CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ မာတီးယက်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အသင်းအကြီးအကဲတွေကို အကြံပြုခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဘရာဇီးလ်ကွင်းလယ်လူကတ်စီမီရိုဟာ ဒီရာသီကုန်ရင် ထွက်ခွာမှာဖြစ်လို့ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အနည်းဆုံး ဗဟိုကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ရှိနေတာပါ။
နော်တင်ဟမ်ဖောရက်စ် အသင်းက အန်ဒါဆန်၊နယူးကာဆယ်အသင်းက တိုနယ်လီ၊ဘရိုက်တန်အသင်းက ဘာလီဘာနဲ့ ပဲလေ့စ်အသင်းက ဝါတန်အပါအဝင် ရွေးချယ်စရာတွေကို ယူနိုက်တက်အသင်းက စဉ်းစားနေပါတယ်။
The Telegraph က မာတီးယက်စ်ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကွင်းလယ်ပစ်မှတ်စာရင်းထဲမှာ ပါဝင် နေပြီး ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရင် သူ့ကိုပြောင်းရွှေ့ကြေး သက်သက်သာသာ ရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ သူနဲ့ပေါ်တူဂီတစ်နိုင်ငံတည်းသားဖြစ်တဲ့ မာတီးယက်စ် ရဲ့အရည်အချင်းတွေကို ယူနိုက်တက်အသင်းအကြီးအကဲတွေကို ပြောခဲ့တယ်လို့လည်း အဆိုပါသတင်းမှာ ဖော်ပြ ထားတာပါ။
မာတီးယက်စ်ဖာနန်ဒက်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ ပေါ်တူဂီအသင်းကြီးလူစာရင်းထဲ ပထမဆုံးအကြိမ်ခေါ်ယူခြင်းခံခဲ့ရပြီး ပါဝင်ကစားသွားခဲ့ပါတယ်။
သူ့ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်း တချို့ကလည်း စောင့်ကြည့်မှုတွေပြုလုပ်နေကြပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ မာတီးယက်စ်ဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့နွေရာသီမှာ ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၈ သန်း၊ add-ons ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးတာပါ။
မာတီးယက်စ် ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ဝက်စ်ဟမ်းအသင်းအတွက် ၃၅ ပွဲကစားထားပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။
Source:Metro
