းရင်းသားခေါင်းဆောင်များအား သက်ဆိုင်ရာ နယ်မြေအလိုက် ပါဝင်စေပြီး အာဏာကို ခွဲဝေမျှပေးလျှင် အဆင်ပြေကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ပါတီနဲ့အစိုးရအဖွဲ့ ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ခေတ်ကတည်းကိုက ကျနော် အကြံပေးဖူးပါတယ်။ အနိုင်ရပါတီ၊ ဗမာအမျိုးသားပါတီ၊ တစ်ပါတီတည်းက အများစုနိုင်ပြီးတော့ အစိုးရဖွဲ့ပြီးတော့ အုပ်ချုပ်ရင် အဆင် မပြေဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့လိုတယ်။ တစ်ပါတီပဲနိုင်နိုင်ပေါ့။ ဖွဲ့တဲ့အချိန် မှာတော့ နားလည်မှုနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပါ သူ့နယ်နဲ့သူ ပါဝင်စေပြီးတော့ အုပ်ချုပ်ရေးအာဏာကို ခွဲဝေ မျှပေးတယ်ဆိုရင်တော့ အဆင်ပြေတယ် ကျနော်တို့ ပြောဖူးတယ်။ ဒါပေမယ့် အခုအချိန်အထိ အကောင် အထည် မဖော်နိုင်ဘဲ ပျက်သွားတယ်။ ကျနော်လည်း အဲဒါကို သဘောတူတယ်။ အနိုင်ရပါတီ တစ်ပါတီ အုပ်ချုပ် ရေးပဲ လုပ်ရင် ကြာကြာအုပ်ချုပ်လို့ မလွယ်ဘူး။ တိုင်းရင်းသားတွေကလည်း ပြဿနာပေါ်လာမှာပဲလို့ အဲဒီလို တွက်တယ်လေ။ ဒါကြောင့် အာဏာခွဲဝေတဲ့ဟာကို အခုကတည်းက နည်းနည်း လေ့ကျင့်ထားရင်တော့ ကောင်းပါ တယ်လို့ အကြံပေးချင်တာပေါ့။ ငြိမ်းချမ်းရေးကတော့ ကြာသွားနိုင်တာပေါ့။ ညှိနှိုင်းလို့မရပဲ ဖြစ်သွားနိုင်တယ်။ စစ်တပ်ရယ်၊ ဗမာအမျိုးသား ဦးဆောင်တဲ့ပါတီရယ်၊ အဲဒီလိုပဲ တစ်ပြန်တစ်လှဲ တစ်ပြန်တစ်လှဲ လက်လွှဲ လွှဲပြောင်း ရင်းနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖက်ဒရယ်ပုံစံ ဖော်မယ်ဆိုရင် အစိုးရကိုက ဖက်ဒရယ်အစိုးရပုံစံ ဖြစ်အောင် လုပ်ဖို့ လိုလာတယ်။ အဲဒါကြောင့် လူမျိုးပေါင်းစုံပါတဲ့ ညီညွတ်ရေးအစိုးရ အကောင်းဆုံးပါပဲလို့ unity government ပေါ့လေ။ အဲဒါကို ကျနော်တို့က အကြံပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတော့ ဘယ်လိုပုံစံ ပေါ်မလဲ ကြိုမသိတဲ့အခါကြတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေအရ ထက်ဝက်ကျော်ခန့်သည် ဗမာလူမျိုး အများဆုံး ဖြစ်သည့်အတွက် အစိုးရအဖွဲ့များ အတွင်း ဗမာတိုင်းရင်းသားအများစု ရှိနေခြင်းဖြစ်နိုင်ကြောင်း၊ အစိုးရအဖွဲ့တွင် ဗမာတိုင်းရင်းသားများအား ဦးဆောင်မှု နေရာပေးထားသော်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ရသွားသည်မျိုးကို လက်ရှိအချိန်အထိ မတွေ့ရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
ယခင် မြန်မာဘုရင်မင်းများ လက်ထက်၌ ရှမ်းပြည်နယ်ကို စော်ဘွားများအား လုပ်ပိုင်ခွင့်ပေး၍ အုပ်ချုပ်စေခဲ့ပြီး ဘုရင်များအနေဖြင့်မူ နိုင်ငံခြားရန် ကာကွယ်ရေး၊ အခွန်ကောက်ခံရေးတို့ကိုသာ ဆောင်ရွက်ခဲ့ခြင်းသည် ဖက်ဒရယ်စနစ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့် ပေးထားမှုကြောင့် အောက်ခြေရှိ တိုင်းရင်းသားများသည် ဗမာက အုပ်ချုပ်သည်ဟု မခံစားရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အစိုးရ-လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ကြောင့် တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ်အခွင့်အရေး မရမချင်း ပဋိပက္ခများ၊ မကျေနပ်မှုများ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းက “အခု ဖက်ဒရယ်စနစ်ကို ကျနော်တို့က ကျင့်သုံးမယ်ဆိုရင် အောက်ခြေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အဲဒါတွေ ရွေးတာကအစ ပြည်သူလူထုရဲ့မဲနဲ့ ရွေးကောက် တင်မြှောက်တဲ့စနစ် ဖြစ်ရမယ်။ အခုလို မြို့နယ်အုပ်ချုပ်ရေးမှူးဆိုပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်၊ ဗမာတွေက ရောက်လာ၊ ပြည်ထဲရေး ဝန်ကြီးဌာနကို အစီရင်ခံ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီးကလည်း စစ်တပ်ကနေ လွှတ်ထားတဲ့လူ အဲဒီလို ဖြစ်နေရင်တော့ ဗမာအုပ်ချုပ်ရေးက အပေါ်ယံကတော့ ရှမ်းပြည်နယ်အစိုးရ၊ ကယားပြည်နယ်အစိုးရ ရှိပေမယ့် တကယ့် လက်တွေ့ အုပ်ချုပ်နေတာက ဗမာတွေ၊ ဝန်ထမ်းတွေ။ နောက်အပေါ်ဆုံးမှာ စစ်တပ်က လွှတ်ထားတဲ့ ဝန်ကြီး အဲဒီလိုတွေ ဖြစ်နေတယ်။ နောက်တစ်ခါ ပြည်နယ်အစိုးရ ကြည့်ပြန်တော့လည်း ပြည်နယ်အစိုးရ ဝန်ကြီး ချုပ် အစိုးရဖွဲ့နိုင်တဲ့ ဝန်ကြီးချုပ်ဆိုတာက တစ်ပြည်လုံးမှာ အာဏာရတဲ့ပါတီက သမ္မတကနေ nominated လုပ် တာ။ သူတို့ပြည်နယ်က လွှတ်တော်ကရွေးတဲ့ ဝန်ကြီးချုပ် မဟုတ်ဘူး။ အဲဒါတွေက ဖက်ဒရယ်စနစ် မဟုတ်ဘူး။ အဲဒီတော့ ကျနော်ပြောချင်တဲ့ သဘောက ထိပ်ဆုံးမှာကတော့ ဗမာလူမျိုး၊ ဗမာအစိုးရ၊ ဗမာလူမျိုး အများစု ကိုယ်စားပြုတဲ့အစိုးရ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အောက်ခြေမှာ ခုနကပြောတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ် အခွင့်အရေးတွေ မရမချင်းကတော့ ပဋိပက္ခတွေ၊ မကျေမနပ်မှုတွေက ဆက်ရှိ နေမှာ။ အဲဒါကို သဘောပေါက်ဖို့ လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တာဝန်ပေးအပ်ထားသည့် ဝန်ကြီးများ အနေ ဖြင့် အားနည်းနေပါက ဗဟို၏ချုပ်ကိုင်မှု အားကြီးလာမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် တက်လာမည့် အစိုးရသစ် တစ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက ထောက်ပြထားကြသည်။
မြန်မာ့တပ်မတော်မှ အုပ်ချုပ်သည့် ၅ နှစ်တာကာလ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေး စနစ်မျိုး သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 545
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ ခေါ်ယူ ကျင်းပမည့် ရက်များနှင့် ပတ်သက်ပြီး နေပြည်တော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမှုဆောင် ချုပ် ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။

အလားတူ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမှုဆောင် ချုပ် ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် အထိ အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခဲ့သည်။
ထို့နောက် လွှတ်တော်အစည်းအဝေးများကို မတ်လ တတိယအပတ်တွင် ခေါ်ယူရန် ကြေညာခဲ့ပြီး ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံတွင် ပုဒ်မ ၂၆၁ ကို မပြင်ဆင်နိုင်သေးသည့်တိုင် မကြာခင် ပေါ်ပေါက်လာမည့် အစိုးရသစ်မှ ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ ဝန်ကြီးချုပ်ရာထူးကို ဒေသတွင်းရှိ တိုင်းရင်း သားပါတီကနေ ခန့်အပ်ပေးသင့်ကြောင်း နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြ ကြသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိပြီး ဝန်ကြီးချုပ် ၁၄ ဦးကို သမ္မတက တိုက်ရိုက် ရွေးချယ် ခန့်အပ်ခွင့်ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ၌ ပြဋ္ဌာန်းထားသည်။
ထိုပြဋ္ဌာန်းချက်သည် တိုင်းရင်းသားလူမျိုးစု ပါတီများနှင့် လူမျိုးစုများ လိုချင်သည့် သက်ဆိုင်ရာဒေသမှ မဲအများ ဆုံး အနိုင်ရသည့်ပါတီမှ ဝန်ကြီးချုပ် ခန့်အပ်ခွင့်ရှိသော အခြေအနေဖြင့် ဆန့်ကျင်နေပြီး သမ္မတမှ တိုက်ရိုက် ခန့်အပ်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆန်သည့် သဘောမျိုး ဖြစ်မနေသည်ကို သတိပြုရန် ထောက်ပြကြ သည်။
ထို့ကြောင့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် လာမည့် ၅ နှစ်အတွင်း အဆင်မပြေနိုင်သေးလျှင်တောင်မှ သမ္မတ အနေ ဖြင့် အနိုင်ရ ပါတီကလူများနှင့် တပ်မတော်သားများကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုမှာ ဝန်ကြီးချုပ်များ ခန့် အပ် တာဝန်ပေးမည့်အစား တချို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဒေသတွင်းရှိ တိုင်းရင်းသားပါတီများကနေ ခန့်အပ်ပေး၍ ယုံကြည်မှု တည်ဆောက်သင့်သည်။
ပုဒ်မ ၂၆၁ နှင့်ပတ်သက်၍ အသီးအပွင့်သည် လာမည့် အစိုးရသက်တမ်း ၅ နှစ်အလွန် ဒုတိယ ၅ နှစ်ကျမှသာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ခြေရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အသက် ဝင်နိုင်ခြေမရှိဘူး။ ခုနက ကျနော်ပြောတဲ့ ၂၆၁ ကို ပြင်ဆင်ပြီးမှ ပေါ်ထွန်းလာမယ့် အဲဒီဥပဒေပါ ပြဋ္ဌာန်းချက်တို့ ဘာတို့ကတော့ အခု ၅ နှစ်ရဲ့အလွန် နောက် ၅ နှစ်မှာမှ ဖြစ်လာမှာပေါ့။ ဒါပေမယ့် ခုနက နိုင်ငံတော်အကြီးအကဲတို့ လာမယ့် ၅ နှစ်တာကာလမှာ အလွှမ်းမိုးဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီတို့ရဲ့ ရည်မှန်းချက် မှာ ၂၆၁ တွင် မည်ကဲ့သို့ပင် ပြဋ္ဌာန်းထားပါစေပေါ့ဗျာ။ ၂၆၁ နဲ့ပတ်သက်တဲ့ ကျနော်တို့ သဘောတူပြီးသား အချက် အလက်တွေကို ခုကတည်းက လူထုကို အမြည်းသဘောနဲ့ စပေးမယ်ဆိုရင်လည်းပဲ လာမယ့် ၅ နှစ်မှာ တစ်နည်း အားဖြင့် ပြည်နယ်/တိုင်းဒေသကြီး ပါလီမန်တွေမှာ များရာစုဖြစ်တဲ့ ပုဂ္ဂိုလ်တွေက အစိုးရဖွဲ့တာမျိုးကို သို့မဟုတ် များရာစုပေါ့ဗျာ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်ဘက်က အဆိုပြုတဲ့ ပုဂ္ဂိုလ်များကို နိုင်ငံတော်သမ္မတကြီးက တိုင်းဒေသကြီးပြည်နယ် ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးတဲ့ သဘောလည်း ဖြစ်သွားနိုင်တာပေါ့။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီး ဖြစ်မယ့်ပုဂ္ဂိုလ်က တိုင်းဒေသကြီး ပြည်နယ်တစ်ခုရဲ့ များရာစု အနိုင်ရတဲ့ ပါတီများက ဖြစ်သင့်တယ်လို့ တင်ပေးတဲ့ အဆိုပြုတဲ့ပုဂ္ဂိုလ်ကို ဝန်ကြီးချုပ်အဖြစ် ၂၆၁ မှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားပါစေ ဝန်ကြီးချုပ်အဖြစ် အဆိုပြုလို့ရတာပေါ့။ အဲဒီလို သဘောမျိုးနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်သေးမှီ လာမယ့်ကာလ ၅ နှစ်မှာ ပြင်မယ့်ပုဒ်မနဲ့ ပတ်သက်လို့ ဒီလိုသွားမယ်ဆိုတာကိုလည်းပဲ လူထုသိအောင် နိုင်ငံရေး ပါတီ အားလုံးသဘောပေါက်အောင် စံနမူနာပြတဲ့ အနေနဲ့ ခန့်ပေးနိုင်တာပေါ့။ အဲဒီလို ဖြစ်သွားဖို့က ပိုများပါတယ်။ အနိုင်ရတဲ့ပါတီ အဲဒီပါတီဘက်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်ကို နိုင်ငံတော် အကြီးအကဲဘက်က အတည်ပြုပေး တာမျိုးပေါ့ဗျာ” ဟု ပြောသည်။

နိုင်ငံရေးပါတီ-လက်နက်ကိုင်-NSPNC တို့ ဆွေးနွေးကြစဉ်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများ အလုပ်အဖွဲ့တို့ကြား တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်ကို ပဏာမ လက်မှတ်ရေးထိုးထားကြသည်။
သို့သော် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး အာမခံချက် မပါသေးသလို ထိုအချက် ၄၃ ချက်ကို ဦးဆောင် လက်မှတ်ထိုးခဲ့ သည့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များဖြစ်သည့် ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ စိုင်းအိုက်ပေါင်းတို့သည် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သလို ဒေါက်တာအောင်မြတ်ဦးမှာ ရွေးကောက်ပွဲဝင်မပြိုင်ခဲ့ခြင်းကြောင့် မည်ကဲ့သို့ ဆက်လက် အကောင်အထည်ဖော်မလဲ မရှင်းလင်းဘဲ ဖြစ်နေကြောင်း သိရသည်။
လာမည့် ကာလ ၅ နှစ်အတွင်းတွင် ပုဒ်မ ၂၆၁ အပြင် အခြားသော ပြင်သင့်ပြင်ထိုက်သည့် ကိစ္စရပ်များ အားလုံးကို ထည့်သွင်းစဥ်းစားပြီး ပြင်ဆင်ရေးကို သွားလာနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ ပထမတစ်နှစ် အပိုင်းမှာတော့ ဒီ Constitution ပြင်ဆင်နိုင်ဖို့ ရှိ/မရှိ ဆိုတာတော့ အနေအထား အရ အားမရဘူးပေါ့။ ဘာလို့ အားမရလဲဆိုတော့ တခြားသော လုပ်ငန်းတွေ မြောက်မြားစွာ လုပ်ရမှာတွေရှိတယ်။ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းတွေများစွာ ဆောင်ရွက်ရမှာတွေရှိတယ်။ အဲဒါကြောင့် ပြည်ခိုင်ဖြိုးပါတီက တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း သူ့ရဲ့ သတ်မှတ်ချက်များနဲ့အညီ ပြင်ဆင်မယ်ဆိုလို့ရှိရင်တော့ အချိန်မရွေး ထောက်ခံခဲ့တာရှိသလို မပြင်ဆင်ဘူးဆိုတာလည်း တစ်ကြိမ်တစ်ခါမှ ပြောခဲ့ခြင်း မရှိပါဘူး။ ဒီ ၅ နှစ် အတွင်းမှာတော့ ဒီအချက်တင် မဟုတ်သေးဘူး၊ ပြင်သင့်ပြင်ထိုက်တဲ့ ကိစ္စရပ်တွေအားလုံး ထည့်သွင်းစဉ်းစား ပြီး တော့မှ ဒီပြင်ဆင်ရေးကို သွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ ပုဒ်မ ၂၆၁ က အဲဒီ ၄၃ ချက်ထဲမှာ ပါကောင်း ပါနိုင် တယ်ပေါ့လေ။ ပြင်သင့်ပြင်ထိုက်တယ် ဆိုလို့ရှိရင် ပြင်ပေးမှာ မပူနဲ့ အဲဒီအတွက်ကတော့ ဘာလို့လဲဆိုတော့ ဥပဒေ တစ်ခုက အမြဲတမ်း မှန်ချင်မှမှန်မယ် ခေတ်ကာလအရ ပြောင်းလဲတဲ့ အခြေအနေပေါ်မှာ ပြောင်းလဲသွားတာတွေ လည်း ရှိနိုင်တာပေါ့။ ဒါကြောင့်မို့လို့ ဒီအချက်တွေတင် မကဘူး အခြားသော အချက်တွေပါ ပါဝင်နိုင်ဖို့ရှိတယ်လို့ ရှင်းပြချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပြင်တယ်ဆိုတဲ့ဟာက သူ့မှာပေးထားတဲ့ ပေးထားချက်တွေ ရှိတယ် အဲဒီပေးထားချက်တွေ အတိုင်းပဲ သွားမှာပဲ။ ပေးထားချက်က သူအချိန်မှီရင်လဲ မှီမယ်ပေါ့။ သူတို့လုပ်မယ်ဆိုရင် လည်းပဲ အချိန်မှီကောင်း မှီနိုင်တယ်။ မှီတယ် မမှီဘူးဆိုတာတော့ ဖြစ်တည်မှုအပေါ်မှာ မူတည်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

၂၀၁၉ ခုနှစ်က ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရေး USDP က ဆန္ဒထုတ်ဖော်ခဲ့စဉ်(ဓာတ်ပုံ-Myanmar Now)
ဦးသိန်းစိန် ဦးဆောင်သည့် USDP အစိုးရလက်ထက်တွင် NLD ပါတီက ပုဒ်မ ၂၆၁ ပြင်ဆင်ရန် သဘောတူ ဆွေးနွေးခဲ့ရာ တပ်မတော်နှင့် USDP ပါတီက ကန့်ကွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်၌ USDP နှင့် တပ်မတော်က ထိုပုဒ်မ ပြင်ဆင်နိုင်ရန် သဘောတူ ဆွေးနွေးခဲ့သော်လည်း NLD က ကန့်ကွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ညီညွတ်သည့် ဖွဲ့စည်းပုံဖြစ်အောင် သွားမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံကျတော့ ဖက်ဒရယ် သွားမယ်ဆိုရင်ဝောာ့ ၂၆၁ ကို ပြင်သင့်တာပေါ့။ ပုဒ်မ ၂၆၁ က သူ့ကို ပြင်ရင် ဆက်စပ်ပုဒ်မက အချက်ပေါင်း ၃၀ လောက်ရှိတယ်။ အားလုံးကိုတော့ ဆက်စပ်ပြီး ပြင်သွားရမှာပေါ့ လေ။ အဲဒါကြောင့်မို့လို့ ဖက်ဒရယ်သွားမယ်ဆို ဖက်ဒရယ်နဲ့ညီညွတ်တဲ့ ဖွဲ့စည်းပုံဖြစ်အောင်တော့ ပုဒ်မ ၂၆၁ ကို တော့ မဖြစ်မနေတော့ ပြင်ရမှာပေါ့။ လွှတ်တော်ပေါ် မူတည်တာပေါ့။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပထမ အကြိမ် တုန်းကဆိုရင်တော့ NLD ကတင်ပြတယ်။ တစ်ဖက်ကနေမှ ကန့်ကွက်တယ်။ ၂၀၁၅ နောက်ပိုင်း ဆိုရင် လည်း ၂၀၁၆ က စလိုက်တဲ့ လွှတ်တော်မှာဆိုရင်လည်း တပ်မတော်သား ကိုယ်စားလှယ်တွေက ၂၆၁ ပြင်ဆင်ရေး ကိစ္စကို စနစ်တကျ တင်ပြတယ် NLD က ကန့်ကွက်တယ်။ အဲဒါကြောင့်မို့လို့ လွှတ်တော် အခင်းအကျင်းပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အထွေထွေရွေး ကောက်ပွဲကို အပိုင်း(၃)ပိုင်း ခွဲ၍ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။
ထို့နောက် မတ်လ နောက်ဆုံးပတ်တွင် လွှတ်တော်ခေါ်မည်ဖြစ်ပြီး ဧပြီလ၌ အစိုးရသစ်ကို ဖွဲ့စည်းသွားရန် စီစဉ် နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 491
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီဖြစ်၍ လာမည့် မတ်လအတွင်း တတိယ အကြိမ် လွှတ်တော်ခေါ်ယူရေး အခြေအနေ မည်သို့ ရှိနိုင်သလဲဆိုသည့်အပေါ် အားလုံးက စောင့်ကြည့်နေကြ သည်။
မတ်လနောက်ဆုံး အပတ်တွင် လွှတ်တော်ခေါ်ယူမည်ဟု နေပြည်တော်အစိုးရဘက်က ထုတ်ဖော် ပြောကြားထား သော်လည်း ရက်အတိအကျကို မပြောသေးပေ။
ထို့ကြောင့် လွှတ်တော်ခေါ်မည့်ရက် စောလျှင် အစိုးရဖွဲ့စည်းမှု ဧပြီ ၁ ရက်နေ့ ဖြစ်နိုင်သော်လည်း လွှတ်တော် ခေါ်မည့်ရက် နောက်ကျပါက အစိုးရဖွဲ့စည်းမည့် အချိန်နောက်ကျနိုင်ကြောင်း ထောက်ပြလျက်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက်အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ လွှတ်တော်ကြီးပေါ်လာ သည့်အခါ အစိုးရက ဥပဒေကြမ်းများ တင်သွင်းပါလိမ့်မည်ဟု ရခိုင်တိုင်းရင်းသားများပါတီ(RNP)ဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဋ္ဌာနသို့ ပြောသည်။
၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတာပဲ လွှတ်တော်ကြီး ပေါ်လာတဲ့အခါ အစိုးရက ဥပဒေကြမ်းတွေ တင်သွင်းရတယ်။ ဘယ်လို ဥပဒေကြမ်းတွေကို ဘယ်လိုလွှတ်တော်မှာ တင်သွင်းရတယ်။ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေ ခေါ်လိုက်လို့ရှိရင် ပြည်ထောင်စုမှာ လွှတ်တော်နှစ်ခုရှိမယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်။ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာလည်း သူဟာနဲ့သူ အဖွဲ့အစည်းတွေရှိကြမှာ။ လွှတ်တော် ခေါ်လို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက် ရွေးဖို့အတွက် သဘာပတိရွေးမှာပေါ့။ သဘာပတိက ရှေ့မှောက်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို မဲပေးပြီးတော့၊ ဒါမှမဟုတ်ရင်လည်း အပြိုင် အဆိုတင်မယ့်လူ မရှိရင် တော့ တစ်ခါတည်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားမှာပေါ့။ လွှတ်တော်ဥက္ကဋ္ဌ ရပြီဆိုမှ ပြည်သူလွှတ်တော်မှာ ဥက္ကဋ္ဌရမယ်။ အမျိုးသားလွှတ်တော်မှာ ဥက္ကဋ္ဌရမယ်။ ပြည်နယ်တွေမှာရော တိုင်းဒေသတွေမှာရော ဥက္ကဋ္ဌရပြီဆို လွှတ်တော် အကြီးအကဲတွေ ပေါ်လာပြီပေါ့။ ဒီနှစ်ခုပေါင်းပြီးတော့ အစည်းဝေးခေါ်လိုက်လို့ရှိရင် ပြည်ထောင်စု လွှတ်တော်လည်း ပေါ်လာမှာပေါ့။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းမှာတော့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ် တော်ရဲ့ နာယက အမျိုးသားလွှတ်တော်ရဲ့ဒုတိယဥက္ကဋ္ဌ၊ ဒုတိယနာယက အဲ့ဒီလို ၂ နှစ်ခွဲ တာဝန်ထမ်းဆောင် ရမယ်။ အဲ့ဒီလိုနဲ့ ၅ နှစ်တာ ခရီးကို ကျော်ဖြတ်ကြမှာပေါ့”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်နေ့ ဗိုလ်ရှုခံ အခမ်းအနား တက်ရောက်စဉ်
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် အထိ အပိုင်း(၃) ပိုင်း ခွဲခြား၍ ကျင်းပခဲ့သည်။
ထို့နောက် လွှတ်တော်ကို မတ်လနောက်ဆုံးပတ် ခေါ်ယူ၍ ဧပြီလမှာ အစိုးရဖွဲ့စည်းမည်ဟု နေပြည်တော်အစိုးရက ထုတ်ပြန်ထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၄ ) ဥပဒေပြုရေး အပိုဒ်ခွဲ ၁၂၃ ၌ ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ် ရပ်စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့မှစ၍ ရက် ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။
ထိုသို့ဆိုလျှင် မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ခေါ်ယူရမည်ဆိုသည့် သဘောဖြစ်နေကြောင်း၊ သို့သော် မတ်လ ၂၇ ရက်တွင် တပ်မတော်နေ့ အခမ်းအနားရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်နေ့ ဗိုလ်ရှုခံ အခမ်းအနားကို သမ္မတရာထူး မထမ်းဆောင်ခင် နောက်ဆုံး တပ်မတော် အကြီးအကဲ အနေဖြင့် တက်ရောက်ရန် စီစဉ်ထားပါက လွှတ်တော်ခေါ်ယူရေးသည် မတ်လ ၂၇ ရက် နောက်ပိုင်းမှ ဖြစ်နိုင် ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ထောက်ပြကြသည်။
ထို့နောက် လွှတ်တော်ခေါ်ယူမည့်ရက် နောက်ဆုတ်ပါက ဧပြီလအတွင်း အစိုးရဖွဲ့စည်းရေးမှာလည်း နောက်ဆုတ် သွားမည်ဖြစ်သည်။

လွှတ်တော် အဆောက်အအုံကို တွေ့ရစဉ် (getty images)
ယခုက လူထု၏ရွေးချယ်မှုဖြစ်ပြီး လွှတ်တော်ကြီးက အရောင်မစုံကြောင်း၊ တစ်ရောင်တည်းဖြစ်နေကြောင်း၊ ထို ကြောင့် ယခုကာလ ၅ နှစ်ကမှု အာဏာရပါတီ၏ လက်အောက်တွင် ကြိုက်ကြိုက်မကြိုက်ကြိုက် လှုပ်ရှားရမှာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက လွှတ်တော် ဘယ်လိုခေါ်မယ် မခေါ်ဘူးဆိုတဲ့ ဒီအတိုင်းအတာတွေ အကုန်လုံးက တချို့က ပြောကြတာ ပေါ့။ လွှတ်တော်ဥပဒေထက် အာဏာကြီးတယ် မကြီးဘူး ပြောကြမှာပေါ့။ တကယ်တော့ ဥပဒေကြောင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်က အခုထက်ထိ မပြီးဆုံးသေးပါဘူး။ လွှတ်တော် ခေါ်လိုက်တဲ့နေ့ ပေါ့နော်။ အဲ့ဒီနေ့ကျမှ စာချွန်တော်က အသက်ဝင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အဲ့ဒီနေ့ကျမှ နိုင်ငံတကာ က အခွင့်အရေးတွေကို သူက အပြည့်အဝ ပြန်ရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီကြားထဲမှာလည်း ဒီကာလထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က လိုအပ်တဲ့ ဥပဒေအားလုံးကို ပြဋ္ဌာန်းခွင့် သူ့မှာ အခွင့်အာဏာ အပြည့်အစုံ ရှိပါတယ်။ Mother Law ကြီးကကို ပေးထားတာပေါ့နော်။ ပြောရမယ်ဆိုရင်တော့ သူ အာဏာ လွဲပြီးသွားမှပဲ ဒီအခွင့်အရေးတွေ ဒါဥပဒေနဲ့ မညီဘူး၊ ညီတယ်ဆိုတာ ဒါက ပြောကောင်းပြောနိုင်ပါတယ်”ဟု ပြော သည်။
သမ္မတရွေးချယ်ခြင်း၊ တပ်မတော်အကြီးအကဲ ရွေးချယ်ခြင်းနှင့် ဝန်ကြီးချုပ်များ ရွေးချယ်ခြင်းကို ဧပြီလ သင်္ကြန်မ တိုင်ခင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 592
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး လက်နက်ချ အလင်းဝင်လာမှု ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
BNRA တပ်ဖွဲ့ လှုပ်ရှားရာနယ်မြေကို ကြည့်ပါက တောင်ဘက်တွင် မြိုင်၊ အနောက်ဘက်တွင် ချင်း၊ မြောက်ဘက် တွင် ကနီနှင့် အရှေ့ဘက်တွင် ယင်းမာပင်ရှိကြောင်း၊ NUG-PDF များက ဝိုင်းထားသည့် ပုံစံမျိုးကြောင့် ၎င်းအနေ ဖြင့် ထောက်ပံ့ပို့ဆောင်ရေးကို လုံးဝလုပ်မရသည့် အခင်းအကျင်း၌ ယခုကဲ့သို့ တပ်မတော်ထံ အလင်းဝင် လာခြင်း ဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
ပုလဲမြို့ကြား၌ ဗိုလ်နဂါး ဘက်တွင်ရှိနေသည့် BNRA တပ်ဖွဲ့ဝင်အချို့နှင့် တပ်မတော်တို့ မဟာမိတ်အဖြစ် ရပ်တည် သွားမည်ဆိုပါက စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ခြမ်းတွင် တော်လှန်ရေးသည် ကျဆုံးသွားပြီဟု ပြော၍ရ သည့် အနေအထားထိ အကျိုးသက်ရောက်မှုကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်နဂါး အလင်းဝင်လာစဉ်
၎င်းက “ပိုပြင်းထန်လာနိုင်ပါတယ်။ ထုံးစံအတိုင်းကတော့ မိုးမကျမီပေါ့။ မိုးကျလည်း ပြင်းထန်မှာပဲ အညာက အောက်ပိုင်းက ကရင်ပြည်နယ်နဲ့ မတူဘူးလေ။ အညာမှာက မိုးတွင်းမို့လို့ ဗွက်ထလို့ လမ်းမလျှောက်နိုင်ဘူး ဆိုတဲ့နေရာ မရှိသလောက် ရှားတာကို။ ရှိတော့ရှိတယ် နည်းနည်းပါးပါးပဲရှိတာပေါ့။ များသောအားဖြင့် မိုးက ရွာတာ အရမ်း မရွာဘူးလေ။ ပြီးရင် ချင်းတွင်းမြစ်ကြီး ရေတက်လာရင်လည်း ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်း ရေး စစ်ကြောင်းတွေက ပိုပြီးလှုပ်ရှားရ လွယ်ကူတာပေါ့။ ဒါကြောင့် ကျနော် မြင်တယ်လေ နိုင်ငံတော်ကလည်း ပိုပြီး ဆော်တော့မယ့် သဘောရှိတာပေါ့။ စစ်ကိုင်းက သူက အပေါ်က KIA အားကိုးပေါ့နော်။ အနောက်က ချင်းနဲ့ ရခိုင်အားကိုးပေါ့။ တောင်ဘက်ကတော့ သိပ်မရှိပါဘူး။ အခုသူက ဒီလို ဘာပဲပြောပြော ဟိုကတည်းက အမာခံဆို ပြီး ဖြစ်လာတဲ့ အနေအထားမှာ သူဒီလို ဝင်လာတဲ့ အတွက်ကြောင့်မို့လို့ စစ်ကိုင်းတိုင်းရဲ့ အနေအထားကတော့ အထူးသဖြင့် ပုလဲ၊ ယင်းမာပင်အနောက် ပုလဲကြားထဲပေါ့။ ပုလဲမြို့ကြားထဲက အဲဒီနေရာမှာ အဓိက သူလွှမ်းမိုး ထားတဲ့ နေရာပေါ့။ အဲဒီနေရာကတော့ visor ဖြစ်တာပေါ့။ အဲဒီနေရာမှာ သူ့လူတွေက တပ်နဲ့ ပူးပေါင်းသွားတယ် ဆိုရင်တော့ ယင်းမာပင်တို့၊ မြိုင်တို့ ဘာတို့ အားလုံးက ပြောရရင်တော့ ရန်သူလို့ သုံးကြပါစို့ ဆန့်ကျင်ဘက်ပေါ့။ အဲဒီ အဖွဲ့အစည်းကြားထဲမှာ သူနဲ့ သူ့တပည့်တွေက မဟာမိတ်တွေအဖြစ် ရပ်တည်သွားမယ်ဆိုရင် စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ခြမ်းကတော့ တော်လှန်ရေးက တော်တော်လေးကို ကျဆုံးသွားပြီလို့ ပြောလို့ရတဲ့ အနေ အထား ဖြစ်သွားပြီပေါ့။ အဲဒီလောက်အထိ အကျိုးသက်ရောက်မှုကြီးပါတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်းသည် တိုင်းဒေသကြီး ၇ ခုထဲတွင် အကျယ်ဆုံး တိုင်းတစ်ခုဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ဖြင့် ဝန်းရံထားခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိ မြန်မာ့တော်လှန်ရေး အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ရေး အပြိုင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း၌ နာဂလက်နက်ကိုင် NSCN (နာဂလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး ၆ ဖွဲ့ ရှိ)၊ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA)၊ ကသည်းလက်နက်ကိုင် (PLA,MPA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ရှိသည်။
ထို့ပြင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA/ZRO)၊ ကူကီးအမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B)၊ NUG အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA-ကွန်မြူနစ်)၊ 96 soldier (ကိုဇေယျာလွင် ဦးဆောင်)၊ CNDF(ချင်းမျိုးနွယ်စုအဖွဲ့)၊ ဒေသကာ ကွယ်ရေးတပ်ဖွဲ့(LPDFs)များ စသဖြင့် ရှိကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်
အလားတူ မြန်မာ့တပ်မတော်၏ လက်အောက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့(ပသစ)များနှင့် ပျူစောထီး တပ်ဖွဲ့(ပစထ)များ လည်း ရှိကြသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်မှု များခြင်း၊ မများခြင်းသည် ကျန်ဒေသများမှ လက်နက်ကိုင် တော်လှန်နေသူများ၏ ရွေးချယ်မှုက ပို၍ အခရာကျကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗိုလ်နဂါး သူလှုပ်ရှားနေတဲ့ ဒေသအပိုင်းကတော့ ငြိမ်ငြိမ်သက်သက် ဖြစ်သွားမယ်။ အဲဒါဆိုရင် ကျန်တဲ့ ဒေသတွေရော ဗိုလ်နဂါးလို လမ်းစဉ် ပြုမူပြီးတော့ သူတို့ရော ငြိမ်းငြိမ်းချမ်းချမ်းသွားတဲ့ လမ်းစဉ်ကို ရွေးသွားမှာ လား။ အဲဒီလို ရွေးကြရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးက အစိုးရသစ် တက်လာတာနဲ့အချိန်ကိုက် ပြန်လည် ထူထောင်ရေးလုပ်ဖို့ အများကြီး မျှော်လင့်နိုင်တဲ့ အခြေအနေကောင်းတစ်ခု ရသွားတာပေါ့။ တကယ်လို့ အဲဒီလိုမှ မဟုတ်ဘူး။ သူတို့ကတော့ လက်နက်ကိုင် လမ်းစဉ်ကိုမှ ယုံကြည်တယ်၊ ဆက်လုပ်ကြဦးမယ်ဆိုရင်တော့ ဒါက တော့ နယ်မြေရှင်းလင်းရင်း အပိုင်းတွေကတော့ ထပ်ဖြစ်နေမှာပေါ့။ ဖြစ်လာနိုင်စရာတော့ ဒီနှစ်ခုပဲရှိတယ်။ ကျနော်တို့ မြင်တာကတော့ အဲဒီနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရွေးချယ်မှုကပဲ ပိုပြီး အခရာကျပါလိမ့်မယ်” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များ သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ လက်နက်ချ အလင်းဝင်လာသည့် ဗိုလ်နဂါးအား မြန်မာ့တပ်မတော်ဘက်မှ ပြည်သူ့စစ်အဖြစ် နေရာပေးလာ နိုင်ဖွယ် ရှိကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက လတ်တလော သုံးသပ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 280
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းကို KIA-PDF က FPV suicide drone များ ဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၈ နာရီကျော်က တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစ ထိမှန်၍ အနည်းငယ် ပျက်စီးခဲ့ကြောင်း၊ လေယာဉ်ပေါ်ရှိ ခရီးသည်များ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေဆိပ်ကို FPV suicde drone များ အသုံးပြု၍ KIA-PDF က တိုက်ခိုက်ခဲ့သေးသည်။
ထို့နောက် ထိရောက်ပြင်းထန်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
